YouVersion Logo
Search Icon

ယောဘဝတ္ထု 29

29
နောက်ဆုံး ယောဘက မိမိအပြစ်ကင်းကြောင်း‌‌အခိုင်အမာပြောဆိုခြင်း
1ထိုအခါ ယောဘ​က ဆက်၍ 2“​ကုန်ဆုံး​သွား​သော​လ​များ​ကဲ့သို့​၊ ငါ့​ကို ဘုရားသခင် စောင့်ရှောက်​တော်မူ​သော​နေ့ရက်​များ​ကဲ့သို့ ပြန်ဖြစ်​ချင်​မိ​ပါ​၏​။ 3ထိုစဉ်က ကိုယ်တော်​၏​မီးခွက်​သည် ငါ့​ဦးခေါင်း​ထက်​တွင် မီးခွက်​သဖွယ် ထွန်းလင်း​တော်မူ​သဖြင့် ထို​အလင်း​ဖြင့် မှောင်မိုက်​ထဲတွင် ငါ​သွားလာ​ရ​၏​။ 4ငါ​အရွယ်ကောင်း​စဉ်က ဘုရားသခင်​သည် ငါ့​တဲ​နှင့် ရင်းနှီးကျွမ်းဝင်​ခဲ့​၏​။ 5ငါ​နှင့်အတူ အနန္တတန်ခိုးရှင်​ရှိ​ခဲ့​၏​။ ငါ​နှင့်အတူ ငါ့​သားသမီး​တို့ ရှိ​ခဲ့​၏​။ 6ငါ​လျှောက်​သော​လမ်း​တွင် နို့ရည်​စီး​၏​။ ငါ့​အဖို့ ကျောက်ဆောင်​မှ​လည်း ဆီ​များ ချောင်း​သဖွယ်​စီးဆင်း​၏​။ 7လူစည်ကား​ရာ​မြို့​တံခါး​သို့​သွား​လျှင်​လည်း ထိုင်စရာ​နေရာ​အသင့်ရှိ​၏​။ 8လူငယ်​တို့​သည်​လည်း ငါ့​ကို​မြင်​လျှင် ရှောင်ပေး​ကြ​၏​။ အသက်ကြီး​သူ​တို့​သည်​လည်း ထ​၍​ရပ်​ပေး​ကြ​၏​။ 9အကြီးအကဲ​များ​ပင် စကားပြော​ရာ​မှ​ရပ်​၍ နှုတ်​ကို လက်​နှင့်​ပိတ်​ထား​ကြ​၏​။ 10အုပ်ချုပ်သူမင်း​များ​လည်း အသံတိတ်​သွား​ကြ​ပြီး သူ​တို့​၏​လျှာ​သည် အာခေါင်​တွင်​ကပ်​၍​နေ​၏​။ 11ငါ့​အကြောင်း​ကို​ကြား​သောအခါ ငါ့​ကို​မင်္ဂလာ​ရှိ​သူ​ဟု ခေါ်ဆို​ကြ​၏​။ ငါ့​ကို​မြင်​လျှင် ငါ့​ကို​ချီးကျူး​ကြ​၏​။ 12ငါ​သည် အကူအညီ​အော်ဟစ်​တောင်းခံ​သော​ဆင်းရဲသား​နှင့် အကူအညီမဲ့​သော​ဖတဆိုး​တို့​ကို ကယ်မ​ပေး​ခဲ့​၏​။ 13ဘဝပျက်လု​သူ​များ​ကပင် ငါ့​ကို လာ​၍​ချီးကျူး​ကြ​၏​။ ငါ​သည် မုဆိုးမ​တို့​၏​စိတ်နှလုံး​ကို ရွှင်လန်း​ဝမ်းမြောက်​စေ​ခဲ့​၏​။ 14ငါ​သည် ဖြောင့်မတ်​ခြင်း​ကို လွှမ်းခြုံ​ဝတ်ဆင်​ထား​၏​။ တရားမျှတ​ခြင်း​သည် ငါ့​ဝတ်လုံ​၊ ငါ့​ခေါင်းပေါင်း​ကဲ့သို့ ဖြစ်​ခဲ့​၏​။ 15ငါ​သည် မျက်မမြင်​သူ​အဖို့ မျက်စိ​၊ ခြေမသန်သူ​အဖို့ ခြေ​ဖြစ်​ခဲ့​၏​။ 16နွမ်းပါး​သူ​တို့​အဖို့ ဖခင်​၊ သူစိမ်း​တို့​၏​အမှုကိစ္စ​ကို ကူညီဖြေရှင်း​ပေး​ခဲ့​သူ​ဖြစ်​၏​။ 17ဒုစရိုက်ပြု​သော​သူ​တို့​၏​အစွယ်​ကို ချိုး​ပြီး သူ့​သွား​မှ သားကောင်​ကို ကယ်နုတ်​ပေး​ခဲ့​၏​။ 18‘​ငါ့​အသိုက်အမြုံ​တွင် ငါ​သေ​ရ​လိမ့်မည်​။ ငါ​အသက်ရှင်​ရ​သော​နေ့​တို့​သည် သဲပွင့်​နှင့်အမျှ များ​ဦး​မည်​။ 19ငါ့​အမြစ်​သည် ရေ​ရှိ​ရာ​အထိ ဖြာထွက်​ပြီး ငါ့​အခက်အလက်​တို့​သည်​လည်း နှင်းစက်​များ​ဖြင့် တစ်ညလုံး​စို​နေ​လိမ့်မည်​။ 20ငါ့​ဂုဏ်သရေ​သည် အစဉ်​ပွင့်လန်း​လိမ့်မည်​။ ငါ့​လေး​သည်​လည်း ငါ့​လက်​၌​သစ်လွင်​နေ​လိမ့်မည်’​ဟု ငါ​ထင်မှတ်​ခဲ့​၏​။ 21လူ​တို့​သည် ငါ​ပြော​မည့်​စကား​ကို နားစွင့်​ပြီး မျှော်​တတ်​ကြ​၏​။ ငါ​အကြံပေး​မည်​ကို တိတ်ဆိတ်​စွာ​စောင့်​နေ​ကြ​၏​။ 22ငါ​စကားပြော​ပြီးလျှင် မည်သူ​မျှ​စောဒက​မ​တက်​ကြ​။ ငါ့​စကား​သည် သူ​တို့​အပေါ် နှင်းစက်​ကဲ့သို့​ကျ​၏​။ 23သူ​တို့​သည် မိုး​ကို​မျှော်​သကဲ့သို့ ငါ့​ကို မျှော်​တတ်​ကြ​၏​။ သူ​တို့​၏​ပါးစပ်​ကို ကျယ်ကျယ်​ဖွင့်​ထား​၍ မိုးနှောင်း​ကို မျှော်​သကဲ့သို့ ငါ့​ကို မျှော်​တတ်​ကြ​၏​။ 24ငါ​ပြုံးပြ​သောအခါ သူ​တို့ မ​ယုံ​နိုင်​အောင်​ဖြစ်​ကြ​၏​။ ကြည်လင်ဝင်းပ​နေ​သော​ငါ့​မျက်နှာ​ကို မညှိုးနွမ်း​စေ​ကြ​။ 25ငါ​သည် ခေါင်းဆောင်​နေရာ​တွင်​နေ​၍ သူ​တို့​ကို လမ်းညွှန်​ပြသ​ပေး​ခဲ့​၏​။ စစ်သည်​တို့​ခြံရံ​ထား​သော​ရှင်ဘုရင်​ကဲ့သို့​လည်းကောင်း​၊ ငိုကြွေးမြည်တမ်း​သူ​ကို နှစ်သိမ့်ပေး​သူ​ကဲ့သို့​လည်းကောင်း ဖြစ်​ခဲ့​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in