YouVersion Logo
Search Icon

၂ ရာဇဝင်ချုပ် 29

29
ယု​ဒ​ဘု​ရင်​ဟေ​ဇ​ကိ
(၄​ရာ၊ ၁၈:၁-၃)
1ဟေ​ဇ​ကိ​သည် အ​သက်​နှစ်​ဆယ်​ငါး​နှစ်​ရှိ​သော်၊ နန်း​ထိုင်၍ ယေ​ရု​ရှ​လင်​မြို့၌ နှစ်​ဆယ်​ကိုး​နှစ် စိုး​စံ​လေ၏။ မယ်​တော်​ကား၊ ဇာ​ခ​ရိ​သ​မီး အာ​ဘိ​အ​မည်​ရှိ၏။ 2ထို​မင်း​သည် အ​ဘ​ဒါ​ဝိဒ်​ကျင့်​သ​မျှ​အ​တိုင်း ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တ​ရား​သော​အ​မှု​ကို​ပြု၏။
ဗိ​မာန်​တော်​ကို​သ​န့်​စင်​ခြင်း
3နန်း​စံ​ပ​ထ​မ​နှစ်၊ ပ​ထ​မ​လ​တွင် ဗိ​မာန်​တော်​တံ​ခါး​တို့​ကို ဖွင့်၍ ပြု​ပြင်​တော်​မူ၏။ 4ယဇ်​ပု​ရော​ဟိတ်​လေ​ဝိ​သား​တို့​ကို​ခေါ်၍၊ အ​ရှေ့​လမ်း​မှာ စု​ဝေး​စေ​လျက်၊ 5အို​လေ​ဝိ​သား​တို့၊ နား​ထောင်​ကြ​လော့။ ကိုယ်​ကို​လည်း​ကောင်း၊ ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​ကို​လည်း​ကောင်း၊ သန့်​ရှင်း​စေ၍၊ သန့်​ရှင်း​ရာ​ဌာ​န​ထဲ​က အ​မှိုက်​ကို သုတ်​သင်​ပယ်​ရှင်း​ကြ​လော့။ 6ငါ​တို့​အ​ဘ​များ​သည်​ပြစ်​မှား၍၊ ငါ​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု​ကြ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​ကို​စွန့်၍၊ ကျိန်း​ဝပ်​တော်​မူ​ရာ​အ​ရပ်​မှ မျက်​နှာ​လွှဲ​လျက် ကျော​ခိုင်း​ကြ​ပြီ​တ​ကား။ 7ဗိ​မာန်​တော်​ဦး​တံ​ခါး​ကို ပိတ်​လျက်၊ မီး​ခွက်​တို့​ကို​သတ်​လျက်၊ သန့်​ရှင်း​ရာ​ဌာ​န၌ ဣ​သ​ရေ​အ​မျိုး၏​ဘု​ရား​သ​ခင်​အား နံ့​သာ​ပေါင်း​ကို မီး​မ​ရှို့။ မီး​ရှို့​ရာ​ယဇ်​ကို မ​ပူ​ဇော်​ဘဲ​နေ​ကြ​ပြီ။ 8ထို​ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည် ယု​ဒ​ပြည် ယေ​ရု​ရှ​လင်​မြို့​ကို အ​မျက်​တော်​ထွက်၍၊ သင်​တို့​မြင်​သည်​အ​တိုင်း ဆင်း​ရဲ​ခံ​ခြင်း၊ မိန်း​မော​တွေ​ဝေ​ခြင်း၊ ကဲ့​ရဲ့​သံ​ကို​ကြား​ခြင်း​အ​မှု၌ အပ်​တော်​မူ​ပြီ။ 9သို့​ဖြစ်၍၊ ငါ​တို့​အ​ဘ​များ​သည် ဓား​ဖြင့်​လဲ​သေ​ကြ​ပြီ။ သား​သ​မီး၊ မ​ယား​တို့​သည် သိမ်း​သွား​ခြင်း​ကို ခံ​ရ​ကြ​ပြီ။ 10ယ​ခု​မူ​ကား၊ ပြင်း​စွာ​သော​အ​မျက်​တော်​သည် ငါ​တို့​မှ​လွှဲ​သွား​မည်​အ​ကြောင်း၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​နှင့် ပ​ဋိ​ညာဉ်​ဖွဲ့​မည်​ဟု ငါ​အ​ကြံ​ရှိ၏။ 11ငါ့​သား​တို့၊ မ​ဖင့်​နွှဲ​ကြ​နှင့်။ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ရပ်၍ ဝတ်​ပြု​ခြင်း၊ အ​မှု​တော်​ကို စောင့်​ခြင်း၊ နံ့​သာ​ပေါင်း​ကို မီး​ရှို့​ခြင်း​အ​မှု​ကို ပြု​စေ​ခြင်း​ငှာ၊ သင်​တို့​ကို ရွေး​ထား​တော်​မူ​ပြီ​ဟု မိန့်​တော်​မူ​လျှင်၊ 12လေ​ဝိ​အ​မျိုး၊ ကော​ဟတ်​အ​နွယ်၊ အာ​မ​သဲ​သား မာ​ဟတ်၊ အာ​ဇ​ရိ​သား ယော​လ၊ မေ​ရာ​ရိ​အ​နွယ်၊ အာ​ဗ​ဒိ​သား​ကိ​ရှ၊ ယေ​ဟ​လေ​လ​သား အာ​ဇ​ရိ၊ ဂေ​ရ​ရှုံ​အ​နွယ် ဇိ​မ္မ​သား​ယော​အာ၊ ယော​အာ​သား ဧ​ဒင်၊ 13ဧ​လိ​ဇ​ဖန်​အ​မျိုး​သား ရှိ​မ​ရိ​နှင့် ယေ​ယေ​လ၊ အာ​သပ်​အ​မျိုး​သား ဇာ​ခ​ရိ​နှင့် မ​တ္တ​နိ၊ 14ဟေ​မန်​အ​မျိုး​သား ယေ​ဟေ​လ​နှင့် ရှိ​မိ၊ ယေ​ဒု​သုန်​အ​မျိုး​သား ရှေ​မာ​ယ​နှင့် ဩ​ဇေ​လ​တို့​သည်၊ 15အ​မျိုး​သား​ချင်း​တို့​ကို​ခေါ်၍၊ ကိုယ်​ကို သန့်​ရှင်း​စေ​ပြီး​မှ၊ ထာ​ဝ​ရ​ဘု​ရား အ​မိန့်​တော်​နှင့်​အ​ညီ ရှင်​ဘု​ရင်​စီ​ရင်​သည်​အ​တိုင်း၊ ဗိ​မာန်​တော်​ကို သန့်​ရှင်း​စေ​ခြင်း​ငှာ လာ​ကြ၏။ 16ယဇ်​ပု​ရော​ဟိတ်​တို့​သည် ဗိ​မာန်​တော်​ကို သန့်​ရှင်း​စေ​ခြင်း​ငှာ၊ အ​တွင်း​ခန်း​ထဲ​သို့​ဝင်၍၊ တွေ့​သ​မျှ​သော​အ​မှိုက်​ကို တံ​တိုင်း​သို့​ထုတ်​ပြီး​လျှင်၊ လေ​ဝိ​သား​တို့​သည် ကေ​ဒြုန်​ချောင်း​သို့ ယူ​သွား​ကြ၏။ 17ပ​ထ​မ​လ​တစ်​ရက်​နေ့​တွင် သန့်​ရှင်း​စ​ပြု၍၊ ရှစ်​ရက်​နေ့​တွင် ဗိ​မာန်​တော်​ဦး​သို့​ရောက်​ကြ၏။ ထို​နောက် ရှစ်​ရက်​ပတ်​လုံး၊ ဗိ​မာန်​တော်​ကို​သန့်​ရှင်း​စေ၍ ပ​ထ​မ​လ တစ်​ဆယ်​ခြောက်​ရက်​နေ့​တွင် လက်​စ​သတ်​ကြ၏။
ဗိ​မာန်​တော်​ကို​ပြန်​လည်​အ​နု​မော​ဒ​နာ​ပြု​ခြင်း
18ထို​အ​ခါ ဟေ​ဇ​ကိ​မင်း​ကြီး​ထံ​သို့​ဝင်၍၊ အ​ကျွန်ုပ်​တို့​သည် ဗိ​မာန်​တော်​တစ်​ဆောင်​လုံး၊ မီး​ရှို့​ရာ​ယဇ်​ပ​လ္လင်​နှင့် တန်​ဆာ​ရှိ​သ​မျှ၊ ရှေ့​တော်​မုန့်​တင်​သော​စား​ပွဲ​နှင့် တန်​ဆာ​ရှိ​သ​မျှ​တို့​ကို သန့်​ရှင်း​စေ​ပါ​ပြီ။ 19ထို​မှ​တစ်​ပါး၊ အာ​ခတ်​မင်း​ကြီး​လက်​ထက် အ​ဓ​မ္မ​ပြု၍ ပစ်​ထား​သော​တန်​ဆာ​ရှိ​သ​မျှ​တို့​ကို အ​ကျွန်ုပ်​တို့​သည် ပြင်​ဆင်၍ သန့်​ရှင်း​စေ​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား၏​ယဇ်​ပ​လ္လင်​တော်​ရှေ့​မှာ တင်​ထား​ပါ​ပြီ​ဟု လျှောက်​ဆို​ကြ၏။
20ထို​အ​ခါ ဟေ​ဇ​ကိ​မင်း​ကြီး​သည် စော​စော​ထ၍၊ မြို့​သူ​ကြီး​တို့​ကို စု​ဝေး​စေ​ပြီး​လျှင်၊ ဗိ​မာန်​တော်​သို့ တက်​သွား၏။ 21နန်း​တော်​အ​ပြစ်၊ သန့်​ရှင်း​ရာ​ဌာ​န​တော်​အ​ပြစ်၊ ယု​ဒ​ပြည်​အ​ပြစ်​ဖြေ​ရာ ယဇ်​ပူ​ဇော်​စ​ရာ​ဖို့ နွား​ခု​နစ်​ကောင်၊ သိုး​ခု​နစ်​ကောင်၊ သိုး​သ​ငယ်​ခု​နစ်​ကောင်၊ ဆိတ်​ခု​နစ်​ကောင်​တို့​ကို ဆောင်​ခဲ့​ကြ၏။ အာ​ရုန်​သား ယဇ်​ပု​ရော​ဟိတ်​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ ယဇ်​ပ​လ္လင်​ပေါ်​မှာ ပူ​ဇော်​စေ​ခြင်း​ငှာ မိန့်​တော်​မူ​သည်​အ​တိုင်း၊ 22နွား​တို့​ကို​သတ်၍ ယဇ်​ပု​ရော​ဟိတ်​တို့​သည် အ​သွေး​ကို​ခံ​လျက်၊ ယဇ်​ပ​လ္လင်​ပေါ်​မှာ ဖျန်း​ကြ၏။ သိုး​တို့​ကို​လည်း​သတ်၍၊ အ​သွေး​ကို ယဇ်​ပ​လ္လင်​ပေါ်​မှာ ဖျန်း​ကြ၏။ သိုး​သ​ငယ်​တို့​ကို​လည်း သတ်၍ အ​သွေး​ကို ယဇ်​ပ​လ္လင်​ပေါ်​မှာ ဖျန်း​ကြ၏။ 23အ​ပြစ်​ဖြေ​ရာ ယဇ်​ပူ​ဇော်​စ​ရာ​ဖို့ ဆိတ်​တို့​ကို​လည်း ရှင်​ဘု​ရင်​ရှေ့၊ ပ​ရိ​သတ်​ရှေ့​သို့​ထုတ်၍၊ မိ​မိ​တို့​လက်​ကို​တင်​ပြီး​မှ၊ 24ယဇ်​ပု​ရော​ဟိတ်​တို့​သည် သတ်၍၊ ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့၏ အ​ပြစ်​ကို​ပြေ​စေ​ခြင်း​ငှာ၊ ယဇ်​ပ​လ္လင်​ပေါ်​မှာ အ​သွေး​အား​ဖြင့် အ​ပြစ်​ဖြေ​ခြင်း​မင်္ဂ​လာ​ကို ပြု​ကြ၏။ ထို​သို့​မီး​ရှို့​ရာ​ယဇ်​နှင့် အ​ပြစ်​ဖြေ​ရာ​ယဇ်​ကို ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​အ​ဖို့ ပူ​ဇော်​မည်​အ​ကြောင်း၊ ရှင်​ဘု​ရင် အ​မိန့်​တော်​ရှိ​ပြီ။ 25ဒါ​ဝိဒ်​မင်း​ကြီး​နှင့် သူ၏​ပ​ရော​ဖက်​ဂဒ်၊ ပ​ရော​ဖက်​နာ​သန်​တို့ စီ​ရင်​သည်​အ​တိုင်း ခွက်​ကွင်း၊ စောင်း၊ တ​ယော​နှင့် တီး​မှုတ်​သော​လေ​ဝိ​သား​တို့​ကို၊ ဗိ​မာန်​တော်၌ ခန့်​ထား​တော်​မူ၏။ ထို​သို့ ထာ​ဝ​ရ​ဘု​ရား​သည် ပ​ရော​ဖက်​တို့​အား​ဖြင့် စီ​ရင်​တော်​မူ​သ​တည်း။ 26သို့​ဖြစ်၍ လေ​ဝိ​သား​တို့​သည် ဒါ​ဝိဒ်​စီ​ရင်​သော တူ​ရိ​ယာ​မျိုး​များ​ကို​လည်း​ကောင်း၊ ယဇ်​ပု​ရော​ဟိတ်​တို့​သည် တံ​ပိုး​များ​ကို​လည်း​ကောင်း ကိုင်​လျက်​ရှိ​ကြ၏။ 27ဟေ​ဇ​ကိ​သည် ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​ရှို့​ရာ​ယဇ်​ကို ပူ​ဇော်​စေ​ခြင်း​ငှာ၊ အ​မိန့်​တော်​ရှိ၍ မီး​ရှို့​ရာ​ယဇ်​ကို ပူ​ဇော်​စ​ပြု​သော​အ​ခါ၊ တံ​ပိုး​များ​နှင့် ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ဒါ​ဝိဒ်​စီ​ရင်​သော တူ​ရိ​ယာ​မျိုး​များ​ကို တီး​မှုတ်​လျက်၊ ထာ​ဝ​ရ​ဘု​ရား​အား သီ​ချင်း​ကို ဆို​စ​ပြု​ကြ၏။ 28မီး​ရှို့​ရာ​ယဇ်​ပူ​ဇော်​ခြင်း​အ​မှု လက်​စ​မ​သတ်​မီ​တိုင်​အောင် ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် ကိုး​ကွယ်​လျက်၊ သီ​ချင်း​ဆို​လျက်၊ တံ​ပိုး​မှုတ်​လျက် နေ​ကြ၏။ 29လက်​စ​သတ်​ပြီး​မှ၊ ရှင်​ဘု​ရင်​နှင့် စည်း​ဝေး​သော​သူ အ​ပေါင်း​တို့​သည် ဦး​ညွှတ်​ချ၍ ကိုး​ကွယ်​ကြ၏။ 30တစ်​ဖန် ဟေ​ဇ​ကိ​မင်း​ကြီး​နှင့် မှူး​မတ်​တို့​သည် စီ​ရင်၍၊ လေ​ဝိ​သား​တို့​သည် ဒါ​ဝိဒ်​စ​ကား၊ ပ​ရော​ဖက်​အာ​သပ်​စ​ကား​အား​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​အား ထော​မ​နာ​သီ​ချင်း​ဆို​ကြ၏။ ရွှင်​လန်း​သော​စိတ်​နှင့် ထော​မ​နာ​သီ​ချင်း​ကို​ဆို​လျက်၊ ဦး​ညွှတ်​ချ၍ ကိုး​ကွယ်​ကြ၏။ 31ထို​နောက်​ဟေ​ဇ​ကိ​က၊ သင်​တို့​သည် ယ​ခု ထာ​ဝ​ရ​ဘု​ရား​အား ကိုယ်​ကို​ပူ​ဇော်​ကြ​ပြီ။ ဗိ​မာန်​တော်​သို့ ချဉ်း​ကပ်၍၊ ယဇ်​မျိုး​များ​နှင့် ကျေး​ဇူး​တော်​ဝန်​ခံ​ရာ ပူ​ဇော်​သ​ကာ​များ​ကို ဆောင်​ခဲ့​ကြ​လော့​ဟု ပြန်၍ မိန့်​တော်​မူ​သည်​အ​တိုင်း၊ စည်း​ဝေး​သော​သူ​တို့​သည် ယဇ်​မျိုး​များ​နှင့် ကျေး​ဇူး​တော်​ဝန်​ခံ​ရာ ပူ​ဇော်​သ​ကာ​များ​ကို ဆောင်​ခဲ့​ကြ၏။ စေ​တ​နာ​ရှိ​သ​မျှ​သော သူ​တို့​သည် မီး​ရှို့​ရာ​ယဇ်​တို့​ကို ဆောင်​ခဲ့​ကြ၏။ 32စည်း​ဝေး​သော​သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား မီး​ရှို့​ရာ​ယဇ်​ပူ​ဇော်​စ​ရာ​ဖို့ ဆောင်​ခဲ့​သော ယဇ်​ပေါင်း​ကား၊ နွား​ခု​နစ်​ဆယ်၊ သိုး​တစ်​ရာ၊ သိုး​သ​ငယ်​နှစ်​ရာ​တည်း။ 33ပူ​ဇော်​သော​ဥ​စ္စာ​ပေါင်း​ကား၊ နွား​ခြောက်​ရာ၊ သိုး​သုံး​ထောင်​တည်း။ 34ယဇ်​ပု​ရော​ဟိတ်​တို့​သည် နည်း​သော​ကြောင့်၊ မီး​ရှို့​ရာ​ယဇ်​ကောင်​ရှိ​သ​မျှ​ကို မ​သတ်​နိုင်​သည်​ဖြစ်၍၊ အ​ခြား​သော ယဇ်​ပု​ရော​ဟိတ်​တို့​သည် ကိုယ်​ကို​မ​သန့်​ရှင်း​စေ​မီ၊ အ​မှု​တော် လက်​စ​မ​သတ်​မီ​တိုင်​အောင်၊ ညီ​အစ်​ကို လေ​ဝိ​သား​တို့​သည် ထောက်​မ​ကြ၏။ ကိုယ်​ကို သန့်​ရှင်း​စေ​ခြင်း​ငှာ၊ ယဇ်​ပု​ရော​ဟိတ်​များ​ထက် လေ​ဝိ​သား​တို့​သည် သာ၍ စိတ်​သ​ဘော​ဖြောင့်​ကြ၏။ 35မီး​ရှို့​ရာ​ယဇ်​များ​တို့​နှင့်၊ မီး​ရှို့​ရာ​ယဇ် အ​သီး​အ​သီး​ဆိုင်​သော မိတ်​သ​ဟာ​ယ ယဇ်​ဆီ​ဥ၊ သွန်​လောင်း​ရာ ပူ​ဇော်​သ​ကာ​အ​များ​ရှိ​ကြ၏။ ထို​သို့ ဗိ​မာန်​တော်​ဝတ်​ပြု​ခြင်း​ကို စီ​ရင်​သ​တည်း။ 36ထို​အ​မှု​လျင်​မြန်​သော်​လည်း၊ ဘု​ရား​သ​ခင်​သည် လူ​များ​ကို ပြင်​ဆင်​တော်​မူ​သော​ကြောင့်၊ ဟေ​ဇ​ကိ​နှင့် လူ​အ​ပေါင်း​တို့​သည် ဝမ်း​မြောက်​အား​ရ​ကြ၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ၂ ရာဇဝင်ချုပ် 29