ဆာလံကျမ်း 16
16
ထာဝရဘုရားကို ကိုးစားခြင်း
ဒါဝိဒ်၏မိတ္တမ်#16:0 ကဗျာတိုတစ်မျိုး သို့မဟုတ် အပြစ်ပြေကြောင်းဖွဲ့ဆိုသည့်ဆာလံကို ခေါ်ဆိုသည့်ဝေါဟာရဖြစ်နိုင်သည်။သီချင်း
1အို ဘုရားသခင်၊ အကျွန်ုပ်ကိုစောင့်ရှောက်တော်မူပါ။ အကြောင်းမူကား ကိုယ်တော်ကို အကျွန်ုပ်ခိုလှုံပါ၏။
2ငါသည်ထာဝရဘုရားအား “ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားရှင်ဖြစ်တော်မူ၏။
ကိုယ်တော်မှတစ်ပါး အခြားသောကောင်းကျိုးချမ်းသာ အကျွန်ုပ်၌မရှိပါ”ဟု လျှောက်၏။
3ကမ္ဘာမြေကြီးပေါ်ရှိ သန့်ရှင်းသောသူတို့နှင့်ပတ်သက်၍မူကား သူတို့သည် ကြီးမြတ်သောသူဖြစ်ကြ၏။
ငါသည် သူတို့ကို အလွန်နှစ်သက်၏။
4အခြားဘုရားများကို ဆည်းကပ်သောသူတို့သည် မိမိတို့၏ဝမ်းနည်းပူဆွေးမှုကိုတိုးပွားစေကြလိမ့်မည်။
ငါသည် သူတို့၏သွန်းလောင်းရာပူဇော်သက္ကာနှင့်ဆိုင်သောသွေးကို သွန်းလောင်းမည်မဟုတ်။
ထိုဘုရားတို့၏နာမကိုလည်း ငါ့နှုတ်ဖြင့်ရွတ်ဆိုမည်မဟုတ်။
5ထာဝရဘုရားသည် ငါခွဲဝေရရှိထားသောငါ၏ဝေစု၊ ငါ၏ခွက်ဖလားဖြစ်တော်မူ၏။
ကိုယ်တော်သည် အကျွန်ုပ်ရရှိမည့်အမွေဝေစုကို ထိန်းသိမ်းပေးထားတော်မူ၏။
6ငါ့အတွက်သတ်မှတ်ထားသောနယ်မြေသည် နှစ်လိုဖွယ်ကောင်းသောအရပ်တို့၌ ကျလေပြီ။
အမှန်ပင် သာယာကြည်နူးဖွယ်ကောင်းသော အမွေကို ငါခံရလေပြီ။
7ငါ့ကိုအကြံပေးတော်မူသောထာဝရဘုရားကို ငါကောင်းချီးထောမနာပြုမည်။
ညအချိန်၌လည်း ငါ၏အတွင်းသဘောသည် ငါ့ကိုပဲ့ပြင်တတ်၏။
8ငါသည် ထာဝရဘုရားကိုအစဉ်မပြတ် မျက်မှောက်ပြု၏။
ကိုယ်တော်သည် ငါ၏လက်ယာဘက်၌ ရှိတော်မူသည်ဖြစ်၍ ငါသည်တုန်လှုပ်မည်မဟုတ်။
9ထို့ကြောင့် ငါ၏စိတ်နှလုံးသည်ဝမ်းမြောက်၍ ငါ၏ဝိညာဉ်သည်ရွှင်လန်း၏။
ငါ၏ကိုယ်ခန္ဓာသည်လည်း ဘေးကင်းလုံခြုံစွာနေရလိမ့်မည်။
10အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်၏စိတ်ဝိညာဉ်ကို မရဏာနိုင်ငံ၌ စွန့်ပစ်ထားတော်မူမည်မဟုတ်။
ကိုယ်တော်၏သန့်ရှင်းသူအား ပုပ်ပျက်ခြင်းနှင့်ကြုံတွေ့ခွင့်ပေးတော်မူမည်မဟုတ်။#တ 13:35။
11ကိုယ်တော်သည် အကျွန်ုပ်အား အသက်ရှင်ခြင်းလမ်းကိုသိစေ၍
ရှေ့တော်၌ အကျွန်ုပ်ကို ဝမ်းမြောက်ခြင်းဖြင့် ပြည့်စုံကြွယ်ဝစေတော်မူလိမ့်မည်။#တ 2:28။
နှစ်လိုဖွယ်ကောင်းသောအရာသည် ကိုယ်တော်၏လက်ယာဘက်၌ အစဉ်ရှိပါ၏။
Currently Selected:
ဆာလံကျမ်း 16: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative