YouVersion Logo
Search Icon

ယောဟန် 13

13
ယေရှုဟှာ တဗဲ့တော်လေရဲ့ခေဟှို ဆေးတော်မူဟှူကြောန်း
1ပသခါပွဲတော် လောက်ခန် တနေ့မာ ဖြစ်ဟှယ်။ ယေရှုဟှာ အယ်လောကဟှ ထွပ်ခွါဘီး ဖနားဟှို ကြွတော်မူဟှို့ခီ ရော့‑က်လာဘီ ဆိုဇာဟှို သိတော်မူဟှယ်။ ကိုယ်တော်ဟှာ အယ်လောကမာရှိနေဟှူ မိမိလူလေဟှို ရှစ်တော်မူဘီး ဆောင်းထိ ရှစ်တော်မူလေဟှယ်။
2ယေရှုန တဗဲ့တော်လေဟှာ ညဉ့်ဇာစားနေဂေ့ဟှယ်။ မာရ်နတ်ဟှာ ရှိမုန်ရှကာရုတ်သား ယုဒရဲ့ စိနှလောင်းထဲမာ ကိုယ်တော့်ဟှို သစ်စာဖော့‑က်ဟှို့ ကြံစည်ဟှို ထဲ့ပေးဟှားပီးဘီ။#၁၃.၂ မာရ်နတ်ဟှာ ရှိမုန်ရှကာရုတ်သား ယုဒရဲ့ စိနှလောင်းထဲမာ ကိုယ်တော့်ဟှို သစ်စာဖော့‑က်ဟှို့ ကြံစည်ဟှို ထဲ့ပေးဟှားပီးဘီ၊ အယ်မျိုးမှုဘဲနေဟှာမာရ်နတ်ဟှာ ရှိမုန်ရှကာရုတ်သား ယုဒဟှို ယေရှုရဲ့ သစ်စာဖော့‑က်ဟှို့ ဆောင်းဖြတ်ဟှားပီးဘီ။ 3ဖဟှ သူ့ဟှို အာဏာလေ အားလောင်း ပေးဟှားဟှယ် ဆိုဇာဟှိုရော၊ ဘုရားသခင်နားဟှနေ ကြွလာတော်မူဟှယ် ဆိုဇာရော၊ ဘုရားသခင်နားဟှို ပ္လန်ကြွတော်မူရမယ် ဆိုဇာဟှိုရော ယေရှုဟှာ သိတော်မူဟှယ်။ 4အယ်ကြောန့် ကိုယ်တော်ဟှာ စားဗွဲဟှနေ ထတော်မူဘီး ပ္လန်ဝတ်ဟှို ခလွတ်တော်မူဘီး မျစ်နှာသုပိုင်းဟှို ကိုယ်တော်ရဲ့ခါးမာ ပတ်တော်မူလေဟှယ်။ 5အယ်ဘီးန ကိုယ်တော်ဟှာ ရေအန်ဒုန်ထဲဟှို ရေလောန်းထဲ့ဘီး စဘီးဟှာ တဗဲ့တော်လေရဲ့ ခေဟှို ဆေးပေးဘီးဟှာ ခါးမာပတ်ဟှားဟှူ မျစ်နှာသုပိုင်းန သုတော်မူလေဟှယ်။ 6ကိုယ်တော်ဟှာ ရှိမုန်ပေတရုနားဟှို ရော့‑က်ဟှူ ခီမာ ပေတရုဟှ “သခင်၊ ကိုယ်တော်ဟှ ကျွန်တော့်ခေဟှို ဆေးပေးဟှို့လော” ဆိုဘီး ကိုယ်တော့်ဟှို လျှော့‑က်လေဟှယ်။
7ယေရှုဟှာ သူ့ဟှို “ငါလောက်ဇာလေဟှို ခု နန်နားလည်ဟှို့ မှုဟှ။ အယ်ဘေမဲ့ နော့‑က်ဆိုဟှာ နားလည်လာလေ့မယ်” ဆိုဘီး ဖြေတော်မူဟှယ်။
8ပေတရုဟှ “ကိုယ်တော်ဟှာ ကျွန်တော့်ရဲ့ ခေဟှို လောင်းဝ ဆေးပေးတော်မူန!” ဆိုဘီး လျှော့‑က်လေဟှယ်။
ယေရှုဟှ “နန့်ရဲ့ခေဟှို ငါဆေးပေးရဘဲဟှ ဆိုဟှာ နန်ဟှာ ငါ့တဗဲ့တော် ဖြစ်ဟှို့ မှုဟှ” ဆိုဘီး ဖြေတော်မူလေဟှယ်။
9ရှိမုန်ပေတရုဟှ “သခင်၊ အယ်မျိုးဆိုဟှာ ကျွန်တော့်ရဲ့ ခေဟှိုဘဲ့ဆေးန! ကျွန်တော့်ရဲ့လတ်လေန ခေါန်းဟှိုလည်း ဆေးပေးပါ!” ဆိုဘီး လျှော့‑က်လေဟှယ်။
10ယေရှုဟှ “ရေချိုးဘီးသားလူလေဟှာ တကိုယ်လောင်း စင်ကြယ်ဟှားဘီဖြစ်ဟှူကြောန့် သူးနို့ရဲ့ ခေဟှိုဘဲ့ ဆေးဟှို့လိုဟှယ်။#၁၃.၁၀ တချို့ မူရင်းလတ်ရေးမူလေမာ သူးနို့ရဲ့ ခေဟှိုဘဲ့ ဆေးဟှို့လိုဟှယ် ဆိုဇာဟှာ မှေ့ဟှ။ နန်းနို့အားလောင်းဟှာ စင်ကြယ်ဟှားဘီ။ အယ်ဘေမဲ့ တယော့‑က်ဘဲ့ စင်ကြယ်ဟှ” ဆိုဘီး မိန့်တော်မူလေဟှယ်။ 11ယေရှုဟှာ သူ့ဟှို သစ်စာဖော့‑က်မယ့်လူဟှို သိဟှားဘီးဟှူကြောန့် “နန်းနို့အားလောင်းထဲမာ စင်ကြယ်ဘဲဟှူ လူတယော့‑က်ရှိနေဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
12 # လု ၂၂.၂၇ ယေရှုဟှာ သူးနို့ရဲ့ ခေလေဟှို ဆေးပေးဘီးန ပ္လန်ဝတ်ဟှို ပ္လန်ဝတ်လိုက်ဘီး စားဗွဲမာ ပ္လန်ထိုင်တော်မူလေဟှယ်။ ကိုယ်တော်ဟှ “နန်းနို့ဟှို ငါပြုလောက်ဇာလေဟှို နားလည်ဂေ့ဘဲ့လော” ဆိုဘီး မေးတော်မူလေဟှယ်။ 13“နန်းနို့ဟှ ငါ့ဟှို သခင်ဆိုဘီးရော၊ ဆရာဆိုဘီးရော ခေါ်ဂေ့ဟှယ်။ ငါလည်း အယ်တိုင်းဘဲ့ဖြစ်ဟှူကြောန့် နန်းနို့ခေါ်ဇာဟှာ မှန်ဟှယ်။ 14နန်းနို့ရဲ့ဆရာ၊ နန်းနို့ရဲ့သခင်ဖြစ်ဟှူ ငါဟှာ နန်းနို့ရဲ့ခေလေဟှို ဆေးပေးဟှယ်။ အယ်ဆိုဟှာ နန်းနို့လည်း ရှင်းရှင်းလေရဲ့ ခေဟှို ဆေးပေးရမယ်။ 15နန်းနို့ဟှို ငါပြုတော်မူမျိုးဘဲ့ နန်းနို့လည်းဘဲ့ အယ်မျိုးပြုလောက်ဟှို့ စံနမူနာဟှို ငါပြဟှားပီးဘီ။ 16#မ ၁၀.၂၄; လု ၆.၄၀; ယော ၁၅.၂၀နန်းနို့ဟှို ငါ မှန်တိုင်းပြောမယ်၊ ကျွန်ဟှာ သူးနို့သခင်ထတ် ကီးမြတ်ဟှ။ စေတမန်ဟှာ သူ့ဟှို စေလွှတ်သူထတ် ကီးမြတ်ဟှ။ 17အယ်သမ္မာတရားဟှို နန်းနို့ ခု သိဟှားဘီ။ အယ်မူတိုင်းလောက်မယ် ဆိုဟှာ နန်းနို့ဟှာ ရရာတိုင်း ပျော်ရွှင်ရလေ့မယ်!
18“ငါဟှာ နန်းနို့အားလောင်းဟှို ပြောဇာ မှုဟှ။ ငါဝီးချယ်ဟှားဟှူ လူလေဟှို ငါသိဟှယ်။ အယ်ဘေမဲ့ ကျမ်းစာဟှ ‘ငါ့ရဲ့မုဟှို စားဟှူလူဟှာ ငါ့ဟှို ပ္လန်ဘီးဆန့်ကျင်လေဘီ’ ဆိုဘီး ပြောဟှားဇာဟှာ မှန်ဘဲ့ဖြစ်လာဟှယ်။ 19အယ်ကြောန့် အယ်မူဇာလေ ဖြစ်လာခန်မာ ‘ငါဖြစ်မျိုးဘဲ့ ငါဖြစ်ဟှယ်’ ဆိုဇာဟှို နန်းနို့ဟှာ ယောင်ကြည်လာစေဟှို့ ခုဘဲ့ နန်းနို့ဟှို ငါပြောဟှယ်။ 20#မ ၁၀.၄၀; မာ ၉.၃၇; လု ၉.၄၈; ၁၀.၁၆နန်းနို့ဟှို ငါ မှန်တိုင်းပြောမယ်၊ ငါစေလွှတ်ဟှူ သူဟှို လတ်ခံဟှူ သူဟှာ ငါ့ဟှို လတ်ခံဟှယ်။ ငါ့ဟှို လတ်ခံဟှူ သူဟှာ ငါ့ဟှို စေလွှတ်လိုက်ဟှူ သူဟှိုလည်း လတ်ခံဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
ယေရှုဟှာ သစ်စာဖော့‑က်ခံရမယ် ဆိုဇာဟှို ကြိုတန်ပြောဟှူကြောန်း
(မဿဲ ၂၆.၂၀–၂၅; မာကု ၁၄.၁၇–၂၁; လုကာ ၂၂.၂၁–၂၃)
21ယေရှုဟှာ အယ်မျိုးမိန့်တော်မူဘီးန ရရာတိုင်း စိပူဘန်ဟှားဘီး “နန်းနို့ဟှို ငါ မှန်တိုင်းပြောမယ်၊ နန်းနို့ထဲဟှ တယော့‑က်ဟှာ ငါ့ဟှို သစ်စာဖော့‑က်လေ့မယ်” ဆိုဘီး ပွမ့်ပွမ့်လန်းလန်းဟှား သတ်သေခံဘီး မိန့်တော်မူလေဟှယ်။
22ကိုယ်တော်ဟှာ ဖယ်လူကြောန်းဟှို ပြောနေဟှယ် ဆိုဇာဟှို တဗဲ့တော်လေဟှာ လောင်းဝ နားလည်ဂေ့ဘဲဟှူကြောန့် ယော့‑က်နယော့‑က် ကေ့နေဂေ့ဟှယ်။ 23ယေရှုရှစ်တော်မူဟှူ တဗဲ့တော်လေထဲဟှ တယော့‑က်ဟှာ ယေရှုဘေးမာ ထိုင်နေဟှယ်။ 24ရှိမုန်ပေတရုဟှာ သူ့ဟှို “ကိုယ်တော်ဟှာ ဖယ်သူ့ကြောန်းဟှို ပြောနေဟှယ် ဆိုဇာဟှို မေးကေ့” ဆိုဘီး မျစ်ရိပြဘီး ပြောဟှယ်။
25အယ်ကြောန့် အယ်တဗဲ့တော်ဟှာ ယေရှုနားဟှို တိုးကပ်ဟှားဘီး “သခင်၊ အယ်လူဟှာ ဖယ်သူနူး” ဆိုဘီး မေးလျှော့‑က်လေဟှယ်။
26ယေရှုဟှ “အယ်မုဟှို ဟန်းဇားထဲမာ နှစ်လိုက်ဘီး ငါပေးလိုက်ဟှူ လူဘဲ့ဖြစ်ဟှယ်” ဆိုဘီး ဖြေတော်မူလေဟှယ်။ အယ်ကြောန့် ကိုယ်တော်ဟှာ မုတဖဲ့ဟှို ဟန်းဇားထဲမာ နှစ်လိုက်ဘီး ရှိမုန်ရှကာရုတ်ရဲ့သား ယုဒဟှို ပေးလေဟှယ်။ 27ယုဒဟှာ အယ်မုဟှို ယူဘီးန ရှင်းရှင်းဘဲ့ စာတန်ဟှာ သူ့ထဲဟှို ဝမ်လေဟှယ်။ ယေရှုဟှာ သူ့ဟှို “နန်လောက်ဇာရှိဇာဟှို ဗြန်းဗြန်ဟှားလောက်ပါ!” ဆိုဘီး မိန့်တော်မူလေဟှယ်။ 28ဖြားဖြစ်ကြောန့် ယေရှုဟှာ ယုဒဟှို အယ်မျိုးမိန့်တော်မူဟှယ် ဆိုဇာဟှို စားဗွဲမာ ထိုင်နေဟှူ လူယော့‑က်လည်း နားလည်ဂေ့ဟှ။ 29ယုဒဟှာ ကပ်အိကိုင်ရဟှူ သူဖြစ်ဟှူကြောန့် ယေရှုဟှ ပွဲတော်တွပ် လိုအပ်ဇာလေဟှို ဝယ်ခိုင်းလိုက်ဟှယ်။ အယ်မျိုးမှုဘဲနေဟှာ ဆင်းရဲသားလေဟှို တခုခုသွားပေးခိုင်းလိုက်ဟှယ် ဆိုဘီး တဗဲ့တော်တချို့ဟှာ ထန်နေဂေ့ဟှယ်။
30ယုဒဟှာ မုဟှို ခံယူဘီးန ရှစ်ရှင်းထွပ်ဟှားလေဟှယ်။ အယ်ခီဟှာ ညဉ့်ခန်းဖတ်ဖြစ်ဟှယ်။
ပညတ်တော်သစ်
31ယုဒထွပ်ဟှားဘီးန ယေရှုဟှ “ခု လူ့ရဲ့သားဟှာ ဖောင်းသရေတော် ထန်ရှားတော်မူဘီ။ ခု ဘုရားသခင်ဟှာ လူ့ရဲ့သားအားဖြင့် ဖောင်းသရေတော် ထန်ရှားတော်မူဘီ။ 32ဘုရားသခင်ဟှာ လူ့ရဲ့သားအားဖြင့် ဖောင်းသရေတော် ထန်ရှားတော်မူဟှယ် ဆိုဟှာ ဘုရားသခင် ကိုယ်တိုင်အားဖြင့် လူ့ရဲ့သားဟှို ဖောင်းသရေတော် ထန်ရှားတော်မူဘီး အယ်ဖောင်းသရေတော်ဟှို ရှစ်ရှင်း ထန်ရှားတော်မူလေ့မယ်။ 33#ယော ၇.၃၄ရှစ်ရဟှူ သားမီးလေ၊ ငါဟှာ နန်းနို့နတူးဒူ ရှစ်ဟှားဘဲ့ နေရလေ့မယ်။ နန်းနို့ဟှာ ငါ့ဟှို လိုက်ရှာလေ့မယ်။ အယ်ဘေမဲ့ ယုဒအာဏာပိုင်လေဟှို ပြောဟှားမျိုးဘဲ့ ‘ငါသွားမယ့်နေရာဟှို နန်းနို့လာနိုင်ဂေ့ဟှ’ ဆိုဘီး နန်းနို့ဟှို ခု ငါပြောဟှယ်။ 34#ယော ၁၅.၁၂,၁၇; ၁ ယော ၃.၂၃; ၂ ယော ၅ခု နန်းနို့ဟှို ငါပေးဟှူ ပညတ်တော်သစ်ဟှ ရှင်းရှင်းရှစ်ဂေ့။ နန်းနို့ဟှို ငါရှစ်မျိုးဘဲ့ ရှင်းရှင်းရှစ်ရမယ်။ 35နန်းနို့ရှင်းရှင်း ရှစ်ဂေ့မယ် ဆိုဟှာ နန်းနို့ဟှာ ငါ့တဗဲ့တော် ဖြစ်ဂေ့ဟှယ် ဆိုဇာဟှို လူတိုင်း သိဂေ့လေ့မယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
ယေရှုဟှာ ပေတရုရဲ့ ငြင်းပယ်ဇာဟှို ကြိုတန်ဖော်ပြဟှူကြောန်း
(မဿဲ ၂၆.၃၁–၃၅; မာကု ၁၄.၂၇–၃၁; လုကာ ၂၂.၃၁–၃၄)
36ရှိမုန်ပေတရုဟှ “သခင်၊ ကိုယ်တော်ဟှ ဖယ်နေရာဟှို သွားဟှို့နူး” ဆိုဘီး ကိုယ်တော့်ဟှို မေးလျှော့‑က်လေဟှယ်။
ယေရှုဟှ “ငါသွားဟှို့နေရာဟှို ခု နန်လိုက်နိုင်ဟှို့ မှုဟှ။ အယ်ဘေမဲ့ နော့‑က်ဆိုဟှာ လိုက်ရလေ့မယ်” ဆိုဘီး ဖြေတော်မူလေဟှယ်။
37ပေတရုဟှ “သခင်၊ ဖြားဖြစ်ကြောန့် ခုဟှ ကိုယ်တော်နော့‑က်ဟှို လိုက်နိုင်ရဟှနူး။ ကိုယ်တော်တွပ်ဆို ကျွန်တော့်သတ်ဟှို စွန့်ဟှို့ ဆင်သင့်ဘဲ့!” ဆိုဘီး မေးလျှော့‑က်လေဟှယ်။
38ယေရှုဟှ “နန်ဟှ ငါ့တွပ် နန့်ရဲ့ သတ်ဟှို စွန့်ဟှို့ ဆင်သင့်ဘဲ့လော။ နန့်ဟှို ငါ မှန်တိုင်းပြောမယ်၊ ကြစ်တွန်ခန်မာ နန်ဟှာ ငါ့ဟှို သိဟှ ဆိုဘီး သောင်းခါ ငြင်းပယ်လေ့မယ်” ဆိုဘီး ဖြေတော်မူလေဟှယ်။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in