YouVersion Logo
Search Icon

မာကု 6

6
ယေရှုဟှာ နာဇရက်ဗြို့မာ ငြင်းပယ်ခံဟှူကြောန်း
(မဿဲ ၁၃.၅၃–၅၈; လုကာ ၄.၁၆–၃၀)
1ယေရှုဟှ အယ်နေရာဟှနေ ထွပ်ဟှားဘီးန သူ့ဗြို့ဟှို ပ္လန်ဟှားလေဟှယ်။ ကိုယ်တော်ရဲ့ တဗဲ့တော်လေလည်း လိုက်ဟှားလေဟှယ်။ 2ဒန်းနေ့မာ ကိုယ်တော်ဟှာ ဝါလယ်ဇရပ်မာ စဘီးဟှာ သွန်သန်လေဟှယ်။ အယ်နေရာမာ လူလေဘောင်ဂီး ရှိနေဘီး ကိုယ်တော် သွန်သန်ဇာလေဟှို လူလေဟှကြားရခီမာ ရရာတိုင်း အံဩဂေ့ဟှယ်။ “အယ်ဇာလေ အားလောင်းဟှို သူဟှာ ဖယ်နေရာဟှ ရဟှားနူး” ဆိုဘီး သူးနို့ဟှာ မေးလေဟှယ်။ “သူ့ဟှို ပေးဟှားဟှူပညာဟှ ဖယ်မျိုးပညာနူး။ သူဟှာ အယ်နိမိတ်လတ်ခဏာလေဟှို ဖယ်မျိုးလောက်နူး။ 3သူဟှာ လတ်သမား မှုဟှလော။ မာရိရဲ့သား၊ ယာကုပ်၊ ယောသေ၊ ယုဒန ရှိမုန်လေရဲ့နောန် မှုဟှလော။ သူ့ညီမလေဟှ အယ်နားမာဘဲ့ နေဂေ့ဟှယ် မှုဟှလော။” အယ်ကြောန့် သူးနို့လေဟှာ ကိုယ်တော့်ဟှို ငြင်းပယ်ဂေ့လေဟှယ်။
4 # ယော ၄.၄၄ ယေရှုဟှလည်း သူးနို့ဟှို “ပရောဖက်လေဟှာ သူးနို့ရဲ့ ဗြို့၊ သူးနို့ရဲ့ ရွှေမျိုးလေန သူးနို့ရဲ့ အီသူအီသားလေဟှ လွဲဘီး နေရာတိုင်းမာ လေးစားခံရဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
5ကိုယ်တော်ဟှာ အယ်ဗြို့မာ ကျန်းမာဘဲ့ဟှူ လူတချို့ထတ်မာ ကိုယ်တော်ရဲ့ လတ်လေဟှို တန်ဘီးဟှာ သူးနို့ဟှို ကျန်းမာစေဇာဟှလွဲဘီး ဖြာနိမိတ်လတ်ခဏာလေလည်း လောက်နိုင်ဟှ။ 6ကိုယ်တော်ဟှာ ရရာတိုင်း အံ့ဩဟှားဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ အယ်လူလေဟှာ ယောင်ကြည်ဘဲကြောန့် ဖြစ်ဟှယ်။
ယေရှုဟှာ တဗဲ့တော်ဆယ့်နှေ့ပါးဟှို စေလွှတ်ဟှူကြောန်း
(မဿဲ ၁၀.၅–၁၅; လုကာ ၉.၁–၆)
အယ်ဘီးန ယေရှုဟှာ အယ်နေရာဟှ ဝါလေဟှို လှည့်လည်သွားဘီးဟှာ လူလေဟှို သွန်သန်လေဟှယ်။
7ကိုယ်တော်ဟှာ တဗဲ့တော် ဆယ့်နှေ့ပါးဟှို တူးဒူခေါ်ဘီးဟှာ နှေ့ယော့‑က်စီ တွဲခိုင်းဘီး သူးနို့ဟှို စေလွှတ်လေဟှယ်။ ကိုယ်တော်ဟှာ သူးနို့ဟှို ညစ်ညူးဟှူနတ်လေဟှို နိုင်ရဟှူ ခွမ့်အာဏာဟှိုလည်း ပေးဘီး 8#လု ၁၀.၄–၁၁ “ခရီးတွပ် နန်းနို့နတူးဒူ တောန်အူးတခုဟှလွဲဘီး တခြားဇာလေ ယူဂေ့န။ စားဇာ၊ လွယ်အိ၊ နန်းနို့ရဲ့ ခါးဗတ်လေထဲမာ ကပ်လေဟှို ထဲ့ဆောန်ဂေ့န။ 9ခေနပ်လေဟှို စီးဂေ့ပါ၊ အယ်ဘီးဟှာ အန်းဂီပိုတထည်ဟှိုလည်း ယူဆောန်ဂေ့န။” 10ကိုယ်တော်ဟှ “ဖယ်နေရာမဆို နန်းနို့လေဟှို လတ်ခံဟှူအီမာ နန်းနို့လေဟှာ အယ်နေရာဟှ ထွပ်ခန်ထိ အယ်အီမာဘဲ့ တည်းနေဂေ့။ 11#တ ၁၃.၅၁နန်းနို့လေဟှာ ဗြို့တဗြို့ဟှို ရော့‑က်လာဘီး အယ်ဗြို့ဟှ လူလေဟှာ နန့်နို့လေဟှို လတ်ခံဟှ အယ်မျိုးမှုဘဲနေဟှာ နန်းနို့လေဟှို နားထောန်ဂေ့ဟှဆိုဟှာ၊ နန်းနို့ခေဖွားဟှ မ္လေမုဟှို ခါခ္လဘီးဟှာ ထွပ်ဟှားဂေ့။ အယ်ဇာဟှာ သူးနို့တွပ် သတ်သေတခု ဖြစ်ဟှယ်!” ဆိုဘီး သူးနို့ဟှို မိန့်ပေးလေဟှယ်။
12အယ်ကြောန့် သူးနို့ဟှာ ထွပ်ဟှားဘီး လူလေ နောန်ဒရဟှို့ကြောန်းဟှို ဟောပြောဂေ့ဟှယ်။ 13#ယာ ၅.၁၄သူးနို့ဟှာ နတ်ဆိုးလေဘောင်ဂီးဟှို နှန်ထုဂေ့ဟှယ်။ အယ်ဘီးဟှာ ကျန်းမာဘဲဟှူ လူလေဘောင်ဂီးဟှို ဆီန လူးဘီးဟှာ သူးနို့ဟှို ကျန်းမာစေဟှယ်။
ဗတ္တိဇံယောဟန် သေဟှားဟှူကြောန်း
(မဿဲ ၁၄.၁–၁၂; လုကာ ၉.၇–၉)
14 # မ ၁၆.၁၄; မာ ၈.၂၈; လု ၉.၁၉ အယ်ခီမာ အယ်ကြောန်း အားလောင်းဟှို ဟေရုဒ်မန်းဂီး#၆.၁၄ ဟေရုဒ်မန်းဂီး၊ ဂါလိလဲပြည်ရဲ့ခေါန်းဆောန် ဟေရုဒ်အန္တိပ။ဟှာ ကြားဟှားဘီ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ယေရှုရဲ့ နာမယ်ဟှ နေရာတိုင်းဟှို ပ္လံ့နှံ့ဟှားလေဟှယ်။ လူတချို့ ပြောနေဇာဟှ “ဗတ္တိဇံယောဟန်ဟှာ သေရာဟှနေ ထမြော့‑က်ဟှားဘီ! အယ်ကြောန့် သူဟှာ နိမိတ်လတ်ခဏာလေ ပြဟှိုတွပ် အယ်မျိုးတဂိုး ရှိနေဟှယ်။”
15အယ်ဘေမဲ့လည်း တခြားလူလေ ပြောဇာဟှ “သူဟှာ ဧလိယဖြစ်ဟှယ်။”
တခြားလူလေ ပြောဇာဟှ “သူဟှာ ရှေးဟှ ပရောဖက်လေ တပါးပါးမျိုးဘဲ့ ပရောဖက်တပါးဖြစ်ဟှယ်။”
16ဟေရုဒ်ဟှ ကြားရဟှူ ခီမာ သူဟှ “အယ်လူဟှာ ဗတ္တိဇံယောဟန် ဖြစ်ဟှယ်! ငါဟှာ အယ်လူရဲ့ ခေါန်းဟှို ဖြတ်လိုက်ပီးဘီဘဲ့။ အယ်ဘေမဲ့ အယ်လူဟှာ သေရာဟှနေ ထမြော့‑က်ဟှားဘီ!” ဆိုဘီး ပြောလေဟှယ်။ 17#လု ၃.၁၉,၂၀ ဟေရုဒ် ကိုယ်တိုင်ဘဲ့ ယောဟန်ဟှို ဖမ်းဆီးဟှို့ မိန့်ထုဟှားကြောန့် သူ့ဟှို တောက်နှောင်ဘီး ထောန်ထဲမာ ထားဟှားလေဟှယ်။ ဟေရုဒ်ဟှာ အယ်မျိုးလောက်ဇာဟှ သူ့ညီ ဖိလိပ္ပုရဲ့ မယား၊ ဟေရောဒိဟှို ယူဟှားဟှူကြောန့် ဖြစ်ဟှယ်။ 18ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဗတ္တိဇံယောဟန်ဟှ ဟေရုဒ်ဟှို “နန်ဟှာ နန့်ညီရဲ့ မယားဟှို ယူဇာဟှာ ပညတ်တော်န ညီဟှ!” ဆိုဘီး ပြောဟှားကြောန့် ဖြစ်ဟှယ်။
19အယ်ကြောန့် ဟေရောဒိဟှာ ယောဟန်ဟှို ရန်ငြိုးထားဘီးဟှာ သတ်ဟှို့တွပ် လိုရှင်ဟှယ်။ အယ်ဘေမဲ့ ဟေရုဒ်ကြောန့် သူဟှာ ခွမ့်ရဟှ။ 20ဟေရုဒ်ဟှာ ယောဟန်ဟှို ကြော့‑က်ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ယောဟန်ဟှာ ဖြောန့်မတ်ဘီး သန့်ရှင်းဟှူလူ ဖြစ်ဟှယ် ဆိုဇာဟှို သူသိဟှားဟှယ်။ အယ်ကြောန့် သူဟှာ သူ့ဟှို လောင်းလောင်ခြောင်းခြောင်ဟှား ထားဟှားလေဟှယ်။ သူဟောပြောဇာလေဟှို ကြားရဟှူ ခီတိုင်း ရရာတိုင်း စိနှောင့်ယှစ် ဖြစ်ဘေမဲ့လည်း သူဟှာ သူ့ရဲ့ ဟောပြောဇာဟှို နှစ်သက်ဘီး နားထောန်တတ်ဟှယ်။
21နော့‑က်ဆောင်းမာ ဟေရောဒိဟှာ ခွမ့်ရေး ရဟှားဟှယ်။ အယ်ခွမ့်ရေးဟှာ ဟေရုဒ် မွေးနေ့မာ ဖြစ်ဟှယ်။ အယ်နေ့မာ ဟေရုဒ်ဟှ ထိတန်းစိုးရ ရာရှိဂီးလေ၊ တပ်မတော် ရာရှိဂီးလေ၊ ဂါလိလဲနယ်ရဲ့ ခေါန်းဆောန်ဂီးလေ အားလောင်းတွပ် စားသော့‑က်ဗွဲဂီး ကျင်းပပေးလေဟှယ်။ 22ဟေရောဒိရဲ့ မီးဟှား#၆.၂၂ ဟေရောဒိရဲ့ မီးဟှား၊ တချို့ မူရင်းလတ်ရေးမူလေမာ သူ့သမီးဟှား ဟေရောဒိ၊ ဆိုဘီး ရှိဟှယ်။ဟှ လာဘီးဟှာ ကပြလေဟှယ်။ အယ်ခီမာ ဟေရုဒ်န သူ့ရဲ့ ဧည့်သည်လေဟှာ ကျေနပ်ဟှားလေဟှယ်။ အယ်ကြောန့် မန်းဂီးဟှ မီးမငယ်ဟှို “နန်ဖြားဇာလိုရှင်နူး။ နန်လိုရှင်ဇာလေဟှို ငါပေးမယ်” ဆိုဘီး ပြောလေဟှယ်။ 23“ငါ့နိုင်ငံတဝပ်ဟှို နန်တောန်းမယ် ဆိုဟှာ ငါတကယ်ပေးမယ်!” ဆိုဘီးဟှာ ဒိပေးဘီး ပြောလေဟှယ်။
24အယ်ကြောန့် မီးမငယ်ဟှားဟှ ထွပ်ဟှားဘီးဟှာ သူ့ရဲ့ မိဟှို မေးလိုက်ဇာဟှ “ကျွန်မဟှ ဖြားဇာတောန်းရဟှို့နူး!” သူ့ရဲ့ မိဟှ “ဗတ္တိဇံယောဟန်ရဲ့ ခေါန်းဟှို တောန်းပါ” ဆိုဘီး ပြောလေဟှယ်။
25မီးမငယ်ဟှ ရှစ်ရှင်းဘဲ့ ဟေရုဒ် မန်းဂီးနားဟှို ဗြန်းဗြန်ဟှား ပ္လန်ဟှားဘီးဟှာ “ဗတ္တိဇံယောဟန်ရဲ့ ခေါန်းဟှို လန်းဗန်းထတ်မာ တန်ဘီးဟှာ ခုပေးပါ” ဆိုဘီး တောန်းဆိုလေဟှယ်။
26အယ်မျိုး တောန်းဆိုဟှူကြောန့် မန်းဂီးဟှာ ရရာတိုင်း ဝန်းနဲဟှားဟှယ်။ အယ်ဘေမဲ့ ဧည့်သည်လေရှေ့မာ သူ့ကိုယ်သူ ကီဆိုဟှားဟှူကြောန့် သူဟှာ ငြင်းနိုင်ဟှမ်း။ 27အယ်ကြောန့် မန်းဂီးဟှ ယောဟန်ရဲ့ ခေါန်းဟှို ယူလာဟှို့တွပ် မိန့်ပေးဘီးဟှာ စောန့်တယော့‑က်ဟှို ရှင်းရှင်း လွှတ်လေဟှယ်။ အယ်လူဟှ ထောန်ထဲဟှို သွားဘီးဟှာ ယောဟန်ရဲ့ ခေါန်းဟှို ဖြတ်လေဟှယ်။ 28အယ်ခေါန်းဟှို လန်းဗန်းထတ်မာ တန်ဘီးဟှာ ယူဆောန်လာဘီး မီးမငယ်ဟှားဟှို ပေးလေဟှယ်။ သူဟှလည်း သူ့ရဲ့ မိဟှို ပ္လန်ပေးလေဟှယ်။ 29ယောဟန်ရဲ့ တဗဲ့တော်လေဟှ အယ်ဒန်းဟှို ကြားဟှူ ခီမာ လာဘီး ယောဟန်ရဲ့ လောန်းဟှို ယူဘီးဟှာ ဂူထဲမာ ထားလိုက်ဂေ့ဟှယ်။
ယေရှုဟှာ လူအောက်ဂီးဟှို စားဇာကျွေးဟှူကြောန်း
(မဿဲ ၁၄.၁၃–၂၁; လုကာ ၉.၁၀–၁၇; ယောဟန် ၆.၁–၁၄)
30တမန်တော်လေဟှာ ယေရှုနားမာ စုဂေ့ဘီးဟှာ သူးနို့ လောက်ဆောန်ဘီး သွန်သန်ဟှားဟှူဇာ အားလောင်းဂူဟှို ကိုယ်တော့်ဟှို လျှော့‑က်လေဟှယ်။ 31အယ်နေရာဟှို လူလေဘောင်ဂီးဟှ သွားလိုက်လာလိုက် လောက်နေဟှူကြောန့် ယေရှုန တဗဲ့တော်လေဟှာ စားဟှို့ ခီဟှိုမှ မှေ့ဟှမ်း။ အယ်ကြောန့် သူဟှ “ငါ့နတူးဒူ တိဆိဟှူ နေရာဟှို သွားဘီးဟှာ ရှစ်ဟှားနားယူ ဂေ့ဇို့” ဆိုဘီး သူးနို့ဟှို မိန့်တော်မူလေဟှယ်။ 32အယ်ကြောန့် ယေရှုန တဗဲ့တော်လေဟှ တိဆိဟှူ နေရာတခုနားဟှို လှေန ထွပ်ဟှားဂေ့ဟှယ်။
33သွားလိုက်ဇာဟှို လူလေဟှဗြင်ဟှူ ခီမာ ကိုယ်တော်န တဗဲ့တော်လေဘဲ့ ဆိုဘီး သိဟှားဟှူကြောန့် ဗြို့လေဝါလေဟှ လူလေဟှာ ယေရှုသွားလိုက်ဟှူ နေရာဟှို ဗြန်းဗြန်ဟှား ကူးကြောန်းရှော့‑က်ဘီးဟှာ ယေရှုန တဗဲ့တော်လေ ရော့‑က်ခန် အယ်နေရာဟှို ရင်ရော့‑က်နေဂေ့ဟှယ်။ 34#မ ၉.၃၆ယေရှုဟှ လှေဟှနေ ထွပ်ဟှူ ခီမာ ကိုယ်တော်ဟှာ လူအောက်ဂီးဟှို ဗြင်ဟှားဘီး ကိုယ်တော်ဟှာ သူးနို့တွပ် သနားဟှူစိ ဖြစ်ဟှားလေဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ သူးနို့ဟှာ သိုးထီးမားမှေ့ဘဲဟှူ သိုးလေမျိုး ဖြစ်နေဟှယ်။ အယ်ကြောန့် ကိုယ်တော်ဟှာ သူးနို့ဟှို ကြောန်းရာလေ ဘောင်ဂီးဟှို စဘီးဟှာ သွန်သန်ဟှယ်။ 35ညဉ့်မိုက်ခါနီး ရော့‑က်လာဟှူ ခီမာ တဗဲ့တော်လေဟှ ယေရှုနားဟှို လာဘီးဟှာ “အယ်နေရာဟှာ တောဖြစ်နေဟှူကြောန့် လူလေလည်း နေဘဲဟှူ နေရာဖြစ်ဟှယ်။ နော့‑က်က္လဟှားဘီ။ 36စားဇာသွားဝယ်ဘီး စားနိုင်ဟှို့တွပ် လူလေဟှို နီးနားမာရှိဟှူ တောဝါလေဟှို လွှတ်လိုက်ပါ” ဆိုဘီး လျှော့‑က်ဂေ့ဟှယ်။
37ယေရှုဟှ “နန်းနို့လေဘဲ့ သူးနို့ဟှို စားဇာတခုခု ကျွေးလိုက်” ဆိုဘီး မိန့်တော်မူလေဟှယ်။
အယ်ခီမာ တဗဲ့တော်လေဟှ “ကျွန်တော့်လေဟှ ငွေဒန်းဂါး#၆.၃၇ ငွေဒန်းဂါး၊ ငွေဒန်းဂါးတပ္လားဟှ တရစ်ဇာလောက်ဟှူ လောက်အားခဖြစ်ဟှယ် (ရှု မ ၂၀.၂)။ ၂၀၀ ဖိုးန စားဇာဝယ်ဘီး အယ်လူလေဟှို ကျွေးရဟှို့လော” ဆိုဘီး လျှော့‑က်လေဟှယ်။
38ယေရှုဟှ “နန်းနို့လေမာ မုဖယ်မျှလော့‑က်ရှိနူး။ သွားဘီးဟှာ ကေ့ကေ့” ဆိုဘီး မိန့်တော်မူလေဟှယ်။
သူးနို့လေဟှ ကေ့ဟှူ ခီမာ “မုငါးလောင်းန ငါးနှေ့ကောန်ရှိဟှယ်” ဆိုဘီး လျှော့‑က်လေဟှယ်။
39အယ်ဘီးန ယေရှုဟှလူလေ အားလောင်းဂူဟှို အောက်စုခွဲဘီးဟှာ ဗြစ်ပန်လေထတ်မာ ထိုင်ခိုင်းလိုက် ဆိုဘီး တဗဲ့တော်လေဟှို လောက်ဟှို့တွပ် ပြောလေဟှယ်။ 40အယ်ကြောန့် လူလေဟှာ တရာတဖွဲ့န ငါးဆယ်တဖွဲ့ တန်းလိုက်ထိုင်ဂေ့ဟှယ်။ 41အယ်ဘီးန ယေရှုဟှ မုငါးလောင်းန ငါးနှေ့ကောန်ဟှို ယူဘီးဟှာ ကောန်းဂန်ဟှို မျှော်ကေ့ဘီး ဘုရားသခင်ဟှို ကျေးဇူးတော် ချီးမွမ်းလိုက်ဟှယ်။ ကိုယ်တော်ဟှာ မုလေဟှို ဖဲ့ဘီးဟှာ လူလေဟှို ဝီပေးဟှို့တွပ် တဗဲ့တော်လေဟှို မုလေ ပေးလိုက်ဟှယ်။ ကိုယ်တော်ဟှာ ငါးနှေ့ကောန်ဟှိုလည်း သူးနို့လေ အားလောင်းဂူ ကြားထဲမာ ခွဲဝီပေးလိုက်ဟှယ်။ 42လူတိုင်းဟှာ စားဘီး ဗိုက်ပ္လဲ့ဟှားဂေ့ဟှယ်။ 43အယ်ဘီးန တဗဲ့တော်လေဟှ စားဘီး ကျန်နေဟှူ မုနငါးလေရဲ့ က္လိုးပဲ့လေဟှို လိုက်ကော့‑က်ဟှူ ခီမာ ဆယ့်နှေ့တောန်းပ္လဲ့ ရဂေ့ဟှယ်။ 44မုစားဟှူ ယော့‑က်ကျား ရေတွပ်ဟှာ ၅,၀၀၀ ရှိလေဟှယ်။
ယေရှုဟှာ ရေထတ်မာ လမ်းရှော့‑က်ဟှူကြောန်း
(မဿဲ ၁၄.၂၂–၃၃; ယောဟန် ၆.၁၅–၂၁)
45ယေရှုဟှာ လူအောက်ဂီးဟှို ပ္လန်လွှတ်နေဒူးမာ ရှစ်ရှင်းဘဲ့ တဗဲ့တော်လေဟှို လှေထတ်ဟှို တတ်ခိုင်းဘီး အိုင်ရဲ့ ဟှို့ဖတ်ကမ်းဟှ ဗက်ဇဲဒဗြို့ဟှို ရင်ဦးဆောင်း သွားခိုင်းလိုက်ဟှယ်။ 46ယေရှုဟှ လူလေဟှို နှောက်ဆစ်ဘီးန ဆုတောန်းဟှို့တွပ် တောန်ထတ်ဟှို တတ်ဟှားဟှယ်။ 47ညဉ့်မိုက်လာဟှူ ခီမာ တဗဲ့တော်လေရဲ့ လှေဟှ ရေအိုင်ရဲ့ လယ်မာရော့‑က်နေဘီး ယေရှုဟှ တယော့‑က်ဒဲ ကူးထတ်မာ ရှိလေဟှယ်။ 48လေဆန်ဟှို လှေလှော်နေဟှူကြောန့် ရရာတိုင်း ပန်းနေဟှူ တဗဲ့တော်လေဟှို ကိုယ်တော်ဟှ ဗြင်ဟှားလေဟှယ်။ အယ်ကြောန့် မိုးလန်းသောင်းနာရီန ခြော့‑က်နာရီ ကြားမာ ကိုယ်တော်ဟှာ ရေထတ်မာ လမ်းရှော့‑က်ဘီးဟှာ#၆.၄၈ လမ်းရှော့‑က်ဘီးဟှာ၊ အယ်မျိုးမှုဘဲ့နေဟှာ သူးနို့လေန ပူးပေါန်းလေဟှယ်။ သူးနို့နားဟှို ရော့‑က်လာလေဟှယ်။ ကိုယ်တော်ဟှာ သူးနို့ဟှို ကျော်ဖြတ်ဟှို့ လောက်လေဟှယ်။ 49အယ်ဘေမဲ့ တဗဲ့တော်လေဟှ ရေထတ်မာ ကိုယ်တော်ဟှာ လမ်းရှော့‑က်နေဇာဟှို ဗြင်ဟှားဟှူ ခီမာ “ဖုကသေ ဖြစ်ဟှယ်!” ဆိုဇာဟှို ထန်ဘီးဟှာ အော်ဟစ်ဂေ့ဟှယ်။ 50သူးနို့လေ အားလောင်းဂူဟှ ယေရှုဟှို ဗြင်ဟှူ ခီမာ ထိလန့်နေဂေ့ဟှယ်။
ယေရှုဟှ ရှစ်ရှင်းဘဲ့ “သတ်တိရှိဂေ့!” ဆိုဘီး ပြောလေဟှယ်။ “ငါဘဲ့ဖြစ်ဟှယ်။ ကြော့‑က်ဂေ့န!” 51အယ်ဘီးန သူးနို့ရှိနေဟှူ လှေထတ်ဟှို တတ်ဟှားဟှူ ခီမာ လေဟှာ ငြီဟှားလေဟှယ်။ တဗဲ့တော်လေဟှ ရရာတိုင်း အံ့ဩဂေ့ဟှယ်။ 52ဖြားဖြစ်ကြောန့်နူးဆိုဟှာ သူးနို့ဟှာ လူ ၅,၀၀၀ ဟှို မုကျွေးဟှူ ဓိပါယ်ဟှို နားလည်ဂေ့ဘဲန သူးနို့ရဲ့ စိနှလောင်းဟှာ မာကျောဂေ့ဟှယ်။
ယေရှုဟှာ ဂင်နေသရက်မာ လူနာလေဟှို ကျန်းမာစေဟှူကြောန်း
(မဿဲ ၁၄.၃၄–၃၆)
53သူးနို့ဟှာ အိုင်ဟှို ကူးဟှားဂေ့ဘီး ဂင်နေသရက်ဗြို့ဟှို ရော့‑က်လာဂေ့ လေဟှယ်။ အယ်နေရာမာ လှေဟှို ခယ်လိုက် လေဟှယ်။ 54သူးနို့လေဟှာ လှေထတ်ဟှနေ ဆင်းလိုက်ဟှူ ခီမာ ရှစ်ရှင်းဘဲ့ လူလေဟှ ယေရှုဟှို မှတ်မိဂေ့ဟှယ်။ 55အယ်ကြောန့် သူးနို့လေဟှာ ဒေသတခုလောင်းဟှို ပ္လံ့နှံ့အောန် ပ္လေးဟှားဂေ့ဘီးဟှာ ကိုယ်တော်ရှိဟှယ် ဆိုဘီး ကြားဟှားဟှူ နေရာဟှို လူနာလေဟှို ထမ်းစင်လေန ကိုယ်တော်နားဟှို ခေါ်လာဂေ့ဟှယ်။ 56ယေရှုသွားဟှူ ဝါလေ၊ ဗြို့လေ၊ နေရာတိုင်းဟှ လူလေဟှ လူနာလေဟှို ဆေးလေမာ ခ္လဟှားဂေ့ဘီး ကိုယ်တော်ရဲ့ ဝတ်လောင် ပန်းဗွားဟှိုဘဲ့ ထိခွမ့်ပေးဟှို့တွပ် လူလေဟှ တောန်းဗန်ဂေ့ဟှယ်။ အယ်ဘီးန ဝတ်လောင်ဟှို တို့ထိဟှူ လူအားလောင်းဟှာ ကျန်းမာဟှားဂေ့ဟှယ်။

Currently Selected:

မာကု 6: NTDWB24

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in