Luke 19

19
1ယပြီးကေ ကိုယ်တော်ယေရှုဟာ ဂျေရိခေါမြို့ကို ဖြတ်ပနာကြွတော်မူရေ။ 2ယင်းမြို့မာ ဇက္ခဲဆိုရေ လူတစ်ယောက်နီရေ။ သူဟာ အခွန်ကောက်တာဝန်ခံတစ်ယောက် ဖြိုက်ပနာ အကြီးကျယ်ချမ်းသာရေလူတစ်ယောက် ဖြိုက်တေ။ 3သူဟာ ကိုယ်တော်ယေရှုဆိုဟာ အသူရောင်ဆိုဟာကို တွိ့ချင်မြင်ချင်ဟာကြောင့် ကြည့်ဖို့ကြိုးစားတာလဲ သူဟာ အရပ်ပုဟာကြောင့် လူတိနဲ့ ကွယ်နီပနာ ကိုယ်တော်ကို မမြင်ရ ဖြိုက်နီရေ။ 4ယင်းဟာကြောင့် သူဟာ ကိုယ်တော်ကိုမြင်ရအောင်လို့ ရှေ့ကိုကြိုလို့ပြီးလားပနာ သဖန်းပင်တစ်ပင်ထက်ကို တက်နီရေ။ အဇာဖြိုက်လို့ဆိုကေ ကိုယ်တော်ဟာ ယင်းအရပ်ကနီ ဖြတ်လားဖို့ဟာကို သိဟာကြောင့်ဖြိုက်တေ။ 5ကိုယ်တော် ယင်းနီရာကို ရောက်တေခါ မော့ကေ့ပနာ “ဇက္ခဲ၊ အယင်ဆင်းလာခ။ ဒေနိန့်ခါ ငါ မတ်အိမ်မာ တည်းဖို့” လို့မိန့်တော်မူလိုက်တေ။ 6ယင်းဟာနဲ့ ဇက္ခဲဟာ အပင်ထက်က အယင်ဆင်းလာပနာ ကိုယ်တော်ယေရှုကို အားရဝမ်းသာ ကြိုဆိုရေ။ 7ယင်းအဖြိုက်ပျက်တိကို မြင်‌ရေလူတိက “ကိုယ်တော်ဟာ အပြစ်ဒုစရိုက်သမားအိမ်ကို တည်းဖို့လားခရာ” လို့အပြစ်တင်ဝေဖန်ကတ်တေ။ 8ယပြီးဟာနဲ့ ဇက္ခဲက မတ်တပ်ရပ်ပနာ ကိုယ်တော်ကို “အရှင်၊ အရှင်၊ ကျေးဇူးပြုလို့ နားထောင်ပါ။ ကျွန်နော်ပိုင်ဆိုင်ရေပစ္စည်းဥစ္စာရဲ့တစ်ဝက်ကို မဟိဆင်းရဲသားတိကို ခွဲပီးပါဖို့။ လူတိပါးက မတရားတောင်းထားတဲ့ အခွန်ခပေသာတိကိုလည်း လေးဆပိုပနာ ပြန်ပီးလိုက်ပါမေ” လို့လျှောက်ထားရေ။ 9ကိုယ်တော်က ဇက္ခဲကို “မတ်ဟာလည်း အာဗြဟံရဲ့ မျိုးဆက်ဖြိုက်တေအတွက် ဒေနိန့်ကစလို့ မတ်နဲ့မတ်ရဲ့မိသားစုတစ်စုလုံးကို ဘုရားရှင်ကယ်တင်တော်မူယာ။ 10လူ့သားတော်ဟာ ပျောက်ဆုံးနီရေလူတိကို ရှာပနာ ကယ်တင်ဖို့ ကြွလာဟာ ဖြိုက်တေ” လို့မိန့်တော်မူလိုက်တေ။ 11ကိုယ်တော်ဟာ ဂျေရုဆလင်မြို့နားကို ရောက်လာယာဖြိုက်လို့ ဘုရားရှင်ရဲ့သာသနာတော်ဟာ ချက်ချင်းပေါ်ထွန်းလာဖို့ယာလို့ လူထုပရိတ်သတ်တိက ထင်နီကတ်တေ။ 12ယင်းကြောင့် ကိုယ်တော်က လူထုပရိတ်သတ်တိကို ထပ်လို့ ပုံဥပမာတစ်ခုကို မိန့်တော်မူဟာက “အိမ်ရှေ့မင်းသားတစ်ပါးဟာ သူ့တိုင်းပြည်မာ ဘုရင်အဖြိုက် တင်မြှောက်ဟာကို ခံယူပနာ ပြန်လာဖို့အတွက် ဧကရာဇ်ဟိရေ အဝီးကတိုင်းပြည်ကို လားခရေ။ 13ယင်းပိုင်မလားခင်မာ သူ့အစီခံဆယ်ယောက်ကိုခေါ်ပနာ တစ်ယောက်စီကို ငွေတစ်မိနာ့စီပီးပနာ ‘ငါပြန်မလာခင်ထိ ဒေပေသာနဲ့ စီးပွါးရှာကတ်’ လို့မှာပခရေ။ 14ယေတာလဲ ယင်းတိုင်းပြည်ကလူတချို့က ယင်းအိမ်ရှေ့မင်းသားကို မုန်းကတ်ဟာကြောင့် ဘုရင်ကြီးပါးကို သံတမန်တိစီလွှတ်ပနာ ‘ဒေလူကို ဘုရင်အဖြိုက်ကျွန်နော်ရို့အလိုမဟိပါ’ လို့လားပြောစီရေ။ 15ယေတာလဲ သူဟာ ဘုရင်အဖြိုက်အမြှောက်ခံပြီးကေ သူ့တိုင်းပြည်ကို ဘုရင်အသစ်တစ်ပါးအနီနဲ့ ပြန်ရောက်လာခရေ။ ယင်းနောက် သူပေသာပီးခရေအစီခံတိကို စီးပွားရှာပနာ အမြတ်အဇာလောက်ရရေဆိုဟာကို သိချင်ဟာကြောင့် သူရို့ကိုခေါ်ခိုင်းလိုက်တေအခါ 16ပထမအစီခံရောက်လာပြီး‌ကေ ‘အရှင်မင်းမြတ် ပီးခရေ ငွေတစ်မိနာ့ကို ကျွန်နော်မျိုး ဆယ်ဆ တိုးလာအောင် လုပ်ထားပါရေ’ လို့လျှောက်လိုက်တေ။ 17ဘုရင်က ‘ကောင်းရေ။ မတ်က ပမာဏ အနည်းချေနဲ့တောင် သစ္စာဟိတဲ့အစီခံကောင်းဖြိုက်ဟာကြောင့် မြို့ဆယ်မြို့ကို အပိုင်စားစီ’ လို့မိန့်လိုက်တေ။ 18ဒုတိယအစီခံတစ်ယောက်က ‘အရှင်မင်းကြီးပီးခရေ ငွေတစ်မိနာ့နဲ့ ငါးဆလောက်တိုးလာအောင် လုပ်ထားပါရေ’ လို့ လျှောက်လိုက်တေခါ 19ဘုရင်က ‘ကောင်းရေ။ မတ်က မြို့ငါးမြို့ကို အပိုင်စားယူစီ’ လို့မိန့်လိုက်တေ။ 20အရာအစီခံတစ်ယောက်ကလာပနာ ‘ကျွန်နော်ဟာ အရှင်မင်းကြီးပီးခရေပေသာတိကို လက်ကိုင်ပုဝါနဲ့ထုပ်ပနာ သိမ်းထားပါရေ။ ဒေမာကြည့်ပါ။ 21အရှင်မင်းကြီးဟာ စည်းကမ်းတင်းကြပ်တဲ့လူဖြိုက်လို့ ကျွန်နော်ကြောက်ဟာကြောင့် ဒေပိုင်လုပ်ရဟာဖြိုက်ပါရေ။ အရှင်မင်းကြီးဟာ ကိုယ်မပိုင်ရေအရာကို အရာလူတိပါးက သိမ်းယူတတ်ပနာ ကိုယ်မစိုက်ပျိုးဟာကို ရိတ်သိမ်းတတ်ဟာကြောင့် ဖြိုက်ပါရေ’ လို့လျှောက်တင်လိုက်တေ။ 22ယေခါ ဘုရင်က ‘ဆိုးဝါးရေအစီခံ၊ မတ်ရဲ့ နှုတ်ထွက်စကားတိုင်း မတ်ကို ငါစီရင်ဖို့။ ငါဟာ ကိုယ်မပိုင်ရေအရာကို သိမ်းယူတတ်ပြီးကေ ကိုယ်မစိုက်ပျိုးဟာကို ရိတ်သိမ်းတတ်တေ ခက်ထန်ရေလူဆိုဟာကို သိယင့်သားနဲ့ 23ငါပီးထားရေပေသာကို အဇာဖြိုက်လို့ ဘဏ်မာမအပ်ထားရောင်။ ဘဏ်မာအပ်ထားကေ ငါပြန်လာခါ အတိုးရလို့ဟိဖို့’ လို့မိန့်ဆိုလိုက်တေ။ 24ယပြီးကေ ဘုရင်က အရာအစီခံတိကို ခေါ်ပနာ ‘သူ့ပါးက ပေသာကို ယူပနာ ဆယ်ဆပွါးအောင် လုပ်နိုင်ရေ အစီခံကိုပီးလိုက်ကတ်’ လို့အမိန့်ပီးလိုက်တေ။ 25သူရို့က ‘အရှင်မင်းကြီး၊ သူ့ပါးမာ ငွေဆယ်မိနာ့ ဟိနီပြီးယာ’ လို့ပြန်ပနာလျှောက်တင်ကတ်ဟာကြောင့် 26ဘုရင်က ‘မတ်ရို့ကို ငါပြောမေ။ တစ်ခုရာဟိပနာ ယင်းအရာကို တိုးပွါးအောင်လုပ်နိုင်ရေလူတိကို ပိုလို့ပီးဖို့။ ယေတာလဲ တစ်ခုတောင် တိုးအောင်မလုပ်နိုင်ရေလူတိပါးက သူရို့မာဟိရေအရာတိကိုတောင် သိမ်းခံရဖို့။ 27အဂု ငါဘုရင်အဖြိုက်အုပ်ချုပ်ဟာကို အလိုမဟိကတ်တေရန်သူတိကို ခေါ်လာခကတ်။ သူရို့ကိုငါ့ရှေ့မှောက်မှာ ကွပ်မျက်လိုက်ကတ်’ လို့အမိန့်ပီးလိုက်တေ” ဆိုပနာမိန့်ဆိုလိုက်တေ။ 28ကိုယ်တော်ဟာ ဒေပိုင်မျိုးဟောပြောပြီးရေအခါ ဂျေရုဆလင်မြို့ကို ဆက်လို့ကြွခရေ။ 29ကိုယ်တော်ဟာ သံလွင်တောင်နားက ဗက်ဖာဂေရွာနဲ့ ဗေသနိရွာကို ရောက်တေခါ ရှေ့ပြီးအဖြိုက် တပည့်တော်နှစ်ယောက်ကို ကြိုလွှတ်လိုက်တေ။ 30ကိုယ်တော်က ယင်းတပည့်တော်နှစ်ယောက်ကို “မတ်ရို့ ရှေ့က ရွာကို လားလိုက်။ ရွာထဲကိုဝင်ဟာနဲ့ တစ်ယောက်တောင် မစီးရသိမ်းရေ မြည်းချေတစ်ကောင်ကို ကြိုးနဲ့ချိုင်ထားလို့ တွိ့လိမ့်မယ်။ ယင်းမြည်းကို ကြိုးဖြည်ပနာ ငါ့ပါးသို့ ယူခကတ်။ 31တစ်ယောက်ယောက်က ‘မတ်ရို့ အဇာဖြိုက်လို့ မြည်းချေကို ကြိုးဖြည်နီကတ်ရောင်’ လို့ မီးခကေ ‘အရှင်သခင်ကလိုအပ်လို့ပါ’ လို့ပြောခကတ်” လို့မှာလိုက်တေ။ 32ယင်းတပည့်တော်နှစ်ယောက် ရွာထဲကိုရောက်ခါ ကိုယ်တော် မိန့်မှာခရေအတိုင်း မြည်းချေကို တွိ့ခရေ။ 33သူရို့ဟာ မြည်းချေကို ကြိုးဖြည်ပနာ ယူနီတုံးမာ ပိုင်ရှင်က “မတ်ရို့ အဇာဖြိုက်လို့မြည်းချေကို ကြိုးဖြည်နီကတ်ရောင်” လို့ မီးဟာကြောင့် 34သူရို့က “အရှင်သခင်က လိုအပ်လို့ပါ” လို့ဖြေလိုက်တေ။ 35ယပြီးဟာနဲ့ သူရို့ဟာ မြည်းကို ကိုယ်တော်ယေရှုပါးကို ယူလာခကတ်‌ပြီးကေ မြည်းရဲ့နောက်ကုန်းထက်မာ အဝတ်ခင်းပီးပနာ ကိုယ်တော်ယေရှု မြည်းထက်မာ ထိုင်ဖို့အတွက် ကူညီပီးခကတ်တေ။ 36ကိုယ်တော်ဟာ ယင်းမြည်းချေကို စီးပနာ ဂျေရုဆလင်ကို လားရေလမ်းမာ လူပရိတ်သတ်တိဟာ ကိုယ်တော်ရှေ့မာ သူရို့ရဲ့ဝတ်ရုံတိကို ခင်းထားပီးကတ်တေ။ 37ကိုယ်တော်ဟာ ဂျေရုဆလင်မြို့နားမာဟိတဲ့ သံလွင်တောင်ထက်ကအဆင်းမာ လူပရိတ်သတ်တိက ကိုယ်တော် လုပ်ဆောင်ခသမျှ အံ့ဩစရာတိအားလုံးအတွက် ဝမ်းသာအားရနဲ့ ဘုရားရှင်ရဲ့ ကို ချီးမွမ်းကတ်တေ။ 38သူရို့က ဘုရားရှင်ကို “ဘုရားရှင်ရဲ့နာမတော်နဲ့ ကြွလာရေရှင်ဘုရင်ကို ချီးမွမ်းပါရေ။ ရွှေမြို့တော်မာ ငြိမ်းချမ်းခြင်းဟိပနာ ဘုရားရှင်ရဲ့ ဘုန်းတန်ခိုးတော် ထွန်းလင်းပါစီ” လို့အော်ပနာပြောကတ်တေ။ 39ယင်းခါလူအုပ်ထဲက ဖာရိရှဲတချို့က ကိုယ်တော်ကို “ဆရာ၊ ဆရာရဲ့တပည့်တိကို ဒေပိုင်မျိုးမအော်ဖို့ အမိန့်ပီးပီးပါ” လို့လျှောက်လိုက်တေ။ 40ကိုယ်တော်ကလည်း “မတ်ရို့ကိုငါပြောမေ။ အမှန်လို့ လူတိကို မအော်ကတ်ဖို့ပြောလိုက်ကေ ကျောက်ခဲတိက ထပနာအော်ကတ်လိမ့်မယ်” လို့မိန့်တော်မူလိုက်တေ။ 41ယပြီးကေ ကိုယ်တော်ဟာ ဂျေရုဆလင်မြို့အနားကို‌ရောက်လို့ ဂျေရုဆလင်မြို့ကို မြင်ရရေအခါ မျက်ရည်ကျတော်မူရေ။ 42ကိုယ်တော်က ဂျေရုဆလင်မြို့သူမြို့သားတိကို “ဒေနိန့် အဇာအရာက ငြိမ်းချမ်းရေးကို ယူလာရေဆိုဟာကို အသင်ရို့သိကေ ကောင်းဖို့။ ယေတာလဲ အသင်ရို့ဟာ ယင်းအရာကို မသိနိုင်ကတ်ရာ။ 43အဇာဖြိုက်လို့ဆိုကေ မတ်ရို့ရဲ့ ရန်သူတိဟာ မတ်ရို့ပတ်ပတ်လည်မာ အုတ်တံတိုင်းတိဆောက်ပြီးကေ တိုက်ခိုက်ကတ်လိမ့်မေ။ 44သူရို့ဟာ ဒေမြို့တစ်မြို့လုံးက အဆောက်အအုံတိအားလုံးကို ဖြိုချဖျက်ဆီးပြီးကေ ယင်းနီရာမာ ကျောက်တစ်တုံးထက်ကိုတစ်တုံးဆင့်ပြီးကေ မြို့ကလူတိအားလုံးကိုလည်း သတ်ပိုက်ကတ်လိမ့်မေ။ အဇာဖြိုက်လို့ဆိုကေ မတ်ရို့ဟာ ဘုရားရှင်က အသင်ရို့အတွက် ကယ်တင်ဖို့ကြွရောက်လာဟာကို မသိကတ်ဟာကြောင့်ဖြိုက်တေ” လို့မိန့်တော်မူလိုက်တေ။ 45ယပြီးဟာနဲ့ ကိုယ်တော်ယေရှုဟာ ဗိမာန်တော်ထဲကိုဝင်လားပနာ ဗိမာန်တော်ဝင်းထဲမာ ဈီးရောင်းနီကတ်တေ ဈီးသည်တိကို နှင်ထုတ်ပစ်တေ။ 46ကိုယ်တော်က သူရို့ကို “‘ငါ့ရဲ့အိမ်ဟာ ရှိခိုးဆုတောင်းတဲ့နီရာဖြိုက်ရဖို့’ လို့ ကျမ်းစာမာရေးထားကေလည်း အဂု မတ်ရို့က ဗိမာန်တော်ကို သူခိုးဓါးပြတိ ပုန်းစရာနီရာဖြိုက်အောင် လုပ်နီကတ်တေကား” လို့မိန့်တော်မူရေ။ 47ယပြီးဟာနဲ့ ကိုယ်တော်ဟာ ဗိမာန်တော်မာ နိန့်တိုင်းနိန့်တိုင်း တရားဟောနီခရေ။ ဂျူးပုရောဟိတ်အကြီးအကဲတိ၊ ကျမ်းတတ်ဆရာတိနဲ့ ဂျူးလူမျိုးခေါင်းဆောင်တိဟာ ကိုယ်တော်ကို သတ်ပစ်ဖို့ ကြိုးစားနီခကတ်ကေလည်း 48လူပုရိတ်သတ်တိဟာ ကိုယ်တော်ယေရှုရဲ့တရားတော်တိကို နာကြားဖို့ ဆန္ဒပြင်းပြပနာ ကိုယ်တော်နဲ့အနီးကပ်နီကတ်ဟာကြောင့် သူရို့ဟာ ကိုယ်တော်ကို လုပ်ကြံသတ်ဖြတ်ဖို့နည်းလမ်းကို ကြံစည်လို့မရနိုင် ဖြိုက်နီကတ်တေ။

المحددات الحالية:

Luke 19: stpv-rv

تمييز النص

شارك

نسخ

None

هل تريد حفظ أبرز أعمالك على جميع أجهزتك؟ قم بالتسجيل أو تسجيل الدخول