YouVersion Logo
Search Icon

၂ ရာဇဝင်ချုပ် 27

27
ယု​ဒ​ဘု​ရင်​ယော​သံ
(၄​ရာ၊ ၁၅:၃၂-၃၈။)
1ယော​သံ​သည် အ​သက်​နှစ်​ဆယ်​ငါး​နှစ်​ရှိ​သော်၊ နန်း​ထိုင်၍ ယေ​ရု​ရှ​လင်​မြို့၌ တစ်​ဆယ်​ခြောက်​နှစ် စိုး​စံ​လေ၏။ မယ်​တော်​ကား၊ ဇာ​ဒုတ်​သ​မီး ယေ​ရု​ရှာ​အ​မည်​ရှိ၏။ 2ထို​မင်း​သည် ခ​မည်း​တော်​ဩ​ဇိ​ကျင့်​သ​မျှ​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တ​ရား​သော​အ​မှု​ကို​ပြု၏။ သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား၏ ဗိ​မာန်​တော်​ထဲ​သို့ မ​ဝင်။ ပြည်​သူ​ပြည်​သား​တို့​သည် မ​တ​ရား​သ​ဖြင့် ပြု​ကြ​သေး၏။ 3ထို​မင်း​သည် ဗိ​မာန်​တော်​အ​ထက်​တံ​ခါး​ကို လုပ်၍၊ ဩ​ဖေ​လ​မြို့​ရိုး​ကို အ​လွန်​ခိုင်​ခံ့​စေ၏။ 4ယု​ဒ​တောင်​ရိုး​ပေါ်​မှာ မြို့​များ​ကို​လည်း​ကောင်း၊ တော၌ ရဲ​တိုက်​များ​နှင့် ပြ​အိုး​များ​ကို​လည်း​ကောင်း တည်​ထောင်​လေ၏။ 5အ​မ္မုန်​ရှင်​ဘု​ရင်​ကို​လည်း စစ်​တိုက်၍​နိုင်​သ​ဖြင့်၊ နိုင်​သော​နှစ်​တွင် အ​မ္မုန်​သား​တို့​သည် ငွေ​အ​ခွက်​တစ်​ထောင်၊ ဂျုံ​ကော​ရ​တစ်​သောင်း၊ မု​ယော​တစ်​သောင်း​ကို​ပေး​ရ​ကြ၏။ ဒု​တိ​ယ​နှစ်​နှင့် တ​တိ​ယ​နှစ်​တွင် ထို​အ​တူ ပေး​ရ​ကြ၏။ 6ထို​သို့ ယော​သံ​သည် မိ​မိ​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ မိ​မိ​အ​ကျင့်​တို့​ကို ပြင်​ဆင်​သော​ကြောင့် တန်​ခိုး​တိုး​ပွား​သ​တည်း။ 7ယော​သံ​ပြု​မူ​သော​အ​မှု​အ​ရာ ကြွင်း​လေ​သ​မျှ၊ စစ်​တိုက်​ခြင်း၊ အ​ကျင့်​ကျင့်​ခြင်း​အ​မှု​အ​ရာ အ​လုံး​စုံ​တို့​သည်၊ ဣ​သ​ရေ​လ​ရာ​ဇ​ဝင်​နှင့် ယု​ဒ​ရာ​ဇ​ဝင်၌ ရေး​ထား​လျက်​ရှိ၏။ 8ယော​သံ​သည် ဘိုး​ဘေး​တို့​နှင့်​အိပ်​ပျော်၍၊ ဒါ​ဝိဒ်​မြို့၌ သင်္ဂြိုဟ်​ခြင်း​ကို ခံ​လေ၏။ သား​တော်​အာ​ခတ်​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ၂ ရာဇဝင်ချုပ် 27