YouVersion Logo
Search Icon

ဇာ~ခ~ရိ~ကျမ်း။ 11

11
1အို လေ ဗ နုန် တောင်၊ သင့် သစ် က တိုး တော ကို မီး ကျွမ်း လောင် စေ ရန်၊ မီး ကာ ပေါက် များ ကို ဖွင့် လော့။ 2အို ထင်း ရူး ပင်၊ ထူး မြတ် သော သစ် က တိုး တော လဲ ကျ ပျက် စီး သည့် အ တွက်၊ အော် လော့။ အို ဗာ ရှန် ညန် မြိုင်၊ မ ဝင် နိုင် သော သစ် တော လဲ ကျ သည့် အ တွက်၊ ဟစ် လော့။ 3စား ကျက် ပျက် စီး သည့် အ တွက်၊ အ ထိန်း အ ကျောင်း တို့ အော် ဟစ် သံ၊ ယော် ဒန် ပိတ် ပေါင်း ပျက် စီး သည့် အ တွက်၊ ခြင်္သေ့ ပျို တို့ ဟိန်း ဟောက် သံ ကို၊ ကြား ရ လေ စွ။
4-5ငါ၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် မှာ၊ ဝယ် သူ တို့ သည် ပြစ် ဒဏ် လွတ် သတ် လျက်၊ ရောင်း သူ တို့ က၊ ထာ ဝ ရ ဘုရား ၌ မင်္ဂ လာ ရှိ ပါ စေ သော။ ငါ ကြွယ် ဝ ပြီ ဟု ဝါ ကြွား လျက်၊ အ ထိန်း အ ကျောင်း တို့ သည် မ ညှာ တာ ဘဲ နေ စဉ်၊ အ သတ် ခံ ရ သော သိုး ဆိတ် ကို ထိန်း ကျောင်း လော့ ဟူ၍ လည်း ကောင်း၊ 6ငါ သည်၊ အ ပြည် ပြည် ထောင် သား တို့ ကို ဆက် လက် မ ညှာ တာ ဘဲ၊ လူ သ တ္တ ဝါ တို့ ကို #11.6  ပါ ဠိ - အ ပေါင်း အ ဖော်။ကိုယ့် အ ထိန်း အ ကျောင်း၊ ကိုယ့် ဘု ရင် လက် တွင်း သို့၊ မ ကယ် လွှတ် ဘဲ အပ် နှင်း မည့် အ လျောက်၊ ထို သူ တို့ သည်၊ အ ပြည် ပြည် ကို လုပ် ကြံ မည် ဟူ ၍ လည်း ကောင်း၊ မိန့် တော် မူ သည့် အ တိုင်း၊ 7အ သတ် ခံ၍ သ နား ဖွယ် သော သိုး ဆိတ် တို့ ကို၊ ငါ ထိန်း ကျောင်း မည် ပြု ရာ၊ ကျေး ဇူး ပြု ခြင်း ခေါ် တစ် ချောင်း၊ သင်း ဖွဲ့ ခြင်း ခေါ် တစ် ချောင်း၊ ထို တောင် ဝေး နှစ် ချောင်း ကို ကိုင် ယူ လျက်၊ သိုး ဆိတ် တို့ ကို ငါ ထိန်း ကျောင်း ၏။ 8အ ထက် အ ထိန်း အ ကျောင်း သုံး ဦး တို့ ကို၊ တစ် လ အ တွင်း ငါ ပယ် ဖျက် ပြီး လျှင်၊ ငါ့ ကိုယ် တိုင် မ ချိ မ ဆံ့၊ ငါ့ ကြောင့် နှ လုံး နာ သော၊ ထို သိုး ဆိတ် တို့ အား၊ 9ငါ ထိန်း ကျောင်း တော့ မည် မ ဟုတ်။ သေ အံ့ ဆဲ အ ကောင် သေ ပါ လေ စေ။ ပျောက် အံ့ ဆဲ အ ကောင် ပျောက် ပါ လေ စေ။ ကျန် သေး သော အ ကောင် များ လည်း၊ အ ချင်း ချင်း နိုင် ရာ စား ကြ စေ ဟု ငါ ဆို လျက်၊ 10ကျေး ဇူး ပြု ခြင်း ခေါ် တောင် ဝေး ကို ကိုင် ယူ၍၊ ခပ် သိမ်း သော လူ မျိုး ခြား တို့ နှင့် ဖွဲ့ ခဲ့ သော မ ဟာ မိတ် ကို ပယ် ဖျက် မည့် လက္ခ ဏာ အ ဖြစ်၊ ချိုး ဖြတ် သည့် အ လျောက်၊ 11ထို နေ့ ရက် တွင် ပင် ပျက် လေ၏။ ငါ့ ကို ရှု မှတ် သော၊ သ နား ဖွယ် သိုး ဆိတ် တို့ သည်၊ ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် မှန် ကြောင်း သိ ကြ သည် နှင့်၊ 12ငါ က၊ သ ဘော တူ လျှင် အ ခ ကို ပေး လော့။ မ တူ လျှင် မ ပေး လင့် ဟု တောင်း ဆို ရာ၊ ငွေ အကျပ် သုံး ဆယ် ကို အ ခ အ ဖြစ် ချိန် ပေး ကြ သော်၊ 13ဘ ဏ္ဍာ တိုက် တွင်း သို့ ပစ် ချ လော့ ဟု၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ သည့် အ တိုင်း၊ သူ တို့ ဖြတ် ဆို သည့် အ ခ မြတ် တည်း ဟူ သော၊ ထို ငွေ သုံး ဆယ် ကို ငါ လက် ခံ လျက်၊ ထာ ဝ ရ ဘု ရား၏ ဗိ မာန် တော် ဘ ဏ္ဍာ တိုက် တွင်း သို့ ပစ် ချ လိုက်၏။ 14ထို နောက်၊ ယု ဒ အ မျိုး နှင့် ဣ သ ရေ လ အ မျိုး တို့ သွေး သား ပျက် မည့် လ က္ခ ဏာ အ ဖြစ်၊ သင်း ဖွဲ့ ခြင်း ခေါ် ဒု တိ ယ တောင် ဝေး ကို လည်း၊ ငါ ချိုး ဖြတ်၏။
15ထာ ဝ ရ ဘု ရား က လည်း၊ ယ ခု တစ် ဖန်၊ မိုက် မဲ သော အ ထိန်း အ ကျောင်း၏ ကိ ရိ ယာ များ ကို ဆောင် ယူ လော့။ 16အ သို့ ဆို သော်။ ပျောက် သော အ ကောင် ကို သ တိ မူ ခြင်း၊ လမ်း လွဲ ရာ ကို လိုက် ရှာ ခြင်း၊ ချို့ တဲ့ ရာ ကို ကျပ် စည်း ခြင်း၊ လက် ရှိ ရာ ကို ကျွေး မွေး ခြင်း မ ပြု ဘဲ၊ ဆူ ဖြိုး ရာ များ ကို စား လျက်၊ ခွာ ကျိန်း စေ သော အ ထိန်း အ ကျောင်း ကို၊ ပြည် တော် တွင် ငါ ပေါ် ပေါက် စေ မည်။ 17သိုး ဆိတ် တို့ ကို လက် လွှတ် လျက်၊ အ သုံး မ ဝင် သော အ ထိန်း အ ကျောင်း သည်၊ အ မင်္ဂ လာ ရှိ၏။ သူ့ လက် ရုံး နှင့် ပညာ မျက် စိ သည်၊ ဓား ခုတ် ခံ ရ သ ဖြင့်၊ လက် ရုံး သေ ခြောက် လျက်၊ မျက် စိ လည်း လုံး လုံး ကွယ် လိမ့် မည် ဟု ငါ့ အား မိန့် တော် မူ၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Video for ဇာ~ခ~ရိ~ကျမ်း။ 11