YouVersion Logo
Search Icon

လုကာ 13

13
နောန်ဒရရှင်းလော၊ ပျစ်စီးရှင်းလော
1အယ်ခီမာ လူတချို့ဟှာ ယေရှုနားဟှို လာဘီး ပိလတ်ဟှ သတ်ဖြတ်လိုက်ဟှူ ဂါလိလဲလူလေကြောန်းဟှို လျှော့‑က်ဂေ့ဟှယ်။ အယ်လူလေဟှာ ယဇ်ပူဇော်နေဒူးမာ သတ်ခံရဟှူသူလေ ဖြစ်ဂေ့ဟှယ်။ 2ယေရှုဟှာ သူးနို့ဟှို “အယ်ဂါလိလဲလူလေဟှာ အယ်မျိုးသတ်ခံရဟှူကြောန့်၊ တခြားဂါလိလဲလူလေထတ် ပိုဆိုးဟှူပြစ်သားလေ ဖြစ်ဟှယ် ဆိုဘီး နန်းနို့ ထန်နေဂေ့ဟှယ် မှုဟှလော။ 3နန်းနို့ဟှို ငါပြောမယ်။ သူးနို့လေဟှာ ပိုဆိုးဟှူ ပြစ်သားလေ မှုဟှ! အယ်ဘေမဲ့ နန်းနို့ဟှာ နောန်ဒရဂေ့ဟှ ဆိုဟှာ အယ်လူလေမျိုးဘဲ့ သေကျေပျစ်စီးဂေ့ လေ့မယ်။ 4ရှိလောင်မျှော်စင် ပြိုက္လဟှူ ခီမာ ပိဘီးသေဟှားဟှူ လူဆယ့်ရှစ်ယော့‑က်ဟှို ဖြားမျိုးပြောမယ်နူး။ သူးနို့ဟှာ ယေရုရှလင်ဗြို့မာ နေထိုင်ဟှူ တခြားသူလေ အားလောင်းထတ် ပိုဆိုးဟှူ ပြစ်သားလေ ဖြစ်ဟှယ် ဆိုဘီး နန်းနို့ ထန်နေဂေ့လော။ 5နန်းနို့ဟှို ငါပြောမယ်။ သူးနို့လေဟှာ ပိုဆိုးဟှူ ပြစ်သားလေ မှုဟှ။ အယ်ဘေမဲ့ နန်းနို့ဟှာ နောန်ဒရဂေ့ဟှ ဆိုဟှာ အယ်လူလေမျိုးဘဲ သေကျေပျစ်စီးဂေ့ လေ့မယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
သီးသီးဘဲဟှူ သဖန်းဗန်ရဲ့ ပေါင်ဥပမာကြောန်း
6အယ်ဘီးန ယေရှုဟှာ အယ်ပေါင်ဥပမာန “လူတယော့‑က်ရဲ့ စဗျစ်ခြံထဲမာ စိုက်ပျိုးဟှားဟှူ သဖန်းဗန်တဗန် ရှိဟှယ်။ ဇရှင်ဟှာ အယ်ပန်မာ သီးဟှို လာရှာဟှူ ခီမာ တွိရဟှ။ 7အယ်ကြောန့် သူဟှာ ခြံစောန့်မားဟှို ‘ငါဟှာ အယ်သဖန်းဗန်မာ သဖန်းသီးလာရှာနေဇာ သောင်းနှစ်ရှိဟှားဘီ။ အယ်ဘေမဲ့ လောင်းလည်း တွိရဟှ။ အယ်မာပန်ဟှို ခွတ်ပစ်လိုက်! ဖြားဖြစ်ကြောန့် မ္လေဂီးဟှို ကျိုးမှေ့ဘဲအောန် လောက်နေဂေ့ဟှို့နူး။’ ဆိုဘီး ပြောလေဟှယ်။ 8အယ်ဘေမဲ့ ခြံစောန့်မားဟှ ‘ဆရာ၊ အယ်ပန်ဟှို တနှစ်လော့‑က် ထားပေးပါအူး။ ပန်ရင်းပတ်ပတ်လည်ဟှို တူးဆွဘီးဟှာ မ္လေဩဇာ ထဲ့ကေ့ကေ့မယ်။ 9အယ်ဆိုဟှာ နော့‑က်နှစ်မာ ပိုကောန်းဟှူသီးဟှို သီးရှင်သီးလေ့မယ်၊ အယ်ဘေမဲ့ သီးသီးဟှ ဆိုဟှာ ခွတ်ပစ်ပါ ဆိုဘီး ပြောလေဟှယ်’” ဆိုဘီး မိန့်တော်မူလေဟှယ်။
ဒန်းနေ့မာ သန်စွမ်းဘဲဟှူမီးမဟှို ရောဂါပျော့‑က်စေဟှူကြောန်း
10ဒန်းနေ့ တနေ့မာ ယေရှုဟှာ ဝါလယ်ဇရပ်တခုမာ သွန်သန်နေတော်မူဟှယ်။ 11အယ်နေရာမာ ဆယ့်ရှစ်နှစ်လောင်းလောင်း နတ်ဆိုးဝမ်ပူးရှင်းဟှို ခံနေရဟှူကြောန့် ခါးကူးဟှားဘီး လောင်းဝ ခါးဆန့်နိုင်ဘဲဟှူ မီးမတယော့‑က်ရှိနေဟှယ်။ 12ယေရှုဟှာ သူ့ဟှို ဗြင်ဟှူ ခီမာ ရှေ့တော်ဟှို ခေါ်ဘီး “အမျိုးသမီး၊ နန့်ရောဂါ ပျော့‑က်ဟှားဘီ!” ဆိုဘီး မိန့်တော်မူလေဟှယ်။ 13အယ်ဘီးန ကိုယ်တော်ဟှာ သူ့ထတ်မာ လတ်ဟှို တန်လိုက်ဟှူ ခီမာ ရှစ်ရှင်းဘဲ့ သူ့ရဲ့ခါးဟှာ ဆန့်ဟှားဘီး ဘုရားသခင်ဟှို ချီးမွမ်းလေဟှယ်။
14ဒန်းနေ့မာ ယေရှုဟှာ ရောဂါပျော့‑က် စေတော်မူဟှူကြောန့် ဝါလယ်ဇရပ်မှူးဟှာ စိဆိုးဘီး လူလေဟှို “လောက်လောက်နိုင်ဟှူရစ် ခြော့‑က်ရစ်ရှိဟှယ်။ အယ်ရစ်လေမာ ရောဂါလာကုဂေ့။ ဒန်းနေ့မာ ရောဂါလာကုဂေ့န!” ဆိုဘီး ပြောလေဟှယ်။
15သခင်ဘုရားဟှာ သူ့ဟှို “သူတော်ကောန်းယောန်ဆောန်ဟှူသူလေ! နန်းနို့ အားလောင်းဟှာ ဒန်းနေ့မာ နန်းနို့ရဲ့ မြည်းလေ၊ နွားလေဟှို တင်းကုပ်ဟှနေ ကြိုးဖြေပေးဘီး ရေတိုက်ဟှို့ ခေါ်ဆောန်ဂေ့ဟှယ် မှုဟှလော။ 16အယ်မျိုးဆိုဟှာ ဆယ့်ရှစ်နှစ် လောင်းလောင်း စာတန်ရဲ့ တောက်နှောန်ရှင်းဟှို ခံနေရဟှူ အာဗြဟံရဲ့ သမီးဟှို ဒန်းနေ့မာ ဖြေလွှတ်သင့်ဟှယ် မှုဟှလော။” ဆိုဘီး မိန့်တော်မူလေဟှယ်။ 17အယ်မျိုး မိန်တော်မူလိုက်ဟှူ ခီမာ ကိုယ်တော့်ဟှို ဆန့်ကျင်ဖတ်လောက်နေဟှူ သူလေဟှာ ယှစ်ရဟှားဂေ့ဘီး လူလေ အားလောင်းဂူဟှာ ကိုယ်တော် လောက်ဟှူ အံ့ဩဘွယ်လေကြောန့် ဝန်းသာဂေ့ဟှယ်။
မုညင်းစေ့ ပေါင်ဥပမာကြောန်း
(မဿဲ ၁၃.၃၁,၃၂; မာကု ၄.၃၀–၃၂)
18ယေရှုဟှ “ဘုရားသခင်ရဲ့ နိုင်ငံတော်ဟှာ ဖြားဇာန တူဟှယ်နူး။ ဖြားဇာန နှိုင်းယှဉ်ရနူး။ 19နိုင်ငံတော်ဟှာ အယ်ပေါင်ဥပမာန တူဟှယ်။ လူတယော့‑က်ဟှာ မုညင်းတစေ့ဟှို သူ့ခြံထဲမာ စိုက်လိုက်ဟှယ်။ အယ်စေ့ဟှ ကီးလာဘီး သစ်ပန်ကီးဖြစ်လာဟှူ ခီမာ အယ်ပန်ရဲ့ ကိုင်းခတ်လေမာ ကောန်းဂန်ငှတ်လေဟှာ သူးနို့ရဲ့ သိုက်ဟှို ဆော့‑က်လောက်ဘီး နေဂေ့ဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
တဆေး ပေါင်ဥပမာကြောန်း
(မဿဲ ၁၃.၃၃)
20ယေရှုဟှာ “ဘုရားသခင်ရဲ့ နိုင်ငံတော်ဟှို ဖြားဇာန နှိုင်းယှဉ်ရဟှို့နူး။ 21နိုင်ငံတော်ဟှာ အယ်ပေါင်ဥပမာန တူဟှယ်။ မီးမတယော့‑က်ဟှာ တဆေးဟှို ယူဘီး မုညစ်သောင်းတောန်းန ရောနှောလိုက်ဟှူ ခီမာ မုညစ် အား‌လောင်းဂူဟှို ဖောန်းကြွစေနိုင်ဟှူ တဆေးန တူဟှယ်” ဆိုဘီး ထပ်ဘီး မိန့်တော်မူလေဟှယ်။
ခွဗော့‑က်ကျဉ်းကြောန်း
(မဿဲ ၇.၁၃,၁၄,၂၁–၂၃)
22အယ်ဘီးန ယေရှုဟှာ ဗြို့လေ၊ ဝါလေမာ သွန်သန်ဘီး ယေရုရှလင်ဗြို့ဟှို သွားလေဟှယ်။ 23လူတယော့‑က်ဟှာ ကိုယ်တော့်ဟှို “သခင်၊ ကယ်တန်ရှင်းခံရဟှူ သူလေ နဲနဲဘဲ့ ရှိဟှယ်လော။” ဆိုဘီး မေးလျှော့‑က်လေဟှယ်။
24ယေရှုဟှ “ခွဗော့‑က်ကျဉ်းထဲဟှို ဝမ်ဟှို့ ကြိုးစားအားထုဂေ့။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ လူလေဘောင်ဂီးဟှာ အယ်ခွဗော့‑က်ထဲဟှို ဝမ်ဟှို့ ကြိုးစားဘေမဲ့ ဝမ်နိုင်ဂေ့ဟှ။ 25အီဇရှင်ဟှာ ထဘီး ခွဗော့‑က်ဟှို ပိလိုက်ဟှူကြောန့် နန်းနို့လေဟှာ ပ္လန်မာရပ်ဘီး ခွဗော့‑က်ဟှို ခေါ့‑က်ဘီး ‘ဆရာ၊ ကျွန်တော့်ဟှားလေဟှို ခွဗော့‑က်ဖွမ့်ပေးပါ!’ ဆိုဘီး တောန်းဗန်ဂေ့လေ့မယ်။ ဇရှင်ဟှ ‘နန်းနို့လေ ဖယ်ဟှလာဟှယ် ဆိုဇာဟှို ငါသိဟှ!’ ဆိုဘီး ပ္လန်ပြောလေဟှယ်။ 26အယ်ဆိုဟှာ နန်းနို့လေဟှ ‘ကျွန်တော့်ဟှားလေဟှာ ကိုယ်တော်နတူးဒူ စားဂေ့ဟှယ်။ သော့‑က်ဂေ့ဟှယ်။ ကျွန်တော့်ဟှားလေရဲ့ ဗြို့ဝါမာလည်း ကိုယ်တော်ဟှာ သွန်သန်ပေးဟှယ်!’ ဆိုဘီး ဖြေလေ့မယ်။ 27အယ်ဘေမဲ့ ကိုယ်တော်ဟှ ‘နန်းနို့ ဖယ်ဟှလာဟှယ် ဆိုဇာဟှို ငါသိဟှ။ တရားဘဲဟှူ မှုဟှို လောက်ဟှူသူလေ၊ ငါ့နားဟှ ဖယ်ဂေ့!’ ဆိုဘီး ပြောလေ့မယ်။ 28#မ ၂၂.၁၃; ၂၅.၃၀#မ ၈.၁၁,၁၂နန်းနို့ဟှာ ဘုရားသခင် နိုင်ငံတော်ထဲမာ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်န ပရောဖက်လေ အားလောင်းဟှို ဗြင်ရဘေမဲ့ နန်းနို့လေဟှာ နိုင်ငံတော်ပ္လန်ဟှို နှန်ထုခံရဟှူ ခီမာ ရရာတိုင်း ငိုကြွေးဘီး အံသွားခဲက္လိရဂေ့ လေ့မယ်! 29ရှေ့ဖတ်၊ နော့‑က်ဖတ်၊ တောန်ဖတ်၊ မြော့‑က်ဖတ်ဟှ လာဂေ့ဟှူ လူလေဟှာ ဘုရားသခင် နိုင်ငံတော်ရဲ့ စားသော့‑က်ဗွဲမာ လာဘီး ထိုင်ဂေ့လေ့မယ်။ 30#မ ၁၉.၃၀; ၂၀.၁၆; မာ ၁၀.၃၁ ခု နော့‑က်ဆောင်းဟှို ရော့‑က်နေဟှူသူလေဟှာ ရှေ့ဆောင်းဟှို ရော့‑က်ဂေ့လေ့မယ်။ ခု ရှေ့ဆောင်းဟှို ရော့‑က်နေဟှူ သူလေဟှာ နော့‑က်ဆောင်းဟှို ရော့‑က်ဂေ့လေ့မယ်” ဆိုဘီး သူးနို့ဟှို မိန့်တော်မူလေဟှယ်။
ယေရုရှလင်ဗြို့တွပ် ယေရှုရဲ့ မြစ်တာတော်ကြောန်း
(မဿဲ ၂၃.၃၇–၃၉)
31အယ်ခီမာ ဖာရိရှဲတချို့ဟှာ ယေရှုနားဟှို လာဘီး “ဟေရုဒ်ဟှ ကိုယ်တော့်ဟှို သတ်ရှင်နေဟှူကြောန့် အယ်နေရာဟှ ထွပ်ဟှားဘီး တခြားနေရာဟှို သွားပါ” ဆိုဘီး လျှော့‑က်လေဟှယ်။
32ယေရှုဟှာ “အယ်မ္လေခွီးဟှို သွားပြောဂေ့ပါ။ ‘ငါဟှာ အယ်နေ့န နတ်ကီးတိုင်မာလည်း နတ်ဆိုးလေဟှို နှန်ထုဘီးဟှာ ရောဂါလေဟှိုလည်း ပျော့‑က်စေအူးမယ်။ သောင်းရစ်မြော့‑က်ဟှူနေ့မာ ငါ့ရဲ့ လောက်ဟှို ပီးဆောင်းစေမယ်။’ 33အယ်ဘေမဲ့ ငါဟှာ အယ်နေ့၊ နတ်ကီးတိုင်၊ နတ်ကီးဖတ်လည်း ခရီးသွားရအူးမယ်။ ပရောဖက်ဟှာ ယေရုရှလင်ဗြို့ဟှလွဲဘီး တခြားနေရာမာ သတ်ခံရဟှို့ မှေ့ဟှ။”
34“ယေရုရှလင်ဗြို့၊ ယေရုရှလင်ဗြို့၊ ပရောဖက်လေဟှို သတ်ဟှူဗြို့၊ ဘုရားသခင် စေလွှတ်လိုက်ဟှူ တမန်လေဟှို က္လော့‑က်ခဲန ပစ်ဟှူဗြို့! ကြစ်မဟှာ ကြစ်သားဟှားလေဟှို သူ့ရဲ့ တောန်အော့‑က်မာ စုသီးဟှားမျိုး ငါဟှာ နန့်ရဲ့လူမျိုး အားလောင်းဟှိုလည်း စုသီးဟှို့ ခဏခဏ လိုရှင်လေဟှယ်။ အယ်ဘေမဲ့လည်း နန်ဟှာ ငါ့ဟှို ခွမ့်ပြုဟှ! 35အယ်ကြောန့် နန့်ရဲ့ အီဟှို ဘုရားသခင် စွန့်ပစ်လေ့မယ်။ ငါပြောမယ်။ ‘ဘုရားသခင် နာမန ကြွလာဟှူ သခင်ဟှာ မင်္ဂလာရှိဟှယ်’ ဆိုဘီး နန်ပြောဟှူခီ ရော့‑က်ခန်မာ ငါ့ဟှို နန်ဗြင်ရလေ့မယ် မှုဟှ” ဆိုဘီး သူးနို့ဟှို မိန့်တော်မူဟှယ်။

Currently Selected:

လုကာ 13: NTDWB24

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in