YouVersion Logo
Search Icon

မိက္ခာအနာဂတ္တိကျမ်း 6

6
ထာဝရဘုရားက ယုဒလူမျိုးကိုစွဲချက်တင်ခြင်း
1ယခု နားထောင်​လော့​။ ထာဝရဘုရား​က “​ထ​၍ တောင်တန်း​များ​ရှေ့​တွင် သင်​၏​အမှု​ကို တင်ပြ​လော့​။ သင့်​အသံ​ကို တောင်ကုန်း​များ​လည်း ကြား​ပါစေ​။ 2အို တောင်​များ​တို့​၊ အို ခိုင်ခံ့​သော​မြေကြီး​အုတ်မြစ်​တို့​၊ ထာဝရဘုရား​၏​စွဲချက်​ကို​နားထောင်​ကြ​လော့​။ အကြောင်းမူကား ထာဝရဘုရား​သည် မိမိ​လူမျိုး​တော်​ကို စွဲချက်တင်​တော်မူ​ပြီ​။ အစ္စရေး​လူမျိုး​နှင့် အချေအတင်​ပြောဆို​တော်မူ​မည်​။ 3အို ငါ့​လူမျိုး​တော်​၊ သင့်​ကို ငါ​မည်သို့​ပြု​မိ​ခဲ့​သနည်း​။ သင့်​ကို ငါ​မည်သို့ စိတ်ပင်ပန်း​စေ​ခဲ့​သနည်း​။ ပြော​ပါ​လော့​။ 4ငါ​သည် သင့်​ကို ကျွန်ခံရာ​အိမ်​အီဂျစ်​ပြည်​မှ ရွေးနုတ်​ခေါ်ဆောင်​ခဲ့​ပြီ​။ သင့်​ကို​ဦးဆောင်​မည့် မောရှေ​၊ အာရုန်​နှင့်​မိရိအံ​တို့​ကို စေလွှတ်​ပေး​ခဲ့​ပြီ​။ 5အို ငါ့​လူမျိုး​တော်​၊ ထာဝရဘုရား​ဖြောင့်မတ်​တော်မူ​ကြောင်း သင် သိ​နိုင်​ရန် မောဘ​ဘုရင်​ဗာလက်​မင်းကြီး မည်သို့​ကြံစည်​ခဲ့​သည်​ကို​လည်းကောင်း​၊ သူ့​အား ဗောရ​သား ဗာလမ် မည်သို့​ပြန်လည်ဖြေကြား​ခဲ့​သည်​ကို​လည်းကောင်း​၊ ရှိတ္တိမ်​မြို့​နှင့် ဂိလဂါလ​မြို့​ကြား မည်သည့်​အရာ​ဖြစ်ပျက်​ခဲ့​သည်​ကို​လည်းကောင်း အောက်မေ့​လော့”​ဟု မိန့်​တော်မူ​၏​။ 6ငါ​သည် ထာဝရဘုရား​ထံ မည်သည့်​အရာ ယူလာ​ပြီး အမြင့်ဆုံး​သော​ဘုရားသခင်​ကို ရှိခိုး​ရ​မည်နည်း​။ အထံ​တော်​သို့ တစ်နှစ်သားအရွယ်​နွားသငယ်​ကို မီးရှို့ရာယဇ်​အဖြစ် ယူလာ​ရ​မည်လော​။ 7ထာဝရဘုရား​သည် သိုးထီး​တစ်ထောင်​၊ ဆီ​မြစ်​တစ်သောင်း​ကို နှစ်သက်​တော်မူ​မည်လော​။ ငါ​ကျူးလွန်​သော​အပြစ်​အတွက် ငါ​၏​သားဦး​ကို​လည်းကောင်း​၊ ငါ့​စိတ်​ထဲ၌ ပြု​သော​အပြစ်​အတွက် ငါ​၏​ရင်သွေး​ကို​လည်းကောင်း ပူဇော်​ရ​မည်လော​။ 8အို အချင်း​လူ​၊ မည်သည့်​အရာ​ကောင်းမြတ်​သည်​ကို သင့်​အား​ပြောပြ​တော်မူ​ပြီ​။ စင်စစ် တရားမျှတ​စွာ​ပြုကျင့်​ခြင်း​၊ မေတ္တာကရုဏာ​ကို မြတ်နိုး​ခြင်း​၊ ဘုရားသခင်​ရှေ့​တော်​၌ စိတ်နှိမ့်ချ​စွာ​အသက်ရှင်​လျှောက်လှမ်း​ခြင်း မှတစ်ပါး သင့်​အား မည်သည့်​အရာ​ကို ထာဝရဘုရား တောင်းဆို​တော်မူ​သနည်း​။
ဒဏ်ခတ်ခံရဖို့ စီရင်ခြင်း
9ထာဝရဘုရား​သည် မြို့​ကို အော်ဟစ်​မိန့်မြွက်​တော်မူ​၏​။ ဉာဏ်ပညာ​ရှိ​သော​သူ​သည် နာမ​တော်​ကို သိမြင်​လေ​ပြီ​။ တောင်ဝှေး​ကို​လည်းကောင်း​၊ တောင်ဝှေး​အား ခန့်အပ်​ထား​သော​အရှင်​ကို​လည်းကောင်း နာခံ​လော့​။ 10ဆိုးယုတ်​သော​သူ​၏​အိမ်​တွင် မတရား​ယူ​ထား​သော​ဥစ္စာ ရှိ​သေး​သလော​။ အဝင်ချင်းမတူ​သော​ဧဖာ#6:10 “22 လီတာဆန့်သောတောင်း”။ ရှိ​သေး​သလော​။ 11မမှန်ကန်​သော​ချိန်ခွင်​၊ မမှန်ကန်​သော​အလေး​အိတ်​ကို မှန်ကန်​သည်​ဟု ငါ​ဆို​ရ​မည်လော​။ 12မြို့သား​သူဌေး​တို့​သည် ရက်စက်ကြမ်းကြုတ်​ကြ​၏​။ မြို့သူမြို့သား​တို့​သည် အလိမ်အညာ​စကား​ကို​သာ ပြော​တတ်​ကြ​၏​။ သူ​တို့​၏​လျှာ​သည် လိမ်လည်လှည့်စား​သော​စကား​ကို​သာ ဆို​တတ်​ကြ​၏​။ 13“သို့ဖြစ်၍ ငါ​သည် သင့်​ကို ဖျားနာ​ခြင်း​ဖြင့် ဒဏ်ခတ်​မည်​။ သင့်​အပြစ်​များ​ကြောင့် သင့်​ကို ဖျက်ဆီး​ပစ်​မည်​။ 14သင်​သည် စား​ရ​သော်လည်း ဝလင်​မည်​မ​ဟုတ်​။ ဝမ်း​ဟာ​နေ​လိမ့်မည်​။ နောက်ဆုတ်​သော်လည်း လွတ်မြောက်​မည်​မ​ဟုတ်​။ လွတ်မြောက်​လျှင်ပင် သင့်​ကို ဓား​လက်​သို့ ငါ​အပ်​မည်​။ 15မျိုးစေ့​ကြဲ​သော်လည်း ရိတ်သိမ်း​ရ​မည်​မ​ဟုတ်​။ သံလွင်သီး​ကို​နင်းနယ်​သော်လည်း သံလွင်ဆီ​လိမ်း​ရ​မည်​မ​ဟုတ်​။ စပျစ်သီး​ကို​နင်းနယ်​သော်လည်း စပျစ်ဝိုင်​သောက်​ရ​မည်​မ​ဟုတ်​။ 16ဩမရိ​မင်းကြီး​၏​ဥပဒေသ​အတိုင်း​၊ အာဟပ်​မင်းမျိုး​၏​အပြုအမူ​အတိုင်း သင်​တို့ လိုက်လျှောက်​ကြ​၏​။ သူ​တို့​၏​အကျင့်အကြံ​အတိုင်း လိုက်လျှောက်​သောကြောင့် သင့်​ကို ပျက်စီး​ခြင်း​လက်​သို့ ငါ​ပေးအပ်​လိုက်​၏​။ မြို့သား​တို့​သည် ကဲ့ရဲ့စရာ​ဖြစ်​ရ​လိမ့်မည်​။ သင်​တို့​သည် ငါ့​လူမျိုး​တော်​၏​ကဲ့ရဲ့ပြစ်တင်​ခြင်း​ကို ခံရ​လိမ့်မည်​။”

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for မိက္ခာအနာဂတ္တိကျမ်း 6