1
ဆာလံကျမ်း 16:11
မြန်မာ့စံမီသမ္မာကျမ်း
ကိုယ်တော်သည် အကျွန်ုပ်အား အသက်ရှင်ခြင်းလမ်းကိုသိစေ၍ ရှေ့တော်၌ အကျွန်ုပ်ကို ဝမ်းမြောက်ခြင်းဖြင့် ပြည့်စုံကြွယ်ဝစေတော်မူလိမ့်မည်။ နှစ်လိုဖွယ်ကောင်းသောအရာသည် ကိုယ်တော်၏လက်ယာဘက်၌ အစဉ်ရှိပါ၏။
Compare
Explore ဆာလံကျမ်း 16:11
2
ဆာလံကျမ်း 16:8
ငါသည် ထာဝရဘုရားကိုအစဉ်မပြတ် မျက်မှောက်ပြု၏။ ကိုယ်တော်သည် ငါ၏လက်ယာဘက်၌ ရှိတော်မူသည်ဖြစ်၍ ငါသည်တုန်လှုပ်မည်မဟုတ်။
Explore ဆာလံကျမ်း 16:8
3
ဆာလံကျမ်း 16:5
ထာဝရဘုရားသည် ငါခွဲဝေရရှိထားသောငါ၏ဝေစု၊ ငါ၏ခွက်ဖလားဖြစ်တော်မူ၏။ ကိုယ်တော်သည် အကျွန်ုပ်ရရှိမည့်အမွေဝေစုကို ထိန်းသိမ်းပေးထားတော်မူ၏။
Explore ဆာလံကျမ်း 16:5
4
ဆာလံကျမ်း 16:7
ငါ့ကိုအကြံပေးတော်မူသောထာဝရဘုရားကို ငါကောင်းချီးထောမနာပြုမည်။ ညအချိန်၌လည်း ငါ၏အတွင်းသဘောသည် ငါ့ကိုပဲ့ပြင်တတ်၏။
Explore ဆာလံကျမ်း 16:7
5
ဆာလံကျမ်း 16:6
ငါ့အတွက်သတ်မှတ်ထားသောနယ်မြေသည် နှစ်လိုဖွယ်ကောင်းသောအရပ်တို့၌ ကျလေပြီ။ အမှန်ပင် သာယာကြည်နူးဖွယ်ကောင်းသော အမွေကို ငါခံရလေပြီ။
Explore ဆာလံကျမ်း 16:6
6
ဆာလံကျမ်း 16:1
အို ဘုရားသခင်၊ အကျွန်ုပ်ကိုစောင့်ရှောက်တော်မူပါ။ အကြောင်းမူကား ကိုယ်တော်ကို အကျွန်ုပ်ခိုလှုံပါ၏။
Explore ဆာလံကျမ်း 16:1
Home
Bible
Plans
Videos