YouVersion Logo
Search Icon

ဆာလံကျမ်း 25

25
ထာဝရဘုရားကို မှီခိုအားထားခြင်း
ဒါဝိဒ်​၏​ဆာလံ
1အို ထာဝရဘုရား​၊ အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည်
ကိုယ်တော်​ကို မှီဝဲဆည်းကပ်​ပါ​၏​။
2အကျွန်ုပ်​၏​ဘုရားသခင်​၊ ကိုယ်တော်​ကို အကျွန်ုပ်​ယုံကြည်ကိုးစား​ပါ​၏​။ အကျွန်ုပ်​သည် အရှက်​မ​ကွဲ​ရ​ပါစေ​နှင့်​။
အကျွန်ုပ်​၏​ရန်သူ​တို့​သည် အကျွန်ုပ်​အပေါ် အောင်ပွဲ​မ​ခံ​ကြ​ရ​ပါစေ​နှင့်​။
3အကယ်စင်စစ် ကိုယ်တော်​ကို​စောင့်မျှော်​သော​သူ​ရှိသမျှ​တို့​သည် အရှက်ကွဲ​ကြ​ရ​လိမ့်မည်​မ​ဟုတ်​။
အကြောင်းမဲ့ သစ္စာဖောက်​သော​သူ​တို့​သည် အရှက်ကွဲ​ကြ​ရ​လိမ့်မည်​။
4အို ထာဝရဘုရား​၊ ကိုယ်တော်​၏​လမ်း​တို့​ကို အကျွန်ုပ်​အား​သိ​စေ​တော်မူ​ပါ​။
ကိုယ်တော်​၏​လမ်းစဉ်​တို့​ကို အကျွန်ုပ်​အား​သင်ကြား​ပေး​တော်မူ​ပါ​။
5ကိုယ်တော်​၏​သမ္မာတရား​ထဲ၌ အကျွန်ုပ်​ကို ဦးဆောင်​လမ်းပြ​၍ အကျွန်ုပ်​ကို သင်ကြား​ပေး​တော်မူ​ပါ​။
အကြောင်းမူကား ကိုယ်တော်​သည် အကျွန်ုပ်​ကို ကယ်တင်​တော်မူ​သော​ဘုရားသခင်​ဖြစ်​ပါ​၏​။
အကျွန်ုပ်​သည် ကိုယ်တော်​ကို တစ်နေ့လုံး​စောင့်မျှော်​ပါ​၏​။
6အို ထာဝရဘုရား​၊ ကိုယ်တော်​၏​သနားစုံမက်​ခြင်း​များ​နှင့် ကိုယ်တော်​၏​မေတ္တာကရုဏာ​များ​ကို အောက်မေ့​တော်မူ​ပါ​။
အကြောင်းမူကား ၎င်း​တို့​သည် ရှေးကာလ​မှစ၍ တည်​ခဲ့​ကြ​ပါ​၏​။
7အကျွန်ုပ်​၏​ပျိုရွယ်​စဉ်က​အပြစ်​များ​နှင့် အကျွန်ုပ်​ကျူးလွန်​သော​အပြစ်​များ​ကို အောက်မေ့​တော်​မ​မူ​ပါ​နှင့်​။
အို ထာဝရဘုရား​၊ ကိုယ်တော်​၏​ကောင်းမြတ်​တော်မူ​ခြင်း​ကို​ထောက်၍
ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​နှင့်အညီ အကျွန်ုပ်​ကို​အောက်မေ့​တော်မူ​ပါ​။
8ထာဝရဘုရား​သည် ကောင်းမြတ်​၍ ဖြောင့်မှန်​တော်မူ​၏​။
ထို့ကြောင့် ကိုယ်တော်​သည် အပြစ်သား​တို့​အား လမ်း​တော်​ကို သွန်သင်ပြသ​တော်မူ​၏​။
9စိတ်နှိမ့်ချ​သော​သူ​တို့​ကို တရားမျှတ​ခြင်း​ထဲ၌ ဦးဆောင်​လမ်းပြ​တော်မူ​၏​။
မိမိ​၏​လမ်း​တော်​ကို​လည်း စိတ်နှိမ့်ချ​သော​သူ​တို့​အား သင်ကြား​ပေး​တော်မူ​၏​။
10ထာဝရဘုရား​၏​လမ်းစဉ်​ရှိသမျှ​တို့​သည် ကိုယ်တော်​၏​ပဋိညာဉ်​တော်​နှင့်​သက်သေခံချက်​တို့​ကို
လိုက်နာကျင့်သုံး​သော​သူ​တို့​အတွက် မေတ္တာကရုဏာ​နှင့်​လည်းကောင်း​၊ သမ္မာတရား​နှင့်​လည်းကောင်း ပြည့်စုံ​တော်မူ​၏​။
11အို ထာဝရဘုရား​၊ အကျွန်ုပ်​၏​ဒုစရိုက်​သည်​ကြီးမား​လှ​သောကြောင့်
ကိုယ်တော်​၏​နာမ​တော်​ကို​ထောက်၍ ခွင့်လွှတ်​တော်မူ​ပါ​။
12ထာဝရဘုရား​ကို​ကြောက်ရွံ့​သော​သူ​သည် မည်သူ​နည်း​။
ကိုယ်တော်​သည် ထို​သူ​ရွေးချယ်​ရ​မည့်​လမ်း​ကို သူ့​အား​သွန်သင်ပြသ​တော်မူ​လိမ့်မည်​။
13သူ​၏​စိတ်ဝိညာဉ်​သည် ကောင်းမွန်​စွာ​နေထိုင်​ရ​၍ သူ​၏​သားစဉ်မြေးဆက်​တို့​သည် ပြည်​တော်​ကို​အမွေဆက်ခံ​ရ​ကြ​လိမ့်မည်​။
14ထာဝရဘုရား​သည် မိမိ​ကို​ကြောက်ရွံ့​သော​သူ​တို့​နှင့်​ရင်းနှီးကျွမ်းဝင်​တော်မူ​၏​။
မိမိ​၏​ပဋိညာဉ်​တော်​ကို​လည်း သူ​တို့​အား သိ​စေ​တော်မူ​၏​။
15ထာဝရဘုရား​သည် အကျွန်ုပ်​၏​ခြေ​ကို ပိုက်ကွန်​ထဲမှ ထုတ်ပေး​တော်မူ​မည်​ဖြစ်၍
အကျွန်ုပ်​သည် ကိုယ်တော်​ကို​အစဉ်​မျှော်ကြည့်​ပါ​၏​။
16အကျွန်ုပ်​သည် တစ်ကိုယ်တည်း​ဖြစ်​လျက် အဖိနှိပ်​ခံရ​သောကြောင့်
အကျွန်ုပ်​ဘက်​သို့​လှည့်​၍ အကျွန်ုပ်​ကို​သနား​တော်မူ​ပါ​။
17အကျွန်ုပ်​၏​စိတ်​ဒုက္ခ​များ​သည် များပြား​လာ​သဖြင့်
အကျွန်ုပ်​၏​ပူပင်သောက​ထဲမှ အကျွန်ုပ်​ကို​ထုတ်ဆောင်​တော်မူ​ပါ​။
18အကျွန်ုပ်​ခံရ​သော​ဖိစီးနှိပ်စက်မှု​နှင့် အကျွန်ုပ်​၏​အခက်အခဲ​ပြဿနာ​ကို ကြည့်ရှု​၍
အကျွန်ုပ်​၏​အပြစ်​ရှိသမျှ​တို့​ကို ခွင့်လွှတ်​တော်မူ​ပါ​။
19အကျွန်ုပ်​၏​ရန်သူ​တို့​သည် မည်မျှ​များပြား​ကြ​သည်​ကို​လည်းကောင်း​၊
အကျွန်ုပ်​ကို မည်မျှ​ရက်စက်ကြမ်းကြုတ်​သော မုန်းတီးမှု​ဖြင့် မုန်းတီး​ကြ​သည်​ကို​လည်းကောင်း ကြည့်ရှု​တော်မူ​ပါ​။
20အကျွန်ုပ်​၏​အသက်​ကို​စောင့်ရှောက်​၍ အကျွန်ုပ်​ကို​ကယ်နုတ်​တော်မူ​ပါ​။
အကျွန်ုပ်​သည် ကိုယ်တော်​ကို​ခိုလှုံ​သည်​ဖြစ်၍ အရှက်​မ​ကွဲ​ရ​ပါစေ​နှင့်​။
21အကျွန်ုပ်​သည် ကိုယ်တော်​ကို စောင့်မျှော်​နေ​သည်​ဖြစ်၍ တည်ကြည်​ခြင်း​နှင့်​ဖြောင့်မှန်​ခြင်း​သည်
အကျွန်ုပ်​ကို​ကာကွယ်​စောင့်ရှောက်​ပါစေသော​။
22အို ဘုရားသခင်​၊ အစ္စရေး​လူမျိုး​ကို ခပ်သိမ်း​သော​ဆင်းရဲဒုက္ခ​ထဲမှ ရွေးနုတ်ကယ်တင်​တော်မူ​ပါ​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Video for ဆာလံကျမ်း 25