YouVersion Logo
Search Icon

ဧဇရမှတ်စာ 2

2
ပြန်လာသည့်သုံ့ပန်းများ
1ဤသည်ကား ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး ဖမ်းခေါ်​သွား​သဖြင့် သုံ့ပန်း​အဖြစ် ဘေဘီလုံ​ပြည်​၊ နယ်မြေဒေသ​အသီးသီး​သို့​ရောက်သွား​ကြ​ပြီး သုံ့ပန်းဘဝ​မှ​လွတ်မြောက်​၍ ယုဒ​ပြည်​၊ ဂျေရုဆလင်​မြို့​ရှိ မိမိ​တို့​နေရပ်​အသီးသီး​သို့​ပြန်လာ​ကြ​သော​သူ​များ ဖြစ်​ကြ​၏​။ 2ဇေရုဗဗေလ​၊ ယေရွှာ​၊ နေဟမိ​၊ စရာယ​၊ ရေလာယ​၊ မော်ဒကဲ​၊ ဗိလရှန်​၊ မိဇပါ​၊ ဗိဂဝဲ​၊ ရေဟုံ​၊ ဗာနာ​တို့​နှင့်အတူ​လိုက်ပါ​လာ​သော အစ္စရေး​အမျိုးသား​တို့​၏​အရေအတွက်​ကား
3ပါရုတ်​သားမြေး နှစ်ထောင့်​တစ်ရာ​ခုနစ်ဆယ့်​နှစ်​ယောက်​၊
4ရှေဖတိ​သားမြေး သုံး​ရာ​ခုနစ်ဆယ့်​နှစ်​ယောက်​၊
5အာရာ​သားမြေး ခုနစ်​ရာ​ခုနစ်ဆယ့်​ငါး​ယောက်​၊
6ယေရွှာ​နှင့် ယွာဘ​သားမြေး​တို့​မှ​ဆင်းသက်​လာ​သော ပါဟတ်မောဘ​သားမြေး နှစ်ထောင့်​ရှစ်​ရာ​တစ်ဆယ့်​နှစ်​ယောက်​၊
7ဧလံ​သားမြေး တစ်ထောင့်​နှစ်ရာ​ငါးဆယ့်​လေး​ယောက်​၊
8ဇတ္တု​သားမြေး ကိုး​ရာ​လေးဆယ့်​ငါး​ယောက်​၊
9ဇက္ခဲ​သားမြေး အယောက်​ခုနစ်​ရာ့​ခြောက်ဆယ်​၊
10ဗာနိ​သားမြေး ခြောက်​ရာ​လေးဆယ့်​နှစ်​ယောက်​၊
11ဗေဗဲ​သားမြေး ခြောက်​ရာ​နှစ်ဆယ့်​သုံး​ယောက်​၊
12အာဇဂဒ်​သားမြေး တစ်ထောင့်​နှစ်ရာ​နှစ်ဆယ့်​နှစ်​ယောက်​၊
13အဒေါနိကံ​သားမြေး ခြောက်​ရာ​ခြောက်ဆယ့်​ခြောက်​ယောက်​၊
14ဗိဂဝဲ​သားမြေး နှစ်ထောင့်​ငါးဆယ့်​ခြောက်​ယောက်​၊
15အာဒိန်​သားမြေး လေး​ရာ​ငါးဆယ့်​လေး​ယောက်​၊
16ဟေဇကိ​မှ ဆင်းသက်​လာ​သော အာတာ​သားမြေး ကိုးဆယ့်​ရှစ်​ယောက်​၊
17ဗေဇဲ​သားမြေး သုံး​ရာ​နှစ်ဆယ့်​သုံး​ယောက်​၊
18ယောရ​သားမြေး တစ်ရာ​တစ်ဆယ့်​နှစ်​ယောက်​၊
19ဟာရှုံ​သားမြေး နှစ်ရာ​နှစ်ဆယ့်​သုံး​ယောက်​၊
20ဂိဗ္ဗာ​သားမြေး ကိုးဆယ့်​ငါး​ယောက်​၊
21ဗက်လင်​မြို့သား တစ်ရာ​နှစ်ဆယ့်​သုံး​ယောက်​၊
22နေတောဖ​မြို့သား ငါးဆယ့်​ခြောက်​ယောက်​၊
23အာနသုတ်​မြို့သား တစ်ရာ​နှစ်ဆယ့်​ရှစ်​ယောက်​၊
24အာဇမာဝက်​မြို့သား လေးဆယ့်​နှစ်​ယောက်​၊
25ကိရယသာရိမ်​မြို့သား​၊ ခေဖိရ​မြို့သား​နှင့် ဗေရုတ်​မြို့သား စုစုပေါင်း ခုနစ်​ရာ​လေးဆယ့်​သုံး​ယောက်​၊
26ရာမ​မြို့သား​နှင့် ဂေဗ​မြို့သား စုစုပေါင်း ခြောက်​ရာ​နှစ်ဆယ့်​တစ်​ယောက်​၊
27မိတ်မတ်​မြို့သား တစ်ရာ​နှစ်ဆယ့်​နှစ်​ယောက်​၊
28ဗေသလ​မြို့သား​နှင့် အာဣ​မြို့သား စုစုပေါင်း နှစ်ရာ​နှစ်ဆယ့်​သုံး​ယောက်​၊
29နေဗော​မြို့သား ငါးဆယ့်​နှစ်​ယောက်​၊
30မာဂဗိတ်​မြို့သား တစ်ရာ​ငါးဆယ့်​ခြောက်​ယောက်​၊
31အခြား​ဧလံ​သားမြေး တစ်ထောင့်​နှစ်ရာ​ငါးဆယ့်​လေး​ယောက်​၊
32ဟာရိမ်​သားမြေး အယောက်​သုံး​ရာ​နှစ်ဆယ်​၊
33လောဒ​မြို့သား​၊ ဟာဒိဒ်​မြို့သား​နှင့် ဩနော​မြို့သား စုစုပေါင်း ခုနစ်​ရာ​နှစ်ဆယ့်​ငါး​ယောက်​၊
34ဂျေရိခေါ​မြို့သား သုံး​ရာ​လေးဆယ့်​ငါး​ယောက်​၊
35သေနာ​မြို့သား အယောက်​သုံး​ထောင်​ခြောက်​ရာ့​သုံးဆယ် ဖြစ်​၏​။
36ယဇ်ပုရောဟိတ်​တို့​တွင် ယေရွှာ​အမျိုး​မှ​ဆင်းသက်​လာ​သော ယေဒါယ​သားမြေး ကိုး​ရာ​ခုနစ်ဆယ့်​သုံး​ယောက်​၊
37ဣမေရ​သားမြေး တစ်ထောင့်​ငါးဆယ့်​နှစ်​ယောက်​၊
38ပါရှုရ​သားမြေး တစ်ထောင့်​နှစ်ရာ​လေးဆယ့်​ခုနစ်​ယောက်​၊
39ဟာရိမ်​သားမြေး တစ်ထောင့်​တစ်ဆယ့်​ခုနစ်​ယောက်​၊
40လေဝိ​အမျိုး​တွင် ဟောဒဝိ​သားမြေး​မှ​ဆင်းသက်​လာ​သော ယေရွှာ​နှင့် ကပ်မျေလ​သားမြေး ခုနစ်ဆယ့်​လေး​ယောက်​၊
41သီချင်းသည်​တို့​တွင် အာသပ်​သားမြေး တစ်ရာ​နှစ်ဆယ့်​ရှစ်​ယောက်​၊
42တံခါးစောင့်​သားမြေး​တို့​တွင် ရှလ္လုံ​သားမြေး​၊ အာတာ​သားမြေး​၊ တာလမုန်​သားမြေး​၊ အက္ကုပ်​သားမြေး​၊ ဟတိတ​သားမြေး​၊ ရှောဗဲ​သားမြေး စုစုပေါင်း တစ်ရာ​သုံးဆယ့်​ကိုး​ယောက်​၊
43ဗိမာန်တော်​အစေအပါး​တို့​တွင် ဇိဟ​သားမြေး​၊ ဟသုဖ​သားမြေး​၊ တဗ္ဗောက်​သားမြေး​၊
44ကေရုတ်​သားမြေး​၊ သာယာဟ​သားမြေး​၊ ပါဒုန်​သားမြေး​၊
45လေဗန​သားမြေး​၊ ဟာဂဘ​သားမြေး​၊ အက္ကုပ်​သားမြေး​၊
46ဟာဂပ်​သားမြေး​၊ ရှာလမဲ​သားမြေး​၊ ဟာနန်​သားမြေး​၊
47ဂိဒ္ဒေလ​သားမြေး​၊ ဂါဟာ​သားမြေး​၊ ရာယ​သားမြေး​၊
48ရေဇိန်​သားမြေး​၊ နေကောဒ​သားမြေး​၊ ဂဇ္ဇမ်​သားမြေး​၊
49ဩဇ​သားမြေး​၊ ပါသာ​သားမြေး​၊ ဗေသဲ​သားမြေး​၊
50အာသနာ​သားမြေး​၊ မဟုနိမ်​သားမြေး​၊ နဖုသိမ်​သားမြေး​၊
51ဗာကဗုတ်​သားမြေး​၊ ဟကုဖ​သားမြေး​၊ ဟာရဟုရ​သားမြေး​၊
52ဗာဇလုပ်​သားမြေး​၊ မဟိဒ​သားမြေး​၊ ဟာရရှ​သားမြေး​၊
53ဗာရကုတ်​သားမြေး​၊ သိသရ​သားမြေး​၊ တာမ​သားမြေး​၊
54နေဇိ​သားမြေး​၊ ဟတိဖ​သားမြေး​၊
55ရှောလမုန်​အစေအပါး​၏​သားမြေး​တို့​တွင် သောတဲ​သားမြေး​၊ ဟာသောဖရက်​သားမြေး​၊ ပေရုဒ​သားမြေး​၊
56ယာလ​သားမြေး​၊ ဒါကုန်​သားမြေး​၊ ဂိဒ္ဒေလ​သားမြေး​၊
57ရှေဖတိ​သားမြေး​၊ ဟတ္တိလ​သားမြေး​၊ ပေါခရက်​ဇေဗိမ်​သားမြေး​၊ အာမိ​သားမြေး​၊
58ဗိမာန်တော်​အစေအပါး​များ​နှင့် ရှောလမုန်​အစေအပါး​တို့​၏​သားမြေး​များ စုစုပေါင်း သုံး​ရာ​ကိုးဆယ့်​နှစ်​ယောက် ဖြစ်​၏​။
59မည်သည့်​ဘိုးဘေး​အိမ်ထောင်စု​ထဲမှ​ဆင်းသက်​လာ​သည်​ကို သက်သေ​မ​ပြ​နိုင်​၊ အစ္စရေး​လူမျိုး​ထဲမှ ဟုတ်​၊ မ​ဟုတ် မ​သေချာ​ဘဲ တေလမေလ​မြို့​၊ တေလဟာရရှ​မြို့​၊ ခေရုပ်​မြို့​၊ အဒ္ဒန်​မြို့​၊ ဣမေရ​မြို့​တို့​မှ လိုက်ပါ​လာ​သော​သူ​များ​မှာ 60ဒေလာယ​သားမြေး​၊ တောဘိ​သားမြေး​၊ နေကောဒ​သားမြေး စုစုပေါင်း ခြောက်​ရာ​ငါးဆယ့်​နှစ်​ယောက် ရှိ​၏​။ 61ယဇ်ပုရောဟိတ်​သားမြေး​တို့​တွင် ဟဗာယ​သားမြေး​၊ ဟက္ကုတ်​သားမြေး​နှင့် ဂိလဒ်​ပြည်သား ဗာဇိလဲ​သမီး​ကို​စုံဖက်​၍ ထို​နာမည်​ကို​ဆက်ခံ​သူ ဗာဇိလဲ​သားမြေး​တို့​လည်း လိုက်ပါ​လာ​ကြ​၏​။ 62သူ​တို့​သည် မျိုးရိုးစဉ်ဆက်​စာရင်း​တွင် မိမိ​တို့​မျိုးရိုး​ကို​ရှာ​သော်လည်း မ​တွေ့​သဖြင့် ယဇ်ပုရောဟိတ်​အရိုက်အရာ​မှ ဖယ်ရှား​ခြင်း​ခံရ​၏​။ 63ထို့ကြောင့် ဘုရင်ခံ​က သူ​တို့​အား ဥရိမ်​၊ သုမိမ် ဆောင်​သော​ယဇ်ပုရောဟိတ် မ​ပေါ်ထွန်း​မီ အသန့်ရှင်းဆုံး​အစာ​ကို မ​စား​ရ​ဟု မှာထား​ရ​၏​။ 64ဤသို့​လိုက်ပါ​လာ​သော​လူထုကြီး​မှာ စုစုပေါင်း လေး​သောင်း​နှစ်ထောင့်​သုံး​ရာ​ခြောက်ဆယ် ရှိ​၏​။ 65ထို့ပြင် သူ​တို့​၏​ကျွန်ယောက်ျား​၊ ကျွန်မိန်းမ စုစုပေါင်း ခုနစ်​ထောင့်​သုံး​ရာ​သုံးဆယ့်​ခုနစ်​ယောက်​နှင့် သီချင်းသည်​ယောက်ျား​၊ သီချင်းသည်​မိန်းမ စုစုပေါင်း အယောက်​နှစ်ရာ​တို့​လည်း ပါ​၏​။ 66မြင်း ခုနစ်​ရာ​သုံးဆယ့်​ခြောက်​ကောင်​၊ လား နှစ်ရာ​လေးဆယ့်​ငါး​ကောင်​၊ 67ကုလားအုတ် လေး​ရာ​သုံးဆယ့်​ငါး​ကောင်​၊ မြည်း အကောင်​ခြောက်​ထောင်​ခုနစ်​ရာ့​နှစ်ဆယ်​လည်း ပါ​၏​။
အိမ်တော်တည်ဆောက်ရန် ပေးလှူသောပစ္စည်းများ
68အိမ်ထောင်စု​အကြီးအမှူး​အချို့​တို့​သည် ဂျေရုဆလင်​မြို့​ရှိ ထာဝရဘုရား​၏​အိမ်​တော်​သို့​ရောက်လာ​သောအခါ ထို​နေရာ​၌​ပြန်တည်ဆောက်​မည့် ဘုရားသခင်​၏​အိမ်​တော်​အဖို့ အလှူပစ္စည်း​များ​ကို စေတနာစိတ်​အလျောက် ပေးလှူ​ကြ​၏​။ 69ထိုသို့ သူ​တို့​တတ်နိုင်​သလောက်​ပေးလှူ​ကြ​ရာ​တွင် ရွှေ​ဒင်္ဂါးပြား#2:69 သို့မဟုတ် “ဒရက်မာ”။​ခြောက်သောင်း​တစ်ထောင်​၊ ငွေ​မိနာ့​ငါး​ထောင်#2:69 “3000000 ဂရမ်”။​နှင့် ယဇ်ပုရောဟိတ်​ဝတ်စုံ အစုံ​တစ်ရာ​တို့​ကို ဘဏ္ဍာတိုက်​ထဲသို့ ထည့်သွင်းလှူဒါန်း​ကြ​၏​။ 70ထိုသို့ ယဇ်ပုရောဟိတ်​အပါအဝင် လေဝိ​အမျိုး​များ​၊ လူ​အချို့​နှင့် သီချင်းသည်​များ​၊ တံခါးစောင့်​များ​၊ ဗိမာန်တော်​အစေအပါး​တို့​သည် ကိုယ့်​မြို့​တို့​၌ ပြန်လည်​နေထိုင်​ကြ​၏​။ အစ္စရေး​လူမျိုး​အပေါင်း​တို့​သည်​လည်း ကိုယ့်​မြို့​ကိုယ့်​ရွာ​တို့​၌ ပြန်လည်​နေထိုင်​ကြ​သတည်း​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in