ယောဟန် 21
21
ယေရှုဟှ တဗဲ့တော်ခွန်နှေ့ပါးဟှို ကိုယ်ထန်ရှားပြတော်မူကြောန်း
1အယ်ဘီးန ယေရှုဟှာ တိဗေရိအိုင်နားမာ တဗဲ့တော်လေဟှို နော့‑က်တခါ ကိုယ်ထန်ရှားပြတော်မူဟှယ်။ ကိုယ်ထန်ရှားပြဇာဟှ အယ်မျိုးဖြစ်ဟှယ်။ 2ရှိမုန်ပေတရု၊ မြွှာဘ္လူး ဆိုဘီး ခေါ်ဟှူ သောမ၊ ဂါလိလဲနယ်၊ ကာနဗြို့သား နာသနေလ၊ ဇေဗေဒဲရဲ့သားလေန တခြားတဗဲ့တော် နှေ့ယော့‑က်ဟှာ တူးဒူရှိနေဂေ့ဟှယ်။ 3#လု ၅.၅ရှိမုန်ပေတရုဟှာ “ငါ ငါးသွားဖမ်းမယ်” ဆိုဘီး တခြားလူလေဟှို ပြောလေဟှယ်။
သူးနို့ဟှ “နို့လေလည်းလိုက်မယ်” ဆိုဘီး ပ္လန်ပြောဂေ့ဟှယ်။ အယ်ကြောန့် သူးနို့ဟှာ လှေန ငါးဖမ်းထွပ်ဟှားဂေ့ဟှယ်။ အယ်ဘေမဲ့ အယ်ညဉ့်မာ တကောန်လည်း ဖမ်းမိဂေ့ဟှ။ 4မိုးလန်းဇာမာ ယေရှုဟှာ ကမ်းနားမာ ရပ်နေဘေမဲ့လည်း တဗဲ့တော်လေဟှာ ယေရှုဖြစ်ဟှယ် ဆိုဇာဟှို သိဂေ့ဟှ။ 5အယ်န ယေရှုဟှာ “မိဆွေလေ၊ ငါးကောန်လည်းဖမ်းမိဟှလော” ဆိုဘီး သူးနို့ဟှို မေးတော်မူလေဟှယ်။
သူးနို့ဟှာ “ကောန်လည်းမိဟှ” ဆိုဘီး ပ္လန်ဖြေလေဟှယ်။
6 #
လု ၅.၆
ကိုယ်တော်ဟှာ “နန်းနို့လှေရဲ့ ညာဖတ်ဟှို ပိုက်ဟှို ပစ်ခ္လဂေ့။ အယ်ဆိုဟှာ နန်းနို့ဟှာ ငါးလေဟှို ဖမ်းမိလေ့မယ်” ဆိုဘီး သူးနို့ဟှို မိန့်တော်မူလေဟှယ်။ အယ်ကြောန့် သူးနို့ဟှာ ပိုက်ဟှို ပစ်ခ္လလိုက်ဇာ ငါးလေဘောင်ဂီးမိနေကြောန့် ပိုက်ဟှို ဆွဲဒန်ဟှို့ ခွန်အားမှေ့ဟှမ်း။
7ယေရှုရှစ်တော်မူဟှူ တဗဲ့တော်ဟှာ “သခင်ဘုရားဘဲ့!” ဆိုဘီး ရှိမုန်ပေတရုဟှို ပြောလေဟှယ်။ သူဟှာ သခင်ဘုရားဖြစ်ဟှယ် ဆိုဇာဟှို ပေတရုကြားလိုက်ခီမာ ခလွတ်ဟှားဟှူ ပ္လန်အန်းဂီဟှို ခါးမာပတ်ဘီးဟှာ ရေထဲဟှို ခူခ္လဟှားလေဟှယ်။ 8တခြားတဗဲ့တော်လေဟှာ ငါးနပ္လဲ့နေဟှူပိုက်ဟှို ဆွဲဒန်ဘီးဟှာ လှေစီးဘီး ကမ်းနားဟှို လာဂေ့ဟှယ်။ သူးနို့ဟှာ ကမ်းဟှနေ ကိုက်တရာလော့‑က်ဘဲ့ ဝီးဂေ့ဟှယ်။ 9သူးနို့ဟှာ ကမ်းထတ်ဟှို ရော့‑က်ဟှူ ခီမာ မီးဘောင်ထတ်မာ ကန်ဟှားဟှူ ငါးန မုနဲနဲဟှားဟှို တွိဟှားဂေ့ဟှယ်။ 10ယေရှုဟှာ “နန်းနို့ ခုဖမ်းလာဟှူ ငါးနဲနဲဟှား ယူလာဂေ့” ဆိုဘီး သူးနို့ဟှို မိန့်တော်မူလေဟှယ်။
11ရှိမုန်ပေတရုဟှာ လှေထတ်ဟှို တတ်ဟှားဘီး ငါးဂီးလေနပ္လဲ့နေဟှူ ပိုက်ကွန်ဟှို ကမ်းထတ်ဟှို ဆွဲဒန်လိုက်ဟှူ ခီမာ အားလောင်းပေါန်း ၁၅၃ ကောန် ရှိဟှယ်။ အယ်မျှလောက် ငါးလေဘောင်ဂီး ဖမ်းမိဘေမဲ့လည်း ပိုက်ဟှာ စုပ္လဲဟှ။ 12ယေရှုဟှာ “လာစားဂေ့” ဆိုဘီး သူးနို့ဟှို မိန့်တော်မူလေဟှယ်။ တဗဲ့တော်လေဟှ သခင်ဘုရားဖြစ်တော်မူဟှယ် ဆိုဇာဟှို သိနေဟှူကြောန့် “ကိုယ်တော်ဟှာ ဖယ်သူနူး” ဆိုဘီးလည်း မေးရဲဂေ့ဟှ။ 13အယ်ကြောန့် ယေရှုဟှာ သူးနို့နားဟှို ကြွလာတော်မူဘီး မုဟှိုယူဘီးဟှာ ပေးလေဟှယ်။ အယ်မျိုးဘဲ့ ငါးဟှိုလည်း ယူဘီးဟှာ ပေးလေဟှယ်။
14ယေရှုဟှာ သေရာဟှနေ ထမြော့‑က်တော်မူဘီးန တဗဲ့တော်လေဟှို ကိုယ်ထန်ရှားပြဇာဟှာ တတိယခါ ဖြစ်လေဟှယ်။
ယေရှုန ပေတရု
15တဗဲ့တော်လေ စားဂေ့ဘီးန ယေရှုဟှ “ယောဟန်ရဲ့သား ရှိမုန်၊ သူးနို့ ငါ့ဟှို ရှစ်ဇာထတ် နန်ဟှာ ငါ့ဟှို ပိုဘီး ရှစ်ဘဲ့လော” ဆိုဘီး ရှိမုန်ပေတရုဟှို မေးတော်မူလေဟှယ်။
ပေတရုဟှ “မှန်ပါဟှယ် သခင်၊ ကိုယ်တော့်ဟှို ကျွန်တော်ရှစ်ဟှယ် ဆိုဇာဟှို ကိုယ်တော်သိပါဟှယ်” ဆိုဘီး ပ္လန်ဖြေလေဟှယ်။
ယေရှုဟှ “ငါ့ရဲ့သိုးသားဂန်းလေဟှို ကျွေးမွေးပါ” ဆိုဘီး သူ့ဟှို မိန့်တော်မူလေဟှယ်။ 16ယေရှုဟှာ “ယောဟန်ရဲ့သား ရှိမုန်၊ ငါ့ဟှို ရှစ်ဘဲ့လော” ဆိုဘီး သူ့ဟှို ဒုတိယခါ မေးတော်မူလေဟှယ်။
ပေတရုဟှ “ရှစ်ပါဟှယ် သခင်၊ ကျွန်တော် ရှစ်ဟှယ် ဆိုဇာဟှို ကိုယ်တော်သိပါဟှယ်” ဆိုဘီး ပ္လန်ဖြေလေဟှယ်။
ယေရှုဟှာ “ငါ့သိုးလေဟှို ကေ့ရှုပါ” ဆိုဘီး သူ့ဟှို မိန့်တော်မူလေဟှယ်။ 17ယေရှုဟှာ “ယောဟန်ရဲ့သား ရှိမုန်၊ ငါ့ဟှို ရှစ်ဘဲ့လော” ဆိုဘီး သူ့ဟှို တတိယခါ မေးတော်မူလေဟှယ်။
ယေရှုဟှာ သောင်းခါ မေးတော်မူဟှူကြောန့် ပေတရုဟှာ ဝန်းနဲဟှားဘီး “သခင်၊ ကိုယ်တော်ဟှာ ဂူလောင်းဟှို သိတော်မူဟှူကြောန့် ကိုယ်တော့်ဟှို ကျွန်တော်ရှစ်ဟှယ် ဆိုဇာဟှို ကိုယ်တော်သိပါဟှယ်!” ဆိုဘီး ကိုယ်တော့်ဟှို ပ္လန်လျှော့‑က်လေဟှယ်။
ယေရှုဟှာ “ငါ့သိုးလေဟှို ကေ့ရှုပါ။ 18နန်းနို့ဟှို ငါ မှန်တိုင်းပြောမယ်၊ နန်ဟှာ ငယ်ရွယ်ဒူးခီမာ နန်ဝတ်ရှင်ဇာဟှို ဝတ်ဘီး နန်သွားရှင်ဟှူနေရာဟှို သွားနိုင်ဟှယ်။ အယ်ဘေမဲ့ နန်ဟှာ အိုဟှားဟှူ ခီမာ နန့်လတ်နှေ့ဖတ်ဟှို ဆန့်ဟှားဘီး ယော့‑က်ယော့‑က်ဟှ နန့်ဟှို ဝတ်ဆင်ဘီးဟှာ နန်သွားရှင်ဘဲဟှူ နေရာဟှို ယူဆောန်ဟှားလေ့မယ်” ဆိုဘီး သူ့ဟှို မိန့်တော်မူလေဟှယ်။ 19အယ်မျိုးပြောနေဇာဟှ ပေတရုဟှာ အယ်မျိုးနည်းလမ်းန သေရဇာအားဖြင့် ဘုရားသခင်ရဲ့ ဖောင်းသရေတော်ဟှို ထန်ရှားစေမယ် ဆိုဇာဟှို ယေရှုဟှာ ဖော်ပြနေဇာဖြစ်ဟှယ်။ အယ်ဘီးန ယေရှုဟှာ “ငါ့နော့‑က်လိုက်ဟှား!” ဆိုဘီး သူ့ဟှို မိန့်တော်မူလေဟှယ်။
ယေရှုန တခြားတဗဲ့တော်
20 #
ယော ၁၃.၂၅
ပေတရုဟှာ လှည့်ကေ့လိုက်ဘီး သူ့နော့‑က်မာ ယေရှုရှစ်တော်မူဟှူ တဗဲ့တော်ဟှို ဗြင်လေဟှယ်။ အယ်လူဟှာ ညဉ့်ဇာစားဟှူ ခီမာ ယေရှုဟှို မှီဘီး “သခင်၊ ကိုယ်တော့်ဟှို သစ်စာဖော့‑က်မယ့်လူဟှာ ဖယ်သူနူး” ဆိုဘီး မေးဟှူလူဖြစ်ဟှယ်။ 21ပေတရုဟှာ အယ်တဗဲ့တော်ဟှို ဗြင်ဟှူ ခီမာ “သခင်၊ အယ်လူဟှာ ဖယ်မျိုးဖြစ်လေ့မယ်နူး” ဆိုဘီး ယေရှုဟှို မေးလေဟှယ်။
22ယေရှုဟှ “ငါပ္လန်ကြွလာမယ့်ခီထိ သူ့ဟှို သတ်ရှင်စေဟှို့ ငါလိုရှိဟှယ် ဆိုဟှာ နန့်နဖြားဆိုင်နူး။ ငါ့နော့‑က်ဟှို လိုက်ဟှား!” ဆိုဘီး ပ္လန်ဖြေတော်မူလေဟှယ်။
23အယ်ကြောန့် အယ်တဗဲ့တော်ဟှာ သေဟှို့ မှုဟှ ဆိုဘီး အယ်ဒန်းဟှာ ယေရှုရဲ့ နော့‑က်တော်လိုက်လေထဲမာ ပ္လံ့ဟှားလေဟှယ်။ အယ်ဘေမဲ့ ယေရှုဟှာ အယ်တဗဲ့တော် သေဟှို့ မှုဟှ ဆိုဘီး မိန့်တော်မူဇာ မှုဟှ။ ကိုယ်တော်ဟှ “ငါပ္လန်ကြွလာမယ့်ခီထိ သူ့ဟှို သတ်ရှင်စေဟှို့ ငါလိုရှိဟှယ် ဆိုဟှာ နန့်နဖြားဆိုင်နူး” ဆိုဘီး မိန့်တော်မူလေဟှယ်။
24အယ်ကြောန်းရာလေဟှို သတ်သေခံဘီး ရေးဟှားလူဟှာ အယ်တဗဲ့တော်ဘဲ့ ဖြစ်ဟှယ်။ သူ့သတ်သေခံချစ်လေဟှာ မှန်ဘဲ့ဖြစ်ဟှယ် ဆိုဇာဟှို နို့လေသိဂေ့ဟှယ်။
နိဂေါင်း
25ယေရှုပြုတော်မူဟှူ တခြားဇာလေဟှာ ဘောင်ဂီးရှိသေးဟှယ်။ အယ်မူဇာလေ ဂူလောင်းဟှို မှတ်တမ်းတန်ဟှားမယ် ဆိုဟှာ ကျမ်းလေဟှို အယ်လောကမာ ထားဇာနေရာမှေ့ဟှို့ မှုဟှ ဆိုဘီး ထန်မိဟှယ်။
Currently Selected:
ယောဟန် 21: NTDWB24
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© The Word for the World International, 2024.