YouVersion Logo
Search Icon

၁ သက်သာလောနိတ် 4

4
ဘု​ရား​သ​ခင်​နှစ်​သက်​သော​အ​ကျ​င့်
1ကြွင်း​သေး​သော စ​ကား​ဟူ​မူ​ကား၊ ညီ​အစ်​ကို​တို့၊ သင်​တို့​သည် အ​ဘယ်​သို့ ကျင့်​ရ​မည်၊ ဘု​ရား​သ​ခင်​ကို အ​ဘယ်​သို့​နှစ်​သက်​စေ​ရ​မည်​ကို ငါ​တို့​ထံ၌ နည်း​ခံ​ကြ​သည်​နှင့်​အ​ညီ တိုး​ပွား၍ ကြွယ်​ဝ​ပြည့်​စုံ​မည်​အ​ကြောင်း၊ သ​ခင်​ယေ​ရှု​ကို​အ​မှီ​ပြု​လျက်၊ ငါ​တို့​သည် တောင်း​ပန်၍ တိုက်​တွန်း​သွေး​ဆောင်​ကြ၏။- 2အ​ဘယ်​သို့​သော ပ​ညတ်​တို့​ကို သ​ခင်​ယေ​ရှု၏​အ​ခွင့်​တော်​နှင့် ငါ​တို့​သည် အပ်​ပေး​သည်​ကို သင်​တို့​သိ​ကြ၏။- 3ဘု​ရား​သ​ခင်၏ အ​လို​တော်​ဟူ​မူ​ကား၊ သင်​တို့​သည် မ​တ​ရား​သော​မေ​ထုန်​ကို ကြဉ်​ရှောင်၍ သန့်​ရှင်း​စေ​ခြင်း​ငှာ​လည်း​ကောင်း၊- 4ဘု​ရား​သ​ခင်​ကို​မ​သိ​သော သာ​သ​နာ​ပ​လူ​တို့​သည် ကိ​လေ​သာ တပ်​မက်​ခြင်း​ရှိ​သ​ကဲ့​သို့ မ​ရှိ၊- 5သင်​တို့​အ​ပေါင်း​သည် သန့်​ရှင်း​ခြင်း၊ အ​သ​ရေ​တင့်​တယ်​ခြင်း​နှင့် မိ​မိ​ကိုယ်​ကို​မိ​မိ ထိန်း​တတ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊- 6ဤ​အ​မှု​အ​ရာ၌ လွန်​ကျူး၍ ညီ​အစ်​ကို​ကို ပ​ရိ​ယာယ်​အား​ဖြင့် မ​ပြစ်​မှား​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ အ​လို​တော်​ရှိ၏။ ငါ​တို့​သည် အ​ထက်​က ဟော​ပြော၍ သ​စ္စာ​ပေး​နှင့်​သည်​အ​တိုင်း၊ သ​ခင်​ဘု​ရား​သည် ထို​သို့​သော ပြစ်​မှား​ခြင်း​ကို ခံ​သော​သူ​အ​ပေါင်း​တို့​ဘက်၌ တ​ရား​စီ​ရင်​တော်​မူ​လိမ့်​မည်။- 7ဘု​ရား​သ​ခင်​သည် ညစ်​ညူး​စေ​ခြင်း​ငှာ ငါ​တို့​ကို ခေါ်​တော်​မူ​သည်​မ​ဟုတ်၊ သန့်​ရှင်း​စေ​ခြင်း​ငှာ ခေါ်​တော်​မူ၏။- 8ထို​ကြောင့်၊ ငါ​တို့​ကို​ငြင်း​ပယ်​သော​သူ​သည် လူ​ကို​သာ ငြင်း​ပယ်​သည်​မ​ဟုတ်၊ ကိုယ်​တော်၏ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​ကို ငါ​တို့​အား ပေး​တော်​မူ​သော ဘု​ရား​သ​ခင်​ကို ငြင်း​ပယ်၏။
9ညီ​အစ်​ကို​ချင်း ချစ်​ခြင်း​အ​ရာ​ကို သင်​တို့​အား ရေး၍​ပေး​လိုက်​စ​ရာ​အ​ကြောင်း​မ​ရှိ။ အ​ဘယ်​ကြောင့် နည်း​ဟူ​မူ​ကား၊ သင်​တို့​သည် အ​ချင်း​ချင်း​ချစ်​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင် ဆုံး​မ​သွန်​သင်​တော်​မူ​သော​သူ ဖြစ်​ကြ၏။- 10ထို​မျှ​မ​က၊ မာ​ကေ​ဒေါ​နိ​ပြည်​တွင် အ​ရပ်​ရပ်၌​ရှိ​သော ညီ​အစ်​ကို​အ​ပေါင်း​တို့​ကို ထို​သို့​ပြု​ကြ၏။ သို့​သော်​လည်း၊ ညီ​အစ်​ကို​တို့၊ သင်​တို့​သည် တိုး​ပွား၍ ကြွယ်​ဝ​ပြည့်​စုံ​မည်​အ​ကြောင်း​နှင့်၊- 11-12ပြင်​ပ​လူ​တို့​ရှေ့၌ လျောက်​ပတ်​စွာ​ကျင့်၍ အ​ဘယ်​မျှ မ​လို​ရ​အောင်၊ ငါ​တို့​သည် အ​ထက်​က မှာ​ထား​သည်​နှင့်​အ​ညီ ငြိမ်​ဝပ်​စွာ​နေ၍၊ ကိုယ်​အ​မှု​ကို ဆောင်​ရွက်​လျက်၊ ကိုယ်​လက်​နှင့် လုပ်​ဆောင်​ခြင်း​ငှာ စေ​တ​နာ​စိတ်​နှင့် ကြိုး​စား​အား​ထုတ်​မည်​အ​ကြောင်း​ကို၊ ငါ​တို့​သည် တိုက်​တွန်း​သွေး​ဆောင်​ကြ၏။
သ​ခင်​ဘု​ရား​ကြွ​လာ​တော်​မူ​ခြင်း
13ညီ​အစ်​ကို​တို့၊ မျှော်​လ​င့်​ခြင်း​မ​ရှိ​သော အ​ခြား​သူ​တို့​သည် ဝမ်း​နည်း​သ​ကဲ့​သို့၊ သင်​တို့​သည် ဝမ်း​မ​နည်း​မည်​အ​ကြောင်း၊ အိပ်​ပျော်​သော သူ​တို့၏ အ​မှု​အ​ရာ​ကို မ​သိ​ဘဲ​နေ​စေ​ခြင်း​ငှာ ငါ​တို့​အ​လို​မ​ရှိ၊- 14ယေ​ရှု​သည် သေ​ပြီး​မှ တစ်​ဖန် ထ​မြောက်​တော်​မူ​သည်​ကို ငါ​တို့​သည် ယုံ​လျှင်၊ ထို​နည်း​တူ ယေ​ရှု၌ အိပ်​ပျော်​သော​သူ​တို့​ကို​လည်း၊ ထို​သ​ခင်​နှင့်​အ​တူ ဘု​ရား​သ​ခင် ပို့​ဆောင်​တော်​မူ​လိမ့်​မည်။- 15သ​ခင်​ဘု​ရား၏ ဗျာ​ဒိတ်​တော်​အား​ဖြင့် တစ်​ဖန် ငါ​တို့​ဆို​သည်​ကား၊ သ​ခင်​ဘု​ရား ကြွ​လာ​တော်​မူ​သော​အ​ခါ၊ အ​သက်​ရှင်၍ ကျန်​ကြွင်း​သော ငါ​တို့​သည် အိပ်​ပျော်​ပြီး​သော​သူ​တို့၏ အ​ရင်​အ​ဦး နေ​ရာ​ကျ​ရ​ကြ​မည်​မ​ဟုတ်။- 16သ​ခင်​ဘု​ရား​သည် ကြွေး​ကြော်​ခြင်း၊ ကောင်း​ကင်​တ​မန်​မင်း အ​သံ​ပေး​ခြင်း၊ ဘု​ရား​သ​ခင်၏ တံ​ပိုး​တော်​ကို မှုတ်​ခြင်း​နှင့်​တ​ကွ၊ ကောင်း​ကင်​ဘုံ​မှ ကိုယ်​တိုင် ဆင်း​သက်​တော်​မူ၍၊ ခ​ရစ်​တော်၌ သေ​လွန်​သော​သူ​တို့​သည် အ​ဦး​ထ​မြောက်​ကြ​လိမ့်​မည်။- 17ထို​အ​ခါ အ​သက်​ရှင်၍ ကျန်​ကြွင်း​သော​ငါ​တို့​သည် အာ​ကာ​သ​ကောင်း​ကင်၌ သ​ခင်​ဘု​ရား​ထံ​တော်​သို့ ရောက်​စေ​ခြင်း​ငှာ၊ ထို​သူ​တို့​နှင့်​တ​ကွ မိုး​တိမ်​ပေါ်​သို့ ချီ​ဆောင်​ခြင်း​ကို ခံ​ရ​သော​အား​ဖြင့် သ​ခင်​ဘု​ရား​နှင့်​အ​တူ အ​စဉ်​မ​ပြတ် နေ​ရ​ကြ​လိမ့်​မည်။- 18သို့​ဖြစ်၍၊ ဤ​စ​ကား​များ​အား​ဖြင့် အ​ချင်း​ချင်း တစ်​ယောက်​ကို​တစ်​ယောက် သက်​သာ​စေ​ကြ​လော့။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in