YouVersion Logo
Search Icon

၂ ကောရိန္သု 8

8
ခ​ရစ်​ယာန်​အ​လှူ
1ညီ​အစ်​ကို​တို့၊ ဘု​ရား​သ​ခင်​သည် မာ​ကေ​ဒေါ​နိ​ပြည်၌ ရှိ​သော အ​သင်း​တော်​များ​တို့​အား ပြု​တော်​မူ​သော ကျေး​ဇူး​တော်​အ​ကြောင်း​ကို ငါ​တို့​သည် သင်​တို့​အား ကြား​ပြော​ကြ၏။- 2ထို​အ​သင်း​တော်​တို့​သည် ညှဉ်း​ဆဲ​ခြင်း​အား​ဖြင့် များ​စွာ​သော စုံ​စမ်း​ခြင်း​ကို ခံ​ရ​သော်​လည်း၊ အ​လွန်​ကြီး​သော ဝမ်း​မြောက်​ခြင်း​နှင့်၊ ဥ​စ္စာ​ပြုန်း​တီး​သော ဆင်း​ရဲ​ခြင်း​အ​ကြောင်း​သည်၊ သူ​တို့၏ စွန့်​ကြဲ​ပေး​ကမ်း​ခြင်း စည်း​စိမ်​ကို ဖြစ်​စေ၍ ကြွယ်​ဝ​ပြည့်​စုံ၏။- 3အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် တတ်​နိုင်​သ​မျှ ထက်​မ​က၊ အ​လို​အ​လျောက် စွန့်​ကြဲ​ချင်​သော စေ​တ​နာ​စိတ်​ရှိ​ကြ​သည်​ဟု ငါ​သည်​သက်​သေ​ခံ၏။- 4သူ​တို့​အ​လှူ​ဒါ​န​ကို ငါ​တို့​သည်​ယူ၍ သူ​တို့​နှင့် ကူ​ညီ​လျက်၊ သန့်​ရှင်း​သူ​တို့​အား လုပ်​ကျွေး​ခြင်း​အ​မှု​ကို ဆောင်​ရွက်​မည်​အ​ကြောင်း၊ သူ​တို့​သည် တိုက်​တွန်း​သွေး​ဆောင်​သော စ​ကား​များ​အား​ဖြင့် ငါ​တို့​ကို တောင်း​ပန်​ကြ၏။- 5ထို​သို့​ပြု​ကြ​သော်၊ ငါ​တို့​မျှော်​လ​င့်​သည်​အ​တိုင်း​ထက်​မ​က ပြု၍၊ ဘု​ရား​သ​ခင်၏​အ​လို​တော်​နှင့်​အ​ညီ ရှေ့​ဦး​စွာ သ​ခင်​ဘု​ရား၌​လည်း​ကောင်း၊ ငါ​တို့၌​လည်း​ကောင်း၊ မိ​မိ​တို့​ကို မိ​မိ​တို့ လှူ​ကြ၏။- 6ထို​ကြောင့် တိ​တု​သည် သင်​တို့၌ အ​ဦး​ပြု​နှင့်​သ​ကဲ့​သို့ ထို​အ​လှူ​ကျေး​ဇူး​ကို ပြီး​စီး​စေ​မည်​အ​ကြောင်း၊ ငါ​တို့​သည် သူ့​ကို​တောင်း​ပန်​ကြ၏။- 7ထို​သို့​နှင့်​အ​ညီ သင်​တို့​သည် ယုံ​ကြည်​ခြင်း၊ တ​ရာ​ဟော​ခြင်း၊ ဉာဏ်​ရှိ​ခြင်း၊ အ​မျိုး​မျိုး​သော​သ​တိ​နှင့် ပြည့်​စုံ​ခြင်း၊ ငါ​တို့​ကို​ချစ်​ခြင်း​မှ စ​သော အ​လုံး​စုံ​တို့​နှင့် ကြွယ်​ဝ​ပြည့်​စုံ​သည်​ဖြစ်၍ ထို​ကျေး​ဇူး​နှင့်​လည်း ကြွယ်​ဝ​ပြည်​စုံ​ခြင်း ဖြစ်​စေ​သ​တည်း။- 8ထို​သို့​ဆို​သော်၊ ပ​ညတ်​အား​ဖြင့် ငါ​ဆို​သည် မ​ဟုတ်။ အ​ခြား​သော​သူ​တို့၏ ကြိုး​စား​အား​ထုတ်​ခြင်း​ကို အ​စွဲ​ပြု၍၊ သင်​တို့၏​မေ​တ္တာ​သည် မှန်​သည်​မ​မှန်​သည်​ကို စုံ​စမ်း​သော​အား​ဖြင့် ဆို​သ​တည်း။- 9အ​ကြောင်း​မူ​ကား၊ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​သည် စည်း​စိမ်​ရှိ​သော်​လည်း၊ ဆင်း​ရဲ​တော်​မူ​ခြင်း​အား​ဖြင့် သင်​တို့​သည် စည်း​စိမ်​ရှိ​စေ​ခြင်း​ငှာ၊ သင်​တို့​အ​တွက်​ကြောင့် ဆင်း​ရဲ​ခြင်း​ကို​ခံ​တော်​မူ​သော ကျေး​ဇူး​တော်​ကို သင်​တို့​သိ​ကြ၏။
10ဤ​အ​မှု၌ ငါ​သည် ကိုယ်​သ​ဘော​ကို​ပြ၏။ မ​နှစ်​က​ပင် အ​ဦး​ပြု​သည်​သာ​မ​က၊ စေ​တ​နာ​စိတ်​နှင့် ပြည့်​စုံ​သော​သင်​တို့​သည် ဤ​အ​မှု​ကို​ပြီး​စေ​လျှင် သာ၍ ကောင်း​လိမ့်​မည်။- 11သို့​ဖြစ်၍၊ အ​ထက်​က စေ​တ​နာ​ရှိ​သည်​နှင့်​အ​ညီ၊ ယ​ခု​တွင်​သင်​တို့​သည် တတ်​နိုင်​သည်​အ​တိုင်း​ပြု၍ ဤ​အ​မှု​ကို ပြီး​စီး​စေ​ကြ​လော့။- 12အ​ကြောင်း​မူ​ကား၊ စေ​တ​နာ​စိတ်​သည် အ​သင့်​ရှိ​လျှင်၊ မ​တတ်​နိုင်​သော​အ​မှု​ကို မ​ထောက်​ဘဲ၊ တတ်​နိုင်​သော​အ​မှု​ကို ထောက်၍ နှစ်​သက်​တော်​မူ​ဖွယ် ဖြစ်၏။- 13ဤ​အ​မှု​အ​ရာ၌ အ​ခြား​သော​သူ​တို့​သည် ချမ်း​သာ​ရ၍ သင်​တို့​သည် ဆင်း​ရဲ​စေ​ခြင်း​ငှာ ငါ​အ​ကြံ​ရှိ​သည် မ​ဟုတ်။- 14-15များ​များ​ရ​သော​သူ မ​ပို။ နည်း​နည်း​ရ​သော​သူ မ​လို​ဟူ​သော ကျမ်း​စ​ကား​နှင့်​အ​ညီ၊ မျှ​ခြင်း​တ​ရား​ကို​ထောက်၍၊ ယ​ခု၌ သင်​တို့၏ စည်း​စိမ်​သည် သူ​တို့၏​ဆင်း​ရဲ​ကို မ​စ​သ​ဖြင့်​လည်း​ကောင်း၊ နောင်၌ သူ​တို့၏​စည်း​စိမ်​သည် သင်​တို့၏​ဆင်း​ရဲ​ကို မ​စ​သ​ဖြင့်​လည်း​ကောင်း၊ အ​ညီ​အ​မျှ​ဖြစ်​စေ​ခြင်း​ငှာ ငါ​အ​ကြံ​ရှိ၏။
တိ​တု​နှ​င့်​အ​ပေါင်း​အ​ဖော်​များ
16ထို​သို့​သင်​တို့၏ အ​ကျိုး​ကို​ပြု​စု​ချင်​သော စေ​တ​နာ​စိတ်​ကို ဘု​ရား​သ​ခင်​သည် တိ​တု​အား​လည်း ပေး​တော်​မူ​သော ကျေး​ဇူး​တော် ကြီး​လှ​ပေ၏။- 17ထို​သူ​သည် ငါ​တိုက်​တွန်း​သော​စ​ကား​ကို နား​ထောင်​သည်​သာ​မ​က၊ အ​လွန်​စေ​တ​နာ​စိတ် အား​ကြီး၍ သင်​တို့​ဆီ​သို့ အ​လို​အ​လျောက်​သွား၏။- 18ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ပြော၍ အ​သင်း​တော်​အ​ပေါင်း​တို့၌ ချီး​မွမ်း​ခြင်း​ကို​ခံ​ရ​သော ညီ​ကို​လည်း တိ​တု​နှင့်​အ​တူ ငါ​တို့​စေ​လွှတ်​ကြ၏။- 19ထို​ညီ​မူ​ကား၊ သ​ခင်​ဘု​ရား၏ ဂုဏ်​အ​သ​ရေ​တော်​ကို​လည်း​ကောင်း၊ ကိုယ်​စေ​တ​နာ​စိတ်​ကို​လည်း​ကောင်း၊ ငါ​တို့​သည် ထင်​ရှား​စေ၍၊ အ​သင်း​တော်​များ၏ အ​လှူ​ကျေး​ဇူး​ကို ပြု​စု​သည်​အ​မှု​မှာ ငါ​တို့​နှင့်​အ​တူ သွား​စေ​ခြင်း​ငှာ၊ အ​သင်း​တော်​တို့​သည် ရွေး​ကောက်၍ ခန့်​ထား​သော​သူ ဖြစ်​သ​တည်း။- 20ငါ​တို့​သည် ထို​များ​စွာ​သော အ​လှူ​ကျေး​ဇူး​ကို ပြု​စု​ရာ​တွင် အ​ပြစ်​တင်​စ​ရာ​အ​ကြောင်း အ​လျှင်း​မ​ရှိ စေ​ခြင်း​ငှာ သ​တိ​ပြု​ကြ၏။- 21သ​ခင်​ဘု​ရား​ရှေ့​တော်၌​သာ​မ​က၊ လူ​တို့​ရှေ့၌ တင့်​တယ်​လျှောက်​ပတ်​သော အ​ကျင့်​ကို ကြံ​စည်​ကြ၏။- 22ထို​သူ​နှစ်​ယောက်​နှင့်​အ​တူ အ​ခြား​သော​ညီ​ကို​လည်း စေ​လွှတ်​ကြ၏။ ထို​ညီ​မူ​ကား၊ ငါ​တို့​သည်​အ​ရာ​ရာ၌ အ​ဖန်​ဖန်​စုံ​စမ်း၍ သိ​သည့်​အ​တိုင်း လုံ့​လ​ပြု​သော​သူ​ဖြစ်၏။ ယ​ခု၌ သင်​တို့​ကို အ​လွန်​ယုံ​သော​ကြောင့် သာ၍​လုံ့​လ​ပြု၏။- 23တိ​တု​သည် အ​ဘယ်​သို့​သော​သူ​နည်း​ဟု တစ်​စုံ​တစ်​ယောက်​မေး​လျှင် ငါ၏​အ​ပေါင်း​အ​ဖော်​ဖြစ်၏။ သင်​တို့​အ​မှု​ကို ငါ​နှင့်​အ​တူ ဆောင်​ရွက်​သော​သူ​လည်း ဖြစ်၏။ အ​ခြား​သော ညီ​အစ်​ကို​တို့​မူ​ကား၊ အ​ဘယ်​သို့​သော​သူ​နည်း​ဟု မေး​လျှင်၊ အ​သင်း​တော်​များ၏ တ​မန်​ဖြစ်​ကြ၏။ ခ​ရစ်​တော်၏​ဘုန်း​အ​သ​ရေ​လည်း ဖြစ်​ကြ၏။- 24ထို​ကြောင့်၊ သင်​တို့၏ ချစ်​ခြင်း​မေ​တ္တာ​ကို​လည်း​ကောင်း၊ ငါ​တို့​သည် သင်​တို့​ကြောင့် ကြွား​ဝါ​ခြင်း​အ​ကြောင်း​ကို​လည်း​ကောင်း၊ အ​သင်း​တော်​များ​မျက်​မှောက်၌ ထို​သူ​တို့​အား ထင်​ရှား​စွာ​ပြ​ကြ​လော့။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy