YouVersion Logo
Search Icon

ရာဇဝင်ချုပ်ဒုတိယစောင် 13

13
ယုဒဘုရင်အဘိယမင်းကြီး
1ယေရောဗောင်​မင်းကြီး နန်းစံ​တစ်ဆယ့်​ရှစ်​နှစ်​တွင် ယုဒ​ပြည်​၌ အဘိယ နန်းတက်​၍ 2ဂျေရုဆလင်​မြို့​တွင် သုံး​နှစ်​စိုးစံ​၏​။ မယ်တော်​ကား ဂိဗာ​မြို့သား​ဥရေလ​၏​သမီး မိက္ခာယ#13:2 “မာခါ” (၃ရာ 15:2)။​အမည်​ရှိ​၏​။ အဘိယ​မင်းကြီး​နှင့်​ယေရောဗောင်​မင်းကြီး​တို့​သည် အချင်းချင်း​စစ်တိုက်​ခဲ့​ကြ​၏​။ 3အဘိယ​မင်းကြီး​သည် လက်ရွေးစင်​စစ်သူရဲ​အယောက်​လေး​သိန်း​တို့​နှင့်အတူ စစ်ချီထွက်​၏​။ ယေရောဗောင်​မင်းကြီး​သည်​လည်း လက်ရွေးစင်​စစ်သူရဲ​အယောက်​ရှစ်သိန်း​နှင့်အတူ အဘိယ​မင်းကြီး​ကို တိုက်ခိုက်​ရန် စစ်ချီ​လာ​၏​။ 4အဘိယ​မင်းကြီး​သည် ဧဖရိမ်​တောင်ပေါ်ဒေသ​ရှိ ဇေမရိမ်​တောင်​ပေါ်​တွင် ရပ်​လျက် “​အို ယေရောဗောင်​နှင့် အစ္စရေး​လူမျိုး​အပေါင်း​တို့​၊ နားထောင်​ကြ​လော့​။ 5အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​သည် ဆား​ပဋိညာဉ်​ဖွဲ့​၍ ဒါဝိဒ်​မင်းကြီး​နှင့် သူ့​သားမြေး​တို့​အား အစ္စရေး​လူမျိုး​တို့​အပေါ် ထာဝရ​အုပ်စိုး​ခွင့်​ပေး​ခဲ့​သည်​ကို သင်​တို့ သိ​ကြ​သည်​မ​ဟုတ်​လော​။ 6သို့သော် ဒါဝိဒ်​မင်းကြီး​၏​သား​တော် ရှောလမုန်​မင်းကြီး​၏​အမှုထမ်း​ဖြစ်​သူ နေဗတ်​၏​သား​ယေရောဗောင်​သည် မိမိ​သခင်​ကို ဆန့်ကျင်​ပုန်ကန်​လေ​ပြီ​။ 7လူဆိုး​လူမိုက်​တို့​သည် ယေရောဗောင်​နှင့်​ပူးပေါင်း​ပြီး ရှောလမုန်​မင်းကြီး​၏​သား​တော်​ရောဗောင်​ကို ဆန့်ကျင်​ခဲ့​ကြ​၏​။ ရောဗောင်​သည် ငယ်ရွယ်သူ​ဖြစ်​၍ အတွေ့အကြုံနည်း​သဖြင့် သူ​တို့​ကို မ​တွန်းလှန်​နိုင်​ခဲ့​ပေ​။
8ယခု သင်​တို့​၏​ဘုရား​အဖြစ် ယေရောဗောင်​မင်းကြီး​ပြုလုပ်​ပေး​သော​ရွှေ​နွားသငယ်ရုပ်​ရှိ​၍ သင်​တို့​အင်အားကြီး​သောကြောင့် ဒါဝိဒ်​မင်းကြီး​၏​သားမြေး​များ​လက်​ထဲရှိ ထာဝရဘုရား​၏​နိုင်ငံ​တော်​ကို တွန်းလှန်​ရန် သင်​တို့​ကြံစည်​ကြ​သလော​။ 9ထာဝရဘုရား​၏​ယဇ်ပုရောဟိတ်​များ​၊ အာရုန်​၏​သား​များ​နှင့် လေဝိ​အမျိုး​များ​ကို သင်​တို့ နှင်ထုတ်​၍ ဤ​ပြည်သား​များ​ကဲ့သို့ ကိုယ့်​ယဇ်ပုရောဟိတ်​ကို ကိုယ်​ခန့်ထား​ကြ​ပြီ​။ ကိုယ့်ကိုယ်ကို​သန့်စင်​ရန် နွားသငယ်​တစ်​ကောင်​၊ သိုးထီး​ခုနစ်​ကောင်​ကို ယူဆောင်​လာ​လျှင်ပင် ထို​သူ​တို့​သည် ဘုရား​မ​ဟုတ်​သော​အရာ​များ​၏​ယဇ်ပုရောဟိတ် ဖြစ်သွား​ကြ​၏​။
10ငါ​တို့​အဖို့​မူကား ထာဝရဘုရား​သည် ငါ​တို့​၏​ဘုရား ဖြစ်​၏​။ ငါ​တို့​သည် ဘုရားသခင်​ကို မ​စွန့်ပယ်​။ အာရုန်​၏​သား​များ​သည် ထာဝရဘုရား​၏​အမှု​တော်​ကို​ထမ်းဆောင်​သော​ယဇ်ပုရောဟိတ်​များ ဖြစ်​ကြ​၏​။ လေဝိ​အမျိုးသား​တို့​သည်​လည်း အမှု​တော်​ကို ထမ်းဆောင်​လျက်​ရှိ​ကြ​၏​။ 11နံနက်တိုင်း​၊ ညနေတိုင်း ထာဝရဘုရား​ထံ​မီးရှို့ရာယဇ်​နှင့် အမွှေးနံ့သာ​တို့​ကို ပူဇော်​ကြ​၏​။ သန့်ရှင်း​သော​စားပွဲ​ပေါ်တွင် ရှေ့​တော်​မုန့်​ကို တင်​ထား​ပြီး ညနေ​တိုင်း ရွှေ​ဆီမီးခုံ​မှ မီးခွက်​တို့​၌ မီး​ကို​ထွန်း​ထား​၏​။ ငါ​တို့​သည် ငါ​တို့​ဘုရားသခင်​ထာဝရဘုရား​၏​အမိန့်​တော်​အတိုင်း လိုက်နာ​ကြ​သော်လည်း သင်​တို့​မူကား ဘုရားသခင်​ကို စွန့်ပယ်​ကြ​ပြီ​။ 12ဘုရားသခင်​သည် ငါ​တို့​နှင့်အတူ ရှိ​တော်မူ​သော ငါ​တို့​၏​ခေါင်းဆောင် ဖြစ်​၏​။ ယဇ်ပုရောဟိတ်​များ​သည်​လည်း သင်​တို့​နှင့်​တိုက်ခိုက်​ရန် တံပိုးခရာမှုတ်​၍​စစ်ငြာသံ​ပေး​လျက် ရှိ​၏​။ အို အစ္စရေး​အမျိုး​တို့​၊ သင်​တို့​ဘိုးဘေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​နှင့် စစ်​မ​တိုက်​ကြ​နှင့်​။ သင်​တို့​အောင်​နိုင်​မည်​မ​ဟုတ်​”​ဟု အော်ပြော​၏​။
13သို့သော် ယေရောဗောင်​မင်းကြီး​သည် ယုဒ​တပ်​အား အနောက်​ဘက်​မှ​သွား​၍ ဝိုင်းထား​ရန် ချုံခိုတိုက်ခိုက်ရေး​အဖွဲ့​ကို လွှတ်​လိုက်​၏​။ သူ​တို့​သည် ယုဒ​တပ်​ကို အရှေ့​မှ​တစ်​ဖွဲ့​၊ အနောက်​မှ ချုံခိုတိုက်ခိုက်ရေး​အဖွဲ့ တို့​ဖြင့် အသီးသီး​ဝိုင်းထား​ကြ​၏​။ 14ယုဒ​တပ်​သည် အနောက်​ကို​လှည့်ကြည့်​သောအခါ ရှေ့​နောက်​ညှပ်တိုက်​ခံ​နေ​ရ​ပြီ​ကို မြင်​သဖြင့် ထာဝရဘုရား​ထံ​အော်ဟစ်​အကူအညီ​တောင်း​လေ​၏​။ ယဇ်ပုရောဟိတ်​တို့​လည်း တံပိုးခရာ​ကို​မှုတ်​ကြ​လေ​၏​။ 15ယုဒ​တပ်သား​တို့​လည်း ကြွေးကြော်​လျက်​နေ​၏​။ ထိုသို့ ယုဒ​တပ်သား​တို့​ကြွေးကြော်​သောအခါ ဘုရားသခင်​သည် ယေရောဗောင်​မင်းကြီး​နှင့်​အစ္စရေး​တပ်သား​အပေါင်း​တို့​ကို အဘိယ​နှင့်​ယုဒ​တပ်သား​တို့​ရှေ့​၌ ရှုံးနိမ့်​စေ​တော်မူ​၏​။ 16အစ္စရေး​အမျိုးသား​တို့​သည် ယုဒ​အမျိုးသား​တို့​ရှေ့​မှ ထွက်ပြေး​ကြ​ရ​၏​။ ဘုရားသခင်​သည် သူ​တို့​ကို ယုဒ​အမျိုးသား​တို့​လက်​သို့ အပ်​တော်မူ​၏​။ 17အဘိယ​မင်းကြီး​နှင့် သူ​၏​လူ​တို့​သည် အစ္စရေး​စစ်သူရဲ​တို့​ကို အပြင်းအထန်​တိုက်ခိုက်​သဖြင့် လက်ရွေးစင်​စစ်သူရဲ​ပေါင်း ငါးသိန်း​မျှ ကျဆုံး​၏​။ 18ထိုစဉ်က အစ္စရေး​အမျိုးသား​တို့​သည် ရှုံးနိမ့်​ကြ​ပြီး ယုဒ​အမျိုးသား​တို့​မူကား ဘိုးဘေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို ကိုးစား​ကြ​သောကြောင့် အောင်နိုင်​လေ​၏​။
19အဘိယ​မင်းကြီး​သည် ယေရောဗောင်​မင်းကြီး​ကို လိုက်လံတိုက်ခိုက်​ပြီး ဗေသလ​မြို့​နှင့်​ဝန်းကျင်​ရှိ​ရွာ​များ​၊ ယေရှန​မြို့​နှင့်​ဝန်းကျင်​ရှိ​ရွာ​များ​၊ ဧဖရုန်#13:19 သို့မဟုတ် “ဧဖရိမ်”။​မြို့​နှင့်​ဝန်းကျင်​ရှိ​ရွာ​များ​ကို သိမ်းယူ​လေ​၏​။ 20အဘိယ​မင်းကြီး​လက်ထက်​တွင် ယေရောဗောင်​မင်းကြီး​သည် တန်ခိုးအာဏာ​မဲ့​ခဲ့​ရ​၏​။ နောက်ဆုံး​၌ သူ့​အား ထာဝရဘုရား​ဒဏ်ခတ်​တော်မူ​သဖြင့် သူ​သည် အနိစ္စရောက်​လေ​၏​။
21အဘိယ​မင်းကြီး​သည် အင်အားကြီး​လာ​ပြီး မိဖုရား​တစ်ဆယ့်​လေး​ယောက်​ကို မြှောက်စား​၍ သား​တော်​နှစ်ဆယ့်​နှစ်​ယောက်​၊ သမီး​တော်​တစ်ဆယ့်​ခြောက်​ယောက်​ကို ရ​၏​။ 22ကျန်ရှိ​နေ​သော​အဘိယ​မင်းကြီး​လက်ထက်​အဖြစ်အပျက်​များ​၊ သူ​၏​လုပ်ဆောင်မှု​များ​၊ သူ​၏​မိန့်ဆိုချက်​များ​ကို ပရောဖက်​ဣဒေါ​၏​ရာဇဝင်ကျမ်း​တွင် ရေးမှတ်​ထား​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ရာဇဝင်ချုပ်ဒုတိယစောင် 13