YouVersion Logo
Search Icon

ယောဟန် 20

20
လောန်းမှေ့ဘဲဟှူဂူကြောန်း
(မဿဲ ၂၈.၁–၈; မာကု ၁၆.၁–၈; လုကာ ၂၄.၁–၁၂)
1နန်းနွေနေ့ မိုးလန်းခန် မှောန်နေဒူးခီမာ မာဂဒလဝါသူ မာရိဟှာ သန်းခ္လိုင်းဟှို ရော့‑က်လာဘီး က္လော့‑က်တောင်းဟှို ဂူဝဟှနေ ဖယ်ဟှားဇာဟှို တွိရလေဟှယ်။ 2သူဟှာ ရှိမုန်ပေတရုန ယေရှုရှစ်တော်မူဟှူ တခြားတဗဲ့တော်နားဟှို ပ္လေးဟှားဘီး “သခင်ဘုရားဟှို သန်းခ္လိုင်းဟှနေ သူးနို့ ယူဟှားဘီး ဖယ်နေရာမာ ထားဟှားဂေ့ဟှယ် ဆိုဇာဟှို နို့လေသိဂေ့ဟှ!” ဆိုဘီး သူးနို့ဟှို ပြောပြလေဟှယ်။
3အယ်န ပေတရုန တခြားတဗဲ့တော်ဟှာ သန်းခ္လိုင်းဟှို သွားဂေ့လေဟှယ်။ 4သူးနို့နှေ့ယော့‑က်ဟှာ တူးဒူပ္လေးဟှားဂေ့ဘေမဲ့ တခြားတဗဲ့တော်ဟှာ ပေတရုထတ် ဗြန်းဗြန်းပ္လေးဟှားဘီး သန်းခ္လိုင်းဟှို ရင်ဦးဆောင်း ရော့‑က်ဟှားဟှယ်။ 5သူဟှာ ငေါက်ကေ့လိုက်ဟှူဇာ ပိဖ္လူလေဘဲ့ တွိလေဟှယ်။ အယ်ဘေမဲ့ သူဟှာ ထဲဟှို ဝမ်ဘဲနေလေဟှယ်။ 6နော့‑က်ဟှလိုက်လာဟှူ ရှိမုန်ပေတရုဟှာ ရော့‑က်လာဘီး သန်းခ္လိုင်းဂူထဲဟှို ဝမ်ဟှားဟှယ်။ သူဟှာ ပိဖ္လူန 7ယေရှုရဲ့ ဦးခေါန်းတော်ဟှို ပတ်ဟှားဟှူ ပိဖ္လူဟှိုဘဲ့ တွိရဟှယ်။ ဦးခေါန်းတော်ဟှ ပိဖ္လူဟှာ တခြားပိဖ္လူလေနတူးဒူ မှေ့ဘဲ့ တခြားစီရှိနေလေဟှယ်။ 8အယ်ဘီးန သန်းခ္လိုင်းဂူဟှို ရင်ဦးဆောင်း ရော့‑က်နေဟှူ တခြားတဗဲ့တော်လည်း ထဲဟှို ဝမ်ဟှားလေဟှယ်။ အယ်လူဟှာ ဗြင်ဟှားဘီး ယောင်ကြည်လေဟှယ်။ 9ကိုယ်တော်ဟှာ သေဘီးန ပ္လန်ရှင်ရမယ် ဆိုဘီး ပြောဟှားဟှူ ကျမ်းစာဟှို သူးနို့လေ နားလည်ဂေ့သေးဟှ။ 10အယ်ဘီးန တဗဲ့တော်နှေ့ပါးဟှာ အီဟှို ပ္လန်ဟှားလေဟှယ်။
ယေရှုဟှာ မာဂဒလဝါသူ မာရိ ကိုယ်ထန်ရှားပြဟှူကြောန်း
(မဿဲ ၂၈.၉,၁၀; မာကု ၁၆.၉–၁၁)
11မာရိဟှာ သန်းခ္လိုင်းဂူပ္လန်မာ ငိုဘီး ရပ်နေဟှယ်။ သူဟှာ ငိုနေဒူးမာဘဲ့ သန်းခ္လိုင်းဂူထဲဟှို ငုံ့ကေ့လိုက်ဇာ 12ကောန်းဂန်တမန်နှေ့ပါးဟှာ ဝတ်ရောင်ဖ္လူဟှို ဝတ်ဟှားဘီး ယေရှုလောန်းတော်ရဲ့ ခေါန်းရင်းမာတပါး၊ ခေရင်းမာတပါး ထိုင်နေဇာဟှို ဗြင်လေဟှယ်။ 13သူးနို့ဟှ “မီးမဂီး၊ ဖြားဖြစ်ကြောန့် ငိုနေရနူး” ဆိုဘီး သူ့ဟှို မေးဂေ့ဟှယ်။
သူဟှ “ကျွန်မရဲ့ သခင်ဟှို သူးနို့ယူဆောန်ဟှားဘီး ဖယ်မာထားဟှားဟှယ် ဆိုဇာဟှို သိဟှ!” ဆိုဘီး ပ္လန်ဖြေလေဟှယ်။
14အယ်ဘီးန နော့‑က်ဟှို လှည့်ကေ့လိုက်ဇာ ယေရှုဟှာ ရပ်တော်မူနေဇာဟှို ဗြင်ဘေမဲ့ ယေရှုဖြစ်ဟှယ် ဆိုဇာဟှို သိဟှ။ 15ယေရှုဟှ “မီးမဂီး၊ ဖြားဖြစ်ကြောန့် ငိုနေရနူး။ နန်ဟှာ ဖယ်လူဟှို ရှာနေဟှယ်နူး။” ဆိုဘီး သူ့ဟှို မေးတော်မူလေဟှယ်။
မာရိဟှာ ကိုယ်တော့်ဟှို ဥယျဉ်မှူး ဆိုဘီး ထန်နေဟှယ်။ အယ်ကြောန့် သူဟှာ ကိုယ်တော့်ဟှို ပြောလိုက်ဇာဟှ “ဆရာ၊ သူ့ဟှို ယူဆောန်ဟှားဟှယ် ဆိုဟှာ ဖယ်နားမာထားဟှားဟှယ် ဆိုဇာဟှို ကျွန်မဟှို ပြောပြပါ။ ကျွန်မသွားဘီး ယူပါမယ်။”
16ယေရှုဟှ “မာရိ!” ဆိုဘီး သူ့ဟှို ခေါ်လေဟှယ်။
မာရိဟှာ လှည့်ဘီး ဟေဗြဲစကားန “ရဗ္ဗုနိ!” ဆိုဘီး ပ္လန်ထူးလေဟှယ်။ ရဗ္ဗုနိရဲ့ ဓိပါယ်မာ “ဆရာ” ဖြစ်ဟှယ်။
17ယေရှုဟှာ “ငါဟှာ ဖနားဟှို တတ်ရသေးဘဲဟှူကြောန့် ငါ့ဟှို ထိနအူး။ ငါ့ညီကိုလေနားဟှို သွားဘီးဟှာ ငါ့ရဲ့ဖဖြစ်ဟှူ နန်းနို့ရဲ့ဖ၊ ငါ့ရဲ့ဘုရားသခင်ဖြစ်ဟှူ နန်းနို့ရဲ့ ဘုရားသခင်နားဟှို ငါတတ်ရအူးမယ် ဆိုဇာဟှို ပြောပါ” ဆိုဘီး သူ့ဟှို မိန့်တော်မူလေဟှယ်။
18အယ်ကြောန့် မာဂဒလဝါသူ မာရိဟှာ တဗဲ့တော်လေနားဟှို သွားဘီး သခင်ဘုရားဟှို တွိဟှားကြောန်းန ကိုယ်တော် မိန့်တော်မူဟှားဟှူ ဇာလေဟှို ပြောပြလေဟှယ်။
ယေရှုဟှ တဗဲ့တော်လေဟှို ကိုယ်ထန်ရှားပြဟှူကြောန်း
(မဿဲ ၂၈.၁၆–၂၀; မာကု ၁၆.၁၄–၁၈; လုကာ ၂၄.၃၆–၄၉)
19နန်းနွေနေ့ ညဉ့်ခန်းဖတ်မာ တဗဲ့တော်လေဟှာ ယုဒအာဏာပိုင်လေဟှို ကြော့‑က်ဟှူကြောန့် ခွဗော့‑က်လေပိဟှားဘီး စုဝီးနေဂေ့ဟှယ်။ အယ်ခီမာ ယေရှုဟှာ ကြွလာတော်မူဘီး သူးနို့လယ်မာ ရပ်တော်မူဘီး “နန်းနို့နတူးဒူ ငြီသတ်ရှင်း ရှိပါစေ” ဆိုဘီး မိန့်တော်မူလေဟှယ်။ 20အယ်မျိုး မိန့်တော်မူဘီးန ကိုယ်တော်ရဲ့ လတ်တော်န နံဘေးတော်ဟှို တဗဲ့တော်လေဟှို ပြတော်မူလေဟှယ်။ တဗဲ့တော်လေဟှာ သခင်ဘုရားဟှို တွိဗြင်ရဟှူ ခီမာ ဝန်းသာဂေ့လေဟှယ်။ 21ယေရှုဟှာ “နန်းနို့မာ ငြီသတ်မှုရှိစေ။ ဖဟှ ငါ့ဟှို စေလွှတ်မျိုးဘဲ့ ငါလည်း နန်းနို့ဟှို စေလွှတ်မယ်” ဆိုဘီး သူးနို့ဟှို ထပ်ဘီး မိန့်တော်မူလေဟှယ်။ 22အယ်ဘီးန ကိုယ်တော်ဟှာ တဗဲ့တော်လေထတ်ဟှို မှုတော်မူဘီး “သန့်ရှင်းဟှူဝိညာဉ်တော်ဟှို လတ်ခံဂေ့။ 23#မ ၁၆.၁၉; ၁၈.၁၈နန်းနို့ဟှာ လူလေရဲ့ ပြစ်လေဟှို ခွမ့်လွှတ်မယ် ဆိုဟှာ သူးနို့ဟှာ ပြစ်လေလွှတ်ဇာခံရမယ်။ နန်းနို့ဟှာ သူးနို့ရဲ့ ပြစ်လေဟှို ခွမ့်လွှတ်ဘဲဟှ ဆိုဟှာ သူးနို့ဟှာ ပြစ်လေ လွှတ်ဇာခံရမယ်မူဟှ” ဆိုဘီး မိန့်တော်မူလေဟှယ်။
ယေရှုန သောမ
24ယေရှုကြွလာတော်မူဟှူ ခီမာ တဗဲ့တော် ဆယ့်နှေ့ပါးထဲဟှ တယော့‑က်ဖြစ်ဟှူ မြွှာဘ္လူး ဆိုဘီး ခေါ်ဟှူ သောမဟှာ သူးနို့နတူးဒူ မှေ့ဟှ။ 25အယ်ကြောန့် တခြားတဗဲ့တော်လေဟှာ “နို့လေဟှာ သခင်ဘုရားဟှို ဗြင်ရပီးဘီ!” ဆိုဘီး သူ့ဟှို ပြောဂေ့ဟှယ်။
သောမဟှာ “လတ်တော်မာ သံရိုက်ရာဟှို ဗြင်ရဘဲန၊ သံရိုက်ရာဟှို တို့စမ်းရဘဲန၊ နံဘေးတော်ဟှို လတ်ညှိုးန စမ်းသပ်ရဘဲန ငါယောင်ကြည်ဟှို့ မှုဟှ” ဆိုဘီး သူးနို့ဟှို ပြောလေဟှယ်။
26တဘတ်ကြာဘီးန တဗဲ့တော်လေဟှာ အီထဲမာ ပ္လန်စုဝီနေဟှူ ခီမာ သောမလည်း သူးနို့နတူးဒူ ရှိနေလေဟှယ်။ ခွဗော့‑က်လေဟှို ပိဟှားဘေမဲ့ ယေရှုဟှာ ကြွလာတော်မူဘီး သူးနို့လယ်မာ ရပ်တော်မူဘီးဟှာ “နန်းနို့မာ ငြီသတ်မှုရှိစေ” ဆိုဘီး မိန့်တော်မူလေဟှယ်။ 27အယ်ဘီးန ကိုယ်တော်ဟှာ “နန့်ရဲ့လတ်ညှိုးန အယ်နေရာဟှို တို့ဘီးဟှာ ငါ့လတ်လေဟှိုကေ့။ အယ်ဘီးဟှာ နန့်လတ်ဟှို ဆန့်ဘီး ငါ့နံဘေးဟှို စမ်းသပ်ကေ့။ သံသယမှေ့ဘဲ့န ယောင်ကြည်ပါ!” ဆိုဘီး သောမဟှို မိန့်တော်မူလေဟှယ်။
28သောမဟှာ “ကျွန်တော့်သခင်၊ ကျွန်တော့်ဘုရားသခင်!” ဆိုဘီး ကိုယ်တော့်ဟှို လျှော့‑က်လေဟှယ်။
29ယေရှုဟှာ “နန်ဟှာ ငါ့ဟှို ဗြင်ရဟှူကြောန့် ယောင်ကြည်ဇာလော။ ငါ့ဟှို ဗြင်ဘဲ့န ယောင်ကြည်ဟှူ လူလေဟှာ မင်္ဂလာရှိဟှယ်!” ဆိုဘီးသူ့ဟှို မိန့်တော်မူလေဟှယ်။
အယ်ကျမ်းရဲ့ ရည်ရွယ်ချစ်
30အယ်ကျမ်းထဲမာ ရေးဟှားဘဲဟှူ တခြားနိမိတ်လတ်ခဏာလေ ဘောင်ဂီးဟှိုလည်း တဗဲ့တော်လေရှေ့မာ ယေရှုဟှာ ပြတော်မူလေဟှယ်။ 31အယ်ဘေမဲ့ ယေရှုဟှာ ဘုရားသခင်ရဲ့ သားတော် မေရှိယ ဖြစ်တော်မူဟှယ် ဆိုဇာဟှို နန်းနို့ ယောင်ကြည်ဂေ့ဟှို့န အယ်မျိုး ယောင်ကြည်ဇာအားဖြင့်#၂၀.၃၁ ယောင်ကြည်ဇာအားဖြင့်၊ တချို့ မူရင်းလတ်ရေးမူလေမာ ဆစ်ဘီးဟှာ ယောင်ကြည်ဂေ့၊ ဆိုဘီး ပါရှိဟှယ်။ ကိုယ်တော့်နာမနှိုက် သတ်ဟှို ရရှိဟှို့တွပ် အယ်မူဇာလေဟှို ရေးဟှားဇာဖြစ်ဟှယ်။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in