YouVersion Logo
Search Icon

၁ သက်သာလောနိတ် 5

5
သမ္မာသတိရှိ​ကြ​လော့
1ညီ​အစ်​ကို​တို့၊ ကပ်​ကာ​လ​အ​ချိန်​များ​ကို သင်​တို့​အား​ရေး၍ ပေး​လိုက်​စ​ရာ​အ​ကြောင်း မ​ရှိ။- 2အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ သူ​ခိုး​သည် ည​အ​ခါ​လာ​သ​ကဲ့​သို့၊ သ​ခင်​ဘု​ရား၏​နေ့​ရက်​သည် လာ​လိမ့်​မည်​ကို သင်​တို့​သည် သေ​ချာ​စွာ​သိ​ကြ၏။- 3ငြိမ်​ဝပ်​ခြင်း​ရှိ၏၊ ဘေး​အ​န္တ​ရာယ်​နှင့် ကင်း​လွတ်၏​ဟု ဆို​စဉ်​တွင်၊ ကိုယ်​ဝန်​ဆောင်​သော​မိန်း​မ၌ သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ရောက်​သ​ကဲ့​သို့၊ သူ​တို့​အ​ပေါ်၌ လျင်​မြန်​စွာ​သော ပျက်​စီး​ခြင်း​ရောက်၍ လွတ်​ခြင်း​အ​ခွင့် မ​ရှိ​ရ​ကြ။- 4သို့​သော်​လည်း၊ ညီ​အစ်​ကို​တို့၊ ထို​နေ့​ရက်​သည် သူ​ခိုး​ကဲ့​သို့ သင်​တို့​အ​ပေါ်​သို့ ရောက်​လာ​မည်​အ​ကြောင်း၊ သင်​တို့​သည် မှောင်​မိုက်၌ နေ​ကြ​သည်​မ​ဟုတ်။- 5သင်​တို့​အ​ပေါင်း​သည် အ​လင်း၏​သား၊ နေ့၏​သား​ဖြစ်​ကြ၏။ ည၏​သား၊ မှောင်​မိုက်၏​သား မ​ဟုတ်။- 6သို့​ဖြစ်၍၊ အ​ခြား​သော​သူ​တို့​သည် အိပ်​ပျော်​သ​ကဲ့​သို့၊ ငါ​တို့​သည် အိပ်​မ​ပျော်​ဘဲ သ​မ္မာ​သ​တိ​ရှိ၍ စောင့်​ကြ​ကုန်​အံ့။- 7အ​ကြောင်း​မူ​ကား၊ အိပ်​ပျော်​သော​သူ​တို့​သည် ည​အ​ခါ အိပ်​ပျော်​တတ်​ကြ၏။ သေ​ရည်​သေ​ရက်​နှင့် ယစ်​မူး​သော​သူ​တို့​သည်​လည်း ည​အ​ခါ ယစ်​မူး​တတ်​ကြ၏။- 8နေ့၏​သား​ဖြစ်​သော ငါ​တို့​မူ​ကား၊ သ​မ္မာ​သ​တိ​ရှိ​ကြ​ကုန်​အံ့။ ယုံ​ကြည်​ခြင်း၊ ချစ်​ခြင်း​တည်း​ဟူ​သော ရင်​အုပ်​တန်​ဆာ​ကို​လည်း​ကောင်း၊ ကယ်​တင်​ခြင်း​သို့ ရောက်​မည်​ဟု မျှော်​လင့်​ခြင်း​တည်း​ဟူ​သော သံ​ခ​မောက်​လုံး​ကို​လည်း​ကောင်း၊ ဝတ်​ဆောင်​ကြ​ကုန်​အံ့။- 9အ​မျက်​တော်​ကို​ခံ​စေ​ခြင်း​ငှာ ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို ခန့်​ထား​တော်​မူ​သည်​မ​ဟုတ်။ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် ကယ်​တင်​ခြင်း​ကို ပိုင်​ရ​စေ​ခြင်း​ငှာ ခန့်​ထား​တော်​မူ၏။- 10ငါ​တို့​သည် နိုး​လျက်​ရှိ​သည်​ဖြစ်​စေ၊ အိပ်​ပျော်​သည်​ဖြစ်​စေ၊ ထို​သ​ခင်​နှင့်​အ​တူ အ​သက်​ရှင်​မည်​အ​ကြောင်း၊ ငါ​တို့​အ​ဖို့ အ​သေ​ခံ​တော်​မူ​ပြီ။- 11ထို​ကြောင့်၊ သင်​တို့​သည် ယ​ခု​ပင်​ပြု​သည်​နည်း​တူ၊ အ​ချင်း​ချင်း​တိုက်​တွန်း၍ တစ်​ယောက်​ကို​တစ်​ယောက် တည်​ဆောက်​ကြ​လော့။
နောက်​ဆုံး​ညွှန်​ကြား​ချက်
12ထို​မှ​တစ်​ပါး၊ ညီ​အစ်​ကို​တို့၊ သင်​တို့​တွင် အ​မှု​တော်​ကို​ဆောင်​ရွက်​ခြင်း၊ သ​ခင်​ဘု​ရား​အ​ခွင့်​နှင့် အုပ်​စိုး​ခြင်း၊ သ​တိ​ပေး​ခြင်း အ​မှု​ကို​ပြု​သော​သူ​တို့​ကို သိ​မှတ်၍၊- 13သူ​တို့​ပြု​သော​အ​မှု​ကြောင့် မေ​တ္တာ​စိတ်​နှင့် အ​လွန်​ချစ်​ခင်​လေး​မြတ်​မည်​အ​ကြောင်း၊ ငါ​တို့​သည် တောင်း​ပန်​ကြ၏။ အ​ချင်း​ချင်း အ​သင့်​အ​တင့်​နေ​ကြ​လော့။
14တစ်​ဖန်​တုံ၊ ညီ​အစ်​ကို​တို့၊ မ​တ​ရား​စွာ​ပြု​သော​သူ​တို့​ကို သ​တိ​ပေး​ကြ​လော့။ စိတ်​ငယ်​သော​သူ​တို့​ကို အား​ပေး​ကြ​လော့။ အား​နည်း​သော သူ​တို့​ကို ထောက်​မ​ကြ​လော့။ ခပ်​သိမ်း​သော​သူ​တို့​အား ရှည်​သော​စိတ် ရှိ​စေ​ကြ​လော့။- 15သူ​တစ်​ပါး၌ အ​ဘယ်​သူ​မျှ ရန်​တုံ့​မ​မူ​စေ​ခြင်း​ငှာ သ​တိ​ပြု၍၊ အ​ချင်း​ချင်း​တို့၌​လည်း​ကောင်း၊ ခပ်​သိမ်း​သော​သူ​တို့၌ လည်း​ကောင်း၊ ကာ​လ​အ​စဉ်​ကြိုး​စား၍ ကျေး​ဇူး​ပြု​ကြ​လော့။- 16အ​စဉ်​မ​ပြတ် ဝမ်း​မြောက်​ခြင်း​ရှိ​ကြ​လော့။- 17မ​ခြား​မ​လပ် ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ကြ​လော့။- 18အ​ရာ​ရာ၌ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ထို​သို့​ကျင့်​စေ​ခြင်း​ငှာ၊ ယေ​ရှု​ခ​ရစ်၌ ဘု​ရား​သ​ခင်​အ​လို​တော်​ရှိ၏။- 19ဝိ​ညာဉ်​တော်၏​အ​ရှိန်​ကို မ​ငြိမ်း​စေ​ကြ​နှင့်။- 20ပ​ရော​ဖက်​ပြု​ခြင်း​ကို မ​ထီ​မဲ့​မြင်​မ​မှတ်​ကြ​နှင့်။- 21ခပ်​သိမ်း​သော​အ​ရာ​ကို စုံ​စမ်း၍၊ ကောင်း​သော​အ​ရာ​ကို အ​မြဲ​ကိုင်​စွဲ​ကြ​လော့။- 22မ​ကောင်း​သော​အ​မှု အ​မျိုး​မျိုး​ရှိ​သ​မျှ​ကို ရှောင်​ကြ​လော့။- 23ငြိမ်​သက်​ခြင်း၏​အ​ရှင် ဘု​ရား​သ​ခင် ကိုယ်​တော်​တိုင်​လည်း၊ သင်​တို့​ကို အ​ကုန်​အ​စင် သန့်​ရှင်း​စေ​တော်​မူ ပါ​စေ​သော။ ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်​ကြွ​လာ​တော်​မူ​သော​အ​ခါ၊ သင်​တို့၏ ကိုယ်​ခ​န္ဓာ၊ စိတ်၊ ဝိ​ညာဉ်​အ​ပေါင်း​ကို အ​ပြစ်​တင်​ခွင့်​နှင့် ကင်း​လွတ်​စေ​ခြင်း​ငှာ စောင့်​မ​တော်​မူ​ပါ​စေ​သော။- 24သင်​တို့​ကို​ခေါ်​တော်​မူ​သော​သူ​သည် သ​စ္စာ​နှင့် ပြည့်​စုံ​သည်​ဖြစ်၍၊ ထို​သို့​ပြု​တော်​မူ​လိမ့်​မည်။
25ညီ​အစ်​ကို​တို့၊ ငါ​တို့​အ​ဖို့ ဆု​တောင်း​ကြ​လော့။- 26ညီ​အစ်​ကို​အ​ပေါင်း​တို့​ကို သန့်​ရှင်း​သော​နမ်း​ခြင်း​နှင့် နှုတ်​ဆက်​ကြ​လော့။- 27ဤ​စာ​ကို သန့်​ရှင်း​သော ညီ​အစ်​ကို​အ​ပေါင်း​တို့​အား ဖတ်​စေ​ခြင်း​ငှာ၊ သ​ခင်​ဘု​ရား​ကို တိုင်​တည်၍ ငါ​သည် သင်​တို့​ကို ဓိ​ဋ္ဌာန်​သ​စ္စာ​ပေး၏။- 28ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ ကျေး​ဇူး​တော်​သည် သင်​တို့၌ ရှိ​စေ​သ​တည်း။ အာ​မင်။
သက်​သာ​လော​နိတ်​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင်​ပြီး၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in