የYouVersion አርማ
የፍለጋ አዶ

မာကု 7

7
ရှေးလူဂီးလေရဲ့ သွန်သန်ကြောန်း
(မဿဲ ၁၅.၁–၉)
1တချို့ ဖာရိရှဲလေန ယေရုရှလင်ဗြို့ဟှနေ လာဂေ့ဟှူ ကျမ်းတတ်ဆရာလေဟှာ ယေရှုပတ်ပတ်လည်မာ စုနေဂေ့ဟှယ်။ 2ကိုယ်တော်ရဲ့ တဗဲ့တော်လေ တချို့ဟှ စင်ကြယ်ဘဲဟှူ လတ်လေန စာစားနေဇာဟှို သူးနို့လေဟှ ဒိထားမိဟှားဟှယ်။
3ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကျန်နေဟှူ ယုဒလူမျိုးလေန ဖာရိရှဲလေဟှာလည်း သူးနို့ရဲ့ ရှေးလူဂီးလေဟှနေ လတ်ခံဟှားဟှူ သွန်သန်မှု နော့‑က်ဟှို လိုက်ဘီး သူးနို့လေဟှ မှန်ဟှူ နည်းလမ်းအားဖြင့် သူးနို့ရဲ့ လတ်လေဟှို ဆေးဘဲန စာစားဂေ့ဟှ။ 4ဆေးဟှနေ ရလာဟှူ ဖယ်ဇာဘဲ့ဖြစ်ဖြစ် ရေန ရင်ဆေးဘဲ့န စားဂေ့ဟှ။#၇.၄ ဆေးဟှနေ ရလာဟှူ ဖယ်ဇာဘဲ့ဖြစ်ဖြစ် ရေန ရင်ဆေးဘဲ့န စားဂေ့ဟှ၊ အယ်မျိုးမှုဘဲ့နေဟှာ သူးနို့ဟှာ ဆေးဟှနေ ရလာဇာလေဟှို ရင်ဦးဆောင်း ရေန ဆေးဘီးမှ စားဟှယ်။ အယ်ဘီးဟှာ သူးနို့လေ လတ်ခံဟှားဟှူ တခြားထောင်းဒန်းလေ နော့‑က်ဟှို လိုက်ဟှယ်။ ဥပမာ အိုးလေ၊ ခွပ်လေ၊ ကြေးဖလားခွပ်လေန ကဒန်လေဟှို#၇.၄ တချို့ မူရင်းလတ်ရေးမူလေမာ ကဒန်လေ၊ ဆိုဇာ မှေ့ဟှ။ မှန်ဟှူနည်းလမ်းအားဖြင့် ဆေးဂေ့ဟှယ်။
5အယ်ကြောန့် ဖာရိရှဲလေန ကျမ်းတတ်ဆရာလေဟှ “ဖြားဖြစ်ကြောန့် အယ်မျိုးသတ်ရှင်နူး။ ကိုယ်တော်ရဲ့ တဗဲ့တော်လေဟှ ရှေးလူဂီးလေရဲ့ လတ်ဆစ်ကမ်းဟှားဟှူ သွန်သန်မှု နော့‑က်ဟှို လိုက်ဂေ့ဟှ။ အယ်မျိုးလိုက်ဟှို့စား စင်ကြယ်ဘဲဟှူ လတ်န စားဂေ့နူး” ဆိုဘီး ယေရှုဟှို မေးဂေ့ဟှယ်။
6ယေရှုဟှ “ဟေရှာယဟှ နန်းနို့လေ ကြောန်းဟှို ပရောဖက်ပြုဟှားဇာဟှာ ရရာတိုင်း မှန်ဟှယ်! နန်းနို့လေဟှာ ကြောန်သူတော်လေ ဖြစ်ဟှူကြောန့်၊ သူဟှ အယ်မျိူးရေးဟှားဟှယ်။”
“‘ဘုရားသခင် မိန့်တော်မူဇာဟှ အယ်လူလေဟှာ ငါ့ဟှို နှောက်န ရိုသေဟှယ်။
အယ်ဘေမဲ့ သူးနို့ရဲ့ စိနှလောင်းဟှလော ငါ့န တကယ်ဘဲ့ ရရာတိုင်း ဝီးနေဂေ့ဟှယ်။
7ငါ့ဟှို အလဂါး ကိုးကွယ်နေဟှယ်။
ဖြားဖြစ်ကြောန့်နူးဆိုဟှာ သူးနို့ဟှာ ဘုရားသခင်ရဲ့ပညတ်တရားလေ ဖြစ်ဟှယ် ဆိုဘေမဲ့
လူရဲ့ စည်းမျဉ်းလေဟှို သန်ပေးလေဟှယ်!’ ”
8“နန်းနို့လေဟှ ဘုရားသခင်ရဲ့ ပညတ်တော်ဟှို ဖယ်ဟှားဘီးဟှာ လူလေရဲ့ သွန်သန်မှုလေဟှို လိုက်နာဂေ့ဟှယ်” ဆိုဘီး သူးနို့ဟှို ပ္လန်ဖြေတော်မူလေဟှယ်။
9အယ်ဘီးဟှာ ယေရှုဟှ ဆစ်ဘီး “နန်းနို့လေရဲ့ ကိုယ်ပိုင်သွန်သန်မှုဟှို ကျင့်သောင်းနိုင်ဟှို့တွပ် နန်းနို့လေဟှာ ဘုရားသခင်ရဲ့ ပညတ်တော်ဟှို ပယ်ဟှူဇာဟှလော ကျွမ်းကျင်ဂေ့ဟှယ်။ 10ဖြားဖြစ်ကြောန့်နူးဆိုဟှာ မောရှေပညတ်ဟှားဇာဟှ ‘နန်းနို့မိဖဟှို ရိုသေဂေ့။ အယ်ဘီးဟှာ ဖယ်သူဘဲ့ဖြစ်ဖြစ် ကိုယ့်မိဖဟှို ကီဆဲမယ် ဆိုဟှာ သေဒန်ခံရမယ်။’ 11အယ်ဘေမဲ့ နန်းနို့ဟှ အယ်မျိုးသွန်သန်ဘီး လူလေမာ သူးနို့ရဲ့ မိဖဟှို ကူညီဟှို့ တခုခုရှိဟှယ် ဆိုဟှာ ‘အယ်ဇာဟှာ ကော်ဘန်ဖြစ်ဟှယ်’ ဆိုဘီး ပြောဟှယ် (အယ်ဓိပါယ်ဟှ ဘုရားသခင်ဟှို လှူဘီးဟှူ အောက်စာဖြစ်ဟှယ်)၊ 12အယ်မျိုးဆိုဟှာ နန်းနို့ဟှ အယ်အောက်စာလေဟှို သောင်းပြုဘီးဟှာ သူ့ရဲ့ မိဖဟှို ကူညီဟှို့တွပ် ခွမ့်ပေးဟှယ်။ 13အယ်မျိုးဘဲ့ နန်းနို့လေဟှ တခြားလူလေဟှို လတ်ဆစ်ကမ်းလိုက်ဟှူ သွန်သန်မှုဟှာ ဘုရားသခင်ရဲ့ စကားတော်ဟှို ဖျစ်ပစ်ဂေ့ဟှယ်။ အယ်ဆိုဟှာ အယ်မျိုးဇာလေ ဘောင်ဂီးဟှို နန်းနို့လေ လောက်ဂေ့ဟှယ်။”
လူဟှို ညစ်ညူးစေဟှူ ဇာလေကြောန်း
(မဿဲ ၁၅.၁၀–၂၀)
14အယ်ဘီးန ယေရှုဟှ လူအောက်ဂီးဟှို သူ့နားဟှို ပ္လန်ခေါ်ဘီးဟှာ “နန်းနို့အားလောင်း ငါ့စကားဟှို နားထောန်ဘီးဟှာ နားလည်ဂေ့။ 15ပ္လန်ဟှနေ လူထဲဟှိုဝမ်ဘီး လူဟှို ညစ်ညူးစေနိုင်ဟှူဇာ ခုလည်း မှေ့ဟှ။ လူထဲဟှနေ ထွပ်လာဟှူဇာလေဟှဘဲ့ လူဟှို ညစ်ညူးနိုင်ဟှယ်။ ” 16#၇.၁၆ တချို့ မူရင်းလတ်ရေးမူလေမာ ခန်းငယ် ၁၆ ဟှို၊ နန်းနို့မာ နားရှိဟှယ် ဆိုဟှာ ကြားဂေ့! ဆိုဘီး ထပ်ပေါန်းထဲ့ဟှားဟှယ် (ရှု ၄.၂၃)။ 17ကိုယ်တော်ဟှာ လူအောက်ဂီးနားဟှ ထွပ်ဟှားဘီးဟှာ အီထဲဟှို ဝမ်ဟှားဟှူ ခီမာ တဗဲ့တော်လေဟှ အယ်ပေါင်ဥပမာကြောန်းဟှို ကိုယ်တော့်ဟှို မေးဂေ့ဟှယ်။ 18ယေရှုဟှ “နန်းနို့လေဟှ အယ်မျှလော့‑က် သိဉာဏ်နဲရလော” ဆိုဘီး သူးနို့ဟှို ပြောလေဟှယ်။ “နန်းနို့ နားလည်ဂေ့ ဟှလော။ ပ္လန်ဟှနေ လူထဲဟှို ဝမ်လာဟှူ ဇာဟှ လူဟှို လောင်းဝ ညစ်ညူးစေနိုင်ဟှ၊ 19ဖြားဖြစ်ကြောန့်နူးဆိုဟှာ အယ်ဇာလေဟှ စိနှလောင်းထဲဟှို ဝမ်ဇာမှုဟှ။ စာအီထဲဟှို ဝမ်ဟှားဘီးန နော့‑က်ဖေးအီထဲဟှို ဆင်းဟှားလေဟှယ်။” (အယ်မျိုး မိန့်တော်မူဇာဟှ စာအားလောင်းဟှာ သန့်ရှင်းဟှယ် ဆိုဘီး ယေရှု ကြေညာလိုက်ဟှယ်။)
20ကိုယ်တော်ဟှ ဆစ်ဘီးဟှာ “လူရဲ့ထဲဟှ ထွပ်လာဇာလေဘဲ့ လူဟှို ညစ်ညူးစေဟှယ်။ 21ဖြားဖြစ်ကြောန့်နူးဆိုဟှာ လူရဲ့ စိနှလောင်းထဲဟှနေ မှားယွင်းဟှူ ကြံစည်လေဟှ ထွပ်လာဘီး တရားဘဲဟှူမေထုန်ပြုရှင်း၊ ခိုးရှင်း၊ လူသတ်ရှင်း၊ 22အီထောန်ရေးဖော့‑က်ပ္လန်ရှင်း၊ လောဖကီးရှင်း၊ ကောန်းဘဲဟှူဇာ ဘောင်းဇောင်လောက်ရှင်း၊ လှည့်စားရှင်း၊ ပျော်ပါးလိုက်စားရှင်း၊ နာလိုရှင်း၊ ကဲ့ရဲ့ပြစ်တန်ရှင်း၊ မာနကီးရှင်း၊ လျှပ်ပေါ်ရှင်း၊ 23အယ်ကောန်းဘဲဟှူ ဇာလေ အားလောင်းဟှာ လူရဲ့ ထဲဟှနေ ထွပ်လာဘီးဟှာ လူဟှို ညစ်ညူးစေဟှယ်။”
မီးမဂီးတယော့‑က်ရဲ့ ယောင်ကြည်ရှင်းကြောန်း
(မဿဲ ၁၅.၂၁–၂၈)
24အယ်ဘီးန ယေရှုဟှ အယ်နေရာဟှနေ ထွပ်ဟှားဘီးဟှာ တုရုဗြို့တော်န နီးဟှူ ဒေသဟှို သွားလိုက်ဟှယ်။ ကိုယ်တော်ဟှာ အီတအီထဲဟှို ဝမ်ဟှားဘီး အယ်နေရာမာ ကိုယ်တော် ရှိနေဟှယ် ဆိုဇာဟှို ဖယ်သူ့ဟှိုလဲ သိစေရှင်ဟှ။ အယ်ဘေမဲ့ ကိုယ်တော်ဟှာ ပူးဘီးနေနိုင်ဟှ။ 25ညစ်ညူးဟှူ နတ် ဝမ်ပူးနေဟှူ သမီးငယ်ရဲ့ မိဟှ ယေရှုကြောန်းဟှို ကြားဟှူ ခီမာ ကိုယ်တော်နားဟှို ရှစ်ရှင်း ရော့‑က်လာဘီးဟှာ ခေရင်းမာ ဒူးထော့‑က်လေဟှယ်။ 26အယ်မီးမဂီးဟှာ ရှုရိဖိနိတ်နယ်သူ လူမျိုးခြားဖြစ်ဟှယ်။ သူ့ရဲ့ သမီးထဲဟှ နတ်ဆိုးဟှို နှန်ထုဟှို့တွပ် ယေရှုဟှို တောန်းလျှော့‑က်ဟှယ်။ 27အယ်ဘေမဲ့ ယေရှုဟှ “သားမီးလေဟှို ရင်ဦးဆောင်းကျွေးခွမ့်ပေးပါ။ သားမီးလေရဲ့ စားဇာဟှို ယူဘီးဟှာ ခွီးလေဟှို ပစ်ပေးဇာဟှာ မှန်ဟှ” ဆိုဘီး ပ္လန်ဖြေလေဟှယ်။
28အယ်မီးမဂီးဟှ “သခင်၊ ဗွဲအော့‑က်ဟှ ခွီးလေဟှိုမှ သားမီးလေရဲ့ စားကြွင်းစားကျန်လေဟှို စားရဂေ့ဟှယ်!” ဆိုဘီး ပ္လန်လျှော့‑က်လေဟှယ်။
29အယ်ကြောန့် ယေရှုဟှ “အယ်မျိုး ပ္လန်လျှော့‑က်ဟှူကြောန့် အီဟှို ပ္လန်ဟှားလိုက်။ နတ်ဆိုးဟှာ နန့်သမီးထဲဟှနေ ထွပ်ဟှားဘီ ဆိုဇာဟှို နန်တွိရလေ့မယ်!” ဆိုဘီး သူ့ဟှို မိန့်တော်မူလေဟှယ်။
30အယ်မီးမဂီးဟှ အီဟှို ပ္လန်ရော့‑က်ဟှားဟှူ ခီမာ သူ့ရဲ့ သမီးဟှာ အိရာထဲမာ လဲလျောင်းနေဇာဟှို တွိရဇာဟှ သူ့ထံဟှ နတ်ဆိုး ထွပ်ဟှားပီးဘီ ဆိုဇာဟှို သိရလေဟှယ်။
ယေရှုဟှ ဆွံ့အနားပန်းနေဇာဟှို ပျော့‑က်စေကြောန်း
31အယ်ဘီးန ယေရှုဟှာ တုရုဗြို့တော်ရဲ့ နီးနားဝန်းကျင်ဟှ ထွပ်ဟှားဘီး ဇိဒုန်ဗြို့တော်ဟှို ဖြတ်ဘီး ဒေကာပေါလိနယ် ဟှတဆင့် ဂါလိလဲအိုင်ဟှို ဆစ်သွားလိုက်ဟှယ်။ 32လူတချို့ဟှ ဆွံ့အနားပန်းနေဟှူ လူတယော့‑က်ဟှို ကိုယ်တော်နားဟှို ခေါ်လာဟှယ်။ အယ်ဘီးဟှာ သူးနို့ဟှ သူ့ထတ်မာ လတ်တန်ပေးဟှို့တွပ် ယေရှုဟှို တောန်းဗန်လေဟှယ်။ 33အယ်ကြောန့် ယေရှုဟှ သူ့တယော့‑က်ထဲဟှိုဘဲ့ လူအောက်ဂီးထဲဟှနေ ခေါ်ဟှားဘီးဟှာ အယ်လူရဲ့ နားလေထဲဟှို လတ်ညှိုးဟှို ထိုးသွမ်းလိုက်ဘီး၊ ထွီးရယ်န ထွီးဘီး အယ်လူရဲ့ လျှာဟှို တို့လိုက်ဟှယ်။ 34အယ်ဘီးန ယေရှုဟှာ ကောန်းဂန်ဟှို မျှော်ကေ့ဘီး သတ်ပြင်းခ္လဘီးဟှာ “ဧဖသ” ဆိုဘီး အယ်လူဟှို မိန့်တော်မူလေဟှယ်။ အယ်ဓိပါယ်ဟှလော “ပွပ်စေ!” ဆိုဘီး ဖြစ်ဟှယ်။
35ရှစ်ရှင်းဘဲ့ အယ်လူရဲ့ နားဟှ ပွပ်လာဘီးဟှာ ခယ်ဟှားဇာခံရဟှူ သူ့လျှာလေဟှ လွတ်ဟှားဘီး ပီးပီသသဟှား စကားပြောနိုင်ဟှားဟှယ်။ 36ယေရှုဟှ အယ်မျိုး ဖြစ်ပျစ်ကြောန်းဟှို ဖယ်သူ့ဟှိုလည်း ပြောဘဲဟှို့တွပ် လူလေဟှို တားလိုက်ဟှယ်။ အယ်ဘေမဲ့ ယေရှုဟှ တားလေလေ သူးနို့လေဟှ အယ်ကြောန်းဟှို ပိုဘီးဟှာ ဟောပြောနေဂေ့ဟှယ်။ 37အယ်မျိုး ဖြစ်ပျစ်ကြောန်းဟှို ကြားရဟှူလူလေဟှ ရရာတိုင်း အံ့ဩဂေ့ဟှယ်။ “ကိုယ်တော်ဟှာ ရာအားလောင်းဟှို လျောက်ပတ်အောန် လောက်ဟှယ်! နားပန်းဟှူ လူလေဟှို နားကြားစေဟှယ်။ ဆွံ့အနေဟှူ လူလေဟှိုလည်း စကားပြောစေဟှယ်!” ဆိုဘီး တအံ့တဩ ပြောဂေ့ဟှယ်။

Currently Selected:

မာကု 7: NTDWB24

ማድመቅ

Share

Copy

None

ያደመቋቸው ምንባቦች በሁሉም መሣሪያዎችዎ ላይ እንዲቀመጡ ይፈልጋሉ? ይመዝገቡ ወይም ይግቡ