ဆာလံကျမ်း 66
66
ဘုရားသခင်၏ကြီးမြတ်သောအမှုတော်များကို ချီးမွမ်းခြင်း
ဂီတမှူးအတွက်၊ ဆာလံသီချင်း
1မြေကြီးသားအပေါင်းတို့၊ ဘုရားသခင်ထံသို့ ဝမ်းမြောက်စွာကြွေးကြော်ကြလော့။
2နာမတော်၏ဘုန်းအသရေကို သီဆိုချီးမွမ်းကြလော့။
ကိုယ်တော်အား ချီးမွမ်းခြင်းဘုန်းအသရေကို ဆက်သကြလော့။
3“ကိုယ်တော်ပြုတော်မူသောအမှုတို့သည် အံ့ဩဖွယ်ကောင်းလှပါ၏။
ကိုယ်တော်၏အစွမ်းသတ္တိကြီးမားမှုကြောင့် ကိုယ်တော်၏ရန်သူတို့သည်
ကိုယ်တော်၏ရှေ့၌ ခယဝပ်တွားကြပါလိမ့်မည်။
4မြေကြီးသားအပေါင်းတို့သည် ကိုယ်တော်ကိုရှိခိုးကိုးကွယ်၍ သီဆိုချီးမွမ်းကြပါလိမ့်မည်။
သူတို့သည် ကိုယ်တော်၏နာမတော်ကို သီဆိုချီးမွမ်းကြပါလိမ့်မည်”ဟု
ဘုရားသခင်အား လျှောက်ကြလော့။(စေလာ#66:4 အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။ ဖြစ်နိုင်သောအဓိပ္ပာယ်များမှာ 1)တေးကဗျာတို့ကိုရွတ်ဖတ်သီဆိုရာ၌ သုံးသောသင်္ကေတ။ 2)အသံတိတ်ရပ်နားစေရန်သင်္ကေတ။ 3)ဝတ်ပြုကိုးကွယ်သူတို့အား ပျပ်ဝပ်ရှိခိုးကြစေရန် သင်္ကေတ။ 4)ဝတ်ပြုကိုးကွယ်သူတို့အား အတူတကွရွတ်ဆိုစေရန်သင်္ကေတ။ 5)ထာဝရ ဟုအဓိပ္ပာယ်ရသောစကားလုံး။)
5ဘုရားသခင်၏လုပ်ဆောင်တော်မူချက်တို့ကို လာ၍ကြည့်ကြလော့။
လူသားတို့အတွက် ကိုယ်တော်ပြုတော်မူသောအမှုတို့သည် အံ့ဩဖွယ်ကောင်းပေ၏။
6ကိုယ်တော်သည် ပင်လယ်ကို ကုန်းမြေအဖြစ်သို့ပြောင်းလဲစေတော်မူ၏။
လူတို့သည် မြစ်ကိုခြေကျင်ဖြတ်ကူးကြ၏။
ထိုအရပ်တွင် ငါတို့သည် ကိုယ်တော်၌ ဝမ်းမြောက်ကြ၏။
7ကိုယ်တော်သည် မိမိ၏အစွမ်းတန်ခိုးတော်ဖြင့် အစဉ်အမြဲအုပ်စိုးတော်မူ၏။
ကိုယ်တော်၏မျက်စိတော်သည် လူမျိုးတကာတို့ကို သေချာစွာကြည့်ရှုတော်မူ၏။
ငြင်းဆန်သောသူတို့သည် သူတို့ကိုယ်သူတို့ မချီးမြှောက်ကြပါစေနှင့်။(စေလာ#66:7 အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။ ဖြစ်နိုင်သောအဓိပ္ပာယ်များမှာ 1)တေးကဗျာတို့ကိုရွတ်ဖတ်သီဆိုရာ၌ သုံးသောသင်္ကေတ။ 2)အသံတိတ်ရပ်နားစေရန်သင်္ကေတ။ 3)ဝတ်ပြုကိုးကွယ်သူတို့အား ပျပ်ဝပ်ရှိခိုးကြစေရန် သင်္ကေတ။ 4)ဝတ်ပြုကိုးကွယ်သူတို့အား အတူတကွရွတ်ဆိုစေရန်သင်္ကေတ။ 5)ထာဝရ ဟုအဓိပ္ပာယ်ရသောစကားလုံး။)
8အို လူများတို့၊ ငါတို့ဘုရားသခင်ကို ကောင်းချီးထောမနာပြုကြလော့။
ကိုယ်တော်ကိုချီးမွမ်းသောအသံကို ကြွေးကြော်ကြလော့။
9ကိုယ်တော်သည် ငါတို့ကို ဆက်၍အသက်ရှင်စေတော်မူပြီး
ငါတို့ခြေကို ချော်ခွင့်ပေးတော်မမူ။
10အကြောင်းမူကား အို ဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်တို့ကို စစ်ဆေးတော်မူပြီ။
ငွေကိုသန့်စင်စေသကဲ့သို့ အကျွန်ုပ်တို့ကိုသန့်စင်စေတော်မူပြီ။
11ကိုယ်တော်သည် အကျွန်ုပ်တို့ကို ပိုက်ကွန်ထဲသို့ကျစေ၍
အကျွန်ုပ်တို့၏ကျောပေါ်တွင် ဝန်ထုပ်ကိုတင်တော်မူပြီ။
12လူတို့ကို အကျွန်ုပ်တို့၏ခေါင်းပေါ်၌ ကျော်နင်းစေတော်မူပြီ။
အကျွန်ုပ်တို့သည် မီးထဲ၌လည်းကောင်း၊ ရေထဲ၌လည်းကောင်း ဖြတ်သွားကြရပါ၏။
သို့သော် ကိုယ်တော်သည် အကျွန်ုပ်တို့ကို ကြွယ်ဝသောအရပ်သို့ခေါ်ဆောင်တော်မူ၏။
13အကျွန်ုပ်သည် ကိုယ်တော်၏အိမ်တော်သို့ မီးရှို့ရာယဇ်များပါလျက်လာပါမည်။
အကျွန်ုပ်၏ကတိသစ္စာများကို ကိုယ်တော့်ထံပြည့်စုံစေပါမည်။
14၎င်းတို့သည် အကျွန်ုပ်ဆင်းရဲဒုက္ခထဲရောက်စဉ်က အကျွန်ုပ်၏နှုတ်ခမ်းကိုဖွင့်ဟ၍
အကျွန်ုပ်၏နှုတ်ဖြင့်မြွက်ဆိုခဲ့သည့် ကတိသစ္စာများဖြစ်ကြပါ၏။
15အကျွန်ုပ်သည် သိုးထီးနံ့သာပေါင်းနှင့်အတူ ဆူဖြိုးသောတိရစ္ဆာန်တို့ကို
မီးရှို့ရာယဇ်အဖြစ် ကိုယ်တော့်ထံပူဇော်ပါမည်။
နွားနှင့်ဆိတ်ထီးတို့ကိုလည်း ပူဇော်ပါမည်။(စေလာ#66:15 အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။ ဖြစ်နိုင်သောအဓိပ္ပာယ်များမှာ 1)တေးကဗျာတို့ကိုရွတ်ဖတ်သီဆိုရာ၌ သုံးသောသင်္ကေတ။ 2)အသံတိတ်ရပ်နားစေရန်သင်္ကေတ။ 3)ဝတ်ပြုကိုးကွယ်သူတို့အား ပျပ်ဝပ်ရှိခိုးကြစေရန် သင်္ကေတ။ 4)ဝတ်ပြုကိုးကွယ်သူတို့အား အတူတကွရွတ်ဆိုစေရန်သင်္ကေတ။ 5)ထာဝရ ဟုအဓိပ္ပာယ်ရသောစကားလုံး။)
16ဘုရားသခင်ကိုကြောက်ရွံ့သောသူအပေါင်းတို့၊ လာ၍နားထောင်ကြလော့။
ငါ၏စိတ်ဝိညာဉ်အတွက် ကိုယ်တော်ပြုတော်မူသောအရာကို ငါပြောပြမည်။
17ငါ၏နှုတ်သည် ကိုယ်တော်ကိုခေါ်၍
ဂုဏ်တော်ချီးမွမ်းခြင်းသည် ငါ၏လျှာပေါ်တွင်ရှိ၏။
18ငါ၏စိတ်နှလုံးထဲ၌ အပြစ်ဒုစရိုက်ကို ငါထွေးပိုက်ထားခဲ့လျှင်
ဘုရားရှင်သည် နားညောင်းတော်မူလိမ့်မည်မဟုတ်။
19သို့သော် ဘုရားသခင်သည် နားညောင်းတော်မူပြီ။
ငါ၏ဆုတောင်းသံကို အာရုံစိုက်နားထောင်တော်မူပြီ။
20ငါ၏ဆုတောင်းချက်ကိုလည်းကောင်း၊ မိမိ၏မေတ္တာကရုဏာတော်ကိုလည်းကောင်း
ငါ့ထံမှပယ်ရှားတော်မမူသောဘုရားသခင်သည် မင်္ဂလာရှိတော်မူပါစေသော။
Currently Selected:
ဆာလံကျမ်း 66: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative