ကမ္ဘာဦးကျမ်း 36
36
ဧသော၏သားစဉ်မြေးဆက်
1ဧဒုံ ခေါ် ဧသော၏အတ္ထုပ္ပတ္တိကား ဤသို့ဖြစ်၏။ 2ဧသောသည် ခါနာန်အမျိုးသမီးတို့နှင့်အိမ်ထောင်ပြု၏။ ထိုသူတို့မှာ ဟိတ္တိလူမျိုးဧလုန်၏သမီးအာဒနှင့် ဟိဝိလူမျိုးဇိဘောင်၏မြေး၊ အာန၏သမီးအဟောလိဗာမ တို့ဖြစ်ကြ၏။ 3ထို့ပြင် နဗာယုတ်၏နှမ ဣရှမေလ၏သမီးဗာရှမတ်နှင့် အိမ်ထောင်ပြု၏။ 4အာဒသည် ဧသောအတွက် ဧလိဖတ်ကိုမွေးဖွား၍ ဗာရှမတ်သည် ရွေလကိုမွေးဖွား၏။ 5အဟောလိဗာမသည် ယုရှ၊ ယာလံနှင့်ကောရ တို့ကိုမွေးဖွား၏။ ဤသူတို့ကား ခါနာန်ပြည်၌မွေးဖွားသော ဧသော၏သားများဖြစ်ကြ၏။
6ဧသောသည် သူ၏မယားများ၊ သားသမီးများနှင့် အိမ်သူအိမ်သားအပေါင်းတို့ကိုလည်းကောင်း၊ သူ၏သိုးနွားမှစ၍ တိရစ္ဆာန်ရှိသမျှတို့ကိုလည်းကောင်း၊ ခါနာန်ပြည်၌ သူစုဆောင်းရရှိသောဥစ္စာရှိသမျှတို့ကိုလည်းကောင်း ယူ၍ သူ၏ညီယာကုပ်နှင့်ဝေးရာပြည်သို့ ထွက်သွားလေ၏။ 7အကြောင်းမူကား သူတို့၏ဥစ္စာများလွန်း၍ သူတို့သည် အတူမနေထိုင်နိုင်ပေ။ သူတို့၏တိရစ္ဆာန်များအတွက်လည်း သူတို့တည်းခိုနေထိုင်သောပြည်၌ စားကျက်မြေမလုံလောက်ပေ။ 8သို့ဖြစ်၍ ဧသောသည် စိရပြည်တောင်ပေါ်ဒေသ၌ နေထိုင်လေ၏။ ဧသောသည် ဧဒုံဖြစ်၏။
9စိရပြည်တောင်ပေါ်ဒေသ၌နေထိုင်သောဧဒုံလူမျိုး၏ဘိုးဘေးဖြစ်သည့် ဧသော၏ဆွေစဉ်မျိုးဆက်မှာ ဤသို့ဖြစ်၏။
10ဧသော၏မယားအာဒမွေးသောသားမှာ ဧလိဖတ်၊ ဧသော၏မယားဗာရှမတ်မွေးသောသားမှာ ရွေလ ဖြစ်၏။ ဤသည်ကား ဧသော၏သားများဖြစ်ကြ၏။ 11ဧလိဖတ်၏သားများမှာ တေမန်၊ ဩမရ၊ ဇေဖော၊ ဂါတံ၊ ကေနတ် တို့ဖြစ်ကြ၏။ 12ဧသော၏သား ဧလိဖတ်၏မယားငယ်တိမနသည်လည်း ဧလိဖတ်အတွက် အာမလက်ကိုမွေးဖွား၏။ ဤသူတို့ကား ဧသော၏မယား အာဒ၏သားမြေးများဖြစ်ကြ၏။
13ရွေလ၏သားများမှာ နာဟတ်၊ ဇေရ၊ ရှမ္မ၊ မိဇ္ဇ တို့ဖြစ်ကြ၏။ ဤသူတို့ကား ဧသော၏မယား ဗာရှမတ်၏သားမြေးများဖြစ်ကြ၏။
14ဇိဘောင်၏မြေး အာနသမီး ဧသော၏မယားအဟောလိဗာမသည် ဧသောအတွက် ယုရှ၊ ယာလံ၊ ကောရ တို့ကိုမွေးဖွား၏။ ဤသူတို့သည် အဟောလိဗာမ၏သားများဖြစ်ကြ၏။
15ဧသော၏သားမြေးတို့တွင် အမျိုးအနွယ်သူကြီးများမှာ ဧသော၏သားဦး ဧလိဖတ်၏သား သူကြီးတေမန်၊ သူကြီးဩမရ၊ သူကြီးဇေဖော၊ သူကြီးကေနတ်၊ 16သူကြီးကောရ၊ သူကြီးဂါတံ၊ သူကြီးအာမလက်တို့ဖြစ်ကြ၏။ ဤသူတို့ကား ဧဒုံပြည်၌ ဧလိဖတ်မှဆင်းသက်လာသော အမျိုးအနွယ်သူကြီးများ၊ အာဒ၏သားမြေးများ ဖြစ်ကြ၏။
17ဧသော၏သားဖြစ်သောရွေလ၏သားများမှာ သူကြီးနာဟတ်၊ သူကြီးဇေရ၊ သူကြီးရှမ္မ၊ သူကြီးမိဇ္ဇ တို့ဖြစ်ကြ၏။ ဤသူတို့ကား ဧဒုံပြည်၌ ရွေလမှဆင်းသက်သောအမျိုးအနွယ်သူကြီးများ၊ ဧသော၏မယားဗာရှမတ်၏သားမြေးများဖြစ်ကြ၏။
18ဧသော၏မယားအဟောလိဗာမ၏သားများမှာ သူကြီးယုရှ၊ သူကြီးယာလံ၊ သူကြီးကောရ တို့ဖြစ်ကြ၏။ ဤသူတို့ကား ဧသော၏မယား အာန၏သမီးအဟောလိဗာမမှဆင်းသက်သောအမျိုးအနွယ်သူကြီးများဖြစ်ကြ၏။ 19ဤသူတို့ကား ဧဒုံ ခေါ် ဧသော၏သားမြေးများ၊ အမျိုးအနွယ်သူကြီးများဖြစ်ကြ၏။
စိရ၏သားစဉ်မြေးဆက်
20ဧဒုံပြည်၌ မူလနေထိုင်သူဟောရိလူမျိုးစိရ၏သားတို့မှာ လောတန်၊ ရှောဗလ၊ ဇိဘောင်၊ အာန၊ 21ဒိရှုန်၊ ဧဇာ၊ ဒိရှန် တို့ဖြစ်ကြ၏။ ဤသူတို့သည် ဧဒုံပြည်ရှိ စိရ၏သားများတည်းဟူသော ဟောရိလူမျိုး၏အမျိုးအနွယ်သူကြီးများဖြစ်ကြ၏။ 22လောတန်၏သားများမှာ ဟောရိ၊ ဟေမံတို့ဖြစ်ကြ၏။ လောတန်၏နှမမှာ တိမနဖြစ်၏။ 23ရှောဗလ၏သားများမှာ အာလဝန်၊ မနာဟတ်၊ ဧဗလ၊ ရှေဖော၊ ဩနံ တို့ဖြစ်ကြ၏။ 24ဇိဘောင်၏သားများမှာ အာယ၊ အာန တို့ဖြစ်ကြ၏။ အာနသည် မိမိဖခင်ဇိဘောင်၏မြည်းများကို ထိန်းကျောင်းစဉ် တောကန္တာရ၌ ရေပူစမ်းတို့ကိုတွေ့ရှိသောသူဖြစ်၏။ 25အာန၏သားမှာ ဒိရှုန် ဖြစ်၏။ အာန၏သမီးမှာ အဟောလိဗာမဖြစ်၏။ 26ဒိရှုန်၏သားများမှာ ဟင်္ဒန်၊ ဧရှဗန်၊ ဣသရန်၊ ခေရန် တို့ဖြစ်ကြ၏။ 27ဧဇာ၏သားများမှာ ဗိလဟန်၊ ဇာဝန်၊ အာကန်တို့ဖြစ်ကြ၏။ 28ဒိရှန်၏သားများမှာ ဥဇ၊ အာရန် တို့ဖြစ်ကြ၏။
29ဟောရိလူမျိုး၏အမျိုးအနွယ်သူကြီးများမှာ သူကြီးလောတန်၊ သူကြီးရှောဗလ၊ သူကြီးဇိဘောင်၊ သူကြီးအာန၊ 30သူကြီးဒိရှုန်၊ သူကြီးဧဇာ၊ သူကြီးဒိရှန် တို့ဖြစ်ကြ၏။ ဤသူတို့ကား စိရပြည်၌ အမျိုးအနွယ်အလိုက်သူကြီးဖြစ်ကြသော ဟောရိလူမျိုးတို့၏အမျိုးအနွယ်သူကြီးများဖြစ်ကြ၏။
ဧဒုံပြည်၏ဘုရင်များ
31အစ္စရေးအမျိုးသားတို့ကိုစိုးစံသောဘုရင်မရှိမီ ဧဒုံပြည်ကိုစိုးစံသောဘုရင်များမှာ ဤသူတို့တည်း။ 32ဗောရသားဗေလသည် ဧဒုံပြည်ကိုစိုးစံ၏။ သူ၏မြို့တော်အမည်မှာ ဒိန္နာဗာ ဖြစ်၏။ 33ဗေလမင်းကြီးအနိစ္စရောက်သောအခါ ဗောဇရမြို့မှ ဇေရ၏သား ယောဗပ်သည် သူ့နေရာ၌စိုးစံလေ၏။ 34ယောဗပ်မင်းကြီးအနိစ္စရောက်သောအခါ တေမန်အမျိုးသားတို့၏ပြည်မှ ဟုရှံသည် သူ့နေရာ၌စိုးစံလေ၏။ 35ဟုရှံမင်းကြီးအနိစ္စရောက်သောအခါ မောဘလွင်ပြင်၌ မိဒျန်လူမျိုးတို့ကိုနှိမ်နင်းနိုင်ခဲ့သော ဗေဒဒ်၏သားဟာဒဒ်သည် သူ့နေရာ၌စိုးစံ၍ မြို့တော်မှာ အာဝိတ် ဖြစ်၏။ 36ဟာဒဒ်မင်းကြီးအနိစ္စရောက်သောအခါ မာသရက်အရပ်သားစာမလသည် သူ့နေရာ၌စိုးစံလေ၏။ 37စာမလမင်းကြီးအနိစ္စရောက်သောအခါ ယူဖရေးတီးမြစ်#36:37 တိုက်ရိုက်ပြန်ဆိုလျှင် “မြစ်”။နား၌ရှိသော ရဟောဘုတ်အရပ်သားရှောလသည် သူ့နေရာ၌စိုးစံလေ၏။ 38ရှောလမင်းကြီးအနိစ္စရောက်သောအခါ အာခဗော်၏သား ဗာလဟာနန်သည် သူ့နေရာ၌စိုးစံလေ၏။ 39အာခဗော်၏သား ဗာလဟာနန်မင်းကြီးအနိစ္စရောက်သောအခါ ဟာဒါသည် သူ့နေရာ၌စိုးစံ၍ မြို့တော်မှာ ပေါမြို့ ဖြစ်၏။ သူ၏မိဖုရားအမည်မှာ မဟေတဗေလဖြစ်ပြီး သူသည် မေဇဟပ်၏မြေး မာတရက်၏သမီးဖြစ်၏။
40ဧသောအမျိုးအနွယ်သူကြီးတို့၏အမည်များကို သူတို့မျိုးနွယ်စုအလိုက်၊ သူတို့နေရပ်အလိုက်၊ သူတို့အမည်အလိုက် ဖော်ပြသော် သူကြီးတိမန၊ သူကြီးအာလဝ၊ သူကြီးယေသက်၊ 41သူကြီးအဟောလိဗာမ၊ သူကြီးဧလာ၊ သူကြီးပိနုန်၊ 42သူကြီးကေနတ်၊ သူကြီးတေမန်၊ သူကြီးမိဗဇာ၊ 43သူကြီးမာဂဒေလ၊ သူကြီးဣရံ တို့ဖြစ်ကြ၏။ ဤသူတို့သည် မိမိတို့ပိုင်ဆိုင်ရာပြည်၊ မိမိတို့နေရပ်အလိုက် ဧဒုံသူကြီးများဖြစ်ကြ၏။ ဧသောသည် ဧဒုံလူမျိုးတို့၏ဘိုးဘေးဖြစ်၏။
Currently Selected:
ကမ္ဘာဦးကျမ်း 36: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative