YouVersion Logo
Search Icon

ဆာလံကျမ်း 36

36
လူ၏ဆိုးယုတ်ခြင်းနှင့် ဘုရားသခင်၏မေတ္တာတော်
ဂီတမှူး​အတွက်​၊ ထာဝရဘုရား​၏​အစေအပါး​ဒါဝိဒ်​၏​ဆာလံ
1ဆိုးယုတ်​သော​သူ​ကျူးလွန်​သော​အပြစ်​နှင့်​ပတ်သက်၍
ငါ​၏​စိတ်နှလုံး​အထဲ​မှ​မိန့်ကြား​တော်မူ​ချက်​မှာ
“​သူ​၏​မျက်စိ​ရှေ့​တွင် ဘုရားသခင်​ကို​ကြောက်ရွံ့​ခြင်း​မ​ရှိ​။#ရော 3:18။
2အကြောင်းမူကား သူ​သည် မိမိကိုယ်ကို​မြှောက်ပင့်​ပြောဆို​၍
မိမိ​ဒုစရိုက်​ကို​မ​မြင်​နိုင်​၊ မ​မုန်း​နိုင်​ချေ​။
3သူ​၏​နှုတ်ထွက်​စကား​တို့​သည် ယုတ်ညံ့​၍​လိမ်လည်လှည့်ဖြား​တတ်​၏​။
သူ​သည် ပညာသတိ​ရှိ​ခြင်း​နှင့် ကောင်း​သော​အမှု​ပြု​ခြင်း​ကို စွန့်​လေ​ပြီ​။
4သူ​သည် မိမိ​အိပ်ရာ​ပေါ်၌​ပင် အပြစ်ဒုစရိုက်​ကို​ကြံစည်​တတ်​၏​။
မ​ကောင်း​သော​လမ်း​သို့​အမြဲ​လိုက်​၍ မကောင်းမှု​ကို စွန့်ပယ်​ခြင်း​မ​ရှိ​။​”
5အို ထာဝရဘုရား​၊ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် ကောင်းကင်​သို့​ရောက်​၍
ကိုယ်တော်​၏​သစ္စာ​တော်​သည် မိုးတိမ်​ထိ​တိုင်အောင် ရောက်​ပါ​၏​။
6ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​သည် မြင့်မား​သော​တောင်​များ#36:6 သို့မဟုတ် “ဘုရားသခင်၏တောင်များ”။​ကဲ့သို့​လည်းကောင်း​၊
ကိုယ်တော်​၏​တရားစီရင်​ခြင်း​တို့​သည် အလွန်​နက်ရှိုင်း​ရာ​အရပ်​ကဲ့သို့​လည်းကောင်း ဖြစ်​ပါ​၏​။
အို ထာဝရဘုရား​၊ ကိုယ်တော်​သည် လူ​နှင့်​တိရစ္ဆာန်​တို့​ကို ကယ်တင်​တော်မူ​၏​။
7အို ဘုရားသခင်​၊ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အဖိုးတန်​လှ​ပါ​၏​။
လူသား​တို့​သည် ကိုယ်တော်​၏ အတောင်​တော်​အရိပ်​အောက်​၌ ခိုလှုံ​ကြ​ပါ​၏​။
8သူ​တို့​သည် ကိုယ်တော့်​အိမ်​တော်​၏​ကြွယ်ဝခြင်း​ဖြင့် ကျေနပ်အားရ​ကြ​ပါ​လိမ့်မည်​။
ကိုယ်တော်​သည် ကိုယ်တော်​၏ ကြည်နူးခြင်း​စမ်းရေ​ကို​လည်း သူ​တို့​အား​တိုက်​တော်မူ​၏​။
9အကြောင်းမူကား ကိုယ်တော့်​ထံ၌​အသက်​စမ်းရေတွင်း​ရှိ​ပါ​၏​။
ကိုယ်တော်​၏​အလင်း​တော်​ထဲ၌ အကျွန်ုပ်​တို့​သည် အလင်း​ကို​မြင်​ရ​ကြ​ပါ​၏​။
10ကိုယ်တော်​ကို​သိ​သော​သူ​တို့​၌ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​ကို​လည်းကောင်း​၊
စိတ်နှလုံး​ဖြောင့်မှန်​သော​သူ​တို့​၌ ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​ကို​လည်းကောင်း တည်မြဲတည်​စေ​တော်မူ​ပါ​။
11မာန်မာန​ရှိ​သော​ခြေ​သည် အကျွန်ုပ်​အပေါ်​မ​ရောက်လာ​ပါစေ​နှင့်​။
ဆိုးယုတ်​သော​သူ​တို့​၏​လက်​သည်​လည်း အကျွန်ုပ်​ကို​နှင်ထုတ်​ခွင့်​မ​ရ​ပါစေ​နှင့်​။
12ကြည့်​လော့​။ အပြစ်ဒုစရိုက်​ပြု​သော​သူ​တို့​သည် လဲကျ​သွား​ကြ​ပြီ​။
သူ​တို့​သည် တွန်းချ​ခံရ​၍ ပြန်​မ​ထ​နိုင်​ကြ​ပါ​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in