YouVersion Logo
Search Icon

တမန်တော် 5

5
အာနနိန ရှဖိရေကြောန်း
1အာနနိနာမယ်ရှိဟှူ လူတယော့‑က်ဟှာ သူ့ရဲ့မယား ရှာဖိရေနတူးဒူ သူးနို့ ပိုင်ဟှူမ္လေဟှို ရောန်းဂေ့ဟှယ်။ 2အယ်ဘီးန အာနနိဟှာ ရောန်းရဟှူ ကပ်တဝပ်ဟှို သူ့ရဲ့မယားန ဘောတူဘီးဟှာ သူးနို့တွပ် ဖယ်ဟှားဘီးဟှာ ကျန်ဟှူကပ်လေဟှိုဘဲ့ တမန်တော်လေဟှို ပေးလေဟှယ်။ 3ပေတရုဟှ “အာနနိ၊ နန်ဟှာ လယ်ဟှိုရောန်းရဟှူ ကပ်တဝပ်ဟှို နန်းနို့တွပ် ဖယ်ဟှားဘီး ဖြားဖြစ်ကြောန့် သန့်ရှင်းဟှူဝိညာဉ်တော်ဟှို လှည့်ဇားနူး။ ဖြားဖြစ်ကြောန့် စာတန်ဟှို နန်းနို့ စိနှလောင်းဟှို အောက်စိုးခွမ့်ပေးနူး။ 4နန်ဟှာ အယ်လယ်ဟှို ရောန်းခန်ဒူးဟှ နန်းနို့ပိုင်ဟှယ် မှုဟှာလော။ ရောန်းလိုက်ဘီး နော့‑က်မာလည်း အယ်ကပ်လေဟှို နန်ပိုင်ဟှယ် မှုဟှလော။ ဖြားဖြစ်ကြောန့် စိနှလောင်းထဲမာ အယ်မျိုး ကြံစည်ဂေ့နူး။ နန်ဟှာ လူလေဟှိုဘဲ့ လှည့်ဇားဇာ မှုဟှ။ ဘုရားသခင်ဟှိုလည်း လှည့်ဇားဟှယ်!” ဆိုဘီး ပြောဟှယ်။ 5အယ်စကားဟှို ကြားန အာနနိဟှ လဲက္လဘီး သေဟှားဟှယ်။ အယ်ကြောန်းဟှို ကြားဂေ့ဟှူလူလေဟှာ ရရာတိုင်း ကြော့‑က်လန့်ဂေ့ဟှယ်။ 6လူငယ်လေဟှာ လာဘီးဟှာ အာနနိရဲ့ လောန်းဟှို ဝတ်နပတ်ဘီး ပ္လန်ဟှို ယူဟှားဘီး သင်္ဂြိုဟ်ဂေ့ဟှယ်။
7သောင်းနာရီလော့‑က် ကြာဘီးန အာနနိရဲ့ မယားဟှ ဖြစ်ပျစ်ဟှားဟှူဇာလေဟှို သိဘဲန ရော့‑က်လာဟှယ်။ 8ပေတရုဟှ “နန်းနို့ဟှာ လယ်ဟှို အယ်မျှနဘဲ့ ရောန်းလော” ဆိုဘီး မေးလေဟှယ်။
အယ်မီးမဟှ “ဟုတ်ဟှယ်။ အယ်မျှနဘဲ့ ရောန်းဟှယ်” ဆိုဘီး ဖြေလေဟှယ်။
9ပေတရုဟှ “သခင်ဘုရားရဲ့ ဝိညာဉ်တော်ဟှို သွီးတိုးစမ်းဟှို့တွပ် ဖြားဖြစ်ကြောန့် နန်းနို့ဟှာ ဘောတူဂေ့နူး။ ကေ့ကေ့၊ နန့်ယော့‑က်ကျားဟှို သင်္ဂြိုဟ်ဘီး ပ္လန်လာဟှူလူလေဟှာ ခွဗော့‑က်မာ ရှိနေဂေ့ဟှယ်။ သူးနို့ဟှာ နန့်ဟှိုလည်း သယ်ဟှားလေ့မယ်!” ဆိုဘီး ပြောဟှယ်။ 10ရှစ်ရှင်းဘဲ့ အယ်မီးမဟှာ ပေတရုရဲ့ ခေရင်းမာ လဲက္လဘီးဟှာ သေဟှားဟှယ်။ လူငယ်လေဟှ ရော့‑က်လာဂေ့ဟှူ ခီမာ အယ်မီးမဟှာ သေနေဇာဟှို တွိဟှားဟှူကြောန့် အယ်မီးမရဲ့ လောန်းဟှို ယူဟှားဘီးန သူ့ယော့‑က်ကျားနားမာ သင်္ဂြိုဟ်လိုက်ဂေ့ဟှယ်။ 11သင်းတော်တခုလောင်းန အယ်ကြောန်းဟှို ကြားဂေ့ဟှူ လူလေဟှာ ရရာတိုင်း ကြော့‑က်လန့်ဂေ့ဟှယ်။
နိမိတ်လတ်ခဏာလေန အံ့ဩဘွယ်ရာလေကြောန်း
12တမန်တော်လေဟှာ လူလေရှေ့မာ အံ့ဩဘွယ်ရာလေန နိမိတ်လတ်ခဏာလေဟှို ပြဂေ့ဟှယ်။ ယောင်ကြည်သူလေဟှာ ရှောလမုန်ရဲ့ မုခ်ဦးဆောန်မာ စုနေဂေ့ဟှယ်။ 13လူလေဟှာ သူးနို့ဟှို ချီးကျူးဂေ့ဘေမဲ့ ဖယ်လူလည်း သူးနို့ဟှို ပေါန်းသင်းရဲဂေ့ဟှ။ 14အယ်ဘေမဲ့ သခင်ဘုရားဟှို ယောင်ကြည်ဟှူ ယော့‑က်ကျားလေန မီးမလေဟှာ ဘောင်ဂီးဖြစ်လာဟှယ်။ 15လူလေဟှ နေကောန်းဘဲ့ဟှူ လူလေဟှို ခေါ်လာဂေ့ဟှယ်။ ပေတရု ဖြတ်ရှော့‑က်ဟှူ ခီမာ သူ့ရဲ့ရိဟှာ လူနာလေထတ်ဟှို က္လဟှို့တွပ် လူနာလေဟှို အိယာလေ၊ ထမ်းစင်လေန သယ်လာဂေ့ဘီး လမ်းမထတ်မာ ခ္လဟှားဂေ့ဟှယ်။ 16ယေရုရှလင်ဗြို့ ပတ်ပတ်လယ်ဟှ ဗြို့လေဟှ လူလေဟှာ ဖျားနေဟှူလူလေ၊ နတ်ဆိုးဝမ်ပူးနေဟှူ လူလေဟှို ခေါ်လာဂေ့ဟှယ်။ အယ်လူနာလေ ဂူလောင်းဟှာ ရောဂါပျော့‑က်ဟှားဂေ့ဟှယ်။
တမန်တော်လေဟှို ညှဉ်းဗန်း နှိစစ်ဂေ့ကြောန်း
17အယ်ခီမာ ယဇ်ပုရောဟိတ်မန်းန သူ့ရဲ့ နော့‑က်လိုက်လေဖြစ်ဟှူ ဇဒ္ဒုကဲ ဂိုဏ်းဝမ်လေဟှာ တမန်တော်လေဟှို ရရာတိုင်း နာလိုဝန်တိုစိ ရှိလာဂေ့ဟှူကြောန့် သူးနို့လေဟှို ရေးယူဟှို့တွပ် ဆောင်းဖြတ်ဂေ့ဟှယ်။ 18သူးနို့ဟှာ တမန်တော်လေဟှို ဖမ်းဘီးဟှာ ပြည်သူ့ ကျဉ်းထောန်ထဲမာ ထားဟှားဂေ့ဟှယ်။ 19အယ်ဘေမဲ့ အယ်ညဉ့်မာ သခင်ဘုရားရဲ့ ကောန်းဂန်တမန်တပါးဟှာ ထောန်ခွဗော့‑က်လေဟှို ဖွမ့်ဘီး တမန်တော်လေဟှို ခေါ်ထုဘီး၊ 20“သွားဘီး ဗိမာန်တော်ထဲမာရပ်ဘီး အယ်သတ်ရှင်ရှင်းန ဆိုင်ဟှူဇာလေ ဂူလောင်းဟှို လူလေဟှို ဟောပြောဂေ့ပါ” ဆိုဘီး သူးနို့ဟှို ပြောဟှယ်။ 21တမန်တော်လေဟှာ ကောန်းဂန်တမန်ရဲ့ စကားဟှို နားထောန်ဘီး မိုးလန်းစောစောမာ ဗိမာန်တော်ထဲဟှို ဝမ်ဘီးဟှာ ဟောပြောဂေ့ဟှယ်။
ယဇ်ပုရောဟိတ်မန်းန သူ့ပေါန်းဖော်လေဟှာ ဣသရေလလူမျိုး သတ်ကီးဟှူလူလေ ဂူလောင်းဟှို တရားလွှတ်တော်စည်းဝေးမာ စုလာဟှို့ ခေါ်ဂေ့ဟှယ်။ အယ်ဘီးန တမန်တော်လေဟှို ခေါ်ဆောန်လာဟှို့တွပ် စောန့်တပ်သားလေဟှို ကျဉ်းထောန်ဟှို စေလွှတ်လိုက်ဂေ့ဟှယ်။ 22ရာရှိလေဟှာ ရော့‑က်ဟှားဟှူ ခီမာ တမန်တော်လေဟှို တွိဂေ့ဟှမ်း။ အယ်ကြောန့် သူးနို့ဟှာ တရားလွှတ်တော်ဟှို ပ္လန်လာဘီး၊ 23“ကျွန်တော့်ဟှားလေဟှာ ထောန်ဟှို ရော့‑က်ဟှားခီမာ သေးသေချားချာ ပိဟှားဘီး စောန့်တပ်သားလေဟှလည်း ခွဗော့‑က်လေမာ ရပ်နေဇာဟှို တွိဂေ့ဟှယ်။ အယ်ဘေမဲ့ ခွဗော့‑က်လေဟှို ဖွမ့်လိုက်ဟှူ ခီမာ ထဲမာ ဖယ်လူဟှိုလည်း တွိဂေ့ဟှ!” ဆိုဘီး စီရင်ခံဂေ့ဟှယ်။ 24အယ်စကားဟှို ကြားဟှူ ခီမာ ဗိမာန်တော်စောန့် တပ်မှူးန ယဇ်ပုရောဟိတ်ဂီးလေဟှာ တမန်တော်လေမာ ဖြစ်ပျစ်ဟှားဇာဟှို အံ့ဩဟှားဂေ့ဟှယ်။ 25အယ်ခီမာ လူတယော့‑က်ဟှ ရော့‑က်လာဘီး “နားထောန်ဂေ့! ကျဉ်းခ္လဟှားဟှူ လူလေဟှာ ဗိမာန်တော်ထဲမာ ရပ်ဘီး လူလေဟှို သွန်သန်နေဂေ့ဟှယ်!” ဆိုဘီး ပြောလေဟှယ်။ 26အယ်ကြောန့် ရာရှိဟှာ သူ့လူလေနသွားဘီး တမန်တော်လေဟှို ပ္လန်ခေါ်လာဂေ့ဟှယ်။ အယ်ဘေမဲ့လည်း သူးနို့ဟှို လူလေဟှ က္လော့‑က်ခဲနပစ် ဇာဟှို စိုးရိမ်ဟှူကြောန့် တမန်တော်လေဟှို နိုင်ထတ်စီးနန်း လောက်ဂေ့ဟှ။
27တမန်တော်လေဟှို ခေါ်လာဘီးန တရားလွှတ်တော်ရှေ့မာ ရပ်ခိုင်းလိုက်ဟှယ်။ ယဇ်ပုရောဟိတ်မန်းဟှာ တမန်တော်လေဟှို စစ်ဆေးဂေ့ဟှယ်။ 28#မ ၂၇.၂၅သူးနို့ဟှ “အယ်လူရဲ့နာမဟှို ဟောပြောဘဲနေဟှို့တွပ် နန်းနို့ဟှို တင်းတင်းကျပ်ကျပ်ဟှား မိန့်ပေးဟှားဟှယ်! အယ်ဘေမဲ့ နန်းနို့ဟှာ ယေရုရှလင်တဗြို့လောင်း နန်းနို့လေရဲ့ သွန်သန်ဇာလေဟှို ပ္လံ့နှံ့စေဘီး အယ်လူရဲ့ သွီးဟှိုလည်း နို့လေထတ်ဟှို က္လစေဟှို့တွပ် ကြံစည်ဂေ့ဟှယ်!” ဆိုဘီး တမန်တော်လေဟှို ပြောဂေ့ဟှယ်။
29ပေတရုန တမန်တော်လေဟှ “နို့လေဟှာ လူရဲ့ စကားထတ် ဘုရားသခင်ရဲ့ စကားဟှို နားထောန်ရမယ်။ 30နို့လေ ဘိုးဘေလေရဲ့ ဘုရားသခင်ဟှာ လတ်ဝါးကပ်တိုင်မာ နန်းနို့ သတ်လိုက်ဟှူ ယေရှုဟှို ထမြော့‑က်စေဟှယ်။ 31ဣသရေလလူမျိုးလေဟှာ နောန်ဒရဘီး သူးနို့ ပြစ်လေဟှို ဖြေလွှတ်ပေးဟှို့တွပ် ဘုရားသခင်ဟှာ အယ်သခင်ဟှို သူ့ရဲ့ ညာဖတ်မာ ထားဟှားဘီးဟှာ ခေါန်းဆောန်န ကယ်တန်ရှင်းဖြစ် ချီးမြှော့‑က်တော်မူလေဟှယ်။ 32အယ်မူဇာလေတွပ် နို့လေဟှာ သတ်သေလေ ဖြစ်ဂေ့ဟှယ်။ ဘုရားသခင်ရဲ့ စကားဟှို နာခံဟှူလူလေဟှို ပေးတော်မူဟှူ သန့်ရှင်းဟှူဝိညာဉ်တော်ဟှလည်း သတ်သေ ဖြစ်ဟှယ်” ဆိုဘီး ပြောဂေ့ဟှယ်။
33တရားလွှတ်တော် ဖွဲ့ဝမ်လေဟှာ အယ်စကားဟှို ကြားဂေ့ဟှူ ခီမာ ရရာတိုင်း ဒေါသထွပ်ဂေ့ဘီး တမန်တော်လေဟှို သေဒန် ပေးရှင်ဂေ့ဟှယ်။ 34အယ်ခီမာ လူလေဟှို ရရာတိုင်း ရိုသေလေးစားရဟှူ၊ ကျမ်းတတ်ဆရာဖြစ်ဟှူ၊ ဂါမလျေလ နာမယ်ရှိဟှူ ဖာရိရှဲတယော့‑က်ဟှ တရားလွှတ်တော်မာ ထရပ်ဘီးဟှာ တမန်တော်လေဟှို ပ္လန်ဟှို ရှစ်ဟှား ခေါ်ထုဟှားဟှို့ မိန့်ပေးလိုက်ဘီးန 35“ဣသရေလလူမျိုးလေ၊ အယ်လူလေဟှို ဖယ်မျိုးလောက်မယ် ဆိုဇာဟှို ဒိန ဆင်ခြင်ဂေ့ပါ။ 36တခီဒူးဟှ သုဒနာမယ်ရှိဟှူ လူတယော့‑က်ဟှာ ပေါ်လာဘီး သူ့ကိုယ်သူ ရေးပါရာရော့‑က်ဟှူ လူဖြစ်ဟှယ် ဆိုဟှူကြောန့် သူ့နော့‑က်ဟှိုလိုက်ဟှူ သူလေဟှာ ၄၀၀ လော့‑က်ရှိလာဟှယ်။ အယ်ဘေမဲ့ သူသတ်ခံရဘီးန သူ့ဟှိုယောင်ကြည်ဟှူလေဟှာ ဖ္လဲဖ္လဲစင်ဖြစ်ဟှားဘီး သူ့ရဲ့လှောက်ရှားမှုလည်း ပျော့‑က်ကွယ်ဟှားဟှယ်။ 37အယ်ဘီးန သန်းဂေါန်စာရင်းကော့‑က်ဟှူ ခီမာ ဂါလိလဲနယ်သား ယုဒဟှာ ပေါ်လာဘီး လူလေဟှာ သူ့ဟှို အားကိုးလာအောန် စည်းရောင်းလေဟှယ်။ သူလည်းဘဲ့ သတ်ခံရဘီးန သူ့ဟှို ကိုးစားဟှူ လူလေဟှာ ဖ္လဲဖ္လဲစင် ဖြစ်ဟှားဂေ့ဟှယ်။ 38ခုကိစမာလည်း နန်းနို့ဟှို ငါပြောမယ်။ အယ်လူလေဟှို ရေးယူဂေ့န။ သူးနို့ဇာသူးနို့ နေပါစေ! သူးနို့ ကြံစည်ဘီး လောက်ဟှူဇာဟှာ လူဟှဖြစ်လာဟှယ် ဆိုဟှာ အယ်ကိစဟှာ ပျစ်ရလေ့မယ်။ 39အယ်ဘေမဲ့ ဘုရားသခင်ဟှနေ ဖြစ်လာဟှူ ကြံစည်ဆိုဟှာ အယ်လူလေဟှို နန်းနို့ တားဆီးနိုင်ဟှ။ နော့‑က်ဘီး ဘုရားသခင်ဟှို ဆန့်ကျင်မျိုးဘဲ့ ဖြစ်ဟှားနိုင်ဟှယ်!” ဆိုဘီး ပြောဟှယ်။
ယုဒ တရားလွှတ်တော်ဟှာ ဂါမလျေလရဲ့ ကြံဉာဏ်ဟှို နားထောန်ဂေ့လေဟှယ်။ 40သူးနို့ဟှ တမန်တော်လေဟှို ခေါ်ဘီး ကီဒန်ပေးဘီးန “ယေရှုနာမဟှို မှီပြုဘီး ဟောပြောဇာဟှို နော့‑က်တခါလောက်န” ဆိုဘီး မိန့်ပေးဘီး လွှတ်လိုက်ဂေ့ဟှယ်။ 41တမန်တော်လေဟှာ ယေရှုရဲ့ နာမတော်တွပ် ရှစ်ကွဲခံရဟှူဇာဟှာ ထိုက်တန်ဟှယ် ဆိုဘီး ဘုရားသခင်သတ်မှတ်ဟှားကြောန့် ဝန်းသာအားရန တရားလွှတ်တော်ဟှနေ ထွပ်ဟှားဂေ့ဟှယ်။ 42အယ်ဘီးန သူးနို့ဟှာ နေ့တိုင်း ဗိမာန်တော်မာရော၊ လူလေရဲ့ အီမာရော ယေရှုဟှာ မေရှိယဖြစ်ဟှူကြောန်း ဒန်းကောန်းဟှို ဆစ်ဘီးဟှာ ဟောပြောဂေ့ဟှယ်။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in