Luke 20

20
1တစ်ရက်နိန့်ခါ ကိုယ်တော်ယေရှုဟာ လူပရိတ်သတ်တိကို ဗိမာန်တော်ဝင်းထဲမာ မင်္ဂလာသတင်းကောင်းကို ဟောပြောနီခါ ဂျူးပုရောဟိတ်အကြီးအကဲတိ၊ ကျမ်းတတ်ဆရာတိနဲ့ ဂျူးလူမျိုးခေါင်းဆောင်တိ ရောက်လာခကတ်ပနာ 2ကိုယ်တော်ကို “ဗိမာန်တော်ထဲမှာ ဒေပိုင် ဟောပြောသွန်သင်ဟာကို အဇာအခွင့်အာဏာနဲ့ လုပ်နီရောင်။ အသူက အခွင့်အာဏာပီးထားရောင်” လို့မီးကတ်တေ။ 3ယေခါ ကိုယ်တော်က “မတ်ရို့ကို ငါတစ်ခုမီးမေ။ မတ်ရို့ဖြေကတ်။ 4ယောဟန် ရီနှိုက်မင်္ဂလာပီးဟာဟာ အသူ့အခွင့်အာဏာနဲ့ရောင်။ ဘုရားရှင်ရဲ့ အခွင့်အာဏာနဲ့လား။ လူတစ်ယောက်ယောက်ရဲ့ အခွင့်အာဏာနဲ့လား” လို့မီးလိုက်တေ။ 5ယေခါ သူရို့ဟာ အချင်းချင်းဆွေးနွေးပနာ “အမှန်လို့ ဘုရားရှင်ရဲ့အခွင့်အာဏာလို့ ငါရို့ဖြေကေ သူက ငါ့ရို့ကို ‘ယင်းပိုင်ဆိုကေ မတ်ရို့ဇာကြောင့် ယောဟန်ကို မယုံရောင်’ လို့ပြန်ပြောလိမ့်မယ်။ 6ယေတာလဲ ငါရို့က ‘ယောဟန်ရဲ့အခွင့်အာဏာဟာ လူတိပါးကလာဟာ’ လို့ဖြေကေလည်း လူပရိတ်သတ်တိဟာ ယောဟန်ကို ပရောဖက်လို့ ယုံနီကတ်တေအတွက်ကြောင့် သူရို့က ငါရို့ကို ကျောက်ခဲနဲ့ ပေါက်သတ်ကတ်လိမ့်မယ်” လို့ပြောနီကတ်တေ။ 7ယင်းဟာကြောင့် သူရို့ဟာ ယောဟန် ရီနှိုက်မင်္ဂလာပီးဖို့အတွက် အခွင့်အာဏာ အသူ့ပါးက ရရေဆိုဟာကို မသိလို့ ငြင်းကတ်တေ။ 8ယေခါ ကိုယ်တော်က “ယင်းပိုင်ဆိုကေ ငါဟာ ဒေပိုင်အမှုကိစ္စလုပ်ဖို့အတွက် အခွင့်အာဏာအသူ့ပါးက ရရေဆိုဟာကို အသင်ရို့ကို ဖြေဖို့မဟုတ်” လို့မိန့်တော်မူလိုက်တေ။ 9ယပြီးဟာနဲ့ ကိုယ်တော်က လူထုပရိတ်သတ်တိကို ပုံဥပမာတစ်ခုနဲ့ မိန့်ဆိုဟာက “လူတစ်ယောက်မာ စပျိုက်ခြံ တစ်ခြံစိုက်ထားခရေ။ ယပြီးကေ သူဟာ ယင်းခြံကို အငှားပီးပခနာ အချိန်ကြာရေထိ ခရီးထွက်လားခရေ။ 10စပျိုက်သီး ပေါ်ရေအချိန်ခါ သူဟာ စပျိုက်ခြံသို့ အစီခံတစ်ယောက်ကို လွှတ်ပနာ သူရသင့်ရထိုက်တေ ဝီစုကို ယူခိုင်းလိုက်တေ။ ယေတာလဲ ယင်းအစီခံကို ခြံငှားတိက သတ်ပုတ်ပနာ လက်ဗလာနဲ့ ပြန်လွှတ်လိုက်တေ။ 11ယင်းဟာနဲ့ ခြံပိုင်ရှင်ဟာ အရာအစီခံတစ်ယောက်ကို ထပ်လို့ လွှတ်လိုက်ပြန်ရေ။ ယေတာလဲ ခြံငှားတိဟာ ယင်းအစီခံကို အနာတရအများကြီးနဲ့ အရှက်တကွဲ ဖြိုက်စီပနာ သတ်ပြီးကေ လက်ဗလာနဲ့ပြန်လွှတ်လိုက်ပြန်ရေ။ 12နောက်ထပ် ခြံပိုင်ရှင်က တတိယမြောက် အစီခံတစ်ယောက်ကို ထပ်လွှတ်တေခါလည်း ခြံငှားတိက အယင်အစီခံတိပိုင်မျိုးပင် သတ်ပုတ်ပြီးကေ လွှတ်လိုက်ကတ်တေ။ 13ယေခါ ခြံပိုင်ရှင်ဟာ ‘ငါဇာပိုင်လုပ်ရဖို့ရောင်။ ငါချိုက်တေငါ့သားကို လွှတ်လိုက်မေ။ သူရို့ ငါ့သားကိုဆိုကေတော့ ရိုသေ လေးစားကတ်ဖို့ယာ’ လို့ကိုယ့်ဟာကိုယ်ပြောပနာ သူ့သားကို လွှတ်လိုက်တေ။ 14ယေတာလဲသို့ ခြံငှားတိဟာ ခြံပိုင်ရှင်ရဲ့သားကိုမြင်ခါ ‘ဒေလူဟာ တစ်ရက်ကျကေ ဒေခြံကို အမွီဆက်ခံရဖို့လူဖြိုက်တေ။ သူရဖို့အမွီတိ ငါရို့ဟာ ဖြိုက်အောင် သူ့ကိုသတ်ပစ်ကတ်ဖို့’ လို့အချင်းချင်းဆွေးနွေးတိုင်ပင်ပြီးကေ 15ခြံငှားတိဟာ ယင်းခြံပိုင်ရှင်ရဲ့ သားကို စပျိုက်ခြံရဲ့ အပြင်ဘက်ကိုဆွဲထုတ်ပနာ သတ်ပစ်ကတ်တေ။ ယင်းပိုင်ဆိုကေ ခြံပိုင်ရှင်ဟာ ယင်းသူရို့ကိုအဇာလုပ်ဖို့လို့ ထင်ရောင်။ 16ခြံပိုင်ရှင်ဟာ ကိုယ်တိုင်လာပနာ ခြံငှားတိကို သတ်ပစ်လာလိမ့်မယ်။ ပြီးကေ စပျိုက်ခြံကို အရာလူတစ်ယောက်လက်ထဲကို ပီးအပ်လိုက်လိမ့်မယ်” လို့မိန့်တော်မူခရေ။ ယင်းအကြောင်းအရာတိကို ကြားရရေလူတိက “ဒေပိုင်ကိစ္စတိ ဖြိုက်မလာပါစီကေ့” လို့ပြောကတ်တေ။ 17ယပြီးကေ ကိုယ်တော်က သူရို့ကို စူးစိုက်ကြည့်ပနာ “‘တိုက်ဆောက်ရေလူတိ ပစ်ထားရေ ကျောက်တုံးဟာ အရေးကြီးဆုံး ထောင့်ချုပ်တေကျောက် ဖြိုက်လာရေ’ ဆိုပနာ ကျမ်းစာမှာ ရေးထားဟာက အဇာကိုဆိုလိုဟာရောင်။ 18ယင်းကျောက်တုံးထက်ကို ပြုတ်ကျရေလူတိဟာ အပိုင်းပိုင်းကျိုးကတ်ရလိမ့်မယ်။ ယင်းကျောက်တုံးဟာ တစ်ယောက်ယောက်ထက်ကို ပြုတ်ကျကေလည်း ယင်းလူဟာ စိစိညက်ညက်ကြီရလိမ့်မယ်” လို့မိန့်တော်မူခရေ။ 19ဂျူးပုရောဟိတ်အကြီးအကဲတိနဲ့ ကျမ်းတတ်ဆရာတိက ကိုယ်တော်ဟာ သူရို့ကို ရည်ရွယ်ပနာ ဒေပုံဥပမာကို မိန့်တော်မူကြောင်းသိကတ်ဟာကြောင့် ကိုယ်တော်ကို ချက်ချင်း ဖမ်းချင်ကတ်တာလဲ သူရို့ဟာ လူထုပရိတ်သတ်တိကို ကြောက်နီခကတ်တေ။ 20ယင်းဟာကြောင့် သူရို့ဟာ ကိုယ်တော်ကိုစောင့်ကြည့်ပနာ စကားတိထဲမှာ အပြစ်ရှာပြီးကေ ကိုယ်တော်ကို ဘုရင်ခံလက်ထဲကို ဖမ်းပနာအပ်နိုင်အောင် သူတော်ကောင်းယောင်ဆောင်ထားရေသူလျှိုတိကို စီလွှတ်ခကတ်တေ။ 21ယင်းသူလျှိုတိက ကိုယ်တော်ကို “ဆရာ၊ ဆရာရဲ့ဟောပြောသွန်သင်ချက်တိ မှန်ကန်ကြောင်း ကျွန်နော်ရို့သိပါရေ။ ဆရာဟာ တစ်ယောက်ကိုလဲမျက်နှသာမပီးဘဲ ဘုရားရှင်ရဲ့လမ်းစဉ်ကို အမှန်တိုင်းဟောပြောသွန်သင်ဟာကိုလည်း ကျွန်နော်ရို့သိပါရေ။ 22ယင်းဟာကြောင့် ကျွန်နော်ရို့ဟာ ရောမဘုရင်ကြီးကို အခွန်ဆက်သဟာက တရားတော်နဲ့ ညီပါလား မဟုတ်ပဲနဲ့ မညီပါလားဆိုဟာကို ကျွန်နော်ရို့ကို ပြောပြပီးပါ” လို့လျှောက်ကတ်တေ။ 23ကိုယ်တော်ဟာ ယင်းလူတိရဲ့ ပရိယာယ်ကို သိဟာကြောင့် 24ယင်းလူတိကို “ငါ့ကို ဒေနာရီဒင်္ဂါးတစ်ပြားကို ပြပါ။ ယင်းဒင်္ဂါးမာ အသူ့ရုပ်နဲ့ အသူ့ရဲ့နာမေတိပါရောင်” လို့မီးလိုက်တေ။ ယင်းလူတိက “ရောမဘုရင်ကြီးရဲ့ နာမေနဲ့ အရုပ်ပါ” လို့ဖြေကတ်တေ။ 25ယေခါ ကိုယ်တော်က “ရောမဘုရင်ကြီးနဲ့ သက်ဆိုင်ဟာကို ရောမဘုရင်ကြီးကို ပီးကတ်ပါ။ ဘုရားရှင်နဲ့ သက်ဆိုင်ရေအရာတိကို ဘုရားရှင်ကိုဆက်သကတ်” လို့မိန့်တော်မူလိုက်တေ။ 26ယင်းလူတိဟာ လူပရိတ်သတ်တိရှေ့မာ ကိုယ်တော်ကို အမှားရှာမရရေအပြင် ကိုယ်တော်ရဲ့ဖြေပုံဖြေနည်းတိကို အံ့ဩပနာ တိတ်ဆိတ်လားခရေ။ 27သီဟာကနီ အသက်ပြန်ရှင်ခြင်းကို အယုံကြည်မဟိရေ ဇဒ္ဒုကဲa လို့ခေါ်ရေလူတချို့ဟာ ကိုယ်တော်ပါးကို ချည်းကပ်ပနာ 28“ဆရာ၊ မောရှေပညတ်ကျမ်းမာ ‘ဇနီးမယား ဟိရေလူတစ်ယောက်ဟာ သားသမီးမရတတ်ဘဲ သီလားခကေ ကျန်ခရေ မုဆိုးမကို သီလားခရေလူရဲ့ ညီက လက်ထပ်ရရေ။ သူရို့ နှစ်ယောက်ရဲ့သားဦးကို သီလားရေအကိုရဲ့သားအဖြိုက် သတ်မှတ်ရဖို့’ လို့ရေးထားပါရေ။ 29ယင်းပိုင်ဆိုကေ ညီအစ်ကို ခုနစ်ယောက်မှာ အကြီးဆုံးအကိုသည် အိမ်ထောင်ကျပနာ သားသမီးမထွန်းကားခဘဲ သီလားခရေ။ 30ဒုတိယအကြီးဆုံးလူက ကျန်ခရေမုဆိုးမကို လက်ထပ်ယူတာလဲသို့ သားသမီးမထွန်းကားခဘဲ သီလားပြန်ရေ။ 31ယင်းနောက် တတိယညီလည်း ယင်းတိုင်း ဖြိုက်ပြန်ရေ။ ယင်းနည်းအတိုင်း ယင်းညီကိုခုနစ်ယောက်ဟာ ယင်းမုဆိုးမနဲ့အိမ်ထောင်ပြုပြီးကေ သီလားခကတ်တေ။ 32နောက်ဆုံးမာ ယင်းမုဆိုးမလည်း သီလားခရေ။ 33ယင်းပိုင်ဆိုကေ ယင်းမမါ့ဟာ ညီကို ခုနစ်ယောက်လုံးနဲ့ လက်ထပ်ယူခဟာကြောင့် ဘုရားရှင်က သီပြီးရေလူတိကို အသက်ပြန်ရှင်စီရေအခါ ဒေမမါ့ဟာ အသူ့ရဲ့ဇနီးမယား ဖြိုက်ဖို့ရာင်” လို့မီးလျှောက်ကတ်တေ။ 34ယေခါ ကိုယ်တော်က “ဒေကမ္ဘာက လူတိမာ လက်ထပ်မင်္ဂလာဆောင်ဟာတိဟိကတ်တေ။ 35ယေတာလဲ သီဟာကနီ အသက်ပြန်ရှင်ခွင့်ရဖို့ ထိုက်တန်ရေလူဟာ အနာဂတ်ကာလမာ အသက်ပြန်ရှင်တဲ့အခါ လက်ထပ်မင်္ဂလာဆောင်ဟာတိလဲမဟိယာပိုင် သီဆုံးခြင်းလည်းဟိဖို့မဟုတ်ယာ။ 36သူရို့တိဟာ သီခြင်းက ကင်းလွတ်ပနာ နတ်ဒေဝါတိပိုင်မျိုး ဖြိုက်ကတ်လိမ့်မေ။ သူရို့ဟာ ပြန်လို့ရှင်သန်ခွင့်ရတဲ့လူတိဖြိုက်ပြီးကေ ဘုရားရှင်ရဲ့သားသမီးတိလည်း ဖြိုက်ကတ်လိမ့်မေ။ 37သီပြီးတဲ့လူတိ ပြန်ရှင်တဲ့အကြောင်းကို မီးလောင်နီရေ ခြုံပုတ်အကြောင်းရေးထားတဲ့ကျမ်းပိုဒ်မာ မောရှေက ‘ဘုရားရှင်ဟာ အာဗြဟံရဲ့ဘုရား၊ ဣဇက်ရဲ့ဘုရားနဲ့ ယာကုပ်ရဲ့ ဘုရားဖြိုက်တေ’ လို့ရှင်းရှင်းလင်းလင်း ဖော်ပြထားရေ။ 38ဘုရားရှင်ဟာ သီရေလူတိရဲ့ ဘုရားမဟုတ်ဘဲ အသက်ရှင်ရေ လူတိရဲ့ ဘုရားရှင်ဖြိုက်တော်မူရေ။ ဆိုလိုဟာက လူတိုင်းဟာ ဘုရားရှင်ရဲ့ အလိုတိုင်းရာ အသက်ရှင်ရေ” လို့မိန့်တော်မူရေ။ 39ယေခါ တချို့ကျမ်းတတ်ဆရာတိက “ဆရာရဲ့အဖြေဟာ ကောင်းမွန်သင့်တော်ပါရေ” လို့လျှောက်ကတ်တေ။ 40ယင်းအချိန်ကစလို့ တစ်ယောက်တောင်မှ ကိုယ်တော်ကို ယင်းမျိုးထောင်ချောက်ဆင်ရေ မီးခွန်းတိ မမီးလျှောက်ဝံ့ကတ်ယာ။ 41ယပြီးကေ ကိုယ်တော်ဟာ လူတိကို “ကယ်တင်ရှင်မေရှိယဟာ ဘုရင်ဒါဝိဒ်ရဲ့ သားတော် ဖြိုက်တေလို့အဇာဖြိုက်လို့ပြောကတ်ရောင်။ 42ဆာလံကျမ်းမာ ဒါဝိဒ်ဘုရင်ကိုယ်တိုင်က ‘ဘုရားရှင်က ငါရဲ့အရှင်ကို ဒေပိုင်ပြောခရေ။ 43အသင်ရဲ့ရန်သူတိကို အသင့်ခြီဖဝါးအောက်မာ ခြီတင်ခုံအဖြိုက် ငါချထားတဲ့အထိ ငါ့ရဲ့ညာဖက်မာထိုင်ကတ် ဆိုပနာဖြိုက်တေ’ လို့ဖော်ပြထားရေ။ 44ယင်းကြောင့် ဘုရင်ဒါဝိဒ်က ကယ်တင်ရှင်မေရှိယကို ‘ငါ့ရဲ့ အရှင်’ လို့ပြောခဟာကြောင့် ကယ်တင်ရှင်မေရှိယဟာ ဒါဝိဒ်ဘုရင်ရဲ့ သားဆိုဟာ ပဇောင်ပိုင် ဖြိုက်နိုင်ဖို့ရောင်”
လို့မိန့်တော်မူခရေ။ 45ကိုယ်တော်ဟာ လူပရိတ်သတ်တိ နားထောင်နီတုန်းမာ တပည့်တော်တိကို 46“ကျမ်းတတ်ဆရာတိကို ကောင်းကောင်းကြီး သတိထားပနာ ရှောင်ကတ်။ သူရို့ဟာ လမ်းကိုထွက်ကေ ဝတ်ရုံအရှည်ကြီးတိကို ဝတ်ပနာ ဈီးထဲက လူတိရဲ့ အလေးထားပနာ နှုတ်ဆက်ခံရဟာကို ကြိုက်တတ်ကတ်တေ။ ဓမ္မာရုံတိမာလည်း ရှေ့ဆုံးကနီရာကို ယူကတ်ပနာ အခမ်းနားတိမာ အကောင်းဆုံးစားပွဲမာ ထိုင်တတ်ကတ်တေ။ 47မုဆိုးမတိရဲ့ အိမ်တိကို အဓမ္မသိမ်းယူကတ်ပနာ ဆုတောင်းရေခါလည်း ဟန်ဆောင်ပနာ အရှည်ကြီး ဆုတောင်းကတ်တေ။ ဘုရားရှင်ဟာ ယင်းလူတိကို ပြင်းပြင်းထန်ထန် အပြစ်ပီးတော်မူလိမ့်မယ်” လို့မိန့်တော်မူခရေ။

المحددات الحالية:

Luke 20: stpv-rv

تمييز النص

شارك

نسخ

None

هل تريد حفظ أبرز أعمالك على جميع أجهزتك؟ قم بالتسجيل أو تسجيل الدخول