YouVersion Logo
Search Icon

မာကု 5

5
ယေရှုဟှာ ညစ်ညူးဟှူနတ်လေဟှို နှန်ထုဟှူကြောန်း
(မဿဲ ၈.၂၈–၃၄; လုကာ ၈.၂၆–၃၉)
1ယေရှုန တဗဲ့တော်လေဟှာ ဂါလိလဲအိုင်ရဲ့ ဟှို့ဖတ်ကမ်းမာရှိဟှူ ဂါဒရဒေသဟှို ရော့‑က်လာဂေ့ဟှယ်။ 2ယေရှုဟှ လှေထဲဟှ ထွပ်လာဟှူ ခီမာ လူတယော့‑က်ဟှာ သန်းခ္လိုင်းထဲဟှနေ ထွပ်လာဘီး ကိုယ်တော့်ဟှို တွိဆောင်လေဟှယ်။ အယ်လူဟှာ ညစ်ညူးဟှူနတ် ဝမ်ပူးနေဘီး 3သန်းခ္လိုင်းဂူလေ ကြားမာနေဟှယ်။ ဖယ်သူလဲ သူ့ဟှို တောက်နိုင်ဂေ့ဟှ။ သံကြိုးနဟှိုမှ ခယ်ဟှားနိုင်ဂေ့ဟှ။ 4သူ့ရဲ့ ခေလေနလတ်လေဟှို ခဏခဏ ခယ်ဖူးဂေ့ဟှယ်။ အယ်ဘေမဲ့ သူဟှာ ခီတိုင်း သံကြိုးလေဟှို ဆွဲဖြတ်ဘီး ခေရှင်းလေဟှိုလည်း ဆွဲဖ္လဲလေဟှယ်။ သူဟှာ ရရာတိုင်း ခွန်အားကီးဟှူကြောန့် ဖယ်သူလည်း ထီးချောက်နိုင်ဂေ့ဟှ။ 5နေ့ရောညဉ့်ရော သူဟှာ သန်းခ္လိုင်းဂူကြားလေန တောန်ဂူးထပ်လေမာ ရှော့‑က်သွားနေဘီး၊ အော်ဘီးဟှာ သူ့ကိုယ်သူ ထတ်ဟှူက္လော့‑က်တောင်းလေန လှီးဖြတ်နေဟှယ်။
6သူဟှာ ယေရှုဟှို ဝီးဟှနေ ဗြင်ဟှူ ခီမာ ပ္လေးလာဘီးဟှာ ကိုယ်တော်ရဲ့ ခေတော်ရင်းမာ ပ္လားပ္လားပျပ်ဝပ်ဘီး 7“ဗြစ်ဆောင်းဖြစ်ဟှူ ဘုရားသခင်ရဲ့ သားတော်ယေရှု! ကိုယ်တော်ဟှာ ကျွန်တော့်န ဖြားဆိုင်ကြောန့်နူး။ ကျွန်တော့်ဟှို ညှဉ်းဆဲပါန ဘုရားသခင်ဟှို အားကိုးဘီးဟှာ ကိုယ်တော့်ဟှို ကျွန်တော်တောန်းဗန်ဟှယ်!” ဆိုဘီး သံက္လယ်ဂီးန လျှော့‑က်လေဟှယ်။ 8သူအယ်မျိုးပြောဇာဟှာ ယေရှုဟှ “ညစ်ညူးဟှူနတ်၊ အယ်လူထဲဟှနေ ထွပ်ဟှား!” ဆိုဘီး ပြောဟှားဟှူကြောန့် ဖြစ်ဟှယ်။
9ယေရှုဟှ “နန်းနို့နာမယ် ဖြားမျိုးခေါ်နူး” ဆိုဘီး မေးလိုက်ဟှယ်။
အယ်လူဟှ “ကျွန်တော့်လေဟှ ဘောင်ဂီးဖြစ်ဟှူကြောန့် ‘လေဂေါင်၊’ ‘လူအောက်ဂီး’ ဆိုဘီး ခေါ်ဂေ့ဟှယ်!” ဆိုဘီး ယေရှုဟှို ပ္လန်ပြောလိုက်ဟှယ်။ 10ညစ်ညူးဟှူနတ် ပူးနေဟှူသူဟှာ နတ်ဆိုးလေဟှို အယ်နယ်ဟှနေဘီးဟှာ နှန်ထုဘဲနေဟှို့တွပ် ယေရှုဟှို တောန်းဗန်လေဟှယ်။
11အယ်ခီမာ တောန်ဂူးထတ်မာ ဝပ်အောက်ဂီးဟှာ စာစားနေဂေ့ဟှယ်။ 12နတ်ဆိုးလေဟှလည်း “ကျွန်တော့်လေဟှို အယ်ဝပ်လေထဲဟှို စေလွှတ်ပေးပါ။ သူးနို့ထဲဟှို ဝမ်ခွမ့်ပေးပါ” ဆိုဘီး ယေရှုဟှို တောန်းဗန်ဂေ့ဟှယ်။ 13ယေရှုဟှ ခွမ့်ပေးလိုက်ဟှူကြောန့် ညစ်ညူးဟှူ နတ်လေဟှ ထွပ်ဟှားဘီး ဝပ်လေထဲဟှို ဝမ်ဂေ့လေဟှယ်။ ၂,၀၀၀ လောက်ရှိဟှူ ဝပ်အောက်ဂီးဟှာ အိုင်ကမ်းနားဟှို ပ္လေးဆင်းဟှားဘီး ရေမ္လောက်ဘီးဟှာ သေဟှားလေဟှယ်။
14ဝပ်ထီးမားလေဟှ ထွပ်ပ္လေးဟှားဘီး ဗြို့န တောဝါလေနှံ့ အယ်ဒန်းဟှို လိုက်ပြောဂေ့ဟှယ်။ လူလေဟှာ ဖြားဇာလေ ဖြစ်ဟှားဟှယ် ဆိုဇာဟှို ကေ့ဟှို့ ထွပ်လာဂေ့ဟှယ်။ 15သူးနို့လေဟှ ယေရှုနားဟှို ရော့‑က်လာဟှူ ခီမာ သူးနို့လေဟှာ လေဂေါင်နတ်ဆိုးလေ ပူးခံရဟှူလူဟှို တွိဟှားလေဟှယ်။ အယ်လူဟှာ ဝတ်ဟှို ဝတ်ဟှားဘီး ပေါင်မှန်စိန အယ်နေရာမာ ထိုင်နေဟှူကြောန့် သူးနို့လေ အားလောင်းဂူဟှာ ကြော့‑က်နေဂေ့ဟှယ်။ 16အယ်ဇာဟှို ဗြင်ဟှားဘီးဟှူ လူလေဟှ နတ်ဆိုးပူးနေဟှူ လူမာ ဖြားမျိုးဖြစ်ဟှားဇာန ဝပ်လေရဲ့ ကြောန်းဟှို အယ်လူလေဟှို ပြောပြဂေ့ဟှယ်။
17အယ်ကြောန့် သူးနို့ဟှာ သူးနို့ရဲ့ နယ်ဟှနေ ထွပ်ဟှားဟှို့တွပ် ယေရှုဟှို တောန်းဗန်ဂေ့ဟှယ်။
18ယေရှုဟှာ လှေထတ်ဟှို တတ်နေဒူးမာ နတ်ဆိုးပူးဖူးဟှူ လူဟှ “ကျွန်တော့်ဟှို ကိုယ်တော်နတူးဒူ သွားခွမ့်ပေးပါ!” ဆိုဘီး ကိုယ်တော့်ဟှို တောန်းဗန်လေဟှယ်။
19အယ်ဘေမဲ့ ယေရှုဟှ သူ့ဟှို လိုက်ခွမ့်ပေးဟှ။ အယ်မျိုးလိုက်ခွမ့်ပေးမယ့်စား ကိုယ်တော်ဟှ “နန့်ရဲ့ မိသားစုနားဟှို ပ္လန်သွားဘီး ဘုရားသခင်ဟှာ နန့်တွပ် ဖယ်မျှလော့‑က် လောက်ဆောန်ပေးဟှားဇာန နန့်ဟှို ဖယ်မျှသနားတော်မူကြောန်းဟှို သူးနို့လေဟှို ပြောပြပါ” ဆိုဘီး သူ့ဟှို မိန့်တော်မူလေဟှယ်။
20အယ်ကြောန့် အယ်လူဟှ ထွပ်ဟှားဘီး ယေရှုဟှ သူ့တွပ် ဖြားဇာလေ လောက်ပေးဟှားဟှယ် ဆိုဇာဟှို ဒေကာပေါလိနယ်မာ စဘီးဟောပြောလေဟှယ်။ အယ်ကြောန်းဟှို ကြားရဟှူလူလေ အားလောင်းဟှာ အံ့ဩဂေ့ဟှယ်။
ယာဣရုရဲ့ သမီးန ယေရှုရဲ့ ဝတ်လောင်ဟှို တို့ဟှူမီးမကြောန်း
(မဿဲ ၉.၁၈–၂၆; လုကာ ၈.၄၀–၅၆)
21ယေရှုဟှ အိုင်ရဲ့ ဟှို့ဖတ်ကမ်းဟှို လှေန ပ္လန်ကူးဟှားလေဟှယ်။ အိုင်ဘေးနားမာ လူအောက်ဂီးဟှာ ကိုယ်တော်ပတ်လည်မာ စုလာဂေ့ဟှယ်။ 22ယာဣရု နာမယ်ရှိဟှူ ဝါလယ်ဇရပ်မှူး တယော့‑က်ဟှ ရော့‑က်လာဘီးဟှာ ယေရှုဟှို ဗြင်ဟှူ ခီမာ သူဟှာ ကိုယ်တော့်ခေရင်းမာ ဒူးထော့က်ဘီး 23“ကျွန်တော့်သမီးငယ်ဟှ သေခါနီး ဖြစ်နေဟှယ်။ ကြွလာဘီးဟှာ သူ့ထတ်မာ ကိုယ်တော့်ရဲ့ လတ်ဟှို တန်တော်မှုပါ၊ အယ်ဆိုဟှာ သူဟှာ ကျန်းမာဘီး သတ်ရှင်လေ့မယ်!” ဆိုဘီး နူးညွတ် တောန်းဗန်လေဟှယ်။
24အယ်ဆိုန ယေရှုဟှ သူ့နတူးဒူ လိုက်ဟှားဟှယ်။ လူလေဘောင်ဂီးဟှ ယေရှုနတူးဒူ လိုက်လာဟှူကြောန့် သူးနို့ဟှာ ဘေးပတ်ပတ်လည်ဟှနေ ကိုယ်တော့်ဟှို တိုးဝှေ့နေဂေ့ဟှယ်။
25အယ်နေရာမာ ဆယ့်နှေ့နှစ် လောင်းလောင်း သွီးသွန်ရောဂါဟှို ပြင်းပြင်းထန်ထန် ခံစားနေရဟှူ မီးမတယော့‑က်ရှိဟှယ်။ 26သူဟှာ ဆရာဝန်လေ ဘောင်ဂီးနလည်း ကုသဟှားပီးဘီ။ သူ့ရဲ့ကပ်လေ အားလောင်းဂူလည်း ကူဟှားဘေမဲ့ သတ်သာလာဟှို့ နေနေသာသာ ရောဂါဟှ ပိုဘီးဆိုးလာဟှယ်။ 27အယ်မီးမဟှာ ယေရှုကြောန်းဟှို ကြားဟှားလေဟှယ်။ အယ်ကြောန့် ဝတ်ဟှို တို့ဟှို့တွပ် ကိုယ်တော်နော့‑က်ဟှ လူအောက်ဂီးထဲဟှို ရော့‑က်လာဘီး 28“ငါဟှာ ကိုယ်တော့်ဝတ်ဟှို တို့လိုက်မယ် ဆိုဟှာ ငါ့ဟှာ ကျန်းမာဟှားလေ့မယ်။” ဆိုဘီး သူ့ကိုယ်သူ ပြောနေလေဟှယ်။
29သူဟှာ ကိုယ်တော်ရဲ့ ဝတ်လောင်ဟှို တို့လေဟှယ်။ တို့လိုက်ဟှူန သူ့ရဲ့ သွီးသွန်နေဇာလေဟှာ ရှစ်ရှင်းဘဲ့ ရပ်ဟှားဘီး၊ သူဟှာ ရောဂါပျော့‑က်ဟှားဘီ ဆိုဇာဟှို သူ့ကိုယ်ထဲမာ ခံစားရနေဟှယ်။ 30ရှစ်ရှင်းဘဲ့ ယေရှုဟှာ သူ့ကိုယ်ဟှ တဂိုးထွပ်ဟှားဇာဟှို သိဟှားကြောန့် လူအောက်ဂီးဖတ်ဟှို လှည့်ဘီးဟှာ “ငါ့ဝတ်ဟှို ဖယ်သူတို့နူး” ဆိုဘီး မေးလေဟှယ်။
31တဗဲ့တော်လေဟှ “လူလေဟှ ကိုယ်တော့်ဟှို တိုးဝှေ့နေဇာဟှို ဗြင်းဗြင်ဟှိန၊ ‘ငါ့ဟှို ဖယ်သူတို့ဟှယ်နူး’ ဆိုဘီး ခုထိ ကိုယ်တော်ဟှာ မေးနိုင်သေးဟှယ်” ဆိုဘီး ပ္လန်လျှော့‑က်လေဟှယ်။ 32အယ်ဘေမဲ့ ယေရှုဟှာ အယ်ဇာဟှို ဖယ်သူလောက်ဟှယ် ဆိုဇာဟှို ဗြင်ဟှို့တွပ် ပတ်ပတ်လည်ဟှို ကေ့နေလေဟှယ်။ 33အယ်မီးမဟှ သူ့မာ ဖြားမျိုးဖြစ်ဟှားဇာဟှို သိနားလည်ဟှားဟှယ်။ အယ်ကြောန့် သူဟှာ ကြော့‑က်ကြော့‑က်လန့်လန့်န ကိုယ်တော့်ခေရင်းမာ ဒူးထော့‑က်ဘီးဟှာ မှန်တိုင်းပြောလေဟှယ်။ 34ယေရှုဟှ “ငါ့သမီး၊ နန့်ရဲ့ ယောင်ကြည်ရှင်းဟှာ နန့်ဟှို ကျန်းမာစေဘီ။ ငြီသတ်ဘီးသွားပါ၊ နန့်ရဲ့ ဝေဒနာဟှနေ လွှတ်မြော့‑က်စေ” ဆိုဘီး သူ့ဟှို မိန့်တော်မူလေဟှယ်။
35အယ်မျိုးပြောနေဒူးမာ ဝါလယ်ဇရပ်မှူးရဲ့ အီဟှ တမန်တချို့ဟှာ ရော့‑က်လာဘီး “ကိုယ်တော်ရဲ့ သမီးဟှာ သေဟှားဘီ။ ဖြားဖြစ်ကြောန့် ဆရာဟှို နှော့‑က်ယှစ်နေသေးနူး” ဆိုဘီး သူးနို့ဟှ ပြောလေဟှယ်။
36ယေရှုဟှ သူးနို့ဖြားဇာဘဲ့ပြောပြော ဂရုစိုက်ဟှ။#၅.၃၆ ဂရုစိုက်ဟှ၊ အယ်မျိုးမှုဘဲ့နေဟှာ ရရာတိုင်း ကြားနေရဟှယ်။ အယ်ဘေမဲ့ “ကြော့‑က်န။ ယောင်ကြည်ပါ” ဆိုဘီး ဝါလယ်ဇရပ်မှူးဟှို ပြောလိုက်ဟှယ်။ 37အယ်ဘီးန ပေတရု၊ ယာကုပ်န သူ့ညီ ယောဟန်ဟှိုဘဲ့ ခေါ်ဘီးဟှာ တခြားဖယ်သူ့ဟှို့လည်း လိုက်ခိုင်းဟှ။ 38သူးနို့ဟှာ ဝါလယ်ဇရပ်မှူးရဲ့ အီဟှို ရော့‑က်ဟှူ ခီမာ ယေရှုဟှာ အောက်အောက်သဲသဲ ဖြစ်နေဇာလေဟှို ဗြင်ဟှားဘီး သူးနို့လေ အားလောင်းဂူဟှာ သံက္လယ်ဟှီး အော်ဘီး ငိုနေဇာလေဟှို ကြားရလေဟှယ်။ 39ကိုယ်တော်ဟှာ အီထဲဟှို ဝမ်ဟှားဘီး “ဖြားဖြစ်ကြောန့် နန်းနို့လေဟှ အယ်မျိုး အောက်အောက်သဲသဲ လောက်နေဂေ့နူး။ ဖြားဖြစ်ကြောန့်နန်းနို့လေဟှာ ငိုနေရဟှယ်နူး။ အယ်မီးမဂန်းဟှား သေနေဇာ မှုဟှ။ သူမဟှာ အိမွိနေဇာဖြစ်ဟှယ်!” ဆိုဘီး သူးနို့ဟှို မိန့်တော်မူလေဟှယ်။
40အယ်လူလေဟှ ကိုယ်တော့်ဟှို ရယ်ဇားဂေ့ဟှယ်။ အယ်ကြောန့် ကိုယ်တော်ဟှာ သူးနို့လေ အားလောင်းဟှို ပ္လန်ဟှို ထွပ်ခိုင်းဘီးဟှာ မီးမဂန်းဟှားရဲ့ မိဖလေန ကိုယ်တော်နတူးဒူ ပါလာဟှူ တဗဲ့တော် သောင်းပါးဟှို ခေါ်ဘီး မီးမဂန်းဟှား ထားဟှားဟှူ နေရာဟှို သွားလေဟှယ်။ 41ကိုယ်တော်ဟှာ သူ့ရဲ့လတ်ဟှို ကိုင်ဘီးဟှာ “တလိသ ကုမိ” ဆိုဘီး သူ့ဟှို ပြောလေဟှယ် “မီးမငယ်၊ နန့်ဟှို ငါပြောမယ်၊ ထလိုက်!” ဆိုဘီး ဓိပါယ်ရဟှယ်။
42ရှစ်ရှင်းဘဲ့ သူဟှ ထဘီးဟှာ စဘီး ပတ်ပတ်လည် လမ်းရှော့‑က်လေဟှယ်။ (သူဟှ သတ် ဆယ့်နှေ့နှစ်ရှိဟှယ်။) အယ်မျိုး ဖြစ်ပျစ်ဟှားဟှူ ခီမာ သူးနို့လေ အားလောင်းဂူဟှာ ရရာတိုင်း အံ့ဩဟှားဂေ့ဟှယ်။ 43အယ်ဘေမဲ့ ယေရှုဟှာ ဖယ်သူ့ဟှိုလည်း ပြောဘဲဟှို့တွပ် သူးနို့ဟှို တင်းတင်းကျပ်ကျပ်ဟှား မိန့်ပေးလိုက်ဟှယ်။ အယ်ဘီးဟှာ “သူ့ဟှို စားဟှို့တွပ် တခုခုပေးလိုက်ပါ” ဆိုဘီး မိန့်တော်မူလေဟှယ်။

Currently Selected:

မာကု 5: NTDWB24

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in