Luke 18

18
1ယပြီးဟာနဲ့ ကိုယ်တော်ယေရှုဟာ သူ့ရဲ့ တပည့်တော်တိကို စိတ်ပျက်အားမလျှော့ဘဲ အခါတိုင်းဆုတောင်းနီရဖို့အကြောင်းကို ပုံဥပမာတစ်ခုနဲ့ မိန့်တော်မူရေ။ 2ကိုယ်တော်က “မြို့တစ်မြို့မာ ဘုရားကိုလည်း မကြောက်၊ ပြည်သူတိကိုလည်း မလေးစားရေ တရားသူကြီးတစ်ယောက်ဟိခရေ။ 3ယင်းမြို့မာဟိရေ မုဆိုးမတစ်ယောက်ဟာ တရားသူကြီးပါးကို အကြာမကြာလားပနာ ‘အကျွန့်ကို မမျှမတဆက်ဆံတဲ့ရန်သူကို အကျွန့်ဖက်ကနီ တရားနည်းလမ်းကျကျ ဆုံးဖြတ်ပီးပါ’ လို့ပြောခရေ။ 4အချိန်တိကြာရေအထိ တရားသူကြီးဟာ အလေးမထားခကေလည်း နောက်ဆုံးမာ ယင်းတရားသူကြီးက ‘ငါဟာ ဘုရားကိုလည်း မကြောက်ပိုင်၊ လူတိကိုလည်း အလေးမထားတတ်ကေလည်း 5ဒေမုဆိုးမဟာ ငါ့ကို တစ်ချိန်လုံး နှောက်ယှက်နီဟာကြောင့် သူ့ကိုတရားနည်းလမ်းကျကျစီရင်ပီးမှ ဖြိုက်ဖို့ယာ။ ယေကေမှ သူငါ့ပါးကို ခါတိုင်းလာပနာ တောင်းဆိုနီဟာတိရပ်လီဖို့ယာ’ လို့တွေးနီရေ” လို့မိန့်တော်မူခရေ။ 6ယပြီးဟာနဲ့ ကိုယ်တော်က “တရားမမျှတတဲ့တရားသူကြီးရဲ့ တွေးတောပုံကို စဉ်းစားကြည့်ကတ်ပါ။ 7ယင်းပိုင်ဆိုးရေတရားသူကြီးတောင် သူ့ကိုအထပ်ထပ်အခါခါ တောင်းဆိုရေလူကို သက်ညှာပီးကေ ဘုရားရှင်က သူ့ပါးမာနိန့်ညမပြတ် ဆုတောင်းပြီးကေ သူရွီးချယ်ထားတဲ့လူတိကို တရားမျှတမှုကို ယူဆောင်လာပီးဖို့မဟုတ်လား။ 8မတ်ရို့ကို ငါပြောမေ။ ဘုရားရှင်ဟာ သူရို့ရဲ့တရားမျှတမှုကို အယင်အမြန်လုပ်ပီးလိမ့်မယ်။ ယကေလည်း ကမ္ဘာကို လူ့သားတော်ပြန်ကြွလာရေအချိန်မာ ယုံကြည်ရေလူတစ်ယောက်ကိုတောင် တွိ့ရပါဖို့လား” လို့မိန့်တော်မူလိုက်တေ။ 9ယပြီးဟာနဲ့ ကိုယ့်ဟာကိုယ် ဖြောင့်မတ်တေလို့ ယူဆတတ်ပနာ အရာလူတိကို နှိမ့်ချတတ်တေလူတိကို ကိုယ်တော်က ပုံဥပမာတစ်ခုနဲ့မိန့်ဆိုဟာက 10“အရင်ခါက ဖာရိရှဲတစ်ယောက်နဲ့ အခွန်ကောက်သူတစ်ယောက်ရို့ဟာ ရှိခိုးဆုတောင်းဖို့အတွက် ဗိမာန်တော်ကို လားကတ်တေ။ 11ဖာရိရှဲဟာ တစ်ယောက်တည်း မတ်တပ်ရပ်ပနာ ‘အို ဘုရားရှင်၊ တပည့်တော်ဟာ အရာလူတိပိုင်မျိုး လုယူတတ်တဲ့လူ၊ မရိုးမသားလုပ်တဲ့လူ၊ အိမ်ထောင်ရေး ဖောက်ပြန်တဲ့လူလည်းမဟုတ်တဲ့အပြင် ဟိုနားကအခွန်ကောက်တေလူပိုင်မျိုး မဟုတ်တဲ့အတွက် ဘုရားရှင်ကို ကျေးဇူးတင်ပါရေ။ 12ကျွန်နော်ဟာ တစ်ပတ်မာ နှစ်ရက် အစာရှောင်ဆုတောင်းပြီးကေ တပည့်တော်ရဲ့ လုပ်အားခရဲ့ ဆယ်ပုံတစ်ပုံကိုလည်း ဗိမာန်တော်မှာ လှူပါရေ’ လို့ဆုတောင်းခရေ။ 13ယေတာလဲ အခွန်ကောက်တေလူကျကေ ဗိမာန်တော်ထဲက အရာလူတိနဲ့ စကေချေလောက် ဝီးရေအကွာမာ ရပ်နီပနာ အာကာကိုတောင် မော့မကြည့်ဝံ့ပဲ ရင်ကိုထုပနာ ‘အို ဘုရားရှင်၊ အပြစ်ဒုစရိုက်များရေ ကျွန်နော့်ကို ငဲ့ညှာသနားတော်မူပါ’ လို့ဆုတောင်းရေ။ 14အသင်ရို့ကို ငါပြောမေ။ ယင်းလူနှစ်ယောက် အိမ်ပြန်ရောက်တေခါ ဘုရားရှင်ရဲ့ ခွင့်လွှတ်မှုကို ရရေလူဟာ ဖာရိရှဲမဟုတ်ဘဲ အခွန်ကောက်တေလူရာဖြိုက်တေ။ အဇာဖြိုက်လို့ဆိုကေ ကိုယ့်ဟာကို အထင်ကြီး‌ရေလူတိဟာ နှိမ့်ချခံရတတ်ပနာ ကိုယ့်ဟာကိုယ် နှိမ့်ချရေလူတိဟာ ချီးမြှောက်ခံရလိမ့်မယ်” လို့မိန့်တော်မူခရေ။ 15တချို့လူတိဟာ သူရို့ရဲ့ အစိတ်ကေချေတိကို ကိုယ်တော်ရဲ့လက်တော်နဲ့ တို့ထိပြီးကေ ချီးမွမ်းဆုတောင်းပီးစီဖို့ ကိုယ်တော်ပါးသို့ ခေါ်လာကတ်တေ။ ယင်းဟာတိကို တပည့်တော်တိမြင်ခါ ကိုယ်တော်ကို မနှောက်ယှက်ကတ်ဖို့ သူရို့ကို အော်ငေါက်ပြီးကေတားကတ်တေ။ 16ယေတာလဲ ကိုယ်တော်က အစိတ်ကေတိကို ခေါ်လိုက်ပြီးနာ “အစိတ်ကေချေတိ ငါ့ပါးကိုလာကတ်ပတ်စီ။ သူရို့ ကို မတားကတ်ကေ့။ အဇာဖြိုက်လို့ဆိုကေ ဘုရားရှင်ရဲ့ သာသနာတော်ဟာ ဒေအစိတ်ကေချေတိနဲ့တူရေလူတိအတွက် ဖြိုက်တေ။ 17မတ်ရို့ကို ငါအမှန်ဆိုရကေ ဘုရားရှင်ရဲ့သာသနာတော်ကို အစိတ်ကေတစ်ယောက်ပိုင်မျိုး လက်မခံကေ အသင်ရို့ဟာ တစ်ခါလည်း ဝင်ခွင့်ရဖို့မဟုတ်” လို့မိန့်တော်မူခရေ။ 18တစ်ခါက ဂျူးလူမျိုးခေါင်းဆောင်တစ်ယောက်ဟာ ကိုယ်တော်ကို “ကောင်းမြတ်တေ ဆရာ၊ နိစ္စထာဝရအသက် ကိုရဖို့အတွက် ကျွန်နော်အဇာတိ လုပ်ရပါဖို့ရောင်” လို့မီးလျှောက်လိုက်တေ။ 19ယေခါ ကိုယ်တော်က “ငါ့ကို အဇာဖြိုက်လို့ ကောင်းမြတ်တဲ့လူလို့ ခေါ်ဟာ‌ရောင်။ ဘုရားရှင်ကလွဲပနာ ကောင်းမြတ်တေလူ တစ်ယောက်တောင်မဟိ။ 20ပညတ်တော်တိကို မတ်သိပြီးသားယာ။ အိမ်ထောင်ရေး မဖောက်ပြန်ရ။ လူ့အသက်ကို မသတ်ရ။ သူများပိုင်ဆိုင်ဟာတိကို မခိုးရ။ လိမ်လို့ မပြောရ။ မိဖတိကို ရိုသေလေးစားပါ” လို့မိန့်တော်မူခရေ။ 21ယင်းလူကလည်း “ကျွန်နော် အချေခါကပင် ယင်းပညတ်တော်တိအားလုံးကို လိုက်နာခပါရေ” လို့လျှောက်တင်လိုက်တေ။ 22ယင်းပိုင်လျှောက်တင်ဟာကို ကြားရေအခါ ကိုယ်တော်က “အသင့်မာလုပ်စရာ တစ်ခုကျန်နီသိမ်းရေ။ အသင်ပိုင်ဆိုင်သမျှပစ္စည်းဥစ္စာတိအားလုံးကို ရောင်းလိုက်ပြီးကေ ရတဲ့ပေသာတိကိုဆင်းရဲသားတိကို လှူလိုက်ပါ။ ယင်းပိုင်ဆိုမှ အသင်ဟာ ရွှေမြို့တော်မာ ချမ်းသာကြွယ်ဝမှုတိ ရလိမ့်မယ်။ ပြီးကေ ငါ့တပည့်အဖြိုက်နဲ့ ငါ့နောက်ကို လိုက်ခ” လို့မိန့်တော်မူခရေ။ 23ယင်းဂျူးလူမျိုးအကြီးအကဲဟာ အကြီးကျယ်ချမ်းသာရေလူဖြိုက်ဟာကြောင့် ကိုယ်တော်ရဲ့စကားကိုကြားရေခါ ကကောင်းစိတ်ပျက်ဝမ်းနည်းလားရေ။ 24ယင်းလူရဲ့စိတ်ပျက်ဝမ်းနည်းဟာကို မြင်တွိ့ရရေအခါ ကိုယ်တော်က “ချမ်းသာရေ လူတိအတွက် ဘုရားရှင်ရဲ့သာသနာတော်ထဲကို ဝင်ဖို့ ကောင်းကောင်းခက်ခဲရေ။ 25ဘုရားရှင်ရဲ့သာသနာတော်ထဲကို သူဌေးတစ်ယောက်ဝင်ဖို့ထက် အပ်ပေါက်ထဲကို ကုလားအုတ်ကြီးတစ်ကောင်ဝင်ဖို့က ပိုလို့လွယ်ကူလိမ့်မယ်” လို့မိန့်တော်မူလိုက်တေ။ 26လူပရိတ်သတ်တိ ယင်းစကားကိုကြားရေခါ ကိုယ်တော်ကို “ယင်းပိုင်ဆိုကေ ဇာပိုင်လူမျိုးတိ ကယ်တင်ခံရပါဖို့ရောင်” လို့မီးလျှောက်ကတ်တေ။ 27ကိုယ်တော်က “လူတိ လုပ်ဖို့မဖြိုက်နိုင်တဲ့အရာတိဟိကေလည်း ဘုရားရှင်ကအရာအားလုံးကို လုပ်နိုင်ရေ” လို့မိန့်တော်မူလိုက်တေ။ 28ယေခါ ပေတရုက “ကျွန်နော်ရို့ဟာ အရာအားလုံးကိုစွန့်ပနာ ကိုယ်တော်နောက်ကို လိုက်လာခကတ်ဟာပါ” လို့လျှောက်တင်လိုက်တေ။ 29ကိုယ်တော်က “မတ်ရို့ကို ငါအမှန်ပြောရကေ ဘုရားရှင်ရဲ့ သာသနာတော်အတွက် ကိုယ့်အိုး၊ ကိုယ့်အိမ်၊ ကိုယ့်ဇနီးမယား၊ ညီကိုမောင်နှမ၊ မိဖ၊ သားသမီးတိကို စွန့်နိုင်ရေ လူဟာ 30ဒေဘဝမာလည်း ကောင်းကျိုးအများကြီးရပြီးကေ နောက်အနာဂါတ်မာလည်း နိစ္စထာဝရအသက်ကို ရကတ်ဖို့ဟာ သေချာရေ” လို့မိန့်တော်မူလိုက်တေ။ 31ယပြီးဟာနဲ့ ကိုယ်တော်က တပည့်တော်ဆယ့်နှစ်ယောက်စလုံးကို အနားကိုလာခိုင်းပနာ “နားထောင်ကတ်။ အဂု ငါရို့ဟာ ဂျေရုဆလင်မြို့ကို လားတဲ့လမ်းမာ ရောက်နီကတ်တေ။ ပရောဖက်တိက လူ့သားတော်နဲ့ပတ်သက်ပနာ ရေးသားထားခဟာတိဟာ ယင်းမာဖြိုက်လာဖို့ရာ။ 32သူ့ရို့က ဂျူးလူမျိုးမဟုတ်တဲ့လူတိရဲ့လက်ထဲကို ကိုယ်တော်ကို အပ်ကတ်လိမ့်မယ်။ သူ့ကို ပျက်ရယ် ပြုကတ်လိမ့်မေ။ အကြမ်းဖက်ပြီးကေ စော်ကားပြောဆိုဟာနဲ့ တံထွီးနဲ့ ထွီးဟာကိုလည်း လုပ်ကတ်လိမ့်မေ။ 33ယပြီးဟာနဲ့ သူရို့ဟာ ကိုယ်တော်ကို ကြိမ်လုံးနဲ့သတ်ပုတ်ပြီးကေ သီအောင်သတ်ပလိုက်ကတ်ဖို့။ ယေတာလဲသို့ သုံးရက်မြောက်တေနိန့်မာ သူ့အသက် ပြန်ရှင်ဖို့” လို့မိန့်တော်မူခရေ။ 34ယေတာလဲ တပည့်တော်တိဟာ ကိုယ်တော်မိန့်ဆိုရေ စကားရဲ့ အဓိပ္ပါယ်တိကို နားမလည်ခကတ်။ အဇာဖြိုက်လို့ဆိုကေ ကိုယ်တော်က ယင်းအကြောင်းအရာတိကို သူ့ရို့ပါးက ဖုံးကွယ်ထားဟာကြောင့် တစ်ခုချေတောင် နားလည်သဘောမပေါက်နိုင်ဟာဖြိုက်တေ။ 35ယပြီးဟာနဲ့ ကိုယ်တော်ယေရှုနဲ့ တပည့်တော်တိဟာ ဂျေရိခေါမြို့နားကို‌ရောက်တေခါ မျက်စိမမြင်ရေလူတစ်ယောက်ဟာ လမ်းဘေးမာ ထိုင်ပနာ တောင်းစားနီရေ။ 36သူဟာ လူအုပ်ကြီးဖြတ်လားတဲ့အသံကို ကြားခါ အဇာတိဖြိုက်ပျက်နီရောင်ဆိုဟာကို မီးကြည့်လိုက်တေ။ 37လူတချို့က နာဇရက်မြို့က ကိုယ်တော်ယေရှု ဖြတ်လားတော်မူရေလို့ ပြန်ပနာဖြေလိုက်တေ။ 38ယေခါ သူက “ဘုရင်ဒါဝိဒ် ရဲ့ သားတော်ယေရှု၊ ကျွန်နော့်ကိုသနားတော်မူပါ” လို့အော်လိုက်တေ။ 39ယင်းခါ ကိုယ်တော်နဲ့အတူတူ လားနီကတ်တေလူတိက သူ့ကို တိန်းလို့ချေနီဖို့ သတိပီးကတ်တေ။ ယေတာလဲ သူက “ဘုရင်ဒါဝိဒ်ရဲ့ သားတော်ယေရှု၊ ကျွန်နော့်ကိုသနားတော်မူပါ” လို့ ပိုလို့ အကျယ်ကြီး အော်လိုက်တေ။ 40ယေခါ ကိုယ်တော်က ရပ်လိုက်ပနာ ယင်းလူကို သူ့ပါးကိုခေါ်ခဖို့ လူတချို့ကိုအမိန့်ပီးတော်မူရေ။ ကိုယ်တော်ပါးသို့ ယင်းလူ ရောက်လာရေအခါ 41ကိုယ်တော်က “အသင့်အတွက် အဇာလုပ်ပီးရဖို့ရောင်” လို့မီးတော်မူဟာကြောင့် ယင်းလူက “ကိုယ်တော်၊ ကျွန်နော် မျက်စိ မြင်ချင်ပါရေ” လို့ပြန်ပနာလျှောက်တင်လိုက်တေ။ 42ယေခါ ကိုယ်တော်က “မျက်စိပြန်မြင်စီ။ အသင့်ရဲ့ ယုံကြည်မှုက အသင့်ကို ကျန်းမာစီရာ” လို့မိန့်တော်မူခရေ။ 43ယင်းလူဟာ ချက်ချင်း မျက်စိမြင်လားခပနာ ဘုရားရှင်ကို ချီးမွမ်းပြီးကေ ကိုယ်တော်ယေရှုရဲ့နောက်ကို လိုက်လားခရေ။ ယင်းအဖြိုက်အပျက်တိကို မြင်ရေ လူတိဟာလည်း ဘုရားရှင်ကို ချီးမွမ်းခကတ်တေ။

المحددات الحالية:

Luke 18: stpv-rv

تمييز النص

شارك

نسخ

None

هل تريد حفظ أبرز أعمالك على جميع أجهزتك؟ قم بالتسجيل أو تسجيل الدخول