YouVersion Logo
Search Icon

ဆာလံကျမ်း 26

26
အပြစ်မရှိကြောင်းစီရင်တော်မူရန် ဆုတောင်းခြင်း
ဒါဝိဒ်​၏​ဆာလံ
1အို ထာဝရဘုရား​၊ အကျွန်ုပ်​၌​အပြစ်​မ​ရှိ​ကြောင်း စီရင်​တော်မူ​ပါ​။
အကြောင်းမူကား အကျွန်ုပ်​သည် တည်ကြည်​စွာ​လျှောက်လှမ်း​၍
ယိမ်းယိုင်​ခြင်း​မ​ရှိ​ဘဲ ထာဝရဘုရား​ကို ယုံကြည်ကိုးစား​ပါ​၏​။
2အို ထာဝရဘုရား​၊ အကျွန်ုပ်​ကို​စစ်ဆေး​၍ အကျွန်ုပ်​ကို​စမ်းသပ်​တော်မူ​ပါ​။
အကျွန်ုပ်​၏​စိတ်နှလုံး​အတွင်းသဘော​ကို စစ်ကြော​တော်မူ​ပါ​။
3အကြောင်းမူကား ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အကျွန်ုပ်​၏​မျက်မှောက်​တွင်​ရှိ​ပါ​၏​။
အကျွန်ုပ်​သည် ကိုယ်တော်​၏​သမ္မာတရား​၌ လျှောက်လှမ်း​ပါ​၏​။
4အကျွန်ုပ်​သည် မဟုတ်မမှန်​သော​သူ​တို့​နှင့်အတူ မ​ထိုင်​ပါ​။
သူတော်ကောင်း​ယောင်ဆောင်​သော​သူ​တို့​နှင့်​လည်း အတူ​သွားလာ​မည်​မ​ဟုတ်​ပါ​။
5ဆိုးညစ်​သော​အမှု​ကို​ပြု​သော​သူ​တို့​၏​အစုအဝေး​ကို မုန်း​ပါ​၏​။
ဆိုးယုတ်​သော​သူ​တို့​နှင့်​လည်း အတူ​ထိုင်​မည်​မ​ဟုတ်​ပါ​။
6အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် အပြစ်ကင်း​ခြင်း​ထဲ၌ အကျွန်ုပ်​၏​လက်​ကို​ဆေးကြော​၍
ကိုယ်တော်​၏​ယဇ်ပလ္လင်​ကို​လှည့်ပတ်​ကာ
7ကျေးဇူးတော်​ချီးမွမ်း​ခြင်း​အသံ​ကို​လွှင့်​၍
ကိုယ်တော်​၏​အံ့ဖွယ်​သော​အမှု​ရှိသမျှ​တို့​ကို ပြောကြား​ပါ​မည်​။
8အို ထာဝရဘုရား​၊ ကိုယ်တော်​ကိန်းဝပ်​ရာ​အိမ်​တော်​နှင့်
ကိုယ်တော်​၏​ဘုန်းအသရေ​တည်ရှိ​ရာ​အရပ်​တို့​ကို အကျွန်ုပ်​မြတ်နိုး​ပါ​၏​။
9အပြစ်သား​တို့​နှင့်အတူ အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို​လည်းကောင်း​၊
လူ့​အသက်​သတ်​သော​သူ​တို့​နှင့်အတူ အကျွန်ုပ်​၏​အသက်​ကို​လည်းကောင်း ရုပ်သိမ်း​တော်​မ​မူ​ပါ​နှင့်​။
10ထို​သူ​တို့​လက်​ထဲ၌ ဆိုးညစ်​သော​အကြံ​ရှိ​၍
သူ​တို့​၏​လက်ယာ​လက်​သည် တံစိုးလက်ဆောင်​နှင့်​ပြည့်​နေ​ပါ​၏​။
11အကျွန်ုပ်​မူကား တည်ကြည်​စွာ​လျှောက်လှမ်း​ပါ​၏​။
အကျွန်ုပ်​ကို​ရွေးနုတ်ကယ်တင်​၍ အကျွန်ုပ်​ကို​သနား​တော်မူ​ပါ​။
12အကျွန်ုပ်​၏​ခြေ​သည် ညီညာ​သော​အရပ်​၌​ရပ်​နေ​ပါ​၏​။
အကျွန်ုပ်​သည် လူထုပရိသတ်​ကြီး​အလယ်​တွင် ထာဝရဘုရား​ကို ကောင်းချီးထောမနာ​ပြု​ပါ​မည်​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in