YouVersion Logo
Search Icon

ဇာ~ခ~ရိ~ကျမ်း။ 12

12
1ဣ သ ရေ လ လူ မျိုး ကို ရည် သော၊ ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် ဝန် တင် ချက် ကား၊ မိုး ကောင်း ကင် ကို ကြက် တော် မူ ထ သော၊ မြေ ပ ထ ဝီ ကို တည် ထောင် တော် မူ ထ သော၊ လူ သ တ္တ ဝါ၌ နာမ် ဝိ ညာဉ် ကို ဖန် ဆင်း တော် မူ သော ထာ ဝ ရ ဘု ရား က၊ 2ငါ သည်၊ ယေ ရု ရှ လင် မြို့ ကို၊ ဝိုင်း ထား ကြ ရာ၊ ပတ် ဝန်း ကျင် ရှိ လူ အ မျိုး မျိုး တို့၌၊ ယိမ်း ယိုင် စေ သော အင် တုံ သ ဖွယ် ဖြစ် စေ သည့် အ တိုင်း၊ ယု ဒ အ မျိုး ကို လည်း ဖြစ် စေ မည်။ 3ထို နေ့ ရက် ကာ လ၊ ငါ သည် မြေ တစ် ပြင် လုံး ရှိ လူ မျိုး ခြား အ ပေါင်း တို့ စု ရုံး တိုက် ခိုက် ကြ စဉ်၊ ယေ ရု ရှ လင် မြို့ ကို လူ အ မျိုး မျိုး တို့၌၊ လေး သော ကျောက် လုံး သ ဖွယ် ဖြစ် စေ မည့် အ လျောက်၊ ထမ်း ဆောင် သူ ဟူ သ မျှ တို့ သည်၊ စုတ် ပြတ် ထိ ရှ ခံ ရ ကြ လ တ္တံ့။ 4ထို နေ့ ရက် ကာ လ၊ ငါ မိန့် ဆို သည့် အ တိုင်း၊ ငါ သည် စစ် မြင်း ဟူ သ မျှ ကို မိန်း မော နာ၊ မြင်း စီး သူ ရဲ တို့ ကို ရူး သွပ် နာ၊ လူ အ မျိုး မျိုး တို့၏ စစ် မြင်း ဟူ သ မျှ ကို မျက် စိ ကွယ် နာ များ ဖြင့် ဒဏ် ခတ် ရာ၊ ယု ဒ အ မျိုး သား တို့ ကို မျက် မှောက် ပြု မည့် အ လျောက်၊ 5ယု ဒ အ ကြီး အ ကဲ တို့ က၊ ယေ ရု ရှ လင် မြို့ သား တို့ သည်၊ ကိုယ့် ဘု ရား သ ခင် ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား ကြောင့်၊ ငါ တို့ ခွန် အား တိုး တက် ရာ တိုး တက် ကြောင်း ဖြစ် သည် ဟု ဝန် ခံ ကြ လ တ္တံ့။ 6ထို နေ့ ရက် ကာ လ၊ ယု ဒ အ ကြီး အ ကဲ တို့ ကို ထင်း ပုံ တွင် မီး ဖို၊ ကောက် လှိုင်း ပုံ တွင်း မီး ရှူး သ ဖွယ်၊ ငါ ဖြစ် စေ မည့် အ လျောက်၊ ထို သူ တို့ သည်၊ ပတ် ဝန်း ကျင် ရှိ လူ အ မျိုး မျိုး တို့ ကို၊ ဝဲ ယာ ကျွမ်း လောင် လျက်၊ ယေ ရု ရှ လင် မြို့ လည်း၊ ရှိ ရင်း အ ရပ်၌ တည် မြဲ လိမ့် မည်။ 7ယု ဒ အ မျိုး ထက်၊ ဒါ ဝိဒ် မင်း မျိုး၏ အ သ ရေ၊ ယေ ရု ရှ လင် မြို့ သား တို့၏ အ သ ရေ မ လွန် ကဲ စေ ခြင်း ငှာ၊ ငါ ထာ ဝ ရ ဘု ရား သည်၊ ထို နေ့ ရက် ကာ လ၊ ယု ဒ တပ် များ တို့ အား အောင် မြင် ခွင့် ကို ပေး ပြီး နောက်၊ 8ယေ ရု ရှ လင် မြို့ သား တို့ ကို ကွယ် ကာ မည် ဖြစ်၍၊ နုန့် နဲ့ သူ တို့ သည် ဒါ ဝိဒ် မင်း ကဲ့ သို့ လည်း ကောင်း၊ ဒါ ဝိဒ် မင်း မျိုး သည် ဘု ရား သ ခင် ကဲ့ သို့၊ ဦး တည် သော ထာ ဝ ရ ဘု ရား၏ စေ တ မန် တော် ကဲ့ သို့လည်း ကောင်း၊ ဖြစ် ကြ လ တ္တံ့။ 9ထို နေ့ ရက် ကာ လ ငါ သည်၊ ယေ ရု ရှ လင် မြို့ သို့ ချီ လာ တိုက် ခိုက် သော လူ အ မျိုး မျိုး တို့ ကို ပယ် ရှား အံ့ သော ငှာ ကြံ ဆောင် လျက်၊ 10ဒါ ဝိဒ် မင်း မျိုး မှ စ သော၊ ယေ ရု ရှ လင် မြို့ သူ မြို့ သား တို့ အ ပေါ်၌၊ ကျေး ဇူး တော် ရ လို၍၊ အ သ နား တော် ခံ သော သ ဘော ကို သွန်း လောင်း သ ဖြင့်၊ ၎င်း တို့ သည်၊ ထိုး ဖောက် ခဲ့ သော သူ့ ကို ရှု မြော်၍ ဧ က ပု တ္တ သား အ တွက် မြည် တမ်း သ ကဲ့ သို့ လည်း ကောင်း၊ သား ဦး အ တွက် ကြင် နာ သ ကဲ့ သို့လည်း ကောင်း၊ မြည် တမ်း ကြင် နာ ကြ လ တ္တံ့။ 11ထို နေ့ ရက် ကာ လ၊ မေ ဂိ ဒ္ဒေါ ချိုင့် တွင်၊ ဟာ ဒ ဒြိ မ္မုန် အ တွက် မြည် တမ်း လေ့ ရှိ သည့် နည်း တူ၊ ယေ ရု ရှ လင် မြို့၌ မြည် တမ်း ကြ မည့် ပြင်၊ 12ပြည် လုံး နှံ့ အိမ် ထောင် တိုင်း သည်၊ အ သီး အ ခြား မြည် တမ်း ကြ ရာ၊ ဒါ ဝိဒ် မင်း မျိုး သည် ယောက်ျား မိန်း မ အ ခြား စီ၊ နာ သန့် အ နွယ် သား တို့ သည် ယောက်ျား မိန်း မ အ ခြား စီ၊ 13လေ ဝိ အ နွယ် သား တို့ သည် ယောက်ျား၊ မိန်း မ အ ခြား စီ။ ရှိ မိ အ နွယ် သား တို့ သည် ယောက်ျား မိန်း မ အ ခြား စီ။ 14ကျန် သ မျှ သော အ နွယ် သား တို့ တွင်၊ အိမ် ထောင် တိုင်း သည် ယောက်ျား မိန်း မ အ ခြား စီ၊ အ သီး အ ခြား မြည် တမ်း ရ ကြ လ တ္တံ့။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Video for ဇာ~ခ~ရိ~ကျမ်း။ 12