YouVersion Logo
Search Icon

၂ ရာဇဝင်ချုပ် 26

26
ယု​ဒ​ဘု​ရင်​သြ​ဇိ
(၄​ရာ၊ ၁၄:၂၁-၂၂၊ ၁၅:၁-၇)
1ယု​ဒ​ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​သည်၊ အ​သက်​တစ်​ဆယ်​ခြောက်​နှစ်​ရှိ​သော သား​တော်​ဩ​ဇိ​ကို​ယူ၍ ခ​မည်း​တော် အာ​မ​ဇိ​အ​ရာ၌ နန်း​တင်​ကြ၏။ 2ထို​မင်း​သည် ခ​မည်း​တော်​သေ​သော​နောက်၊ ဧ​လုတ်​မြို့​ကို​ပြု​စု၍ ယု​ဒ​နိုင်​ငံ​ထဲ​သို့ သွင်း​ပြန်၏။ 3ဩ​ဇိ​သည် အ​သက်​တစ်​ဆယ်​ခြောက်​နှစ်​ရှိ​သော်၊ နန်း​ထိုင်၍ ယေ​ရု​ရှ​လင်​မြို့၌ ငါး​ဆယ်​နှစ်​နှစ် စိုး​စံ​လေ၏။ မယ်​တော်​ကား၊ ယေ​ရု​ရှ​လင်​မြို့​သူ ယေ​ခေါ​လိ​အ​မည်​ရှိ၏။ 4ထို​မင်း​သည် ခ​မည်း​တော်​အာ​မ​ဇိ ပြု​သ​မျှ​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တ​ရား​သော​အ​မှု​ကို​ပြု၏။ 5ဘု​ရား​သ​ခင်၏ ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို နား​လည်​သော ဇာ​ခ​ရိ​လက်​ထက်၌၊ ဩ​ဇိ​မင်း​သည် ဘု​ရား​သ​ခင်​ကို ဆည်း​ကပ်၏။ ထာ​ဝ​ရ​ဘု​ရား​ကို ဆည်း​ကပ်​သော​ကာ​လ​ပတ်​လုံး၊ ဘု​ရား​သ​ခင်​သည် အ​ကြံ​ထ​မြောက်​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။ 6ထို​မင်း​သည် စစ်​ချီ၍ ဖိ​လိ​တ္တိ​လူ​တို့​ကို တိုက်​သ​ဖြင့်၊ ဂါ​သ​မြို့​ရိုး၊ ယာ​ဗ​နေ​မြို့​ရိုး၊ အာ​ဇုတ်​မြို့​ရိုး​တို့​ကို ဖြို​ဖျက်​ပြီး​မှ၊ အာ​ဇုတ်​မြို့​ပတ်​လည်၊ ဖိ​လိ​တ္တိ​ပြည်​အ​ရပ်​ရပ်၌ မြို့​သစ်​တို့​ကို တည်​ထောင်​လေ၏။ 7ဘု​ရား​သ​ခင်​သည် ဖိ​လိ​တ္တိ​လူ၊ ဂု​ရ​ဗာ​လ​မြို့​မှာ နေ​သော​အာ​ရပ်​လူ၊ မ​ဟု​နိမ်​လူ​တို့​တစ်​ဖက်၌ သူ့​ကို​မ​စ​တော်​မူ၏။ 8အ​မ္မုန်​အ​မျိုး​သား​တို့​သည်​လည်း၊ ဩ​ဇိ​မင်း​အား လက်​ဆောင်​ပ​ဏ္ဍာ​တို့​ကို ဆက်​ကြ၏။ သူ​သည် အ​လွန် ကိုယ်​ကို​ခိုင်​ခံ့​စေ​သ​ဖြင့်၊ သ​တင်း​တော်​သည် အဲ​ဂု​တ္တု​ပြည်​တိုင်​အောင် ကျော်​စော​လေ၏။
9ဩ​ဇိ​မင်း​သည် ယေ​ရု​ရှ​လင်​မြို့​ထောင့်​တံ​ခါး၊ ချိုင့်​တံ​ခါး၊ မြို့​ရိုး​ကွေ့​တံ​ခါး၌ ရဲ​တိုက်​တို့​ကို တည်၍​ခိုင်​ခံ့​စေ၏။ 10တော၌​လည်း ရဲ​တိုက်​တို့​ကို တည်၏။ ရေ​တွင်း​များ​ကို​လည်း တူး၏။ ချိုင့်​ဝှမ်း​ရာ​အ​ရပ်​နှင့် မြေ​ညီ​ရာ​အ​ရပ်၌ များ​စွာ​သော သိုး​နွား​တို့​ကို ဆည်း​ပူး၍ တောင်​အ​ရပ်၊ မြေ​ကောင်း​သော​အ​ရပ်၌ လယ်​လုပ်​သော​သူ​နှင့် စ​ပျစ်​ဥ​ယျာဉ် ပြု​စု​သော​သူ​တို့​ကို​လည်း စေ​စား၏။ ထို​သို့​သော​အ​မှု​များ​ကို ဝါ​သ​နာ​ရှိ၏။
11ဩ​ဇိ​မင်း၌ တပ်​စာ​ရေး​ယေ​ယေ​လ​နှင့် တပ်​အုပ်​မာ​သေ​ယ​တို့​သည် စာ​ရင်း​ယူ​သည်​အ​တိုင်း၊ ရှင်​ဘု​ရင်၏ ဗိုလ်​မင်း​ဟာ​န​နိ​သည် စီ​ရင်၍၊ အ​သီး​အ​သီး​တပ်​ဖွဲ့​သော စစ်​သူ​ရဲ​ဗိုလ်​ခြေ​များ​ရှိ​ကြ၏။ 12ထို​သို့ ခွန်​အား​ကြီး​သော သူ​ရဲ​အ​ဆွေ​အ​မျိုး​အ​လိုက် အ​ကြီး​အ​ကဲ လုပ်​သော​သူ​ပေါင်း​ကား၊ နှစ်​ထောင်​ခြောက်​ရာ​တည်း။ 13ထို​သို့ အ​ကြီး​အ​ကဲ​လုပ်​သော​သူ၊ ရန်​သူ​တစ်​ဖက်၌ ရှင်​ဘု​ရင်​ကို ထောက်​မ​ခြင်း​ငှာ၊ ကြီး​သော​ခွန်​အား​နှင့် စစ်​တိုက်​သော​သူ​ရဲ​ပေါင်း​ကား၊ သုံး​သိန်း​ခု​နစ်​ထောင်​ငါး​ရာ​တည်း။ 14ဩ​ဇိ​မင်း​သည်​လည်း၊ ဗိုလ်​ခြေ​အ​ပေါင်း​တို့​အ​ဖို့ ဒိုင်း​လွှား၊ လှံ၊ သံ​ခ​မောက်​လုံး၊ သံ​ချပ်၊ လေး၊ ကျောက်​နှင့် ပစ်​စ​ရာ​လောက်​လွှဲ​တို့​ကို ပြင်​ဆင်​လေ၏။ 15လိ​မ္မာ​သော​သူ​တို့​သည် ဉာဏ်​ရှာ၍​လုပ်​သော ယ​န္တ​ရား​စက်​တို့​ကို​လည်း၊ ယေ​ရု​ရှ​လင်​မြို့​ရဲ​တိုက်၊ မြို့​ပြ​အိုး​အ​ပေါ်​က မြား​နှင့် ကျောက်​ကြီး​ကို ပစ်​စ​ရာ​ဖို့ ပြင်​ဆင်​လေ၏။ ထို​သို့ တန်​ခိုး​ကြီး​အောင် အ​ထူး​သ​ဖြင့် မ​စ​ခြင်း​ကို ခံ​ရ​သည်​ဖြစ်၍၊ သ​တင်း​တော်​သည် အ​နှံ့​အ​ပြား​ကျော်​စော၏။
သြ​ဇိ​ကို​ဘု​ရား​သ​ခင်​ဆုံး​မ​တော်​မူ​ခြင်း
16ဩ​ဇိ​မင်း​သည် တန်​ခိုး​ကြီး​သော​အ​ခါ၊ ကိုယ်​အ​ကျိုး​နည်း​အောင် ထောင်​လွှား​သော​စိတ်​ထ​သ​ဖြင့်၊ မိ​မိ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား၍၊ နံ့​သာ​ပေါင်း​ကို မီး​ရှို့​ရာ​ယဇ်​ပ​လ္လင်​ပေါ်​မှာ နံ့​သာ​ပေါင်း​ကို မီး​ရှို့​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား၏ ဗိ​မာန်​တော်​ထဲ​သို့ ဝင်​လေ၏။ 17ယဇ်​ပု​ရော​ဟိတ်​အာ​ဇ​ရိ​သည် ရဲ​ရင့်​ခြင်း​သ​တ္တိ​ရှိ​သော ထာ​ဝ​ရ​ဘု​ရား၏​အ​မှု​တော်​ထမ်း ယဇ်​ပု​ရော​ဟိတ် ရှစ်​ကျိပ်​တို့​နှင့်​တ​ကွ၊ ရှင်​ဘု​ရင်​ဩ​ဇိ​နောက်​တော်​သို့​လိုက်၍၊ 18ဆီး​တား​သ​ဖြင့်၊ အို​ဩ​ဇိ​မင်း၊ ကိုယ်​တော်​သည် ထာ​ဝ​ရ​ဘု​ရား​အား နံ့​သာ​ပေါင်း​ကို မီး​ရှို့​ခြင်း​အ​မှု​နှင့် မ​ဆိုင်​ပါ။ နံ့​သာ​ပေါင်း​ကို မီး​ရှို့​စေ​ခြင်း​ငှာ၊ ခန့်​ထား​သော အာ​ရုန်​သား​ယဇ်​ပု​ရော​ဟိတ်​တို့​သာ ထို​အ​မှု​နှင့် ဆိုင်​ကြ​ပါ၏။ သန့်​ရှင်း​ရာ​ဌာ​န​ထဲ​က ထွက်​သွား​လော့။ ကိုယ်​တော်​သည် ပြစ်​မှား​ပြီ။ ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင့် ရှေ့​တော်၌ ကိုယ်​တော်​အ​သ​ရေ​ပျက်​လိမ့်​မည်​ဟု ဆို​ကြ​လျှင်၊#ထွ၊ ၃၀:၇-၈။ တော၊ ၃:၁၀။ 19ဩ​ဇိ​မင်း​သည် ဒေါ​သ​စိတ်​ရှိ၍၊ နံ့​သာ​ပေါင်း​ကို မီး​ရှို့​ခြင်း​ငှာ၊ လင်​ပန်း​ကို​ကိုင်​လျက်၊ ယဇ်​ပု​ရော​ဟိတ်​တို့​ကို အ​မျက်​ထွက်​လျှင်၊ ဗိ​မာန်​တော်​တွင် နံ့​သာ​ပေါင်း​ကို မီး​ရှို့​ရာ​ယဇ်​ပ​လ္လင်၏​အ​နား၊ ယဇ်​ပု​ရော​ဟိတ်​တို့​ရှေ့​မှာ၊ နူ​နာ​သည် ရှင်​ဘု​ရင်​န​ဖူး၌ ပေါ်​လေ၏။ 20ယဇ်​ပု​ရော​ဟိတ်​မင်း​နှင့် ယဇ်​ပု​ရော​ဟိတ်​အ​ပေါင်း​တို့​သည် ကြည့်​ရှု၍၊ န​ဖူး​တော်၌ နူ​နာ​စွဲ​သည်​ကို​မြင်​လျှင်၊ ရှင်​ဘု​ရင်​ကို ပြင်​သို့​နှင်​ထုတ်​ကြ၏။ ရှင်​ဘု​ရင်​ကိုယ်​တိုင်​လည်း၊ ထာ​ဝ​ရ​ဘု​ရား ဒဏ်​ခတ်​တော်​မူ​သော​ကြောင့်၊ အ​လျင်​အ​မြန်​ထွက်​လေ၏။ 21ထို​သို့ ဩ​ဇိ​မင်း​ကြီး​သည် သေ​သည်​တိုင်​အောင် နူ​နာ​စွဲ၍၊ ခြား​နား​သော​နန်း၌ နေ​ရ၏။ ဗိ​မာန်​တော်​သို့ ဝင်​သော​အ​ခွင့်​ကို မ​ရ။ သား​တော်​ယော​သံ​သည် နန်း​တော်​ကို​အုပ်​စိုး၍ နိုင်​ငံ​တော်​မှု​ကို​စီ​ရင်​ရ၏။ 22ဩ​ဇိ​ပြု​မူ​သော​အ​မှု​အ​ရာ ကြွင်း​လေ​သ​မျှ အ​စ​အ​ဆုံး​တို့​ကို၊ အာ​မုတ်​သား ပ​ရော​ဖက်​ဟေ​ရှာ​ယ​သည် ရေး​ထား​လေ၏။ 23ဩ​ဇိ​သည် ဘိုး​ဘေး​တို့​နှင့်​အိပ်​ပျော်၍၊ သူ​တို့​နှင့်​အ​တူ သင်္ဂြိုဟ်​ခြင်း​ကို ခံ​ရ​သော်​လည်း၊ လူ​နူ​ဖြစ်​သော​ကြောင့်၊ ရှင်​ဘု​ရင်​တို့ သင်္ချိုင်း​နှင့်​ဆိုင်​သော မြေ​အ​ကွက်၌​သာ သင်္ဂြိုဟ်​ကြ၏။ သား​တော်​ယော​သံ​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။#ဟေ​ရှာ၊ ၆:၁။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ၂ ရာဇဝင်ချုပ် 26