YouVersion Logo
Search Icon

ဆာလံကျမ်း 76

76
တန်ခိုးကြီးသောတရားစီရင်ခြင်းအရှင် ဘုရားသခင်
ဂီတမှူး​အတွက်​၊ ကြိုးတပ်​တူရိယာ​များ​ဖြင့်​၊ အာသပ်​၏​ဆာလံ​သီချင်း
1ယုဒ​ပြည်​၌ ဘုရားသခင်​ကို​သိ​ကြ​၏​။
အစ္စရေး​ပြည်​၌ ကိုယ်တော်​၏​နာမ​တော်​သည် ကြီးမြတ်​တော်မူ​၏​။
2ကိုယ်တော်​၏​တဲ​တော်​သည် ဆလင်​မြို့​၌​ရှိ​၍
ကိုယ်တော်​ကိန်းဝပ်​တော်မူ​ရာ​အရပ်​သည် ဇိအုန်​၌​ရှိ​၏​။
3ထို​အရပ်​တွင် ကိုယ်တော်​သည် မီးတောက်​နေ​သော​မြား​၊
ဒိုင်းလွှား​၊ ဓား​နှင့်​စစ်လက်နက်​တို့​ကို ချိုးဖျက်​တော်မူ​ပြီ​။(​စေလာ#76:3 အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။ ဖြစ်နိုင်သောအဓိပ္ပာယ်များမှာ 1)တေးကဗျာတို့ကိုရွတ်ဖတ်သီဆိုရာ၌ သုံးသောသင်္ကေတ။ 2)အသံတိတ်ရပ်နားစေရန်သင်္ကေတ။ 3)ဝတ်ပြုကိုးကွယ်သူတို့အား ပျပ်ဝပ်ရှိခိုးကြစေရန် သင်္ကေတ။ 4)ဝတ်ပြုကိုးကွယ်သူတို့အား အတူတကွရွတ်ဆိုစေရန်သင်္ကေတ။ 5)ထာဝရ ဟုအဓိပ္ပာယ်ရသောစကားလုံး။)
4ကိုယ်တော်​သည် အရောင်အဝါ​တောက်ပ​တော်မူ​၏​။ သားကောင်​ရှိ​ရာ​တောင်​များ​ထက်
ပို၍​အသရေတင့်တယ်​တော်မူ​၏​။
5ရဲရင့်​သော​သူ​တို့​သည် အလုယက်​ခံရ​၍ အပြီးတိုင်​အိပ်ပျော်​သွား​ကြ​ပြီ​။
စစ်သူရဲ​အပေါင်း​တို့​သည်​လည်း မိမိ​တို့​လက်စွမ်း​ကို မ​ပြ​နိုင်​ခဲ့​ကြ​ပေ​။
6အို ယာကုပ်​၏​ဘုရားသခင်​၊ ကိုယ်တော်​၏​ဆုံးမ​ခြင်း​ကြောင့်
စစ်ရထား​နှင့်​မြင်းစီးသူရဲ​တို့​သည် အိပ်မောကျ​သွား​ကြ​ပါ​၏​။
7ကိုယ်တော်​တစ်ပါးတည်း​သာလျှင် ကြောက်ရွံ့ဖွယ်​ဖြစ်​တော်မူ​၏​။
ကိုယ်တော်​အမျက်​ထွက်​တော်မူ​သောအခါ
မည်သူ​သည် ကိုယ်တော်​၏​ရှေ့​တွင် ရပ်​နေ​နိုင်​ပါ​မည်နည်း​။
8ကိုယ်တော်​သည် တရားစီရင်ချက်​ကို
ကောင်းကင်​မှ ကြေညာ​တော်မူ​၏​။
9ဘုရားသခင်​သည် ကမ္ဘာမြေကြီး​ပေါ်ရှိ ဖိစီးနှိပ်စက်​ခြင်း​ခံရ​သော​သူ​အပေါင်း​တို့​ကို ကယ်တင်​ဖို့
တရားစီရင်​ရန်​ထ​တော်မူ​သောအခါ ကမ္ဘာမြေကြီး​သည်
ကြောက်ရွံ့​၍ ငြိမ်သက်​စွာ​နေ​ပါ​၏​။(​စေလာ#76:9 အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။ ဖြစ်နိုင်သောအဓိပ္ပာယ်များမှာ 1)တေးကဗျာတို့ကိုရွတ်ဖတ်သီဆိုရာ၌ သုံးသောသင်္ကေတ။ 2)အသံတိတ်ရပ်နားစေရန်သင်္ကေတ။ 3)ဝတ်ပြုကိုးကွယ်သူတို့အား ပျပ်ဝပ်ရှိခိုးကြစေရန် သင်္ကေတ။ 4)ဝတ်ပြုကိုးကွယ်သူတို့အား အတူတကွရွတ်ဆိုစေရန်သင်္ကေတ။ 5)ထာဝရ ဟုအဓိပ္ပာယ်ရသောစကားလုံး။)
10အကယ်စင်စစ် လူ​တို့​၏​အမျက်ဒေါသ​သည် ကိုယ်တော်​ကို​ချီးမွမ်း​လိမ့်မည်​။
ကိုယ်တော်​သည် အမျက်ဒေါသ​အကြွင်းအကျန်​များ​ဖြင့် မိမိကိုယ်မိမိ​ပတ်စည်း​တော်မူ​လိမ့်မည်​။
11သင်​တို့​၏​ဘုရားသခင် ထာဝရဘုရား​ထံ ကတိသစ္စာ​ပြု​၍ ပြည့်စုံ​စေ​ကြ​လော့​။
ကိုယ်တော်​၏​ပတ်လည်​၌​ရှိ​သော​သူ​အပေါင်း​တို့​သည်
ကြောက်ရွံ့ရိုသေ​ရ​သော​အရှင်​ထံသို့ လက်ဆောင်ပဏ္ဏာ​ကို​ယူဆောင်​လာ​ကြ​ပါစေသော​။
12ကိုယ်တော်​သည် အုပ်ချုပ်သူမင်း​တို့​၏​စိတ်​ကို နှိမ့်ချ​တော်မူ​၏​။
ကမ္ဘာမြေကြီး​ပေါ်ရှိ ရှင်ဘုရင်​တို့​အတွက် ကြောက်ရွံ့ဖွယ်​ဖြစ်​တော်မူ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in