YouVersion Logo
Search Icon

လုကာ 16

16
ပါးနပ်ဟှူ ဘဏ္ဍာစိုးကြောန်း
1ယေရှုဟှာ တဗဲ့တော်လေဟှို “ဌေးတယော့‑က်မာ ဘဏ္ဍာစိုး တယော‑က် ရှိဟှယ်။ အယ်ဘဏ္ဍာစိုးဟှာ ဌေးရဲ့ အောက်စာ ပစ်စီးလေဟှို ဖ္လူးစားပစ်နေဟှယ် ဆိုဘီး ဌေးဟှို လာပြောဂေ့ဟှယ်။ 2အယ်ကြောန့် ဌေးဟှ ဘဏ္ဍာစိုးဟှို ခေါ်ဘီး ‘နန့်ကြောန်းလေ ငါကြားရဇာလေဟှ ဖြားလေနူး။ နန့်ဟှို ငါ့ရဲ့ ဘဏ္ဍာစိုးဖြစ်န ဆစ်ဘီး ထားနိုင်ဟှို့မှုဘီ။ အယ်ကြောန့် နန့်ရဲ့ လောက်ငန်းနဆိုင်ဟှူု ငွေစာရင်းလေဟှို တန်ပြပါ’ ဆိုဘီး ပြောလေဟှယ်။ 3ဘဏ္ဍာစိုးဟှ ‘ငါ့သခင်ဟှ ငါ့ဟှို လောက်ဖ္လုလိုက်ဘီ။ ငါ ဖယ်မျိုးလောက်ရမယ်နူး။ ငါ့မာ မ္လေတူးဟှို့ ခွန်အားလည်းမှေ့ဟှ။ တောန်းစားဟှို့လည်း ငါယှစ်ဟှယ်။ 4ဘဏ္ဍာစိုး ရာထူးဟှနေ ငါပ္လုဟှားဟှူ ခီမာ လူလေဟှာ သူးနို့ရဲ့ အီလေမာ ငါ့ဟှို လတ်ခံအောန် ဖြားမျိုးလောက်ရမယ် ဆိုဇာဟှို ငါသိဘီ!’ ဆိုဘီး ကိုယ့်ကိုကိုယ် ပြောလေဟှယ်။ 5အယ်ကြောန့် သူ့သခင်ဟှို ကပ်ကွီးပေးဇာရှိဟှူ လူလေ အားလောင်းဂူဟှို ခေါ်လိုက်ဟှယ်။ ပထမလူဟှို ‘ငါ့သခင်ဟှို ဆပ်ရဟှို့ ကပ်ကွီး ဖယ်မျှရှိနူး’ ဆိုဘီး မေးလေဟှယ်။ 6အယ်လူဟှ ‘ဆီဂါလံ ၈၀၀ ပေးဇာ ရှိပါဟှယ်’ ဆိုဘီး ပ္လန်ဖြေဟှယ်။ ဘဏ္ဍာစိုးဟှ သူ့ဟှို ‘နန့်ရဲ့ ကပ်ကွီးစာရင်းဟှို ယူဘီး ဂါလံ ၄၀၀ ဆိုဘီး ဗြန်းဗြန်ဟှားရေးပါ’ ဆိုဘီး ပြောလေဟှယ်။ 7အယ်ဘီးန နော့‑က်ထပ် တယော့‑က်ဟှို ‘နန့်မာလည်း ကပ်ကွီး ဖယ်မျှရှိဟှယ်နူး’ ဆိုဘီး မေးလေဟှယ်။ သူဟှ ‘ဂျောင်အိ ၁,၀၀၀ ပေးဇာရှိပါဟှယ်’ ဆိုဘီး ပ္လန်ဖြေဟှယ်။ ဘဏ္ဍာစိုးဟှ ‘နန့်ရဲ့ ကပ်ကွီး စားရင်းဟှို ယူဘီး အိ ၈၀၀ ဆိုဘီး ရေးပါ’ ဆိုဘီး သူ့ဟှို ပြောလေဟှယ်။ 8သခင်ဟှ အယ်မျိုးရိုးသားဘဲဟှူ ဘဏ္ဍာစိုးရဲ့ ပါးနပ်ဟှူ လောက်ဆောန်မှုတွပ် သူ့ဟှို ချီးကျူးလေဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ လောကသားလေဟှာ သူးနို့ရဲ့ လောကီကိစလေ လောက်ဟှူ ခီမာ လန်းသားလေထတ် ပိုဘီး ပါးနပ်ဂေ့ဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
9ယေရှုဟှ “နန်းနို့ဟှို ငါပြောမယ်။ လောက စည်းဇိမ်အားဖြင့် မိဆွေလေ ရအောန်လောက်ဂေ့။ အယ်မျိုးဆိုဟှာ အယ်စည်းဇိမ်လေ ကူဟှားဟှူ ခီမာ သူးနို့ဟှာ နန်းနို့ဟှို ထာဝရအီတော်မာ ကြိုဆိုလတ်ခံလေ့မယ်။ 10သေးငယ်ဟှူ မှုမာ သစ်စာရှိဟှူသူဟှာ ကီးမားဟှူ မှုမာလည်း သစ်စာရှိလေ့မယ်။ သေးငယ်ဟှူ မှုမာ သစ်စာမှေ့ဘဲဟှူသူဟှာ ကီးမားဟှူ မှုမာလည်း သစ်စာရှိလေ့မယ် မှုဟှ။ 11အယ်ကြောန့် နန်းနို့ဟှာ လောကစည်းဇိမ်ဟှို သောင်းပြုဟှူ ခီမာ သစ်စာမှေ့ဘဲဟှူသူ ဖြစ်မယ် ဆိုဟှာ စစ်မှန်ဟှူ စည်းဇိမ်ဟှို ဖယ်သူဟှ နန်းနို့ဟှို အပ်နှံမယ်နူး။ 12အယ်ဘီးဟှာ တခြားလူရဲ့ အောက်စာပစ်စီးဟှို သောင်းပြုဟှူ ခီမာ သစ်စာမှေ့ဟှ ဆိုဟှာ နန်းနို့ပိုင်ဆိုင်ဟှို့ အောက်စာပစ်စီးဟှို ဖယ်သူဟှာ ပေးဂေ့မယ်နူး။
13 # မ ၆.၂၄ “ဖယ်ကျွန်ဘဲ့ဖြစ်ဖြစ် သခင်နှေ့ယော့‑က်ရဲ့ စေဟှို ခံနိုင်ဟှ။ သခင်တယော့‑က်ဟှို မူးဘီး သခင်တယော့‑က်ဟှို ရှစ်လေ့မယ်။ တယော့‑က်ဟှို သစ်စာစောန့်ဘီး တယော့‑က်ဟှို ထီမဲ့မြင်လောက်လေ့မယ်။ နန်းနို့လေဟှာ ဘုရားသခင်န လောကစည်းဇိမ်လေဟှို တပြိုင်ဒဲ စေခံနိုင်ဂေ့ဟှ” ဆိုဘီး မိန့်တော်မူလေဟှယ်။
ယေရှုရဲ့ စကားတော်တချို့
(မဿဲ ၁၁.၁၂,၁၃; ၅.၃၁,၃၂; မာကု ၁၀.၁၁,၁၂)
14အယ်စကားလေဟှို ဖာရိရှဲလေ ကြားရဟှူ ခီမာ ယေရှုဟှို လှောန်ပြောန်ဂေ့ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ သူးနို့လေဟှာ ကပ်မတ်မားလေ ဖြစ်ဟှယ်။ 15ယေရှုဟှာ သူးနို့ဟှို “နန်းနို့ဟှာ လူလေရဲ့ ရှေ့မာ ဖြောန့်မတ်ဟန်ဆောန်ဟှယ်။ အယ်ဘေမဲ့ ဘုရားသခင်ဟှာ နန်းနို့ရဲ့ စိနှလောင်းဟှို သိနေဟှယ်။ လူလေ ရရာတိုင်း တန်ဖိုးထားဟှူဇာဟှာ ဘုရားသခင်ရဲ့ ရှေ့မာ ရွံဇာကောန်းဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
16 # မ ၁၁.၁၂,၁၃ “မောရှေရဲ့ ပညတ်ကျမ်းန ပရောဖက်ကျမ်းလေဟှာ ဗတ္တိဇံယောဟန် လတ်ထတ်ထိ သတ်ရော့‑က်မှု ရှိဟှယ်။ အယ်ခီဂဒဲဟှနေ ဘုရားသခင်ရဲ့ နိုင်ငံတော်ကြောန်း ဒန်းကောန်းဟှို ဟောပြောဂေ့ဟှယ်။ လူတိုင်းဟှာ အယ်နိုင်ငံတော်ထဲဟှို လုယက် တိုးဝမ်ဂေ့ဟှယ်။ 17#မ ၅.၁၈အယ်ဘေမဲ့ ပညတ်တရားထဲမာ ငယ်ဆောင်းဖြစ်ဟှူ စာလောင်း တလောင်းပျစ်စီးဟှို့ထတ် ကောန်းဂန်ဘောင်န မ္လေဂီး ပျစ်စီးဟှို့ လွယ်ဟှယ်။”
18 # မ ၅.၃၂; ၁ ကော ၇.၁၀,၁၁ “ကိုယ့်မယားဟှို ကွာရှင်းဘီးဟှာ တခြားမီးမန အီထောန်ပြုဟှူသူဟှာ အီထောန်ရေးဖော့‑က်ပ္လန်ရှင်းဟှို ကျူးလွန်သူ ဖြစ်ဟှယ်။ ကွာရှင်းဟှားဟှူ မီးမတယော့‑က်န အီထောန်ပြုဟှူ ယော့‑က်ကျားဟှာလည်း အီထောန်ရေးဖော့‑က်ပ္လန်ရှင်းဟှို ကျူးလွန်ဟှယ်။”
ဌေးန လာဇရု
19“တခါဟှ ဌေးတယော့‑က်ဟှာ ရရာတိုင်း ဖိုးကီးဟှူ ခရမ်းရောန်ဝတ်ရောင်န ပိချောဟှို ဝတ်ဆင်ဘီး ရစ်တိုင်း စည်းဇိမ်ခံစားဘီး နေလေဟှယ်။ 20ဌေးရဲ့ အီခွဗော့‑က်နားမာ လာဇရု နာမယ်ရှိဟှူ ဆင်းရဲသား တယော့‑က်ရှိဘီး သူ့တကောန်လောင်းမာ အိုင်းနာလေ ပေါ့‑က်နေဘီး၊”
21“သူဟှာ ဌေးရဲ့ စားဗွဲဟှ က္လဟှူ စားကြွင်းစားကျန်လေဟှို စားရဟှို့တွပ် မျှော်နေဟှယ်။ ခွီးလေဟှလည်း သူ့ရဲ့ အိုင်းနာလေဟှို လာဘီး ရစ်နေလေဟှယ်။ 22ဆင်းရဲသားဟှာ သေဟှားဟှူ ခီမာ ကောန်းဂန်တမန်လေဟှ သူ့ဟှို အာဗြဟံရဲ့ ဘေးမာ ထိုင်စေဟှို့ သယ်ဆောန်ဟှားလေဟှယ်။ ဌေးလည်း သေဟှားဘီးဟှာ သင်္ဂြိုဟ်ရှင်းဟှို ခံရလေဟှယ်။ 23သူဟှာ မရဏာနိုင်ငံ#၁၆.၂၃ မရဏာနိုင်ငံ၊ လူသေလေရဲ့ လောက။မာ ဝေဒနာဟှို ဆိုးဆိုးဝါးဝါး ခံနေရဘီး မော့ကေ့လိုက်ဇာ အာဗြဟံန အာဗြဟံရဲ့ ဘေးမာ လာဇရုဟှိုလည်း ဗြင်လိုက်ရဟှယ်။ 24အယ်ကြောန့် သူဟှ ‘ဖအာဗြဟံ! ကျွန်တော့်ဟှို သနားပါ။ ကျွန်တော်ဟှာ အယ်မီးဘောင်ထဲမာ ဝေဒနာဟှို ဆိုးဆိုးဝါးဝါး ခံနေရကြောန့် လာဇရုရဲ့ လတ်ဖျားဟှို ရေဆွတ်ဘီး ကျွန်တော့်လျှာဟှို အေးစေဟှို့ သူ့ဟှို စေလွှတ်ပေးပါ!’ ဆိုဘီး အော်ပြောလေဟှယ်။ 25အယ်ဘေမဲ့ အာဗြဟံဟှ ‘ငါ့သား၊ နန်ဟှာ သတ်ရှင်ခီဒူးဟှ ကောန်းဟှူဇာလေဟှို လတ်ခံရရှိဘီး လာဇရုဟှာ ကောန်းဘဲဟှူဇာလေဟှို လတ်ခံရရှိခဲ့ဟှယ် ဆိုဇာဟှို အော့‑က်မေ့ပါ။ အယ်ဘေမဲ့ ခု သူဟှာ အယ်နေရာမာ သတ်သာရှင်းရှိဘီး နန်ဟှ ဝေဒနာဟှို ဆိုးဆိုးဝါးဝါး ခံစားနေရဟှယ်။ 26အယ်ဘီးဟှာ နန့်နို့န နို့လေကြားမာ ရရာတိုင်း နတ်ဟှူချော့‑က်ဂီး တခုရှိဟှယ်။ အယ်ကြောန့် နန်းနို့ဟှလည်း နို့လေနားဟှို ကူးနိုင်ဂေ့ဟှ။ နို့လေဟှလည်း နန်းနို့နားဟှို ကူးနိုင်ဂေ့ဟှ’ ဆိုဘီး ပ္လန်ပြောလေဟှယ်။ 27ဌေးဟှ ‘ဖ၊ အယ်ဆိုဟှာ လာဇရုဟှို ကျွန်တော့်ဖရဲ့ အီဟှို စေလွှတ်ပေးဟှို့တွပ် ကျွန်တော် တောန်းလျှော့‑က်ပါဟှယ်။ 28ကျွန်တော့်မာ ညီငါးယော့‑က်ရှိပါဟှယ်။ သူးနို့လေဟှို ဝေဒနာခံစားရဟှူ အယ်နေရာဟှို ရော့‑က်ဘဲအောန် သူးနို့ဟှို ဒိပေးဟှို့ လာဇရုဟှို သွားစေပါ’ ဆိုဘီး ပြောလေဟှယ်။ 29အာဗြဟံဟှ ‘နန့်ရဲ့ ညီလေဟှို ဒိပေးဟှို့ မောရှေန ပရောဖက်လေရှိဟှယ်။ သူးနို့စကားလေဟှို နားထောန်ရမယ်’ ဆိုဘီး ပြောလေဟှယ်။ 30ဌေးဟှ ‘ဖအာဗြဟံ၊ အယ်မျိုး မှုဟှ! သေရာဟှ ပ္လန်ရှင်လာဟှူ ယော့‑က်ယော့‑က်ဟှို သူးနို့နားဟှို သွားစေမယ် ဆိုဟှာ သူးနို့ဟှာ နောန်ဒရလေ့မယ်’ ဆိုဘီး ပ္လန်ပြောလေဟှယ်။ 31အယ်ဘေမဲ့ အာဗြဟံဟှ ‘သူးနို့လေဟှာ မောရှေန ပရောဖက်လေရဲ့ စကားဟှို နားထောန်ဂေ့ဟှ ဆိုဟှာ သေရာဟှနေ ပ္လန်ရှင်လာဟှူ ယော့‑က်ယော့‑က်ဟှိုလည်း လတ်ခံယောင်ကြည်ဂေ့ဟှို့ မှုဟှ’ ဆိုဘီး ပြောလေဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။

Currently Selected:

လုကာ 16: NTDWB24

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in