YouVersion Logo
Search Icon

ဆာလံကျမ်း 63

63
အလိုပြည့်စုံစေနိုင်သောဘုရားသခင်ကို ချီးမွမ်းခြင်း
ဒါဝိဒ်​သည် ယုဒ​တောကန္တာရ​၌​ရှိ​စဉ် စပ်ဆို​သော​ဆာလံ
1အို ဘုရားသခင်​၊ ကိုယ်တော်​သည် အကျွန်ုပ်​၏​ဘုရား​ဖြစ်​တော်မူ​၏​။
အကျွန်ုပ်​သည် ကိုယ်တော်​ကို​ကြိုးစား​၍​ရှာ​ပါ​၏​။
ရေ​မ​ရှိ​၊ ခြောက်သွေ့​ကွဲအက်​သော​မြေ​၌ အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် ကိုယ်တော်​ကို​ဆာငတ်​ပါ​၏​။
အကျွန်ုပ်​၏​သွေးသား​သည်​လည်း ကိုယ်တော်​ကို​တမ်းတ​ပါ​၏​။
2သို့ဖြစ်၍ အကျွန်ုပ်​သည် ကိုယ်တော်​၏​အစွမ်းသတ္တိ​နှင့်
ကိုယ်တော်​၏​ဘုန်းအသရေ​တို့​ကို​တွေ့မြင်​ရ​ရန်
ကိုယ်တော်​ကို သန့်ရှင်းရာဌာန​တော်​၌​ဖူးမြော်​ခဲ့​ပါ​၏​။
3ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အသက်​ထက်​သာ၍​ကောင်းမြတ်​သောကြောင့်
အကျွန်ုပ်​၏​နှုတ်ခမ်း​သည် ကိုယ်တော်​ကို​ထောမနာပြု​ပါ​မည်​။
4သို့ဖြစ်၍ အကျွန်ုပ်​အသက်ရှင်​နေသရွေ့ ကိုယ်တော်​ကို​ကောင်းချီးထောမနာ​ပြု​ပါ​မည်​။
ကိုယ်တော်​၏​နာမ​တော်​အားဖြင့် အကျွန်ုပ်​၏​လက်​ကို မြှောက်​ပါ​မည်​။
5အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် အဆီအနှစ်​နှင့်​မြိန်ရှက်​သော​အစာ​ကို စား​ရ​သည့်​အလား အားရကျေနပ်​လျက်​ရှိ​ပါ​၏​။
ရွှင်လန်း​စွာ​ကြွေးကြော်​သော​နှုတ်ခမ်း​ဖြင့် အကျွန်ုပ်​၏​နှုတ်​သည် ကိုယ်တော်​ကို​ချီးမွမ်း​ပါ​မည်​။
6အကျွန်ုပ်​သည် မိမိ​၏​အိပ်ရာ​ပေါ်တွင် ကိုယ်တော်​ကို​သတိရ​သောအခါ
ညဥ့်ယံ​တို့​၌ ကိုယ်တော်​အကြောင်း​ကို ဆင်ခြင်အောက်မေ့​ပါ​၏​။
7ကိုယ်တော်​သည် အကျွန်ုပ်​ကို​ကူညီမစ​သော​အရှင် ဖြစ်​တော်မူ​သောကြောင့်
အကျွန်ုပ်​သည် ကိုယ်တော်​၏​အတောင်​တော်​အရိပ်​အောက်​၌ ရွှင်လန်း​စွာ​သီချင်းဆို​ပါ​မည်​။
8အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် ကိုယ်တော်​ကို​ဖက်တွယ်​ထား​ပါ​၏​။
ကိုယ်တော်​၏​လက်ယာ​လက်​တော်​သည် အကျွန်ုပ်​ကို​ထောက်မ​တော်မူ​၏​။
9အကျွန်ုပ်​၏​အသက်​ကို​ပျက်စီးဆုံးပါး​စေရန် ရှာကြံ​သော​သူ​တို့​သည်
မြေကြီး​၏​နက်သောအရပ်​သို့ ရောက်သွား​ကြ​လိမ့်မည်​။
10သူ​တို့​သည် ဓားသွား​အောက်​ကျရောက်​၍
တောခွေး​တို့​၏​အစာ​ဖြစ်​ကြ​ရ​လိမ့်မည်​။
11သို့သော် ရှင်ဘုရင်​သည် ဘုရားသခင်​၌​ဝမ်းမြောက်​လိမ့်မည်​။
ကိုယ်တော်​ကို တိုင်တည်​၍ ကျိန်ဆို​သော​သူ​အပေါင်း​တို့​သည် ချီးမွမ်း​ကြ​လိမ့်မည်​။
မုသား​ပြောဆို​သော​သူ​တို့​၏​နှုတ်​မူကား အပိတ်​ခံရ​လိမ့်မည်​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in