လုကာ 12
12
သူတော်ကောန်းယောန်ဆောန်ရှင်းန ပတ်သတ်ဘီး ဒိပေးဟှူကြောန်း
(မဿဲ ၁၀.၂၆,၂၇)
1 #
မ ၁၆.၆; မာ ၈.၁၅ ထောန်ဗောန်းဘောင်ဂီးရှိဟှူ လူလေဟှာ စုဝီးလာဟှူ ခီမာ သူးနို့ရှင်းရှင်း နန်းမိဂေ့ဟှူကြောန့် ယေရှုဟှာ တဗဲ့တော်လေဟှို “ဖာရိရှဲလေရဲ့ ဟန်ဆောန်မှုနတူဟှူ တဆေးဟှို ဒိပြုဂေ့။ 2#မာ ၄.၂၂; လု ၈.၁၇ဖောင်းဟှားဟှူ ဇာလေ အားလောင်းဂူဟှာ ပွမ့်လာရလေ့မယ်။ ဝှပ်ဟှားဟှူ ဇာလေ အားလောင်းဂူဟှာလည်း ပေါ်လာရလေ့မယ်။ 3အယ်ကြောန့် မှောန်ထဲမာ နန်းနို့ပြောဟှူ စကားလေဟှို လန်းရောန်ထဲမာ ကြားသိလေ့မယ်။ အီခန်းထဲမာ နန်းနို့ တိုးတိုးပြောနေဟှူ စကားလေဟှို အီးခေါန်မိုးထတ်ဟှနေဘီး ကြေညာဂေ့လေ့မယ်။”
ကြော့‑က်ရဟှို့လူကြောန်း
(မဿဲ ၁၀.၂၈–၃၁)
4“ငါ့မိဆွေလေ၊ နန်းနို့ဟှို ငါပြောမယ်။ ကိုယ်ခန္ဓာဟှိုဘဲ့ သတ်နိုင်ဘီးဟှာ နော့‑က်ထပ် ဖြားလည်းလောက်နိုင်ဘဲဟှူ သူလေဟှို ကြော့‑က်ဂေ့န။ 5နန်းနို့ကြော့‑က်ရဟှို့ သူဟှို ငါပြမယ်။ ကိုယ်ခန္ဓာဟှို သတ်ဘီးန နန်းနို့ဟှို ငရဲထဲခ္လနိုင်ဟှူ ခွမ့်အာဏာရှိဟှူ ဘုရားသခင်ဟှို ကြော့‑က်ဂေ့။ နန်းနို့ဟှို ငါထပ်ပြောမယ်။ ဘုရားသခင်ဟှို ကြော့‑က်ဂေ့!
6“အီးဇာဟှား ငါးကောန်ဟှို ကပ်နှေ့ပ္လားန ရောန်းဂေ့ဟှယ် မှုဟှလော။ အယ်ဘေမဲ့ ဘုရားသခင်ဟှာ အယ်မူအီးဇာဟှားလေ တကောန်ဟှိုမျှ မေ့တော်မူဟှ။ 7နန်းနို့ ခေါန်းဟှ ဆားဗန်လေ အားလောင်းဂူဟှို ရေတွပ်ဟှားဟှယ်။ အယ်ကြောန့် ကြော့‑က်ဂေ့န။ နန်းနို့ဟှာ အီးဇာဟှားလေထတ် ရရာတိုင်း ဖိုးကီးဟှယ်!
ခရစ်တော်ဟှို ဝန်ခံရှင်းန ငြင်းပယ်ရှင်းကြောန်း
(မဿဲ ၁၀.၃၂,၃၃; ၁၂.၃၂; ၁၀.၁၉,၂၀)
8“နန်းနို့ဟှို ငါပြောမယ်။ ဖယ်သူဘဲ့ဖြစ်ဖြစ် လူလေရှေ့မာ ငါ့ဟှို ဝန်ခံမယ် ဆိုဟှာ လူ့ရဲ့သားဟှလည်း ဘုရားသခင်ရဲ့ ကောန်းဂန်တမန်လေရှေ့မာ အယ်သူဟှို ဝန်ခံလေ့မယ်။ 9အယ်ဘေမဲ့ လူလေရှေ့မာ ငါ့ဟှို ငြင်းပယ်မယ် ဆိုဟှာ လူ့ရဲ့သားဟှလည်း ဘုရားသခင်ရဲ့ ကောန်းဂန်တမန်လေရှေ့မာ ငြင်းပယ်လေ့မယ်။
10 #
မ ၁၂.၃၂; မာ ၃.၂၉ “လူ့ရဲ့သားဟှို နှောက်န စော်ကားဟှူ သူဟှာ ပြစ်လွှတ်ရှင်းခွမ့် ရနိုင်ဘေမဲ့လည်း သန့်ရှင်းဟှူဝိညာဉ်တော်ဟှို ပြစ်မှားဘီး ပြောဆိုဟှူ သူဟှာ ပြစ်လွှတ်ရှင်းခွမ့် ရလေ့မယ် မှုဟှ။
11 #
မ ၁၀.၁၉,၂၀; မာ ၁၃.၁၁; လု ၂၁.၁၄,၁၅ “လူလေဟှ နန်းနို့ဟှို ဝါလယ်ဇရပ်လေ၊ လူဂီးမန်းလေ၊ အာဏာပိုင်လေရဲ့ ရှေ့ဟှို ခေါ်ဆောန်လာဟှူ ခီမာ ဖယ်မျိုး ပ္လန်ပြောရမယ် ဆိုဇာဟှို စိုးရိမ်ဂေ့န။ 12ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်းနို့ ဖယ်မျိုး ပြောရမယ်ဆို ဇာဟှို သန့်ရှင်းဟှူဝိညာဉ်တော်ဟှ အယ်ခီမာ သန်ပေးလေ့မယ်” ဆိုဘီး ရင်ဦးဆောင်း မိန့်တော်မူလေဟှယ်။
ဌေးမိုက် ပေါင်ဥပမာကြောန်း
13လူအောက်ဂီးထဲဟှ လူတယော‑က်ဟှာ ယေရှုဟှို “ဆရာ၊ ကျွန်တော့်ဟှို မွီခွဲပေးဟှို့ ကျွန်တော့်နောန်ဟှို ပြောပေးပါ” ဆိုဘီး လျှော့‑က်လေဟှယ်။
14ယေရှုဟှ “မိဆွေ၊ ဖယ်သူဟှ ငါ့ဟှို နန်းနို့ရဲ့ တရားသူဂီးဖြစ်နရော၊ မွီခွဲဝီသူဖြစ်နရော ခန့်ဟှားဂေ့ဟှယ်နူး။” ဆိုဘီး သူ့ဟှို မိန့်တော်မူလေဟှယ်။ 15အယ်ဘီးန ကိုယ်တော်ဟှာ သူးနို့လေ အားလောင်းဂူဟှို “လောဘလွန်ကျူးရှင်း ပေါန်းဇောင်ဟှို ဒိထားဂေ့။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ လူ့ရဲ့ သတ်ဟှာ အောက်စာပစ်စီပေါရှင်းနှိုက် တည်ဂေ့ဟှ” ဆိုဘီး မိန့်တော်မူလေဟှယ်။
16အယ်ဘီးန ယေရှုဟှာ ပေါင်ဥပမာန “တခါဒူးဟှ ဌေးတယော့‑က်ဟှာ သူ့လယ်ယာဟှနေ သီးနှံလေ ဘောင်ဂီးထွပ်ဟှယ်။ 17‘ငါ့ရဲ့ သီးနှံလေ အားလောင်းဟှို သိုလှောန်ဟှားဟှို့တွပ် နေရာမှေ့ဟှ။ ငါဖယ်မျိုးလောက်ရမယ်နူး။’ ဆိုဘီး တယော့‑က်ဒဲ စဉ်းစားနေလေဟှယ်။ 18အယ်ဘီးန သူဟှ ‘ငါ အယ်မျိုးလောက်မယ်။ အယ်ဂိုဒေါန်ဟောန်းဟှို ဖျစ်ဘီး အယ်ထတ် ပိုကီးဟှူ ဂိုဒေါန်ဟှို ဆော့‑က်ဘီးဟှာ ဂျောင်ဆန်လေန တခြားအောက်စာပစ်စီး အားလောင်းဟှို သိုလှောင်ဟှားမယ်။ 19အယ်ဘီးဟှာ ငါ့ဝိညာဉ်ဟှိုလည်း ဝှေ့ဝိညာဉ်၊ နှစ်လေဘောင်ဂီးတွပ် လိုအပ်ဟှူ အောက်စာလေ အားလောင်းဟှို သိုလှောန်ဟှားပီးဘီ။ စားလိုက်၊ သော့‑က်လိုက်န ပျော်ပါးဘီးနေပါ! ဆိုဘီး ငါ့ကိုယ့်ငါ ပြောမယ်။’ 20အယ်ဘေမဲ့ ဘုရားသခင်ဟှာ ‘လူမိုက်! အယ်ညဉ့်မာ နန့်ဝိညာဉ် ချောက်ငြီးရလေ့မယ်။ အယ်ဆိုဟှာ နန်သိုလှောင်ဟှားဇာလေဟှို ဖယ်သူလေ ရလေ့မယ်နူး။’ ” ဆိုဘီး မိန့်တော်မူလေဟှယ်။
21အယ်ဘီးန ယေရှုဟှာ “ကိုယ့်တွပ်အောက်စာလေ ဘောင်ဂီးဟှို စုဆောန်းဟှားဘေမဲ့လည်း အယ်ဌေးဟှာ ဘုရားသခင်ရဲ့ ရှေ့မာ ဆင်းရဲနေဟှူသူ ဖြစ်ဟှယ်” ဆိုဘီး နိဂေါန်းချောက် မိန့်တော်မူလေဟှယ်။
ဘုရားသခင်ဟှို ယောင်ကြည်ဟှူကြောန်း
(မဿဲ ၆.၂၅–၃၄)
22အယ်ဘီးန ယေရှုဟှာ တဗဲ့တော်လေဟှို “အယ်ကြောန့် နန်းနို့ဟှို ငါပြောမယ်၊ ဖယ်မျိုးစားရဟှို့၊ ဖယ်မျိုးသော့‑က်ရဟှို့ ဆိုဘီး သတ်တွပ် စိုးရိမ်ဂေ့န။ ဖယ်မျိုးဝတ်ရဟှို့ ဆိုဘီးလည်း ကိုယ်ခန္ဓာတွပ် စိုးရိမ်ဂေ့န။ 23စာထတ် သတ်ဟှ ပိုဘီးရေးကီးဟှယ်။ ဝတ်ထတ်လည်း ကိုယ်ခန္ဓာဟှာ ပိုဘီးရေးကီးဟှယ်။ 24က္လီးကန်းလေဟှို ကေ့ကေ့။ သူးနို့လေဟှာ မျိုးစေ့လည်းကြဲဟှ။ သီးနှံလည်းရိဟှ။ သူးနို့မာ ကူလှောန်ခန်းလေ၊ ဗားဂတ်လေလည်းမှေ့ဟှ။ အယ်ဘေမဲ့ ဘုရားသခင်ဟှ သူးနို့ဟှို ကျွေးမွေးတော်မူဟှယ်! နန်းနို့ဟှာ အယ်ငှတ်လေထတ် ရရာတိုင်း ဖိုးကီးဟှယ်! 25နန်းနို့လေထဲမာ ဖယ်သူဟှ စိုးရိမ်ရှင်းအားဖြင့် သတ်ပိုဘီးရှယ်လာ#၁၂.၂၅ သတ်ပိုဘီးရှယ်လာ၊ အယ်မျိုးမှုဘဲ့နေဟှာ သတ်ပိုဘီး ကီးလာဟှယ်။ နိုင်ဘဲ့လော။ 26အယ်မျှလော့‑က် သေးငယ်ဟှူ မှုဟှို လောက်နိုင်ဟှ ဆိုဟှာ ဖြားဖြစ်ကြောန့် တခြားမှုလေတွပ် စိုးရိမ်နေဂေ့နူး။ 27တောပန်းလေဟှို ကေ့ကေ့။ အယ်ပန်းလေဟှာ ဗိုင်းငင်ဟှ။ ယက်ကန်းလည်းရစ်ဟှ။ အယ်ဘေမဲ့ ရှောလမုန်မန်းဂီးရဲ့ ဖောင်းစည်းဇိမ်လေ အားလောင်းဟှို ဆင်ဟှယ်ဟှိုမှ အယ်တောပန်းလေထဲဟှ တဗန်မျိုး လှပတင့်တယ်ဟှ ဆိုဘီး နန်းနို့လေဟှို ငါပြောဟှယ်။ 28ယောင်ကြည်ရှင်း အားနဲဟှူလူလေ! အယ်နေ့ ကွမ်းပ္လန်ထဲမာရှိဘီး နတ်ကီးတိုင်ဟှာ မီးဖိုထဲဟှို ရော့‑က်ရဟှူ တောဗြစ်ပန်ဟှို ဘုရားသခင်ဟှ အယ်မျိုး ဝတ်ဆင်ပေးဟှယ် ဆိုဟှာ နန်းနိုဟှို အယ်ထတ်မက ဝတ်ဆင်ပေးမယ် မှုဟှလော။”
29“အယ်ကြောန့် ဖယ်မျိုး စားရဟှို့နူး။ ဖယ်မျိုး သော့‑က်ရဟှို့နူး ဆိုဘီး စိုးရိမ်မှုရှိဂေ့န။ 30(အယ်လောကရှိ ဘုရားသိဘဲဟှူလူလေဟှဘဲ့ အယ်မူဇာလေဟှို ရှာဖွေဂေ့ဟှယ်။) အယ်မူဇာလေဟှို နန်းနို့လေ လိုအပ်ဟှယ် ဆိုဇာဟှို နန်းနို့ဖ သိတော်မူဟှယ်။ 31နန်းနို့ဟှာ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟှို ရှာဂေ့။ အယ်ဆိုဟှာ ကိုယ်တော်ဟှာ အယ်မူဇာလေဟှို ပေးတော်မူလေ့မယ်။”
ကောန်းဂန်ဘဏ္ဍာကြောန်း
(မဿဲ ၆.၁၉–၂၁)
32“သိုးစုငယ်၊ ကြော့‑က်ဂေ့န။ နန်းနို့ရဲ့ ဖဟှာ နန်းနို့တွပ် နိုင်ငံတော်ဟှို ပေးဟှို့ လိုရှိတော်မူဟှယ်။ 33နန်းနို့ရဲ့ အောက်စာလေဟှို ရောန်းဘီး ဆင်းရဲသားလေဟှို ပေးကမ်းစွန့်ကြဲဂေ့။ ဆွီးဟောန်းနိုင်ဘဲဟှူ ကပ်အိလေဟှို လောက်ဂေ့ဘီး သူခိုးဖော့‑က်နိုင်ဘဲဟှူ၊ ပိုးလေကိုက်စားနိုင်ဘဲဟှူ၊ ကောန်းဂန်ဘောင်မာ ကူခန်းနိုင်ဘဲဟှူ ဘဏ္ဍာဟှို စုဂေ့ပါ။ 34ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်းနို့လေဟှာ ဘဏ္ဍာရှိဟှူ နေရာဟှိုဘဲ့ နန်းနို့စိနှလောင်းလေ ရော့‑က်တတ်ဟှယ်။”
ဒိန စောန့်နေဟှူ စေခံလေကြောန်း
35 #
မ ၂၅.၁–၁၃
“နန်းနို့ဟှာ ဆင်သင့်ဖြစ်နေဂေ့ဟှို့တွပ် ခါးဟှို စဲဘီး မီးအီလေဟှို ထွန်းညှိဂေ့။ 36#မာ ၁၃.၃၄–၃၆အီတတ်ဗွဲဟှ ပ္လန်လာဟှူ သူးနို့ရဲ့ သခင်ဟှို စောန့်နေဟှူ စေခံလေမျိုး ဖြစ်ဂေ့။ သူဟှာ ခွဗော့‑က်ဟှို ခေါ့‑က်ဟှူ ခီမာ သူးနို့ဟှာ ရှစ်ရှင်း ဖွမ့်ပေးလေ့မယ်။ 37သခင်ပ္လန်ရော့‑က်လာဟှူ ခီမာ ဆင်သင့်စောန့်နေဟှယ် ဆိုဇာဟှို သခင်တွိရဟှူ စေခံလေဟှာ မင်္ဂလာရှိဟှယ်! နန်းနို့ဟှို ငါမှန်တိုင်း ပြောမယ်။ သခင်ဟှာ စေခံလေဟှို ဧည့်သည်လေမျိုး ဗွဲမာ ထိုင်ခိုင်းဘီး သူကိုယ်တိုင် ခါးဟှို စဲဘီးဟှာ လောက်ကျွေးလေ့မယ်။ 38သခင်ဟှ ညဉ့်နတ်ခီမာဘဲ့ဖြစ်ဖြစ်၊ မိုးလန်းခီမာဘဲ့ဖြစ်ဖြစ် လာမယ် ဆိုဘီး စောန့်နေဟှူ စေခံလေဟှာ မင်္ဂလာရှိဂေ့ဟှယ်! 39#မ ၂၄.၄၃,၄၄အီဇရှင်ဟှာ သူခိုးလာနိုင်ဟှူခီဟှို သိနေမယ် ဆိုဟှာ သူ့အီဟှို သူခိုးဖော့‑က်ခံရလေ့မယ် မှုဟှ ဆိုဇာဟှို နားလည်ဟှားဂေ့။ 40လူ့ရဲ့သားဟှာ နန်းနို့ မျှော်လင့်ဘဲဟှူ ခီမာ ရော့‑က်လာမယ် ဖြစ်ဘီး နန်းနို့လည်း ဆင်သင့် ရှိနေဂေ့” ဆိုဘီး မိန့်တော်မူလေဟှယ်။
သစ်စာရှိဟှူစေခံန သစ်စာမှေ့ဘဲဟှူစေခံကြောန်း
(မဿဲ ၂၄.၄၅–၅၁)
41ပေတရုဟှ “သခင်၊ အယ်ပေါင်ဥပမာဟှာ ကျွန်တော့်ဟှားလေတွပ် ပြောနေဇာလော။ လူလေ အားလောင်းဂူတွပ် ပြောနေဇာလော။” ဆိုဘီး မေးလျှော့‑က်လေဟှယ်။
42သခင်ဘုရားဟှ “သစ်စာရှိဘီး ပညာရှိဟှူ စေခံဟှ ဖယ်သူနူး။ အီဇရှင်ဟှာ စေခံလေဟှို အောက်ချောက်ဟှို့န သတ်မှတ်ဟှားဟှူ ခီမာ စားဇာလေဟှို ထုပေးဟှို့ စေခံအောက် တယော့‑က်ဟှို ခန့်ဟှားဟှယ်။ 43အီဇရှင် ပ္လန်လာဟှူ ခီမာ သစ်စာရှိရှိ လောက်ဆောန်နေဇာဟှို တွိရမယ် ဆိုဟှာ အယ်စေခံဟှာ မင်္ဂလာရှိဟှယ်! 44နန်းနို့ဟှို ငါ မှန်တိုင်းပြောမယ်၊ အီဇရှင်ဟှာ သူ့အောက်စာပစ်စီး အောင်းလောင်းဟှို စီမံအောက်ချောက်ဟှို့ အယ်စေခံဟှို အပ်လေ့မယ်။ 45အယ်ဘေမဲ့ အယ်စေခံဟှာ ငါ့သခင် ပ္လန်လာဟှို့ ကြာအူးမယ် ဆိုဘီး စိထဲမာအော့‑က်မေ့ဘီး စေခံယော့‑က်ကျားလေ၊ စေခံမီးမလေဟှို ရိုက်ဘီး သော့‑က်စား ယစ်မောနေလေဟှယ်။ 46အယ်စေခံရဲ့ သခင်ဟှာ သူမျှော်လင့်ဘဲဟှူနေ့၊ သိနိုင်ဘဲဟှူ ခီမာ ပ္လန်ရော့‑က်လာမယ် ဆိုဟှာ အယ်စေခံဟှို ပြင်းပြင်းထန်ထန် ပြစ်ဒန်ပေးဘီး#၁၂.၄၆ ပြင်းပြင်းထန်ထန် ပြစ်ဒန်ပေးဘီး၊ အယ်မျိုးမှုဘဲ့နေဟှာ ပ္လန်ဟှိုပစ်လိုက်ဟှယ်။ ယောင်ကြည်ဘဲဟှူသူလေနတူးဒူ နေရာခ္လဟှားရှင်းဟှို ခံရလေ့မယ်။
47“သခင်ရဲ့ လိုဆန္ဒဟှို သိသိဂီးန ပြင်ဆင်ထားရှင်းလည်းမှေ့ဘဲဟှူ၊ သခင့်ရဲ့ လိုဆန္ဒဟှို လိုက်လျောရှင်းလည်းမှေ့ဘဲဟှူ စေခံဟှာ ကီဒန်ဘောင်ဂီး ရိုက်ခံရလေ့မယ်။ 48အယ်ဘေမဲ့ သခင့်ရဲ့ လိုဆန္ဒဟှို သိဘဲန ကီဒန်နဘဲ့ ထိုက်တန်ဟှူ မှုဟှို လောက်မိဟှူ သူဟှာ ကီဒန်နဲနဲဘဲ့ ရိုက်ခံရမယ်။ ဘောင်ဂီးရဟှားဟှူ သူလေနားဟှနေ ဘောင်ဂီးတောန်းလေ့မယ်။ ဘောင်ဂီးအပ်နှံဟှားဟှူ သူလေနားဟှနေ ဘောင်းဂီး တောန်းဂေ့လေ့မယ်။
ယေရှုဟှာ စိဝမ်းကွဲရှင်းဟှို ဖြစ်စေဟှူကြောန်း
(မဿဲ ၁၀.၃၄–၃၆)
49“ငါဟှ အယ်လောကဟှို မီးလောန်စေဟှို့တွပ် လာဟှယ်။ ခုဘဲ့ မီးလောန်စေရှင်ဘီ! 50#မာ ၁၀.၃၈ငါခံယူရဟှို့ ဗတ္တိဇံတခု ရှိသေးဟှယ်။ အယ်မူဇာဟှို လောက်ဆောန်ဟှို့ မပီးမရှင်း ငါ့ဟှာ စိဒေါက်ခရော့‑က်နေဟှယ်! 51အယ်လောကဟှို ငြီးချမ်းရေးပေးဟှို့ ငါလာဟှယ် ဆိုဘီး ထန်ဂေ့ဟှယ်လော။ ငြီးချမ်းရေးပေးဟှို့ လာဟှူဇာ မှုဟှ။ ရှင်းရှင်း စိဝမ်းကွဲစေဟှို့ဘဲ့ ငါလာဟှယ်။ 52ခုဟှနေဘီးဟှာ လူငါးယော့‑က်ရှိဟှူ အီထောန်မာ နှေ့ယော့‑က်ဟှ တဖတ်၊ သောင်းယော့‑က်ဟှ တဖတ် ဆန့်ကျင်ဘီး ကွဲပြားဂေ့လေ့မယ်။ 53ဖနသား၊ မိနမီး၊ ယောက္ခမန ချွေးမလေ ရှင်းရှင်း စိဝန်းကွဲလေ့မယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
ခေတ်ကာလဟှို သိရှိဟှူကြောန်း
(မဿဲ ၁၆.၂,၃)
54ယေရှုဟှာ လူလေဟှို “နော့‑က်ဖတ်မာ မိုးတီလေ တတ်လာဇာဟှို ဗြင်ဟှူ ခီမာ မိုးဝါလေ့မယ် ဆိုဘီး နန်းနို့ ရှစ်ရှင်းပြောဂေ့ဟှယ်။ နန်းနို့ပြောမျိုးဘဲ့ ဖြစ်တတ်ဟှယ်။ 55အယ်ဘီန တောင်လေတိုက်လာနေဇာဟှို မြင်ဟှူ ခီမာ နေပူလေ့မယ် ဆိုဘီး ပြောဂေ့ဟှယ်။ နန်းနို့ပြောမျိုးဘဲ့ ဖြစ်တတ်ဟှယ်။ 56သူတော်ကောန်းယောန်ဆောန်ဟှူသူလေ! နန်းနို့ဟှာ မ္လေဂီးန ကောန်းဂန်ရဲ့ ခြေနေဟှို ကေ့ဘီးဟှာ ရာသီဥတုရဲ့ ခြေနေဟှို ပိုင်းခြားဘီး သိနိုင်ဂေ့ဟှယ်။ ခုကာလ ခြေနေဟှို ဖြားဖြစ်ကြောန့် ခန့်မှန်းဘီး သိနိုင်ဂေ့ဟှနူး။
ကြေအေးရှင်းကြောန်း
(မဿဲ ၅.၂၅,၂၆)
57“မှန်ကန်ဟှူလောက်ဟှို လောက်ဟှို့တွပ် ဖြားဖြစ်ကြောန့် နန်းနို့ကိုယ်တိုင် ဆောင်းဖြတ်ဂေ့ဟှနူး။ 58နန့်ဟှို တရားစွဲဟှူ လူနတူးဒူ တရားသူဂီးနားဟှို သွားရမယ် ဆိုဟှာ လမ်းမာ ကြေအေးအောန်လောက်ဂေ့။ အယ်မျိုးလောက်ဘဲဟှ ဆိုဟှာ သူဟှာ နန့်ဟှို တရားသူဂီးရှေ့ဟှို ဆွဲခေါ်ဟှားလေမယ်။ တရားသူဂီးဟှ နန့်ဟှို ရဲလတ်ထဲမာ အပ်လိုက်လေ့မယ်။ ရဲလေဟှလည်း နန်ဟှို ထောန်ထဲမာ ထဲဟှားလေ့မယ်။ 59နန်းနို့ဟှို ငါ မှန်တိုင်းပြောမယ်၊ ကပ်ကွီးကျေအောန် မဆပ်မရှင်း နန်ဟှာ ထောန်ထဲမာ နေရလေ့မယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
Currently Selected:
လုကာ 12: NTDWB24
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
The New Testament in Dawei Language © The Word for the World International and The Dawei Bible Translation Committee, 2024.