ဆာလံကျမ်း 54
54
ကယ်နုတ်တော်မူရန် ဆုတောင်းခြင်း
ဂီတမှူးအတွက်၊ ကြိုးတပ်တူရိယာများဖြင့်၊ ဇိဖအမျိုးသားတို့က “ဒါဝိဒ်သည် အကျွန်ုပ်တို့ထံ ပုန်းရှောင်နေပါသည်”ဟု ရှောလုထံသို့သွား၍ကြားလျှောက်ကြသောအခါ ဒါဝိဒ်စပ်ဆိုသောအလိမ္မာသီချင်း
1အို ဘုရားသခင်၊ ကိုယ်တော်၏နာမတော်အားဖြင့် အကျွန်ုပ်ကိုကယ်တင်တော်မူပါ။
ကိုယ်တော်၏အစွမ်းတန်ခိုးတော်အားဖြင့် အကျွန်ုပ်ကိုစစ်ကြောစီရင်တော်မူပါ။
2အို ဘုရားသခင်၊ အကျွန်ုပ်၏ဆုတောင်းချက်ကို နားညောင်းတော်မူပါ။
အကျွန်ုပ်၏နှုတ်ထွက်စကားတို့ကို စူးစိုက်နားထောင်တော်မူပါ။
3အကြောင်းမူကား သူစိမ်းတို့သည် အကျွန်ုပ်ကိုဆန့်ကျင်လျက်ထကြွကြပါ၏။
ကြမ်းကြုတ်သောသူတို့သည်လည်း အကျွန်ုပ်အသက်ကိုရန်ရှာကြပါ၏။
သူတို့သည် ဘုရားသခင်ကို ဦးထိပ်ထားခြင်းမရှိကြပါ။(စေလာ#54:3 အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။ ဖြစ်နိုင်သောအဓိပ္ပာယ်များမှာ 1)တေးကဗျာတို့ကိုရွတ်ဖတ်သီဆိုရာ၌ သုံးသောသင်္ကေတ။ 2)အသံတိတ်ရပ်နားစေရန်သင်္ကေတ။ 3)ဝတ်ပြုကိုးကွယ်သူတို့အား ပျပ်ဝပ်ရှိခိုးကြစေရန် သင်္ကေတ။ 4)ဝတ်ပြုကိုးကွယ်သူတို့အား အတူတကွရွတ်ဆိုစေရန်သင်္ကေတ။ 5)ထာဝရ ဟုအဓိပ္ပာယ်ရသောစကားလုံး။)
4ကြည့်ရှုလော့။ ဘုရားသခင်သည် ငါ့ကိုကူညီမစသောအရှင်ဖြစ်တော်မူ၏။
ဘုရားရှင်သည် ငါ့အသက်ကို ထောက်မသောသူတို့နှင့်အတူ ရှိတော်မူ၏။
5ငါ၏ရန်သူတို့အပေါ် မကောင်းမှုအကျိုးကို ကိုယ်တော်ဆပ်ပေးပါစေသော။
ကိုယ်တော်၏သစ္စာတော်နှင့်အညီ ထိုသူတို့ကို ဖယ်ရှားသုတ်သင်တော်မူပါ။
6အကျွန်ုပ်သည် စေတနာ့ပူဇော်သက္ကာကို ကိုယ်တော်အား ပူဇော်ပါမည်။
အို ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်၏နာမတော်ကိုချီးမွမ်းပါမည်။
အကြောင်းမူကား ထိုသို့ပြုခြင်းသည် ကောင်းမြတ်ပါ၏။
7အမှန်စင်စစ် ကိုယ်တော်သည် အကျွန်ုပ်ကို ဆင်းရဲဒုက္ခအပေါင်းတို့မှကယ်နုတ်တော်မူပြီဖြစ်၍
အကျွန်ုပ်၏မျက်စိသည် အကျွန်ုပ်၏ရန်သူတို့ကို အပေါ်စီးမှကြည့်မြင်နိုင်ပါပြီ။
Currently Selected:
ဆာလံကျမ်း 54: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative