YouVersion Logo
Search Icon

ဆာလံကျမ်း 64

64
ဆိုးညစ်သောသူတို့၏ရန်မှ ကာကွယ်ခြင်း
ဂီတမှူး​အတွက်​၊ ဒါဝိဒ်​၏​ဆာလံ
1အို ဘုရားသခင်​၊ အကျွန်ုပ်​၏​ညည်းတွား​သံ​ကို
နားညောင်း​တော်မူ​ပါ​။
အကျွန်ုပ်​၏​အသက်​ကို ရန်သူ​၏​ကြောက်မက်ဖွယ်ဘေး​မှ ကာကွယ်​တော်မူ​ပါ​။
2ဆိုးညစ်​သော​အမှု​ကို​ပြု​သော​သူ​တို့​၏ လျှို့ဝှက်​ကြံစည်​မှု​မှ​လည်းကောင်း​၊
အပြစ်ဒုစရိုက်​ပြု​သော​သူ​တို့​၏​စုဝေးရာ​မှ​လည်းကောင်း အကျွန်ုပ်​ကို​ဖုံးကွယ်​ထား​တော်မူ​ပါ​။
3သူ​တို့​သည် မိမိ​တို့​လျှာ​ကို ဓား​ကဲ့သို့​ထက်​စေ​ပြီး
မိမိ​တို့​၏​ခါးသီး​သော​စကား​များ​ကို မြား​ကဲ့သို့​ချိန်ရွယ်​လျက်
4အပြစ်တင်စရာ​မ​ရှိ​သော​သူ​ကို ကွယ်​ရာ​မှ​ပစ်ခတ်​တတ်​ကြ​၏​။
သူ​တို့​သည် ကြောက်ရွံ့​ခြင်း​မ​ရှိ​ဘဲ ထို​သူ​ကို ရုတ်တရက်​ပစ်ခတ်​ကြ​၏​။
5သူ​တို့​သည် မကောင်း​သော​အမှုအရာ​အတွက် သူ​တို့​ကိုယ်​သူ​တို့​အားပေး​ကြ​၏​။
ထောင်ချောက်​များ​ကို​လျှို့ဝှက်​စွာ​ထောင်​ရန် တိုင်ပင်​လျက် “​၎င်း​တို့​ကို မည်သူ​မြင်​မည်နည်း​”​ဟု ဆို​ကြ​၏​။
6သူ​တို့​သည် မတရားမှု​များ​ကို​ကြံစည်​လျက်
“​ငါ​တို့​သည် ပြည့်စုံ​သော​အကြံအစည်​ကို ကြံစည်​ကြ​ပြီ​”​ဟု ဆို​ကြ​၏​။
အကယ်စင်စစ် လူ​၏​အတွင်း​နှလုံးသား​သည် နက်​လှ​၏​။
7သို့သော် ဘုရားသခင်​သည် သူ​တို့​ကို​မြား​နှင့်​ပစ်​တော်မူ​၍
သူ​တို့​သည် ရုတ်တရက် ဒဏ်ရာ​ရ​ကြ​လိမ့်မည်​။
8ကိုယ်တော်​သည် သူ​တို့​လျှာ​ကြောင့် သူ​တို့​ကို​လဲကျ​စေ​တော်မူ​လိမ့်မည်​။
သူ​တို့​ကို​မြင်​သော​သူ​အပေါင်း​တို့​သည် ထွက်ပြေး​ကြ​လိမ့်မည်​။
9ထိုအခါ လူ​အပေါင်း​တို့​သည် ကြောက်ရွံ့​၍
ဘုရားသခင်​၏​လုပ်ဆောင်​တော်မူ​ချက်​ကို ပြောကြား​ကာ
ကိုယ်တော်​ပြု​တော်မူ​သော​အမှု​ကို ဂရုပြု​ကြ​လိမ့်မည်​။
10ဖြောင့်မတ်​သော​သူ​သည် ထာဝရဘုရား​၌​ဝမ်းမြောက်​၍ ကိုယ်တော်​ကို​ခိုလှုံ​လိမ့်မည်​။
စိတ်နှလုံး​ဖြောင့်မှန်​သော​သူ​အပေါင်း​တို့​သည်​လည်း ကိုယ်တော်​ကို​ချီးမွမ်း​ကြ​လိမ့်မည်​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in