YouVersion Logo
Search Icon

ဆာလံကျမ်း 53

53
အပြစ်သားများ၏သွင်ပြင်စရိုက်
ဂီတမှူး​အတွက်​၊ မာဟလတ်​သံစဉ်​၊ ဒါဝိဒ်​၏​အလိမ္မာ​သီချင်း
1မိုက်မဲ​သော​သူ​က “​ဘုရားသခင်​မ​ရှိ​”​ဟု မိမိ​စိတ်နှလုံး​ထဲ၌ ဆို​တတ်​၏​။
ထိုသို့သော​သူ​တို့​သည် အကျင့်ပျက်ပြား​၍ စက်ဆုပ်ရွံရှာ​ဖွယ်​ကောင်း​သော​မတရားမှု​ကို​ပြု​တတ်​ကြ​၏​။
ကောင်း​သော​အမှု​ကို ပြု​သော​သူ​မ​ရှိ​။
2ပညာသတိ​ရှိ​သော​သူ​၊ ဘုရားသခင်​ကို​ရှာ​သော​သူ ရှိ​၊ မ​ရှိ​သိမြင်​ရန်
ဘုရားသခင်​သည် လူသား​တို့​ကို ကောင်းကင်ဘုံ​မှ​ငုံ့ကြည့်​တော်မူ​၏​။
3လူ​အပေါင်း​တို့​သည် ဖောက်ပြန်​ကြ​ပြီ​။ တညီတညွတ်တည်း​ဆွေးမြည့်ယိုယွင်း​ကြ​ပြီ​။
ကောင်း​သော​အမှု​ကို​ပြု​သော​သူ​မ​ရှိ​၊ တစ်​ယောက်​မျှ​မ​ရှိ​။#ဆာ 14:3၊ ရော 3:12။
4အပြစ်ဒုစရိုက်​ပြု​သော​သူ​တို့​သည် ဘာမျှ​မ​သိ​ကြ​သလော​။ သူ​တို့​သည် မုန့်​စား​သကဲ့သို့ ငါ​၏​လူမျိုး​ကို​ဝါးမျို​ကြ​၏​။ ဘုရားသခင်​ကို​လည်း ခေါ်ဆို​ပတ္ထနာပြု​ခြင်း​မ​ရှိ​။
5သူ​တို့​သည် ကြောက်ရွံ့စရာ​မ​ရှိ​ဘဲ အလွန်​ကြောက်ရွံ့​ကြ​၏​။
အကြောင်းမူကား ဘုရားသခင်​သည် သင့်​တစ်ဖက်​၌ တပ်ချ​ထား​သော​သူ​တို့​၏​အရိုး​များ​ကို ပြန့်ကျဲ​စေ​တော်မူ​၏​။
ဘုရားသခင်​သည် သူ​တို့​ကို​စွန့်ပယ်​တော်မူ​သောကြောင့် သင်​သည် သူ​တို့​ကို​အရှက်ကွဲ​စေ​လိမ့်မည်​။
6အစ္စရေး​အတွက် ကယ်တင်​ခြင်း​သည် ဇိအုန်​မှ​ပေါ်ထွန်း​ပါစေသော​။
ဖမ်းဆီးခေါ်ဆောင်​သွား​ခြင်း​ခံရ​သော မိမိ​လူမျိုး​တော်​ကို ဘုရားသခင်​ပြန်လာ​စေ​တော်မူ​သောအခါ#53:6 သို့မဟုတ် “ဘုရားသခင်သည် မိမိလူမျိုးတော်ကို ပြန်လည်ကောင်းစားစေတော်မူသောအခါ”။
ယာကုပ်​သည် ရွှင်လန်း​ပါစေ​။ အစ္စရေး​သည် ဝမ်းမြောက်​ပါစေ​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in