YouVersion Logo
Search Icon

ကမ္ဘာဦးကျမ်း 36

36
ဧသော၏သားစဉ်မြေးဆက်
1ဧဒုံ ခေါ် ဧသော​၏​အတ္ထုပ္ပတ္တိ​ကား ဤသို့​ဖြစ်​၏​။ 2ဧသော​သည် ခါနာန်​အမျိုးသမီး​တို့​နှင့်​အိမ်ထောင်ပြု​၏​။ ထို​သူ​တို့​မှာ ဟိတ္တိ​လူမျိုး​ဧလုန်​၏​သမီး​အာဒ​နှင့် ဟိဝိ​လူမျိုး​ဇိဘောင်​၏​မြေး​၊ အာန​၏​သမီး​အဟောလိဗာမ တို့​ဖြစ်​ကြ​၏​။ 3ထို့ပြင် နဗာယုတ်​၏​နှမ ဣရှမေလ​၏​သမီး​ဗာရှမတ်​နှင့် အိမ်ထောင်ပြု​၏​။ 4အာဒ​သည် ဧသော​အတွက် ဧလိဖတ်​ကို​မွေးဖွား​၍ ဗာရှမတ်​သည် ရွေလ​ကို​မွေးဖွား​၏​။ 5အဟောလိဗာမ​သည် ယုရှ​၊ ယာလံ​နှင့်​ကောရ တို့​ကို​မွေးဖွား​၏​။ ဤ​သူ​တို့​ကား ခါနာန်​ပြည်​၌​မွေးဖွား​သော ဧသော​၏​သား​များ​ဖြစ်​ကြ​၏​။
6ဧသော​သည် သူ​၏​မယား​များ​၊ သား​သမီး​များ​နှင့် အိမ်သူအိမ်သား​အပေါင်း​တို့​ကို​လည်းကောင်း​၊ သူ​၏​သိုးနွား​မှစ၍ တိရစ္ဆာန်​ရှိသမျှ​တို့​ကို​လည်းကောင်း​၊ ခါနာန်​ပြည်​၌ သူ​စုဆောင်း​ရရှိ​သော​ဥစ္စာ​ရှိသမျှ​တို့​ကို​လည်းကောင်း ယူ​၍ သူ​၏​ညီ​ယာကုပ်​နှင့်​ဝေးရာ​ပြည်​သို့ ထွက်သွား​လေ​၏​။ 7အကြောင်းမူကား သူ​တို့​၏​ဥစ္စာ​များလွန်း​၍ သူ​တို့​သည် အတူ​မ​နေထိုင်​နိုင်​ပေ​။ သူ​တို့​၏​တိရစ္ဆာန်​များ​အတွက်​လည်း သူ​တို့​တည်းခိုနေထိုင်​သော​ပြည်​၌ စားကျက်မြေ​မ​လုံလောက်​ပေ​။ 8သို့ဖြစ်၍ ဧသော​သည် စိရ​ပြည်​တောင်ပေါ်ဒေသ​၌ နေထိုင်​လေ​၏​။ ဧသော​သည် ဧဒုံ​ဖြစ်​၏​။
9စိရ​ပြည်​တောင်ပေါ်ဒေသ​၌​နေထိုင်​သော​ဧဒုံ​လူမျိုး​၏​ဘိုးဘေး​ဖြစ်​သည့် ဧသော​၏​ဆွေစဉ်မျိုးဆက်​မှာ ဤသို့​ဖြစ်​၏​။
10ဧသော​၏​မယား​အာဒ​မွေး​သော​သား​မှာ ဧလိဖတ်​၊ ဧသော​၏​မယား​ဗာရှမတ်​မွေး​သော​သား​မှာ ရွေလ ဖြစ်​၏​။ ဤသည်ကား ဧသော​၏​သား​များ​ဖြစ်​ကြ​၏​။ 11ဧလိဖတ်​၏​သား​များ​မှာ တေမန်​၊ ဩမရ​၊ ဇေဖော​၊ ဂါတံ​၊ ကေနတ် တို့​ဖြစ်​ကြ​၏​။ 12ဧသော​၏​သား ဧလိဖတ်​၏​မယားငယ်​တိမန​သည်​လည်း ဧလိဖတ်​အတွက် အာမလက်​ကို​မွေးဖွား​၏​။ ဤ​သူ​တို့​ကား ဧသော​၏​မယား အာဒ​၏​သားမြေး​များ​ဖြစ်​ကြ​၏​။
13ရွေလ​၏​သား​များ​မှာ နာဟတ်​၊ ဇေရ​၊ ရှမ္မ​၊ မိဇ္ဇ တို့​ဖြစ်​ကြ​၏​။ ဤ​သူ​တို့​ကား ဧသော​၏​မယား ဗာရှမတ်​၏​သားမြေး​များ​ဖြစ်​ကြ​၏​။
14ဇိဘောင်​၏​မြေး အာန​သမီး ဧသော​၏​မယား​အဟောလိဗာမ​သည် ဧသော​အတွက် ယုရှ​၊ ယာလံ​၊ ကောရ တို့​ကို​မွေးဖွား​၏​။ ဤ​သူ​တို့​သည် အဟောလိဗာမ​၏​သား​များ​ဖြစ်​ကြ​၏​။
15ဧသော​၏​သားမြေး​တို့​တွင် အမျိုးအနွယ်​သူကြီး​များ​မှာ ဧသော​၏​သားဦး ဧလိဖတ်​၏​သား သူကြီး​တေမန်​၊ သူကြီး​ဩမရ​၊ သူကြီး​ဇေဖော​၊ သူကြီး​ကေနတ်​၊ 16သူကြီး​ကောရ​၊ သူကြီး​ဂါတံ​၊ သူကြီး​အာမလက်​တို့​ဖြစ်​ကြ​၏​။ ဤ​သူ​တို့​ကား ဧဒုံ​ပြည်​၌ ဧလိဖတ်​မှ​ဆင်းသက်​လာ​သော အမျိုးအနွယ်​သူကြီး​များ​၊ အာဒ​၏​သားမြေး​များ ဖြစ်​ကြ​၏​။
17ဧသော​၏​သား​ဖြစ်​သော​ရွေလ​၏​သား​များ​မှာ သူကြီး​နာဟတ်​၊ သူကြီး​ဇေရ​၊ သူကြီး​ရှမ္မ​၊ သူကြီး​မိဇ္ဇ တို့​ဖြစ်​ကြ​၏​။ ဤ​သူ​တို့​ကား ဧဒုံ​ပြည်​၌ ရွေလ​မှ​ဆင်းသက်​သော​အမျိုးအနွယ်​သူကြီး​များ​၊ ဧသော​၏​မယား​ဗာရှမတ်​၏​သားမြေး​များ​ဖြစ်​ကြ​၏​။
18ဧသော​၏​မယား​အဟောလိဗာမ​၏​သား​များ​မှာ သူကြီး​ယုရှ​၊ သူကြီး​ယာလံ​၊ သူကြီး​ကောရ တို့​ဖြစ်​ကြ​၏​။ ဤ​သူ​တို့​ကား ဧသော​၏​မယား အာန​၏​သမီး​အဟောလိဗာမ​မှ​ဆင်းသက်​သော​အမျိုးအနွယ်​သူကြီး​များ​ဖြစ်​ကြ​၏​။ 19ဤ​သူ​တို့​ကား ဧဒုံ ခေါ် ဧသော​၏​သားမြေး​များ​၊ အမျိုးအနွယ်​သူကြီး​များ​ဖြစ်​ကြ​၏​။
စိရ၏သားစဉ်မြေးဆက်
20ဧဒုံ​ပြည်​၌ မူလ​နေထိုင်​သူ​ဟောရိ​လူမျိုး​စိရ​၏​သား​တို့​မှာ လောတန်​၊ ရှောဗလ​၊ ဇိဘောင်​၊ အာန​၊ 21ဒိရှုန်​၊ ဧဇာ​၊ ဒိရှန် တို့​ဖြစ်​ကြ​၏​။ ဤ​သူ​တို့​သည် ဧဒုံ​ပြည်​ရှိ စိရ​၏​သား​များ​တည်းဟူသော ဟောရိ​လူမျိုး​၏​အမျိုးအနွယ်​သူကြီး​များ​ဖြစ်​ကြ​၏​။ 22လောတန်​၏​သား​များ​မှာ ဟောရိ​၊ ဟေမံ​တို့​ဖြစ်​ကြ​၏​။ လောတန်​၏​နှမ​မှာ တိမန​ဖြစ်​၏​။ 23ရှောဗလ​၏​သား​များ​မှာ အာလဝန်​၊ မနာဟတ်​၊ ဧဗလ​၊ ရှေဖော​၊ ဩနံ တို့​ဖြစ်​ကြ​၏​။ 24ဇိဘောင်​၏​သား​များ​မှာ အာယ​၊ အာန တို့​ဖြစ်​ကြ​၏​။ အာန​သည် မိမိ​ဖခင်​ဇိဘောင်​၏​မြည်း​များ​ကို ထိန်းကျောင်း​စဉ် တောကန္တာရ​၌ ရေပူစမ်း​တို့​ကို​တွေ့ရှိ​သော​သူ​ဖြစ်​၏​။ 25အာန​၏​သား​မှာ ဒိရှုန် ဖြစ်​၏​။ အာန​၏​သမီး​မှာ အဟောလိဗာမ​ဖြစ်​၏​။ 26ဒိရှုန်​၏​သား​များ​မှာ ဟင်္ဒန်​၊ ဧရှဗန်​၊ ဣသရန်​၊ ခေရန် တို့​ဖြစ်​ကြ​၏​။ 27ဧဇာ​၏​သား​များ​မှာ ဗိလဟန်​၊ ဇာဝန်​၊ အာကန်​တို့​ဖြစ်​ကြ​၏​။ 28ဒိရှန်​၏​သား​များ​မှာ ဥဇ​၊ အာရန် တို့​ဖြစ်​ကြ​၏​။
29ဟောရိ​လူမျိုး​၏​အမျိုးအနွယ်​သူကြီး​များ​မှာ သူကြီး​လောတန်​၊ သူကြီး​ရှောဗလ​၊ သူကြီး​ဇိဘောင်​၊ သူကြီး​အာန​၊ 30သူကြီး​ဒိရှုန်​၊ သူကြီး​ဧဇာ​၊ သူကြီး​ဒိရှန် တို့​ဖြစ်​ကြ​၏​။ ဤ​သူ​တို့​ကား စိရ​ပြည်​၌ အမျိုးအနွယ်​အလိုက်​သူကြီး​ဖြစ်​ကြ​သော ဟောရိ​လူမျိုး​တို့​၏​အမျိုးအနွယ်​သူကြီး​များ​ဖြစ်​ကြ​၏​။
ဧဒုံပြည်၏ဘုရင်များ
31အစ္စရေး​အမျိုးသား​တို့​ကို​စိုးစံ​သော​ဘုရင်​မ​ရှိ​မီ ဧဒုံ​ပြည်​ကို​စိုးစံ​သော​ဘုရင်​များ​မှာ ဤ​သူ​တို့​တည်း​။ 32ဗောရ​သား​ဗေလ​သည် ဧဒုံ​ပြည်​ကို​စိုးစံ​၏​။ သူ​၏​မြို့​တော်​အမည်​မှာ ဒိန္နာဗာ ဖြစ်​၏​။ 33ဗေလ​မင်းကြီး​အနိစ္စရောက်​သောအခါ ဗောဇရ​မြို့​မှ ဇေရ​၏​သား ယောဗပ်​သည် သူ့​နေရာ​၌​စိုးစံ​လေ​၏​။ 34ယောဗပ်​မင်းကြီး​အနိစ္စရောက်​သောအခါ တေမန်​အမျိုးသား​တို့​၏​ပြည်​မှ ဟုရှံ​သည် သူ့​နေရာ​၌​စိုးစံ​လေ​၏​။ 35ဟုရှံ​မင်းကြီး​အနိစ္စရောက်​သောအခါ မောဘ​လွင်ပြင်​၌ မိဒျန်​လူမျိုး​တို့​ကို​နှိမ်နင်း​နိုင်​ခဲ့​သော ဗေဒဒ်​၏​သား​ဟာဒဒ်​သည် သူ့​နေရာ​၌​စိုးစံ​၍ မြို့​တော်​မှာ အာဝိတ် ဖြစ်​၏​။ 36ဟာဒဒ်​မင်းကြီး​အနိစ္စရောက်​သောအခါ မာသရက်​အရပ်သား​စာမလ​သည် သူ့​နေရာ​၌​စိုးစံ​လေ​၏​။ 37စာမလ​မင်းကြီး​အနိစ္စရောက်​သောအခါ ယူဖရေးတီး​မြစ်#36:37 တိုက်ရိုက်ပြန်ဆိုလျှင် “မြစ်”။​နား​၌​ရှိ​သော ရဟောဘုတ်​အရပ်သား​ရှောလ​သည် သူ့​နေရာ​၌​စိုးစံ​လေ​၏​။ 38ရှောလ​မင်းကြီး​အနိစ္စရောက်​သောအခါ အာခဗော်​၏​သား ဗာလဟာနန်​သည် သူ့​နေရာ​၌​စိုးစံ​လေ​၏​။ 39အာခဗော်​၏​သား ဗာလဟာနန်​မင်းကြီး​အနိစ္စရောက်​သောအခါ ဟာဒါ​သည် သူ့​နေရာ​၌​စိုးစံ​၍ မြို့​တော်​မှာ ပေါ​မြို့ ဖြစ်​၏​။ သူ​၏​မိဖုရား​အမည်​မှာ မဟေတဗေလ​ဖြစ်​ပြီး သူ​သည် မေဇဟပ်​၏​မြေး မာတရက်​၏​သမီး​ဖြစ်​၏​။
40ဧသော​အမျိုးအနွယ်​သူကြီး​တို့​၏​အမည်​များ​ကို သူ​တို့​မျိုးနွယ်စု​အလိုက်​၊ သူ​တို့​နေရပ်​အလိုက်​၊ သူ​တို့​အမည်​အလိုက် ဖော်ပြ​သော် သူကြီး​တိမန​၊ သူကြီး​အာလဝ​၊ သူကြီး​ယေသက်​၊ 41သူကြီး​အဟောလိဗာမ​၊ သူကြီး​ဧလာ​၊ သူကြီး​ပိနုန်​၊ 42သူကြီး​ကေနတ်​၊ သူကြီး​တေမန်​၊ သူကြီး​မိဗဇာ​၊ 43သူကြီး​မာဂဒေလ​၊ သူကြီး​ဣရံ တို့​ဖြစ်​ကြ​၏​။ ဤ​သူ​တို့​သည် မိမိ​တို့​ပိုင်ဆိုင်​ရာ​ပြည်​၊ မိမိ​တို့​နေရပ်​အလိုက် ဧဒုံ​သူကြီး​များ​ဖြစ်​ကြ​၏​။ ဧသော​သည် ဧဒုံ​လူမျိုး​တို့​၏​ဘိုးဘေး​ဖြစ်​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in