Luke 21
21
1ယပြီးကေ ကိုယ်တော်နဲ့တပည့်တော်တိဟာ ဗိမာန်တော်ခြံဝင်းထဲမာ ဟိနီခါ ကိုယ်တော်ဟာ မျှော်ကြည့်ပနာ ချမ်းသာရေလူတိ အလှူခံသေတ္တာထဲကို အလှူငွေတိ ထည့်နီကတ်ဟာကို မြင်တော်မူခရေ။ 2ဆင်းရဲရေမုဆိုးမတစ်ယောက်ဟာ တန်ဖိုးအနည်းဆုံးဖြိုက်တေ ကြေးနီဒင်္ဂါးနှစ်ပြားကို အလှူခံသေတ္တာထဲကို အလှူထည့်နီဟာကို မြင်တော်မူခရေ။ 3ယေခါ ကိုယ်တော်က “မတ်ရို့ကို ငါအမှန်ပြောမေ။ ဒေဆင်းရဲရေ မုဆိုးမဟာ အရာလူတိထက်ပိုလို့ အလှူဒါနပြုခဟာဖြိုက်တေ။ 4လူတိဟာ သူရို့အတွက် အသုံးမလို၊ ပိုလျှံနီကတ်တေအရာတိကိုရာ လှူတတ်ကတ်တေ။ ယေတာလဲ ဒေမုဆိုးမဟာ ဆင်းရဲတာလဲသို့ သူ့မာဟိသမျှဥစ္စာအားလုံးကို လှူလိုက်ဟာ ဖြိုက်တေ” လို့မိန့်တော်မူခရေ။ 5ယပြီးဟာနဲ့ ကိုယ်တော်ရဲ့တပည့်တော်တိက ဗိမာန်တော်ရဲ့ကျောက်သား၊ အရောင်အဆင်းတိဟာ ထူးထူးခြားခြား ခန့်ညားနီပနာ ဘုရားရှင်ကို လူတိလှူထားရေ ပစ္စည်းတိဟာလည်း ကောင်းတင့်တယ်ရေလို့ ချီးမွမ်းနီကတ်ဟာကြောင့် ကိုယ်တော်က 6“အသင်ရို့ မြင်နီရရေဟာတိ အားလုံး ပျက်စီးလားဖို့ဖြိုက်တေ။ ကျောက်ခဲချေ တစ်ခဲတောင် နဂိုနီရာမာ ဟိနီဖို့ မဟုတ်ပဲနဲ့ အားလုံး ဖြိုချဖျက်စီးခံရရေ အချိန်ရောက်လာလိမ့်မယ်” လို့မိန့်တော်မူခရေ။ 7ယေခါ သူရို့ကလည်း ကိုယ်တော်ကို “ဆရာ၊ ယင်းပိုင်အဖြိုက်အပျက်တိဟာ အဇာအချိန်မာ ဖြိုက်လာဖို့ပါရောင်။ ဒေကိစ္စတိ ဖြိုက်လာဖို့ကို ပဇောင်ပိုင်မျိုး နိမိတ်လက္ခဏာတိကို ကြည့်ပနာ သိနိုင်ဖို့ပါရောင်” လို့မီးလျှောက်ခကတ်တေ။ 8ကိုယ်တော်က “မတ်ရို့ အရာလူတိပါးမှာ လှည့်စားမခံရအောင် သတိထားကတ်။ အဇာဖြိုက်လို့ဆိုကေ လူတိဟာ ငါ့ရဲ့နာမတော်ကိုသုံးပနာ ‘ငါဟာ မေရှိယဖြိုက်တေ’၊ ‘အချိန်ကျလာယာ’ ဆိုပနာ ပြောလာကတ်လိမ့်မယ်။ ယေတာလဲ သူရို့ကို မယုံကြည်ကတ်ကေ့။ 9မတ်ရို့ဟာ စစ်ပွဲတိနဲ့ ပုန်ကန်တော်လှန်ရေ သတင်းတိ ကြားရကေ မကြောက်ကတ်ပါကေ့။ ယင်းအရာတိဟာ အယင်ဖြိုက်ပျက်ရဖို့ ဖြိုက်တေ။ ယေတာလဲသို့ ယင်းဟာက အဆုံးသတ်တော့မဟုတ်သိမ်း။ 10လူမျိုး တစ်မျိုးနဲ့တစ်မျိုး၊ နိုင်ငံ တစ်နိုင်ငံနဲ့တစ်နိုင်ငံ စစ်ဖြိုက်ကတ်လိမ့်မယ်။ 11နီရာအနှံ့မာ ငလျှင်အပြင်းအထန်လှုပ်ဟာတိ၊ ငတ်မွတ်ခေါင်းပါးဟာတိ၊ ကပ်ရောဂါဆိုက်ဟာတိ ကြုံကတ်ရလိမ့်မယ်။ ထူးဆန်းပြီးကေ ကြောက်ဖို့ကောင်းရေ နိမိတ်လက္ခဏာတိ အာကာမာ ပေါ်လာလိမ့်မယ်။ 12ယေတာလဲ ဒေအဖြိုက်ပျက်တိမဖြိုက်ခင် မတ်ရို့ဟာ ငါ့တပည့်ဖြိုက်တေဆိုဟာကြောင့် လူတိက မတ်ရို့ကို ဖမ်းပနာ နှိပ်စက်ကတ်လိမ့်မေ။ ပြီးကေ ဓမ္မာရုံတိမာ ဘုရင်ရဲ့ရှေ့မှောက်ကိုခေါ်ပနာ စစ်ဆေးခံရပြီးကေ ထောင်ထဲကို ပို့ကတ်လိမ့်မယ်။ ဘုရင်နဲ့ အာဏာပိုင်တိ ရှေ့မှောက်ကိုခေါ်ပနာ စစ်ဆေးဟာတိကိုလည်း ကြုံကတ်ရဖို့။ 13ယေတာလဲသို့ ဒါဟာ မတ်ရို့ရဲ့ ယုံကြည်ခြင်းကို သက်သီခံဖို့ အခွင့်အရေးဖြိုက်လိမ့်မယ်။ 14ယင်းဟာကြောင့် မတ်ရို့ ကိုယ့်ဟာကို ပဇောင်ကာကွယ်ပြောဆိုရဖို့ဆိုဟာကို မကြောင်းကြကတ်ကေ့။ 15အဇာဖြိုက်လို့ဆိုကေ ဆန့်ကျင်ရေလူတိတစ်ယောက်ကလည်း မငြင်းခုံမဟန့်တားနိုင်ရေ စကားပြောစွမ်းရည်နဲ့ ဉာဏ်ပညာတိကို မတ်ရို့ကို ငါပီးမယ်။ 16မတ်ရို့ရဲ့ညီအစ်ကို၊ အမျိုး၊ သူငယ်ချင်းတိ၊ မတ်ရို့ရဲ့မိဖတိတောင်မှ မတ်ရို့ကို သစ္စာဖောက်ကတ်လိမ့်မယ်။ မတ်ရို့ထဲကတချို့ကို သတ်ပစ်ကတ်လိမ့်မယ်။ 17ငါ့အတွက်ကြောင့် လူတိုင်းက မတ်ရို့ကို မုန်းတီးကတ်လိမ့်မယ်။ 18ယေတာလဲ မတ်ရို့ခေါင်းထက်က ဆံချည်တမျှင်တောင် ပျက်စီးရဖို့မဟုတ်။ 19မတ်ရို့ရဲ့ခိုင်မြဲရေ ယုံကြည်ချက်နဲ့ မားမားမတ်မတ်ရပ်တည်ကေ မတ်ရို့ ကယ်တင်ခြင်းရကတ်လိမ့်မယ်” လို့မိန့်တော်မူရေ။ 20နောက်ထပ် ကိုယ်တော်က “ဂျေရုဆလင်မြို့ကို စစ်တပ်တိ ဝိုင်းနီဟာကို မြင်ရရေအခါ ယင်းမြို့ဟာ ကောင်းမကြာခင် ပျက်စီးရဖို့ယာဆိုဟာကို မတ်ရို့သိထားကတ်။ 21ယင်းချိန်ရောက်ကေ ယုဒပြည်မာဟိရေလူတိ တောင်ထက်ကို တက်ပြီးကတ်။ မြို့ထဲမာဟိရေလူတိ မြို့ပြင်ကို လားကတ်။ မြို့ပြင်မာဟိတဲ့ တောရွာကလူတိဆိုကေ မြို့ထဲကို မဝင်ကတ်ပါကေ့။ 22အဇာဖြိုက်လို့ဆိုကေ ယင်းနိန့်ရက်ကာလတိဟာ ကျမ်းစာမှာ ရေးထားတဲ့အတိုင်း ပြစ်ဒဏ်စီရင်ဖို့ အကြောင်းအရာတိ ပြည့်စုံဖို့ နိန့်ရက်တိဖြိုက်တေ။ 23ယင်းအချိန်မာ ယုဒပြည်က လူတိအားလုံးပါးမှာ ဒုက္ခဆင်းရဲအကြီးကျယ်ကျပနာ ဘုရားရှင်က သူရို့ကို ပြင်းပြင်းထန်ထန် အပြစ်ပီးလိမ့်မေ။ ကိုယ်ဝန်ဆောင်မမါ့တိနဲ့ အချေအမိတိအတွက် အဆိုးဝါးဆုံးဖြိုက်တေ။ 24တချို့လူဟာ ဓါးနဲ့ အသတ်ခံရပနာ အရာလူတိကျကေ သုံ့ပန်းအဖြိုက် တိုင်းတစ်ပါးကို ဖမ်းခေါ်လားဟာကို ခံရလိမ့်မယ်။ ဂျုးလူမျိုးမဟုတ်တဲ့လူတိဟာ ဂျေရုဆလင်မြို့ကို သိမ်းပိုက်ပြီးကေ ဘုရားရှင်က သူရို့ကိုခွင့်ပြုထားတဲ့အချိန်မကုန်ခင်အထိ ယင်းမြို့ကလူတိကို ဖိနှိပ်ချုပ်ချယ်ကတ်လိမ့်မယ်” လို့မိန့်တော်မူရေ။ 25နောက်ထပ် ကိုယ်တော်က “နီ၊ လနဲ့ ကြယ်တာရာတိမာ ထူးဆန်းရေနိမိတ်လက္ခဏာတိ ပေါ်လာကတ်လိမ့်မယ်။ ပင်လယ်၊ သမုဒ္ဒရာတိရဲ့ လှိုင်းသံတိကြောင့် ကမ္ဘာက လူတိုင်းဟာ စိုးရိမ်ကြောင်းကြပနာ အဇာလုပ်ရဖို့မှန်းမသိအောင် ကြောက်နီကတ်လိမ့်မယ်။ 26အာကာက ဘုန်းတန်ခိုးတိဟာ တုန်လှုပ်ကတ်ဖို့ ဖြိုက်တဲ့အတွက် နောက်ထပ်ဖြိုက်လာဖို့ အဖြိုက်ပျက်တိကို မြင်ရဟာကြောင့် လူတိဟာ ကြောက်အားကြီးလို့ သတိမိန့်လားကတ်လိမ့်မယ်။ 27ယပြီးဟာနဲ့ လူ့သားတော်ဟာ မိုးတိမ်တိုက်တိထဲကနီ ဘုန်းတန်ခိုးတော်နဲ့ ကြွလာဟာကို လူတိဖူးမြင်ကတ်ရလိမ့်မေ။ 28ယင်းကြောင့် ဒေဆိုးဝါးရေနိမိတ်လက္ခဏာတိ စလို့ ဖြိုက်ပေါ်လာချိန်မှာ ဘုရားရှင်က မတ်ရို့ကို သံသရာဝဋ်ဆင်းရဲကနီ ကယ်တင်ဖို့ယာဖြိုက်လို့ မားမားမတ်မတ်ရပ်ပနာ ခေါင်းကိုမော့ထားကတ်ပါ” လို့မိန့်တော်မူခရေ။ 29ယပြီးဟာနဲ့ ကိုယ်တော်ဟာ သူရို့ကို ပုံဥပမာတစ်ခုကို မိန့်ဆိုဟာက “သဖန်းပင်နဲ့ အရာအပင်တိကို ကြည့်ကတ်။ 30အရွက်နုတိထွက်လာဟာကို မြင်ရကေ နွေရောက်ဖို့ယာ ဆိုဟာကို မတ်ရို့ကိုယ်တိုင် အလိုလိုသိကတ်တေ။ 31ယင်းပိုင်မျိုးရာ ငါမိန့်ဆိုခရေဒေအကြောင်းရာတိ ဖြိုက်လာဟာကို မတ်ရို့မြင်တွိ့ရကေ ဘုရားသာသနာတော်ရောက်လာဖို့ယာဆိုဟာကို သိထားကတ်ဖိ။ 32ငါအမှန်အတိုင်း ပြောမေ။ အဂုလက်ရှိ အသက်ရှင်နီကတ်တေလူတိအားလုံး မသီဆုံးခင်မှာ ဒေအဖြိုက်ပျက်တိ အားလုံး ဖြိုက်ပျက်ဖို့ ဖြိုက်တေ။ 33အာကာနဲ့မြီကြီးဟာ အစိုင်အမြဲတည်တံ့ဖို့ မဟုတ်ကေတောင် ငါ့စကားတိဟာ အစိုင်မြဲ တည်ဟိနီဖို့” လို့မိန့်တော်မူခရေ။ 34နောက်ထပ် ကိုယ်တော်က “ယင်းကြောင့် အလွန်အကျူးစားလိုက်သောက်လိုက်၊ ဘဝအတွက်ပူပန်လိုက်နဲ့ အသင်ရို့ရဲ့ အချိန်တိ မကုန်လားစီဖို့အတွက် သတိနဲ့ဆင်ခြင်ကတ်။ ယင်းပိုင်ရာ အချိန်ဖြုန်းနီကေ နောက်ဆုံးနိန့်ရက်တိဟာ အသင်ရို့ပါးကို ထောင်ချောက်ပိုင်မျိုး အမှုမဲ့ အမှတ်မဲ့ ရောက်လာလိမ့်မယ်။ 35ယင်းနိန့်ရက်တိဟာ ကမ္ဘာမြီမှာနီထိုင်ရေ လူတိအားလုံးပါးကို သက်ရောက်ဖို့ဖြိုက်တေ။ 36ယင်းကြောင့် အသင်ရို့ဟာလည်း ဖြိုက်လာဖို့ အရာတိက လွတ်မြောက်ပနာ လူ့သားတော်ရှေ့မှောက်မှာ မားမားမတ်မတ်ရပ်နိုင်ဖို့အတွက် အချိန်ဟိနီသမျှ ဂရုတစိုက်ဆက်လို့ဆုတောင်းနီကတ်” လို့မိန့်တော်မူခရေ။ 37ယပြီးဟာနဲ့ ကိုယ်တော်ဟာ နိခင်းဘက်သားတိုင်ကေ ဗိမာန်တော်ထဲမာ တရားတော်တိဟောပြောသွန်သင်ပီးပနာ ညပိုင်းကျကေ သံလွင်တောင်ကိုလားပြီးကေ အချိန်တိကုန်ဆုံးစီခရေ။ 38လူတိဟာလည်း ကိုယ်တော်ရဲ့တရားတော်တိကို နာယူဖို့အတွက် မိုးထစောစောတိုင်ကေ ဗိမာန်တော်သို့ လာကတ်တေ။
المحددات الحالية:
Luke 21: stpv-rv
تمييز النص
شارك
نسخ

هل تريد حفظ أبرز أعمالك على جميع أجهزتك؟ قم بالتسجيل أو تسجيل الدخول
This translation of the Southern Rakhine Bible is © 2024 by DMS-Dhamma Mate Swe Association. It may not be reproduced in whole or in part in any form or by any means without the prior written permission of DMS-Dhamma Mate Swe Association.