YouVersion Logo
Search Icon

ဆာလံကျမ်း 115

115
ထာဝရဘုရားတစ်ပါးတည်းသာ ဘုန်းအသရေရှိပါစေသော
1အကျွန်ုပ်​တို့​၌​မ​ဟုတ်​ဘဲ​၊ အို ထာဝရဘုရား​၊ အကျွန်ုပ်​တို့​၌​မ​ဟုတ်​ဘဲ
ကိုယ်တော်​၏​နာမ​တော်​၌​သာ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​နှင့်
ကိုယ်တော်​၏​သမ္မာတရား​ကြောင့် ဘုန်းအသရေ​ရှိ​ပါစေသော​။
2လူမျိုးခြား​တို့​က “​သူ​တို့​၏​ဘုရားသခင်​သည် အဘယ်မှာ​ရှိ​သနည်း​”​ဟု
အဘယ်ကြောင့် ဆို​ကြ​သနည်း​။
3ငါ​တို့​၏​ဘုရားသခင်​သည် ကောင်းကင်ဘုံ​၌​ရှိ​တော်မူ​၏​။
ကိုယ်တော်​သည် အလို​တော်​ရှိသမျှ​အတိုင်း ပြု​တော်မူ​၏​။
4သူ​တို့​၏​ရုပ်တု​များ​မူကား ရွှေ​၊ ငွေ​ဖြစ်​ကြ​ပြီး လူ့​လက်​ဖြင့်​ပြုလုပ်​သော​အရာ​များ​ဖြစ်​ကြ​၏​။
5၎င်း​တို့​သည် နှုတ်​ရှိ​သော်လည်း စကား​မ​ပြော​နိုင်​ကြ​။ မျက်စိ​ရှိ​သော်လည်း မ​မြင်​နိုင်​ကြ​။
6နား​ရှိ​သော်လည်း မ​ကြား​နိုင်​ကြ​။#ဆာ 135:17။
နှာခေါင်း​ရှိ​သော်လည်း အနံ့ခံ​၍​မ​ရ​နိုင်​ကြ​။
7လက်​ရှိ​သော်လည်း မ​ထိ​မ​ကိုင်​နိုင်​ကြ​။ ခြေ​ရှိ​သော်လည်း လမ်း​မ​လျှောက်​နိုင်​ကြ​။
၎င်း​တို့​၏​လည်ချောင်း​ဖြင့်​လည်း အသံ​မ​ပြု​နိုင်​ကြ​။#ဗျာ 9:20။
8၎င်း​တို့​ကို ပြုလုပ်​သော​သူ​နှင့် ယုံကြည်ကိုးစား​သော​သူ​အပေါင်း​တို့​သည်
၎င်း​တို့​ကဲ့သို့​ဖြစ်လာ​ကြ​လိမ့်မည်​။
9အို အစ္စရေး​လူမျိုး​တို့​၊ ထာဝရဘုရား​ကို ယုံကြည်ကိုးစား​ကြ​လော့​။
ကိုယ်တော်​သည် ထို​လူမျိုး​တို့​ကို ကူညီမစ​သော​အရှင်​၊ သူ​တို့​၏​ဒိုင်းလွှား​ဖြစ်​တော်မူ​၏​။
10အို အာရုန်​၏​အမျိုးအနွယ်​တို့​၊ ထာဝရဘုရား​ကို ယုံကြည်ကိုးစား​ကြ​လော့​။
ကိုယ်တော်​သည် ထို​အမျိုးအနွယ်​တို့​ကို ကူညီမစ​သော​အရှင်​၊ သူ​တို့​၏​ဒိုင်းလွှား​ဖြစ်​တော်မူ​၏​။
11ထာဝရဘုရား​ကို ကြောက်ရွံ့​သော​သူ​တို့​၊ ထာဝရဘုရား​ကို ယုံကြည်ကိုးစား​ကြ​လော့​။
ကိုယ်တော်​သည် ထိုသို့သော​သူ​တို့​ကို ကူညီမစ​သော​အရှင်​၊ သူ​တို့​၏​ဒိုင်းလွှား​ဖြစ်​တော်မူ​၏​။
12ထာဝရဘုရား​သည် ငါ​တို့​ကို အောက်မေ့​၍ ကောင်းချီးပေး​တော်မူ​မည်​။
အစ္စရေး​အမျိုးအနွယ်​ကို ကောင်းချီးပေး​တော်မူ​မည်​။
အာရုန်​၏​အမျိုးအနွယ်​ကို ကောင်းချီးပေး​တော်မူ​မည်​။
13ထာဝရဘုရား​ကို​ကြောက်ရွံ့​သော​သူ အကြီး​အငယ်​တို့​ကို ကောင်းချီးပေး​တော်မူ​မည်​။
14ထာဝရဘုရား​သည် သင်​တို့​ကို​လည်းကောင်း​၊
သင်​တို့​မှစ၍ သင်​တို့​၏​သားသမီး​တို့​ကို​လည်းကောင်း တိုးပွား​စေ​တော်မူ​ပါစေသော​။
15သင်​တို့​သည် ကောင်းကင်​နှင့်​မြေကြီး​ကို ဖန်ဆင်း​တော်မူ​သော​ထာဝရဘုရား​ထံ​တော်​မှ
ကောင်းချီးမင်္ဂလာ​ခံစား​ရ​ပါစေသော​။
16ကောင်းကင်​သည် ထာဝရဘုရား​၏​ကောင်းကင်​ဖြစ်​၏​။
ကမ္ဘာမြေကြီး​ကို​ကား လူသား​တို့​အား ပေး​တော်မူ​၏​။
17သေလွန်​သော​သူ​၊ ဆိတ်ငြိမ်​ရာ​အရပ်​ထဲသို့ ဆင်းသွား​သော​သူ​တစ်စုံတစ်ဦး​မျှ
ထာဝရဘုရား​ကို မ​ချီးမွမ်း​ကြ​ပေ​။
18ငါ​တို့​မူကား ထာဝရဘုရား​ကို ယခု​မှစ၍​ကာလ​အစဉ်အဆက် ကောင်းချီးထောမနာ​ပြု​ကြ​မည်​။
ဟာလေလုယ​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in