ဤကဲ့သို့ ဆိုးညစ်သည့်တရားသူကြီးပင်လျှင် သူ့အား အထပ်ထပ်အခါခါတောင်းလျှောက်သောသူကို သက်ညှာလျှင် ဘုရားရှင်သည်ကား မိမိထံ နေ့ညမပြတ်ဆုတောင်းသည့်သူတို့အား ဖြည့်ဆည်းမပေးဘဲ ကြာရှည်စွာဆိုင်းငံ့ထားတော်မူမည်ဟု ထင်ကြသလော။ သင်တို့အား ငါဆိုသည်ကား ဘုရားရှင်သည် သူတို့တောင်းလျှောက်သမျှကို လျင်မြန်စွာဖြည့်ဆည်းပေးတော်မူလိမ့်မည်။ သို့သော်ငြား ဤလောကသို့ လူ့သားတော်ပြန်လည်ကြွလာလျှင်မူကား ယုံကြည်ခြင်းရှိသူတို့ကို တွေ့ရပါမည်လော” ဟုမိန့်တော်မူ၏။