YouVersion Logo
Search Icon

မာကု 14

14
ယေရှုဟှို သတ်ဟှို့ ကြံစည်ဂေ့ဟှူကြောန်း
(မဿဲ ၂၆.၁–၅; လုကာ ၂၂.၁–၂; ယောဟန် ၁၁.၄၅–၅၃)
1ပသခါပွဲန တဆေးမှေ့ဘဲဟှူ မုပွဲတော်ဖြစ်ခန် နှေ့ရစ်လိုမာ၊ ယဇ်ပုရောဟိတ်ဂီးလေန ကျမ်းတတ်ဆရာလေဟှာ ယေရှုဟှို တိတိဟှားဖမ်းဘီး သတ်ဟှို့တွပ် နည်းလမ်းရှာကြံနေဂေ့ဟှယ်။ 2သူးနို့ဟှာ “နို့လေဟှာ ပွဲတော်ရစ်ထဲမာ အယ်ဇာဟှို လောက်ဂေ့န၊ လူလေဟှာ ရောင်းရင်းဆန်ခတ် ဖြစ်ဟှားနိုင်ဟှယ်” ဆိုဘီး ပြောဂေ့ဟှယ်။
ဗေသနိဝါမာ ယေရှုဟှာ ဆီမွှီးလောန်းခံရဟှူကြောန်း
(မဿဲ ၂၆.၆–၁၃; ယောဟန် ၁၂.၁–၉)
3 # လု ၇.၃၇,၃၈ ယေရှုဟှာ ဗေသနိဝါမာ နူနာရောဂါဖြစ်ဖူးဟှူ ရှိမုန်ရဲ့အီမာရှိဟှယ်။ ယေရှုဟှာ စားသော့‑က်နေဒူးမာ မီးမတယော့‑က်ဟှာ ရရာတိုင်း ဖိုးကီးဘီး နာဒုဆီမွှီးစစ်စစ်န ပ္လဲ့နေဟှူ က္လော့‑က်ဖ္လူဖူးဟှို ယူဘီး ရော့‑က်လာဟှယ်။ အယ်ဘီးဟှာ အယ်ဖူးဟှို ရိုက်ခွဲလိုက်ဘီးဟှာ ယေရှုရဲ့ ခေါန်းထတ်ဟှို လောန်းခ္လလေဟှယ်။ 4အယ်နေရာမာရှိဟှူ လူတချို့ဟှာ စိဆိုးလာဘီးဟှာ “ဖြားဖြစ်ကြောန့် အယ်ဆီမွှီးဟှို ကျိုးမှေ့ဘဲန လောက်နေရနူး။ 5အယ်ဆီမွှီးဟှို ငွေဒန်းဂါး#၁၄.၅ ငွေဒန်းဂါး၊ ရှု ၆.၃၇ ၃၀၀ ကျော်န ရောန်းဘီးဟှာ အယ်ကပ်လေဟှို ဆင်းရဲသားလေဟှို ပေးရမယ်!” ဆိုဘီး ယော့‑က်နယော့‑က်ပြောနေဂေ့ဟှယ်။ အယ်ဘီးဟှာ သူးနို့ဟှာ အယ်မီးမဟှို ရရာတိုင်း ပြစ်တန်ဂေ့ဟှယ်။
6အယ်ဘေမဲ့ ယေရှုဟှ “အယ်မီးမဟှို ထားလိုက်ဝေါ့! ဖြားဖြစ်ကြောန့် သူ့ဟှို နှောက်ရှစ်နေဂေ့နူး။ သူဟှ ငါ့တွပ် ကောန်းဟှူဇာဟှို လောက်ဟှယ်။ 7ဆင်းရဲသားလေဟှာ နန်းနို့န မြဲဒမ်း ရှိဂေ့ဟှယ်။ အယ်ဘီးဟှာ နန်းနို့ လိုရှင်ဟှူခီတိုင်း သူးနို့ဟှို ကူညီနိုင်ဟှယ်။ အယ်ဘေမဲ့ ငါဟှလော နန်းနို့န မြဲဒမ်းရှိနေဟှို့ မှုဟှ။ 8အယ်မီးမဟှာ သူတတ်နိုင်မျှလောက်ဟှယ်။ သင်္ဂြိုဟ်ဟှို့တွပ် ကြိုတန်ဘီးဟှာ ငါ့ရဲ့ကိုယ်ထတ်ဟှို ဆီမွှီးလောန်းခ္လလေဟှယ်။ 9နန်းနို့ဟှို ငါ မှန်တိုင်းပြောမယ်၊ ကမ္ဘာနှံ့ ဧဝံဂေလိဟောပြောဟှူ နေရာတိုင်းမာအယ်မီးမ လောက်ရစ်ဇာလေဟှိုလည်း သူရဲ့ မှတ်တရဖြစ် ပြောကြားဂေ့လေ့မယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
ယေရှုဟှို သစ်စာဖော့‑က်ဟှို့ ယုဒဘောတူဟှူကြောန်း
(မဿဲ ၂၆.၁၄–၁၆; လုကာ ၂၂.၃–၆)
10အယ်ဘီးန တဗဲ့တော်ဆယ့်နှေ့ပါးထဲဟှ တပါးဖြစ်ဟှူ ယုဒရှကာရုတ်ဟှာ ယဇ်ပုရောဟိတ်ဂီးလေနားဟှို ယေရှုဟှိုအပ်ဟှို့တွပ် သူးနို့နားဟှို သွားလေဟှယ်။ 11သူလာပြောဇာဟှို သူးနို့လေဟှာ ကြားရခီမာ ဝန်းသာဟှားဟှယ်။ အယ်ဘီးဟှာ သူ့ဟှို ကပ်ပေးဟှို့တွပ် ဒိပေးဂေ့ဟှယ်။ အယ်ကြောန့် ယုဒဟှာယေရှုဟှို သူးနို့ဟှိုအပ်ဟှို့တွပ် ခွမ့်ကောန်းဟှို စဘီး ရှာနေလေဟှယ်။
ယေရှုဟှ တဗဲ့တော်လေန ပသခါညဉ့်ဇာ စားဟှူကြောန်း
(မဿဲ ၂၆.၁၇–၂၅; လုကာ ၂၂.၇–၁၄,၂၁–၂၃; ယောဟန် ၁၃.၂၁–၃၀)
12တဆေးမှေ့ဘဲဟှူ မုပွဲတော်ရဲ့ ပထမနေ့၊ ပသခါ သိုးသားဂန်းဟှားလေဟှို သတ်ရဟှူ နေ့မာ ယေရှုရဲ့ တဗဲ့တော်လေဟှာ “ကိုယ်တော်တွပ် ပသခါ ညဉ့်ဇာစားဟှို့ ကျွန်တော့်ဟှားလေဟှို ဖယ်နားမာသွားဘီး ပြင်ဆင်စေရှင်ဟှယ်နူး” ဆိုဘီး ကိုယ်တော့်ဟှို မေးလျှော့‑က်ဂေ့ဟှယ်။
13အယ်ကြောန့် ယေရှုဟှ တဗဲ့တော်နှေ့ပါးဟှို စေလွှတ်လေဟှယ်။ သူးနို့ဟှို ပြောလိုက်ဇာဟှ “ဗြို့ထဲဟှို သွားဂေ့။ ရေအိုးထမ်းလာဟှူ လူတယော့‑က်ဟှ နန်းနို့ဟှို တွိဂေ့လေ့မယ်။ သူ့နော့‑က်ဟှို လိုက်ဟှားဂေ့။ 14သူဝမ်ဟှားဟှူ အီရဲ့ အီဇရှင်ဟှို ပြောပါ ‘ဆရာဟှ ငါ့တဗဲ့တော်လေနတူးဒူး ပသခါ ညဉ့်ဇာစားဟှို့တွပ် ခန်းဟှာ ဖယ်မာနူး’ ဆိုဘီး ဆရာဟှ မေးခိုင်းလိုက်ဟှယ် ဆိုဘီး ပြောပါ။ 15အယ်ဆိုဟှာ သူဟှာ သင့်ပြင်ဆင်ဟှားဘီး ကီးမားဟှူ ထပ်ခန်းမဟှို နန်းနို့ဟှို ပြလေ့မယ်။ အယ်ခန်းမာ နို့လေတွပ် ညဉ့်ဇာစားဟှို့ ပြင်ဂေ့ပါ။”
16အယ်တဗဲ့တော်လေဟှာ ထွပ်ဟှားဘီး ဗြို့ထဲဟှို ဝမ်ဟှားဂေ့ဟှူ ခီမာ သူးနို့ဟှို ယေရှုပြောလိုက်တိုင်းဘဲ့ အားလောင်းဂူဟှို တွိရလေဟှယ်။ အယ်ကြောန့် သူးနို့ဟှာ ပသခါ ညဉ့်ဇာစားဟှို့ ပြင်ဆင်ဂေ့ဟှယ်။
17ညဉ့်ခန်းဇာ ရော့‑က်လာဟှူ ခီမာ ယေရှုဟှာ တဗဲ့တော်ဆယ့်နှေ့ပါးနတူးဒူ ကြွလာဂေ့ဟှယ်။ 18သူးနို့ဟှာ ဗွဲမာထိုင်ဘီး စားနေဂေ့ဒူးမာ ယေရှုဟှ “နန်းနို့ဟှို ငါ မှန်တိုင်းပြောမယ်၊ နန်းနို့ထဲဟှ တယော့‑က်ဟှာ ငါ့ဟှို သစ်စာဖော့‑က်လေ့မယ်။ အယ်လူဟှာ ငါ့နတူးဒူ စားသော့‑က်နေဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
19တဗဲ့တော်လေဟှာ စိကောန်းဘဲ ဖြစ်ဟှားဂေ့ဘီး “ကျွန်တော်လော” ဆိုဘီး ယော့‑က်ဘီးယော့‑က် ကိုယ်တော့်ဟှို စဘီးမေးလျှော့‑က်ဂေ့ဟှယ်။
20ယေရှုဟှ “တဆယ့်နှေ့ပါးထဲဟှ တပါးဖြစ်ဘီး ငါ့နတူးဒူး စံထဲမာ မုနှိုက်ဟှူလူ ဖြစ်ဟှယ်။ 21လူ့ရဲ့သားဟှာ ကျမ်းစာမာ ရေးဟှားတိုင်း သေခံရလေ့မယ်။ အယ်ဘေမဲ့ လူ့ရဲ့သားဟှို သစ်စာဖော့‑က်ဟှူ အယ်လူတွပ် အမင်္ဂလာဖြစ်ဟှယ်! အယ်လူဟှာ မွီးဖွားလာဘဲနေဇာဟှ သူ့တွပ် ပိုဘီးကောန်းသေးဟှယ်!” ဆိုဘီး ပ္လန်ဖြေတော်မူလေဟှယ်။
သခင်ဘုရားရဲ့ညဉ့်ဇာကြောန်း
(မဿဲ ၂၆.၂၆–၃၀; လုကာ ၂၂.၁၄–၂၀; ၁ ကောရိန္သု ၁၁.၂၃–၂၅)
22သူးနို့လေဟှာ စားနေဒူးမာ ယေရှုဟှာ မုဟှိုယူဘီး၊ ကျေးဇူးတော်ဟှို ချီးမွမ်းဘီးမှ မုဟှိုဖဲ့ဘီးဟှာ တဗဲ့တော်လေဟှို ပေးလေဟှယ်။ ကိုယ်တော်ဟှ “ယူဂေ့။ အယ်မုဟှာ ငါ့ရဲ့ကိုယ်ခန္ဓာ ဖြစ်ဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
23ခွပ်ဟှိုလည်း ယူဘီးဟှာ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟှို ချီးမွမ်းလေဟှယ်။ အယ်ဘီးန သူးနို့လေဟှို ပေးလိုက်ဟှယ်။ သူးနို့လေ အားလောင်းဂူဟှာ အယ်ခွပ်ဟှို သော့‑က်ဂေ့ဟှယ်။ 24ယေရှုဟှ “အယ်ဇာဟှာ လူလေတွပ် လောန်းပေးဟှူ ဘုရားသခင်ရဲ့ ပဋိညာဉ်နဇိခတ်ဟှားဟှူ ငါ့ရဲ့သွီးဖြစ်ဟှယ်။ 25နန်းနို့ဟှို ငါ မှန်ပြောမယ်၊ ဘုရားသခင်ရဲ့နိုင်ငံတော်မာ စဗျစ်ရယ်သစ်ဟှို သော့‑က်ရဟှူ နေ့ရော့‑က်ခန်ထိ ငါဟှာ အယ်စဗျစ်ရယ်ဟှို နော့‑က်တခါ လောင်းဝ သော့‑က်ဟှို့မှုဘီ” ဆိုဘီး မိန့်တော်မူလေဟှယ်။
26အယ်ဘီးန သူးနို့လေဟှာ ချီးမွမ်းချင်းဟှို ဆိုဘီး သံလွင်တောန်ဟှို ထွပ်ဟှားဂေ့ဟှယ်။
ယေရှုဟှာ ပေတရုငြင်းပယ်မယ် ဆိုဇာဟှို ကြိုတန်ပြောဟှူကြောန်း
(မဿဲ ၂၆.၁–၃၅; လုကာ ၂၂.၃၁–၃၄; ယောဟန် ၁၃.၃၆–၃၈)
27ယေရှုဟှ “ငါ့ဟှို ထားရစ်ဘီး နန်းနို့အားလောင်းဟှာ ထွပ်ပ္လေးလေ့မယ်၊ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကျမ်းစာထဲမာ ပြောဟှားဇာဟှ ‘ဘုရားသခင်ဟှာ သိုးထီးမားဟှို ရိုက်သတ်လေ့မယ်၊ အယ်ဆိုဟှာ သိုးလေအားလောင်းဟှာ ဆွတ်ဆွတ်ဖ္လူဟှားဂေ့လေ့မယ်။’ 28#မ ၂၈.၁၆အယ်ဘေမဲ့ ငါဟှာ ထမြော့‑က်ဟှားဘီးန၊ ငါဟှာ ဂါလိလဲနယ်ဟှို နန်းနို့ထတ်ရင်သွားလေ့မယ်” ဆိုဘီး သူးနို့လေဟှို မိန့်တော်မူလေဟှယ်။
29ပေတရုဟှ “တခြားလူလေ အားလောင်းဟှာ ထားရစ်ဂေ့ဘေမဲ့၊ ကျွန်တော့်ဟှ ကိုယ်တော့်ဟှို လောင်းဝထားရစ်ဟှို့ မှုဟှ!” ဆိုဘီး ပ္လန်လျှော့‑က်လေဟှယ်။
30ယေရှုဟှ “နန့်ဟှို ငါ မှန်တိုင်းပြောမယ်၊ ခုညဉ့်မာဘဲ့ ကြစ်နှေ့ခါ တွန်ခန်မာ နန်ဟှာ ငါ့ဟှို သိဟှဆိုဘီး သောင်းခါ ပြောလေ့မယ်” ဆိုဘီး ပေတရုဟှို မိန့်တော်မူလေဟှယ်။
31အယ်ဘေမဲ့ ပေတရုဟှ “ကျွန်တော့်ဟှာ ကိုယ်တော်နတူးဒူ သေရမယ် ဆိုဟှာလည်း၊ အယ်မျိုးလောင်းဝ ငြင်းပယ်ဟှို့ မှုဟှ!” ဆိုဘီး လေးလေးနတ်နတ်ဟှား ပ္လန်လျှော့‑က်လေဟှယ်။
အယ်ဘီးဟှာ တခြားတဗဲ့တော်လေ အားလောင်းဟှလည်း အယ်မျိုးဘဲ့ လျှော့‑က်ဂေ့ဟှယ်။
ယေရှုဟှာ ဂေသရှေမန်မာ ဆုတောန်းဟှူကြောန်း
(မဿဲ ၂၆.၃၆–၄၆; လုကာ ၂၂.၃၉–၄၆)
32သူးနို့လေဟှာ ဂေသရှေမန် ဆိုဘီး နာမယ်ခေါ်ဟှူ နေရာဟှို သွားဂေ့ဟှယ်။ အယ်ဘီးန ယေရှုဟှာ “ငါဆုတောန်းနေဒူးမာ အယ်နေရာမာ ထိုင်နေဂေ့ပါ” ဆိုဘီး တဗဲ့တော်လေဟှို ပြောဟှယ်။ 33ကိုယ်တော်ဟှာ ပေတရု၊ ယာကုပ်န ယောဟန်ဟှို သူ့နတူးဒူ ခေါ်ဆောန်ဟှားလေဟှယ်။ ဆိုးဝါးဟှူ ပူပန်သောကဟှာ ကိုယ်တော့်ဟှို စိုးမိုးလာလေဟှယ်။ 34အယ်ဘီးဟှာ ကိုယ်တော်ဟှ “ငါ့စိဟှာ သေလော့‑က်အောန် ဝန်းနဲနေလေဟှယ်။ အယ်နေရာမာ နေရစ်ဘီး ဒိနစောန့်နေဂေ့” ဆိုဘီး သူးနို့ဟှို မိန့်တော်မူဟှယ်။
35ကိုယ်တော်ဟှ ရှေ့ဟှို နဲနဲတိုးဟှားဘီးဟှာ သူ့ကိုယ်သူ မ္လေဂီးမာ လှဲခ္လလိုက်ဘီး ဖြစ်နိုင်မယ် ဆိုဟှာ အယ်ခီနာရီဟှို သူ့ဟှနေ လွန်ဟှားစေပါ ဆိုဘီး ဆုတောန်းလေဟှယ်။ 36“အဗ္ဗ၊ ဖ! ကိုယ်တော်တွပ် ရာအားလောင်းဂူဟှာ ဖြစ်နိုင်ဟှယ်။ အယ်ဝေဒနာခွပ်ဟှို ကျွန်တော့်နားဟှနေ ဖယ်ပေးပါ။ အယ်ဘေမဲ့ ကျွန်တော့်ရဲ့ လိုဖြစ်စေန။ ကိုယ်တော့်ရဲ့လိုဘဲ့ ဖြစ်စေပါ။”
37အယ်ဘီးန ကိုယ်တော်ဟှာ ပ္လန်လာဟှူ ခီမာ တဗဲ့တော်သောင်းပါးဟှာ အိမွီနေဂေ့ဇာဟှို တွိဟှားဟှယ်။ ကိုယ်တော်ဟှ “ရှိမုန်၊ နန်ဟှ အိမွီနေလော။ တနာရီလော့‑က် စောန့်နေနိုင်ဟှလော” ဆိုဘီး ပေတရုဟှို မိန့်တော်မူလေဟှယ်။ 38ကိုယ်တော်ဟှ “နန်းနို့ဟှာ စောင်ဇမ်းသွီးဆောန်မှုထဲဟှို က္လဘဲနေဟှို့တွပ် ဆုတောန်းဘီး စောန့်နေဂေ့။ ဝိညာဉ်ဟှဆန္ဒရှိဘေမဲ့ ဇာတိဟှအားနည်းဟှယ်” ဆိုဘီး သူးနို့ဟှို မိန့်တော်မူလေဟှယ်။
39ကိုယ်တော်ဟှာ နော့‑က်တခါ ထွပ်ဟှားဘီး၊ ရင်တိုင်းဘဲ ဆုတောန်းလေဟှယ်။ 40ကိုယ်တော်ဟှာ ပ္လန်လာဟှူ ခီမာ သူးနို့မျစ်စိလေဟှ လေးလံနေဟှူကြောန့် အိမွီနေဇာဟှို တခါတွိဟှားဟှယ်။ သူးနို့ဟှာ ကိုယ်တော့်ဟှို ဖြားဇာပြောရဟှို့ သိဂေ့ဟှမ်း။
41ကိုယ်တော်ဟှာ သောင်းခါမြော့‑က် ပ္လန်လာဟှူ ခီမာ ကိုယ်တော်ဟှ “နန်းနို့ဟှာ ခုထိ အိမွီးဘီး နားယူနေသေးလော။ တော်ဘီ! ခီနာရီဟှာ ရော့‑က်လာဘီ! ကေ့ဂေ့! လူ့ရဲ့သားဟှာ ပြစ်သားလေရဲ့ လတ်ထဲဟှို အယ်နှံခံရမယ်။ 42ထဂေ့။ နို့လေ သွားဂေ့ဇို့။ ငါ့ဟှို အပ်နှံဟှို့လူဟှာ ရော့‑က်လာဘီး!” ဆိုဘီး မိန့်တော်မူလေဟှယ်။
ယေရှုဟှို ဖမ်းဂေ့ဟှူကြောန်း
(မဿဲ ၂၆.၄၇–၅၆; လုကာ ၂၂.၄၇–၅၃; ယောဟန် ၁၈.၃–၁၂)
43တဗဲ့တော် ဆယ့်နှေ့ပါးထဲဟှ တပါးဖြစ်ဟှူ ယုဒဟှာ ရော့‑က်လာဟှူ ခီမာ ယေရှုဟှာ စကားပြောနေဒူး ဖြစ်ဟှယ်။ သူ့နတူးဒူ ဒေါက်လေ၊ ထားလေကိုင်လာဟှူ လူအောက်ဂီး ပါလာဘီး အယ်လူလေဟှို ယဇ်ပုရောဟိတ်ဂီးလေ၊ ကျမ်းတတ်ဆရာလေန သတ်ကီးဝါဂီးလေဟှ စေလွှတ်လိုက်ဟှယ်။ 44ကိုယ်တော့်ဟှို အပ်နှံဟှူ လူဟှ “ငါနမ်းဟှူ လူဟှာ နန်းနို့ လိုရှင်နေဟှူလူ ဖြစ်ဟှယ်။ သူ့ဟှို ဖမ်းဘီး စောန့်လေန ခေါ်ဟှားဂေ့” ဆိုဘီး လူအောက်ဂီးဟှို ချစ်ပြဘီး မှတ်သား ပေးဟှားလေဟှယ်။
45ယေရှုနားဟှို ရှစ်ရှင်း သွားဘီး၊ ယုဒဟှ “ဆရာ!” ဆိုဘီး ခေါ်လိုက်ဘီး ကိုယ်တော့်ဟှို နမ်းလေဟှယ်။ 46အယ်ကြောန့် သူးနို့ဟှ ယေရှုဟှို ဖမ်းဘီး ချောက်ဟှားဂေ့ဟှယ်။ 47အယ်ဘေမဲ့ နားမာရပ်နေဟှူ လူလေထဲဟှ တယော့‑က်ဟှာ ထားဟှို ဆွဲထုဘီး ယဇ်ပုရောဟိတ်မန်းရဲ့ ကျွန်တယော့‑က်ဟှို ခွတ်လိုက်ဟှူ ခီမာ အယ်လူရဲ့ နားဝှပ် ပြတ်ဟှားဟှယ်။ 48အယ်ဆိုန ယေရှုဟှာ “ငါဟှာ မ္လတယော့‑က် ဖြစ်ဟှူကြောန့် နန်းနို့ဟှာ ငါ့ဟှို့ ဖမ်းဟှို့တွပ် ဒေါက်လေ၊ ထားလေန ရော့‑က်လာဂေ့ ဇာလော။ 49#လု ၁၉.၄၇; ၂၁.၃၇ငါဟှာ နေ့တိုင်း နန်းနို့နတူဒူး ဗိမာန်တော်ထဲမာ သွန်သန်နေဟှယ်။ နန်းနို့ဟှာ ငါ့ဟှို ဖမ်းဂေ့ဟှမား။ အယ်ဘေမဲ့ ကျမ်းစာတိုင်းဘဲ့ ပ္လဲ့ဇောင်လာရမယ်” ဆိုဘီး သူးနို့လေဟှို မိန့်တော်မူလေဟှယ်။
50အယ်ဆိုန တဗဲ့တော်လေဟှာ ကိုယ်တော့်ဟှို ထားရစ်ဘီး ထွပ်ပ္လေးဟှားဂေ့ဟှယ်။
51ပိချောဝတ် တထည်ဘဲ့ ခြောင်ဟှားဟှူ လူငယ် တယော့‑က်ဟှာ ယေရှုနော့‑က်ဟှို လိုက်လာဟှယ်။ သူးနို့ဟှာ သူ့ဟှို ဖမ်းဟှို့ ကြိုးစားဂေ့ဟှူ ခီမာ 52သူဟှာ ပိချောဝတ်ဟှို ထားရစ်ဘီးဟှာ ခ္လေးပ္လန်းဗ္လန်းန ထွပ်ပ္လေးဟှားလေဟှယ်။
ယေရှုဟှာ တရားလွှတ်တော်ရှေ့မာ
(မဿဲ ၂၆.၅၇–၆၈; လုကာ ၂၂.၅၄–၅၅,၆၃–၇၁; ယောဟန် ၁၈.၁၃,၁၄,၁၉–၂၄)
53အယ်ဘီးန ယေရှုဟှို ယဇ်ပုရောဟိတ်ဂီးလေ၊ သတ်ကီးဝါဂီးလေန ကျမ်းတတ်ဆရာလေ စုဝီးနေဟှူ ယဇ်ပုရောဟိတ်မန်းရဲ့ အီဟှို ခေါ်ဆောန်ဟှားဂေ့ဟှယ်။ 54ပေတရုဟှ ခပ်ဝီးဝီးဟှနေ လိုက်လာဘီး ယဇ်ပုရောဟိတ်မန်းရဲ့ အီဝမ်းထဲဟှို ဝမ်ဟှားလေဟှယ်။ အယ်နေရာမာ သူဟှာ စောန့်လေနတူးဒူ ထိုင်ဘီး မီးကန်နေလေဟှယ်။ 55ယဇ်ပုရောဟိတ်ဂီးလေန တရားလွှတ်တော် တခုလောင်းဟှာ ယေရှုဟှို သေဒန်ပေးနိုင်ဟှို့တွပ် ကိုယ်တော့်ဟှို ဆန့်ကျင်ထွပ်ဆိုမယ့် သတ်သေတချို့ဟှို ရှာဟှို့ ကြိုးစားဂေ့ဟှယ်။ အယ်ဘေမဲ့ သူးနို့ဟှာ ဖြားဇာလည်း ရှာတွိဂေ့ဟှ။ 56သတ်သေလေ ဘောင်းဂီးဟှာ ယေရှုဟှို ဆန့်ကျင်ဟှို့ လီညာဘီး ထွပ်ဆိုဂေ့ဟှယ်။ အယ်ဘေမဲ့ သူးနို့ထွပ်ဆိုဇာလေဟှ တူညီဂေ့ဟှ။
57အယ်ဆိုန လူတချို့ဟှာ ထရပ်ဘီးဟှာ ယေရှုဟှို ဆန့်ကျင်ဟှို့ အယ်မျိုးလီညာဘီး ထွပ်ဆိုလိုက်ဇာဟှ 58#ယော ၂.၁၉“‘လူလောက်ဟှားဟှူ အယ်ဗိမာန်တော်ဟှို ငါဖြိုဖျစ်မယ်။ အယ်ဘီးဟှာ သောင်းရစ်ကြာဘီးန လူလောက်ဘဲဟှူ ဗိမာန်တော်ဟှို ငါပ္လန်ဆော့‑က်မယ်’ ဆိုဘီး သူပြောဇာဟှို ကျွန်တော့်လေ ကြားဟှားဟှယ်။” 59အယ်ဘေမဲ့လည်း သူးနို့ရဲ့ သတ်သေထွပ်ဆိုချစ်ဟှာ တူညီဂေ့ဟှ။
60ယဇ်ပုရောဟိတ်မန်းဟှာ သူးနို့လေ အားလောင်းဂူရဲ့ ရှေ့မာ ရပ်ဘီးဟှာ ယေရှုဟှို “အယ်လူလေဟှာ နန့်ဟှို စွပ်စွဲပြောဆိုနေဇာ နန်ဟှာ ဖြားလည်းဖြေဘဲန နေဟှို့လော” ဆိုဘီး မေးလေဟှယ်။
61အယ်ဘေမဲ့ ယေရှုဟှာ ဇပ်ပေါ့‑က်ဟှို ပိဟှားဘီး စကားခွန်းလည်း ပြောဟှ။ တခါပ္လန်ဘီး ယဇ်ပုရောဟိတ်မန်းဟှ “နန်ဟှာ မင်္ဂလာရှိဟှူ ဘုရားသခင်ရဲ့ သားတော် ခရစ်တော်လော” ဆိုဘီး ကိုယ်တော့်ဟှို မေးလေဟှယ်။
62ယေရှုဟှ “ငါဘဲ့ဖြစ်ဟှယ်။ လူ့ရဲ့သားဟှာ တဂိုးတော်ရဲ့ ညာဖတ်မာ ထိုင်နေဘီး ကောန်းဂန်မိုးတီဟှို စီးဘီးလာနေဇာဟှို နန်းနို့ ဗြင်ရလေ့မယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
63ယဇ်ပုရောဟိတ်မန်းဟှာ မိမိဝတ်ယောင်ဟှို ဆုဖ္လဲဘီးဟှာ “နို့လေဟှာ နော့‑က်ထပ် ဖြားသတ်သေလေ လိုသေးဟှယ်နူး။ 64ဘုရားသခင်ဟှို ပြစ်မှားဘီး ပြောနေဟှူ စကားဟှို နန်းနို့ ကြားရဂေ့ဘီ။ နန်းနို့ရဲ့ စီရင်ချစ်ဟှ ဖယ်မျိုးနူး” ဆိုဘီး မေးလိုက်ဟှယ်။
သူးနို့လေ အားလောင်းဂူဟှာ ကိုယ်တော့်ဟှို သေဒန်ခံထိုက်ဟှယ် ဆိုဘီး စီရင်ဂေ့လေဟှယ်။
65သူးနို့ထဲဟှတချို့ဟှာ ယေရှုဟှို စဘီးဟှာ ထွီးရယ်န ထွီးဂေ့ဟှယ်။ အယ်ဘီးဟှာ ကိုယ်တော့်ဟှို မျစ်နှာဟှိုဖောင်းဘီး လတ်သီးန ထိုးဂေ့ဟှယ်။ “ဖယ်လူဟှ ရိုက်လိုက်ဟှယ် ဆိုဇာဟှို ပရောဖက်ပြုပါ!” ဆိုဘီး သူးနို့ဟှ ပြောဂေ့ဟှယ်။ အယ်ဘီးဟှာ စောန့်လေဟှာ ကိုယ်တော့်ဟှို ခေါ်ဆောန်းဟှားဘီး ကိုယ်တော့်ဟှို ပါးရိုက်ဂေ့ဟှယ်။
ပေတရုဟှ ယေရှုဟှို ငြင်းပယ်ဟှူကြောန်း
(မဿဲ ၂၆.၆၉–၇၅; လုကာ ၂၂.၅၆–၆၂; ယောဟန် ၁၈.၁၅–၁၈,၂၅–၂၇)
66ပေတရုဟှာ အယ်အီဝမ်းထဲမာ ရှိနေဒူးမာ ယဇ်ပုရောဟိတ်မန်းရဲ့ စေခံဝယ်သားလေထဲဟှ တယော့‑က်ဟှာ ရော့‑က်လာဟှယ်။ 67အယ်ဝယ်သားဟှာ ပေတရု မီးကန်နေဇာဟှို ဗြင်ဟှူ ခီမာ သူဟှာ သူ့ဟှို စေ့စေ့ကေ့ဘီး “နန်ဟှာလည်း နာဇရက်ဗြို့သား ယေရှုနတူးဒူး ရှိနေဟှယ်” ဆိုဘီး ပြောလေဟှယ်။
68အယ်ဘေမဲ့ ပေတရုဟှာ “နန်ပြောနေဇာလေဟှို ငါသိဟှ။ ငါနားလည်ဟှ” ဆိုဘီး ငြင်ဘီးဟှာ ပ္လန်ဖြေလိုက်ဟှယ်။ အယ်ဘီးန ခြံဝဟှို ထွပ်ဟှားလေဟှယ်။ အယ်ခီမာဘဲ့ ကြစ်တွန်လေဟှယ်။#၁၄.၆၈ တချို့ မူရင်းလတ်ရေးမူလေမာ အယ်ခီမာဘဲ့ ကြစ်တွန်လေဟှယ်၊ ဆိုဇာဟှာ မှေ့ဟှ။
69စေခံဝယ်သားဟှာ ပေတရုဟှို အယ်နေရာမာ တွိဟှူ ခီမာ နားမာရပ်နေဟှူ လူလေဟှို “အယ်လူဟှာ သူးနို့လေထဲဟှ တယော့‑က်ဖြစ်ဟှယ်!” ဆိုဘီး ထပ်ပြောပ္လန်ဟှယ်။ 70အယ်ဘေမဲ့ ပေတရုဟှာ နော့‑က်တခါ ငြင်းပ္လန်ဟှယ်။
နဲနဲကြာဘီးန နားမာရပ်နေဟှူ လူလေဟှ “နန်ဟှာ မှန်ဘဲ့ သူးနို့ထဲဟှ တယော့‑က်ဖြစ်ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်ဟှလည်း ဂါလိလဲပြည်သား တယော့‑က်ဖြစ်ဟှယ်” ဆိုဘီး သူးနို့ဟှ ပေတရုဟှို စွပ်စွဲဂေ့ဟှယ်။
71အယ်ဆိုန ပေတရုဟှ “ငါဟှာ မှန်တိုင်း ပြောနေဟှယ် ဆိုဇာဟှို ငါကီရဲဟှယ်။”
72ရှစ်ရှင်းဘဲ့ ဒုတိယခါ ကြစ်တွန်လေဟှယ်။ အယ်ဆိုန “နန်ဟှာ ငါ့ဟှို သိဟှ ဆိုဘီး သောင်းခါ ငြင်းလေ့မယ်” ဆိုဘီး ယေရှုပြောဟှားဟှူ စကားဟှို ပေတရုဟှာ ဒိရဟှားဟှယ်။ အယ်ဆိုန သူဟှာ ရရာတိုင်း ငိုလေဟှယ်။

Currently Selected:

မာကု 14: NTDWB24

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in