YouVersion Logo
Search Icon

၂ ရာဇဝင်ချုပ် 30

30
ပ​သ​ခါ​ပွဲ​တော်​ပြင်​ဆင်​ခြင်း
1တစ်​ဖန် ဧ​ဖ​ရိမ်​အ​မျိုး၊ မ​နာ​ရှေ​အ​မျိုး​နှင့်​တ​ကွ ဣ​သ​ရေ​လ​အ​မျိုး၊ ယု​ဒ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ယေ​ရု​ရှ​လင်​မြို့၊ ဗိ​မာန်​တော်​သို့​လာ၍၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား၊ ပ​သ​ခါ​ပွဲ​ကို ခံ​စေ​ခြင်း​ငှာ၊ ဟေ​ဇ​ကိ​သည် စာ​ရေး၍ ပေး​လိုက်​လေ၏။ 2ဒု​တိ​ယ​လ​တွင်၊ ပ​သ​ခါ​ပွဲ​ကို​ခံ​ခြင်း​ငှာ ရှင်​ဘု​ရင်​သည် တိုင်​ပင်၍၊ မှူး​တော်​မတ်​တော်​တို့​နှင့် ယေ​ရု​ရှ​လင်​မြို့၌ စည်း​ဝေး​သော​သူ အ​ပေါင်း​တို့​သည် စီ​ရင်​ကြ​ပြီ။#တော၊ ၉:၉-၁၁။ 3ယဇ်​ပု​ရော​ဟိတ်​တို့​သည် အ​မှု​တော်​ကို ဆောင်​ရွက်​နိုင်​မည်​အ​ကြောင်း၊ ကိုယ်​ကို​သန့်​ရှင်း​စွာ မ​ပြု​ကြ​သေး။ ပြည်​သူ​ပြည်​သား​တို့​သည် ယေ​ရု​ရှ​လင်​မြို့၌ မ​စည်း​ဝေး​သော​ကြောင့် လွန်​ခဲ့​သော​လ​တွင် ထို​ပွဲ​ကို​မ​ခံ​နိုင်​ကြ။ 4ရှင်​ဘု​ရင်​နှင့်​စည်း​ဝေး​သော သူ​အ​ပေါင်း​တို့​သည် ထို​အ​မှု​ကို​နှစ်​သက်​သော​ကြောင့်​လည်း​ကောင်း၊ ကျမ်း​စာ၌​လာ​သည်​အ​တိုင်း၊ ကြာ​မြင့်​စွာ​သော ကာ​လ​ပတ်​လုံး၊ ပ​သ​ခါ​ပွဲ​ကို မ​ခံ​သော​ကြောင့်​လည်း​ကောင်း၊ 5အ​ရပ်​ရပ်​တို့​က​လာ၍၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား၊ ယေ​ရု​ရှ​လင်​မြို့၌ ပ​သ​ခါ​ပွဲ​ကို​ခံ​စေ​ခြင်း​ငှာ၊ ဣ​သ​ရေ​လ​ပြည် တစ်​လျှောက်​လုံး၊ ဗေ​ရ​ရှေ​ဘ​မြို့​မှ​စ၍ ဒန်​မြို့​တိုင်​အောင်၊ ကြော်​ငြာ​စေ​မည်​အ​ကြောင်း အ​မိန့်​တော်​နှင့်​စီ​ရင်​ကြ၏။ 6ရှင်​ဘု​ရင်​နှင့် မှူး​မတ်​တို့​ပေး​လိုက်​သော​စာ​ကို စာ​ပို့​လု​လင်​တို့​သည်​ယူ၍၊ အ​မိန့်​တော်​အ​တိုင်း ဣ​သ​ရေ​လ​ပြည်​နှင့် ယု​ဒ​ပြည်​တစ်​လျှောက်​လုံး​သို့ ပြေး​ကြ၏။ စာ၌​ပါ​သော​စ​ကား​ဟူ​မူ​ကား၊ အို​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ထံ​သို့ ပြန်​လာ​ကြ​လော့။ အာ​ရှု​ရိ​ရှင်​ဘု​ရင်​တို့​လက်​မှ​လွတ်၍၊ ကျန်​ကြွင်း​သေး​သော​သူ​တို့​ရှိ​ရာ​သို့ ပြန်​လာ​တော်​မူ​မည်။ 7ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​သော သင်​တို့၏​အ​ဘ​များ၊ ညီ​အစ်​ကို​များ​ကဲ့​သို့ မ​ပြု​ကြ​နှင့်။ ပြစ်​မှား​သော ထို​သူ​တို့​ကို သင်​တို့​မြင်​သည်​အ​တိုင်း၊ သုတ်​သင်​ပယ်​ရှင်း​ခြင်း​သို့ အပ်​တော်​မူ​ပြီ။ 8သင်​တို့​အ​ဘ​များ​ကဲ့​သို့ ခိုင်​မာ​သော​သ​ဘော မ​ရှိ​ကြ​နှင့်။ ထာ​ဝ​ရ​ဘု​ရား၌ ကိုယ်​ကို​အပ်​နှံ​ကြ​လော့။ အ​စဉ်​သန့်​ရှင်း​စေ​တော်​မူ​သော သန့်​ရှင်း​ရာ​ဌာ​န​တော်​သို့ လာ​ကြ​လော့။ ပြင်း​စွာ​သော အ​မျက်​တော်​သည် သင်​တို့​မှ လွှဲ​သွား​မည်​အ​ကြောင်း၊ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​အ​မှု​တော်​ကို စောင့်​ကြ​လော့။ 9သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ပြန်​လာ​လျှင်၊ သင်​တို့၏​ညီ​အစ်​ကို သား​သ​မီး​တို့​သည် သိမ်း​သွား​သော​သူ​တို့​ထံ​မှာ၊ က​ရု​ဏာ​စိတ်​နှင့် တွေ့​ကြုံ၍၊ ဤ​ပြည်​သို့ တစ်​ဖန် ပြန်​လာ​ကြ​လိမ့်​မည်။ သင်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ကျေး​ဇူး​ပြု​ချင်​သော​သ​ဘော၊ သ​နား​တတ်​သော​သ​ဘော​ရှိ​သော​ကြောင့်၊ သင်​တို့​သည် အ​ထံ​တော်​သို့​ပြန်​လာ​လျှင်၊ မျက်​နှာ​တော်​ကို သင်​တို့​မှ လွှဲ​တော်​မ​မူ​ဟု စာ၌​ပါ​သ​တည်း။ 10စာ​ပို့​လု​လင်​တို့​သည် ဧ​ဖ​ရိမ်​ခ​ရိုင်၊ မ​နာ​ရှေ​ခ​ရိုင် တစ်​လျှောက်​လုံး၊ ဇာ​ဗု​လုန်​ခ​ရိုင်​တိုင်​အောင် တစ်​မြို့​မှ တစ်​မြို့​သို့ ပြေး​ကြ၏။ ပြည်​သား​တို့​သည် ပြက်​ရယ်​ပြု၍ ကဲ့​ရဲ့​ကြ၏။ 11သို့​ရာ​တွင် အာ​ရှာ​ခ​ရိုင်​သား၊ မ​နာ​ရှေ​ခ​ရိုင်​သား၊ ဇာ​ဗု​လုန်​ခ​ရိုင်​သား​အ​ချို့​တို့​သည် ကိုယ်​ကို​နှိမ့်​ချ၍ ယေ​ရု​ရှ​လင်​မြို့​သို့ လာ​ကြ၏။ 12ယု​ဒ​ပြည်​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း၊ ရှင်​ဘု​ရင်​နှင့် မှူး​မတ်​တို့ စီ​ရင်​သည်​အ​တိုင်း၊ တ​ညီ​တ​ညွတ်​တည်း ပြု​ချင်​သော စေ​တ​နာ​စိတ်​ကို၊ ဘု​ရား​သ​ခင်​တန်​ခိုး​တော်​ကြောင့်​ရ​ကြ၏။
ပ​သ​ခါ​ပွဲ​တော်​ကျင်း​ပ​ခြင်း
13ဒု​တိ​ယ​လ​တွင် အ​ဇု​မ​ပွဲ​ကို​ခံ​လို​သော​ငှာ၊ များ​စွာ​သော​လူ​တို့​သည် ယေ​ရု​ရှ​လင်​မြို့၌​စည်း​ဝေး​ကြ၍၊ အ​လွန်​ကြီး​သော​ပ​ရိ​သတ် ဖြစ်​လေ၏။ 14သူ​တို့​သည်​ထ၍၊ ယေ​ရု​ရှ​လင်​မြို့၌​ရှိ​သော ယဇ်​ပ​လ္လင်​တို့​ကို​လည်း​ကောင်း၊ နံ့​သာ​ပေါင်း​မီး​ရှို့​ရာ ယဇ်​ပ​လ္လင် ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း ပယ်​ရှင်း၍၊ ကေ​ဒြုန်​ချောင်း​ထဲ​သို့ ပစ်​ချ​ကြ၏။ 15ဒု​တိ​ယ​လ တစ်​ဆယ်​လေး​ရက်​နေ့​တွင်၊ ပ​သ​ခါ​သိုး​သ​ငယ်​ကို သတ်​ကြ၏။ ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား​တို့​သည် သ​တိ​ရ၍ ကိုယ်​ကို​သန့်​ရှင်း​စေ​လျက်၊ မီး​ရှို့​ရာ​ယဇ်​တို့​ကို ဗိ​မာန်​တော်​ထဲ​သို့ သွင်း​ကြ၏။ 16ဘု​ရား​သ​ခင်၏​လူ မော​ရှေ​ပ​ညတ်​တ​ရား၌ စီ​ရင်​သော ထုံး​စံ​အ​တိုင်း၊ မိ​မိ​တို့​နေ​ရာ၌ ရပ်​နေ​လျက်၊ ယဇ်​ပု​ရော​ဟိတ်​တို့​သည် လေ​ဝိ​သား​တို့​လက်​မှ အ​သွေး​ကို​ယူ၍​ဖျန်း​ကြ၏။ 17မ​သန့်​ရှင်း​သော​သူ​အ​များ​တို့​သည် ပ​ရိ​သတ်၌​ပါ​သော​ကြောင့်၊ ထို​မ​သန့်​ရှင်း​သော​သူ ရှိ​သ​မျှ​တို့​ကို၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သန့်​ရှင်း​စေ​ခြင်း​ငှာ၊ ပ​သ​ခါ​သိုး​သ​ငယ်​သတ်​ခြင်း​အ​မှု​ကို၊ လေ​ဝိ​သား​တို့​သည် စောင့်​ရ​ကြ၏။ 18များ​စွာ​သော​လူ​တည်း​ဟူ​သော၊ ဧ​ဖ​ရိမ်​အ​မျိုး၊ မ​နာ​ရှေ​အ​မျိုး၊ ဣ​သ​ခါ​အ​မျိုး၊ ဇာ​ဗု​လုန်​အ​မျိုး​သား​အ​များ​တို့​သည် ကျမ်း​စာ၌​ပါ​သော တ​ရား​သို့​မ​လိုက်၊ ကိုယ်​ကို​မ​သန့်​ရှင်း​စေ​ဘဲ၊ ပ​သ​ခါ​သိုး​သ​ငယ်​ကို စား​ကြ၏။ 19သို့​ရာ​တွင်၊ ဟေ​ဇ​ကိ​က၊ သန့်​ရှင်း​ရာ​ဌာ​န​ထုံး​စံ​အ​တိုင်း၊ သန့်​ရှင်း​ခြင်း​မ​ရှိ​သော်​လည်း၊ ဘိုး​ဘေး​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ဆည်း​ကပ်​ခြင်း​ငှာ၊ သ​ဘော​ကျ​သော​သူ​အ​ပေါင်း​တို့၏ အ​ပြစ်​ကို ကောင်း​မြတ်​သော ထာ​ဝ​ရ​ဘု​ရား​သည် လွှတ်​တော်​မူ​ပါ​စေ​သော​ဟု ထို​သူ​တို့​အ​ဖို့ ဆု​တောင်း​သ​ဖြင့်၊ 20ထာ​ဝ​ရ​ဘု​ရား​သည် ဟေ​ဇ​ကိ​စ​ကား​ကို နား​ထောင်​တော်​မူ၍၊ လူ​များ​တို့​ကို ချမ်း​သာ​ပေး​တော်​မူ၏။ 21ယေ​ရု​ရှ​လင်​မြို့၌ စည်း​ဝေး​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ ခု​နစ်​ရက်​ပတ်​လုံး အ​လွန်​ရွှင်​လန်း​သော​စိတ်​နှင့် အ​ဇု​မ​ပွဲ​ကို​ခံ​ကြ၏။ ယဇ်​ပု​ရော​ဟိတ်​လေ​ဝိ​သား​တို့​သည် အ​သံ​ကျယ်​သော​တူ​ရိ​ယာ​မျိုး​ကို တီး​မှုတ်​လျက်၊ နေ့​ည​မ​ပြတ် ထာ​ဝ​ရ​ဘု​ရား​အား ထော​မ​နာ​သီ​ချင်း ဆို​ကြ၏။
ဒု​တိ​ယ​အ​ကြိမ်​ပွဲ​တော်​ကျင်း​ပ​ခြင်း
22ထာ​ဝ​ရ​ဘု​ရား၏ တ​ရား​တော်​မြတ်​ကို သွန်​သင်​သော လေ​ဝိ​သား​အ​ပေါင်း​တို့​ကို၊ ဟေ​ဇ​ကိ​သည် အား​ပေး​သော​စ​ကား​နှင့် နှုတ်​ဆက်​သ​ဖြင့်၊ သူ​တို့​သည် ခု​နစ်​ရက်​ပတ်​လုံး​ပွဲ​ခံ​စဉ်​အ​ခါ၊ စား​သောက်​လျက် မိတ်​သ​ဟာ​ယ ပူ​ဇော်​သ​ကာ​ကို​ပြု​လျက်၊ ဘိုး​ဘေး​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား တောင်း​ပန်​လျက် နေ​ကြ၏။ 23စည်း​ဝေး​သော​သူ အ​ပေါင်း​တို့​သည် ခု​နစ်​ရက်​ထပ်၍ ပွဲ​ခံ​ခြင်း​ငှာ တိုင်​ပင်​ပြီး​မှ၊ ရွှင်​လန်း​သော​စိတ်​နှင့် ခု​နစ်​ရက်​ထပ်၍ ပွဲ​ခံ​ကြ၏။ 24ယု​ဒ​ရှင်​ဘု​ရင်​ဟေ​ဇ​ကိ​သည် နွား​တစ်​ထောင်​နှင့် သိုး​ခု​နစ်​ထောင်​တို့​ကို​လည်း​ကောင်း၊ မှူး​မတ်​တို့​သည် နွား​တစ်​ထောင်​နှင့် သိုး​တစ်​သောင်း​ကို​လည်း​ကောင်း၊ စည်း​ဝေး​သော​သူ​တို့​အား ပေး​ကြ၏။ များ​စွာ​သော​ယဇ်​ပု​ရော​ဟိတ်​တို့​သည် ကိုယ်​ကို သန့်​ရှင်း​စေ​ကြ၏။ 25ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား​တို့​နှင့်​တ​ကွ ယု​ဒ​ပ​ရိသတ်​များ၊ ဣ​သ​ရေ​လ​ပြည်​မှ​လာ​သော ပ​ရိ​သတ်​များ၊ ယု​ဒ​ပြည်၌​နေ​သော တစ်​ပါး​အ​မျိုး​သား၊ ဣ​သ​ရေ​လ​ပြည်​မှ​လာ​သော တစ်​ပါး​အ​မျိုး​သား​တို့​သည် ဝမ်း​မြောက်​ဝမ်း​သာ​ကြ၏။ 26ထို​သို့ ယေ​ရု​ရှ​လင်​မြို့၌ ကြီး​စွာ​သော​ဝမ်း​မြောက်​ခြင်း​ရှိ၏။ ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ဒါ​ဝိဒ်​သား​ရှော​လ​မုန် လက်​ထက်​မှ​သည်၊ နောက်​တစ်​ဖန် ယေ​ရု​ရှ​လင်​မြို့၌ ထို​မျှ​လောက်​ကြီး​စွာ​သော ဝမ်း​မြောက်​ခြင်း​မ​ရှိ။ 27ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား​တို့​သည်​ထ၍ လူ​များ​တို့​ကို ကောင်း​ချီး​ပေး​ကြ၏။ သူ​တို့​စ​ကား​သံ​ကို ဘု​ရား​သ​ခင်​ကြား​တော်​မူ၏။ သန့်​ရှင်း​သော​ကျိန်း​ဝပ်​တော်​မူ​ရာ၊ ကောင်း​ကင်​ဘုံ​သို့ ပ​တ္ထ​နာ​စ​ကား​တက်​လေ၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ၂ ရာဇဝင်ချုပ် 30