YouVersion Logo
Search Icon

ဆာလံကျမ်း 85

85
ပြန်လည်ရှင်သန်စေရန် ဆုတောင်းခြင်း
ဂီတမှူး​အတွက်​၊ ကောရ​သား​တို့​၏​ဆာလံ
1အို ထာဝရဘုရား​၊ ကိုယ်တော်​သည် မိမိ​ပြည်​တော်​ကို နှစ်သက်​တော်မူ​၍
ဖမ်းဆီးခေါ်ဆောင်​သွား​ခြင်း​ခံရ​သော ယာကုပ်​အမျိုး​ကို ပြန်လာ​စေ​တော်မူ​ပြီ#85:1 သို့မဟုတ် “ယာကုပ်အမျိုးကို ပြန်လည်ကောင်းစားစေတော်မူပြီ”။​။
2ကိုယ်တော်​သည် မိမိ​လူမျိုး​တော်​၏​ဒုစရိုက်​ကို ခွင့်လွှတ်​၍
သူ​တို့​၏​အပြစ်​ရှိသမျှ​တို့​ကို ဖုံးအုပ်​တော်မူ​ပြီ​။(​စေလာ#85:2 အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။ ဖြစ်နိုင်သောအဓိပ္ပာယ်များမှာ 1)တေးကဗျာတို့ကိုရွတ်ဖတ်သီဆိုရာ၌ သုံးသောသင်္ကေတ။ 2)အသံတိတ်ရပ်နားစေရန်သင်္ကေတ။ 3)ဝတ်ပြုကိုးကွယ်သူတို့အား ပျပ်ဝပ်ရှိခိုးကြစေရန် သင်္ကေတ။ 4)ဝတ်ပြုကိုးကွယ်သူတို့အား အတူတကွရွတ်ဆိုစေရန်သင်္ကေတ။ 5)ထာဝရ ဟုအဓိပ္ပာယ်ရသောစကားလုံး။)
3မိမိ​၏​ဒေါသ​ကို အကုန်အစင်​ရုပ်သိမ်း​၍
မိမိ​၏​ပြင်းထန်​သော​အမျက်​တော်​ကို ပြေငြိမ်း​စေ​တော်မူ​ပြီ​။
4အကျွန်ုပ်​တို့​ကို ကယ်တင်​တော်မူ​သော​ဘုရားသခင်​၊
အကျွန်ုပ်​တို့​ကို ပြန်လည်​ထူထောင်​တော်မူ​ပါ​။
အကျွန်ုပ်​တို့​အပေါ်​ထွက်​တော်မူ​သော အမျက်​ဒေါသ​ကို ဖယ်ရှား​တော်မူ​ပါ​။
5အကျွန်ုပ်​တို့​အပေါ် အစဉ်အမြဲ​အမျက်ထွက်​တော်မူ​မည်လော​။
ကိုယ်တော်​၏​အမျက်​တော်​ကို မျိုးဆက်​အစဉ်အဆက် ကြာရှည်​စေ​တော်မူ​မည်လော​။
6ကိုယ်တော်​၏​လူမျိုး​တော်​သည် ကိုယ်တော်​၌​ဝမ်းမြောက်​မည့်​အကြောင်း
အကျွန်ုပ်​တို့​ကို ပြန်လည်​ရှင်သန်​စေ​တော်မူ​မည်​မ​ဟုတ်​လော​။
7အို ထာဝရဘုရား​၊ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​ကို အကျွန်ုပ်​တို့​အား​ပြ​၍
ကိုယ်တော်​၏​ကယ်တင်​ခြင်း​ကို အကျွန်ုပ်​တို့​အား ပေးသနား​တော်မူ​ပါ​။
8ငါ​သည် ဘုရားသခင်​ထာဝရဘုရား မိန့်​တော်မူ​သော​အရာ​ကို နားထောင်​မည်​။
အကြောင်းမူကား ကိုယ်တော်​သည် မိမိ​၏​လူမျိုး​တော်​တည်းဟူသော
မိမိ​၏​သန့်ရှင်း​သူ​တို့​အား ငြိမ်းချမ်းရေး​စကား​ကို မြွက်ဆို​တော်မူ​လိမ့်မည်​။
သို့သော် သူ​တို့​သည် မိုက်မဲ​ခြင်း​ဘက်​သို့ ပြန်​မ​လှည့်​ကြ​ပါစေ​နှင့်​။
9ငါ​တို့​ပြည်​၌ ဘုန်းအသရေ​တည်​စေရန် ကိုယ်တော်​၏​ကယ်တင်​ခြင်း​သည်
ကိုယ်တော်​ကို​ကြောက်ရွံ့​သော​သူ​တို့​၏​အနီး​၌ အမှန်ပင်​ရှိ​လေ​ပြီ​။
10မေတ္တာကရုဏာ​နှင့် သမ္မာတရား​သည် တွေ့ဆုံ​ကြ​ပြီ​။
ဖြောင့်မတ်​ခြင်း​နှင့် ငြိမ်းချမ်း​ခြင်း​သည် အချင်းချင်း​နမ်း​ကြ​ပြီ​။
11သမ္မာတရား​သည် မြေကြီး​ထဲမှ ပေါက်လာ​လိမ့်မည်​။
ဖြောင့်မတ်​ခြင်း​သည်​လည်း ကောင်းကင်​ပေါ်မှ ငုံ့ကြည့်​လိမ့်မည်​။
12အကယ်စင်စစ် ထာဝရဘုရား​သည် ကောင်းမြတ်​သော​အရာ​ကို ပေးသနား​တော်မူ​၍
ငါ​တို့​၏​ပြည်​သည်​လည်း ၎င်း​၏​အသီးအနှံ​တို့​ကို​ပေး​လိမ့်မည်​။
13ဖြောင့်မတ်​ခြင်း​သည် ကိုယ်တော်​၏​ရှေ့​မှ​သွား​၍
ကိုယ်တော်​၏​ခြေလှမ်း​များ​အတွက် လမ်း​ကို​ပြင်ဆင်​ပေး​လိမ့်မည်​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in