የYouVersion አርማ
የፍለጋ አዶ

မာကု 8

8
ယေရှုဟှာ လူ ၄,၀၀၀ ဟှို စားဇာကျွေးဟှူကြောန်း
(မဿဲ ၁၅.၃၂–၃၉)
1ကြာခန်မာဘဲ့ နော့‑က်ထပ် ရရာတိုင်းများဟှူ လူအောက်ဂီးဟှာ စုလာဂေ့ဟှယ်။ သူးနို့လေမာ စားဟှို့ ဖြားလည်းမှေ့ဘဲဟှူကြောန့်၊ ယေရှုဟှ တဗဲ့တော်လေဟှို သူ့နားဟှိုခေါ်ဘီး ပြောလိုက်ဇာဟှ 2“အယ်လူလေဟှို ငါသနားဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ သူးနို့ဟှာ ငါ့နတူးဒူ သောင်းရစ်လောင်းလောင်း ရှိနေဂေ့ဘီး ခုစားဟှို့ ဖြားလည်းမှေ့ဘီ။ 3သူးနို့ထဲဟှ တချို့ဟှာ ဝီးဟှနေလာရဟှူကြောန့် သူးနို့ဟှို ငါဟှ ကျွေးဘဲ့န အီပ္လန်ခိုင်းမယ် ဆိုဟှာ သူးနို့လေဟှ လမ်းမာ အားပြတ်ဂူလေ့မယ်။”
4တဗဲ့တော်လေဟှ “လူမှေ့ဘဲဟှူ နေရာမာ ဖယ်သူဟှ အယ်လူလေ အားလောင်းဟှို လော့‑က်အောန်ကျွေးဟှို့ မုဟှို ဖယ်ဟှ ရနိုင်ဟှို့နူး” ဆိုဘီး ယေရှုဟှို ပ္လန်လျှော့‑က်ဂေ့ဟှယ်။
5ယေရှုဟှ “နန်းနို့မာ မုဖယ်မျှလော့‑က်ရှိနူး” ဆိုဘီး မေးလေဟှယ်။
တဗဲ့တော်လေဟှ “မုခွန်နစ်လောင်းရှိဟှယ်” ဆိုဘီး ပ္လန်လျှော့‑က်လေဟှယ်။
6ကိုယ်တော်ဟှာ လူအောက်ဂီးဟှို မ္လေမာထိုင်ခိုင်းလိုက်ဟှယ်။ အယ်ဘီးန မုခွန်နစ်လောင်းဟှို ယူဘီးဟှာ ဘုရားသခင်ဟှို ကျေးဇူးတော် ချီးမွမ်းလိုက်ဘီး၊ မုလေဟှို ဖဲ့လေဟှယ်။ အယ်ဘီးမှ လူအောက်ဂီးဟှို ဝီပေးဟှို့တွပ် တဗဲ့တော်လေဟှို ပေးလိုက်ဘီး၊ တဗဲ့တော်လေဟှ လူအောက်ဂီးဟှို ဝီပေးလေဟှယ်။ 7သူးနို့မာလည်း ငါးဂန်းဟှားလေ နဲနဲရှိလေဟှယ်။ ယေရှုဟှ အယ်ဇာလေတွပ် ကျေးဇူးတော် ချီးမွမ်းဘီးန ငါးလေဟှိုလည်း ဝီပေးဟှို့တွပ် တဗဲ့တော်လေဟှို ပြောလေဟှယ်။ 8-9လူတိုင်းဟှာ ဗိုက်ပ္လဲ့အောန်စားရဂေ့ဇာဟှ — လူ ၄,၀၀၀ လော့‑က် ရှိဟှယ်။ အယ်ဘီးန တဗဲ့တော်လေဟှာ စားဘီးကျန်နေဟှူ က္လိုးပဲ့လေဟှို ပ္လန်ကော့‑က်သီးဟှူ ခီမာ ခွန်နစ်တောန်းပ္လဲ့ရဟှယ်။ ယေရှုဟှ လူလေဟှို ပ္လန်လွှတ်လိုက်ဘီး 10ရှစ်ရှင်းဘဲ့ တဗဲ့တော်လေနတူးဒူ လှေထတ်ဟှို တတ်ဟှားဘီး ဒါလမနုဒေသဟှို ကြွဟှားလေဟှယ်။
ဖာရိရှဲလေဟှ နိမိတ်လတ်ခဏာ တောန်းဂေ့ဟှူကြောန်း
(မဿဲ ၁၆.၁–၄)
11 # မ ၁၂.၃၈; လု ၁၁.၁၆ တချို့ ဖာရိရှဲလေဟှာ ယေရှုနားဟှို ရော့‑က်လာဘီး ကိုယ်တော်န စဘီးဟှာ ဂြင်းခူဂေ့ဟှယ်။ သူးနို့ဟှ ကိုယ်တော့်ဟှို စမ်းသပ်ရှင်ဂေ့ဟှူကြောန့် ကောန်းဂန်ဘောင်ဟှ နိမိတ်လတ်ခဏာတခုဟှို လောက်ပြဟှို့ ကိုယ်တော့်ဟှို တောန်းဆိုဂေ့ဟှယ်။ 12#မ ၁၂.၃၉; လု ၁၁.၂၉အယ်ဘေမဲ့ ယေရှုဟှ သူ့ရဲ့စိထဲမာ သတ်ပြင်းခ္လဘီးဟှာ “အယ်ခေတ်လူလေဟှ ဖြားဖြစ်ကြောန့် နိမိတ်လတ်ခဏာဟှို တောန်းဂေ့နူး။ နန်းနို့ဟှို ငါ မှန်တိုင်းပြောမယ်! အယ်လူလေဟှို ဖြားသတ်သေလည်း ပေးလေ့မယ် မှုဟှ!” ဆိုဘီး မိန့်တော်မူလေဟှယ်။
13ကိုယ်တော်ဟှာ သူးနို့ဟှို ထားရစ်ဘီး လှေထတ်ဟှို ပ္လန်တတ်ဘီးဟှာ အိုင်ရဲ့ဟှို့ဖတ်ကမ်းဟှို စဘီးဟှာ ကူးလေဟှယ်။
ဖာရိရှဲလေန ဟေရုဒ်ရဲ့တဆေးကြောန်း
(မဿဲ ၁၆.၅–၁၂)
14တဗဲ့တော်လေဟှာ မုယူလာဟှို့ မေ့ဟှားဟှူကြောန့် လှေထတ်မာ သူးနို့တွပ် မုတလောင်းဘဲ့ရှိဟှယ်။ 15#လု ၁၂.၁ယေရှုဟှ “ဖာရိရှဲလေရဲ့ တဆေးန ဟေရုဒ်ရဲ့ တဆေးဟှို ဒိထားဂေ့” ဆိုဘီး သူးနို့ဟှို ဒိပေးလေဟှယ်။
16တဗဲ့တော်လေဟှ သူးနို့ရှင်းရှင်းထဲမာ စဘီးဟှာ ဆွေးနွေးနေဇာဟှ “ကိုယ်တော်ဟှာ အယ်မျိုးပြောဇာဟှ နို့လေမာ ဖြားမုလည်း ပါလာဘဲ့ကြောန့်ဖြစ်ဟှယ်။”
17သူးနို့လေပြောနေဇာဟှို ယေရှုဟှာ သိနေလေဟှယ်။ အယ်ကြောန့် ကိုယ်တော်ဟှ “ဖြားမုလည်း မှေ့ဘဲဟှူကြောန်းဟှို နန်းနို့လေ ဖြားဖြစ်ကြောန့် ဆွေးနွေးနေဂေ့နူး။ နန်းနို့လေဟှာ ခုထိ နားလည်ဂေ့သေးဟှလော။ နန်းနို့ သိဂေ့သေးဟှလော။ နန်းနို့ရဲ့ စိနှလောင်းလေဟှ မာကျောနေဟှယ်လော။ 18#မာ ၄.၁၂နန်းနို့မာမျစ်စိရှိဟှယ် နန်းနို့ ဗြင်ဂေ့ဟှလော။ နန်းနို့မာနားရှိဟှယ် ဆိုဟှာ နန်းနို့ ကြားဂေ့ဟှလော။ 19ငါဟှ လူ ၅,၀၀၀ ဟှို ကျွေးဟှို့တွပ် မုငါးလောင်းဟှို ငါခ္လိုးဖဲ့ဟှူခီဟှို နန်းနို့ ဒိရဂေ့ဟှလော။ စားဘီးကျန်နေဟှူ က္လိုးပဲ့လေဟှို ပ္လန်ကော့‑က်ဇာဟှ ဖယ်မျှရနူး” ဆိုဘီးဟှာ မေးလေဟှယ်။
တဗဲ့တော်လေဟှ “ဆယ့်နှေ့တောန်းရပါဟှယ်” ဆိုဘီး ပ္လန်ဖြေလေဟှယ်။
20ယေရှုဟှ “အယ်ဘီးဟှာ ငါဟှာ လူ ၄,၀၀၀ တွပ် မုခွန်နစ်လောင်းဟှို ဖဲ့ဟှူ ခီမာ စားဘီးကျန်နေဟှူ က္လိုးပဲ့လေဟှို ဖယ်မျှတောန်းပ္လဲ့ နန်းနို့လေ ပ္လန်ကော့‑က်ရဂေ့နူး” ဆိုဘီး မေးလေဟှယ်။
တဗဲ့တော်လေဟှ “ခွန်နစ်တောန်းရပါဟှယ်” ဆိုဘီး ပ္လန်ဖြေလေဟှယ်။
21ကိုယ်တော်ဟှ “အယ်ဆိုဟှာ နန်းနို့ နားလည်ဂေ့သေးဟှလော” ဆိုဘီး သူးနို့ဟှို မေးလေဟှယ်။
ယေရှုဟှာ ဗက်ဇဲဒဝါမာ မျစ်ကန်းတယော့‑က်ဟှို ဗြင်စေဟှူကြောန်း
22သူးနို့လေဟှာ ဗက်ဇဲဒဝါဟှို ရော့‑က်လာဂေ့ဟှယ်။ အယ်နေရာမာ လူတချို့ဟှ မျစ်ကန်းတယော့‑က်ဟှို ယေရှုနားဟှို ခေါ်လာဘီးဟှာ အယ်လူဟှို တို့ထိဟှို့တွပ် တောန်းဗန်ဂေ့ဟှယ်။ 23ယေရှုဟှ မျစ်ကန်းဟှို လတ်ဆွဲဘီးဟှာ ဝါပ္လန်ဟှို ခေါ်ဟှားလိုက်ဟှယ်။ အယ်လူရဲ့ မျစ်စိဟှို ထွီးရယ်နထွီးဘီးန ယေရှုဟှာ သူ့ထတ်မာ လတ်လေဟှို တန်လိုက်ဘီးဟှာ “နန် တခုခုဟှို ဗြင်ရဘဲ့လော” ဆိုဘီး မေးလေဟှယ်။
24အယ်လူဟှ မော့ကေ့လိုက်ဘီး “ကျွန်တော်ဟှာ လူလေဟှို ဗြင်ရဟှယ်။ အယ်ဘေမဲ့ သူးနို့လေဟှ သစ်ပန်လေမျိုး လမ်းရှော့‑က်နေဂေ့ဟှယ်” ဆိုဘီး ပြောလေဟှယ်။
25ယေရှုဟှာ အယ်လူရဲ့ မျစ်စိထတ်မာ လတ်လေဟှို ပ္လန်ဘီး တန်လိုက်ဟှယ်။ အယ်ခီမာ အယ်လူဟှာ အားစိုက်ဘီး ကေ့လိုက်ဇာ သူ့ရဲ့ မျစ်စိလန်းရောန် ပ္လန်ရဟှားဘီး သူဟှာ အားလောင်းဂူဟှို ရှင်းရှင်းလန်းလန်းဟှား ဗြင်ဟှားဟှယ်။ 26ယေရှုဟှ သူ့ဟှို “ဝါထဲဟှို ပ္လန်ဝမ်န” ဆိုဘီးဟှာ မိန့်ပေးဘီး အီဟှို ပ္လန်ခိုင်းလိုက်လေဟှယ်။
ယေရှုကြောန်းဟှို ပေတရုရဲ့ ကြောငြာမှု
(မဿဲ ၁၆.၁၃–၂၀; လုကာ ၉.၁၈–၂၁)
27အယ်ဘီးန ယေရှုန တဗဲ့တော်လေဟှ ကဲသရိဖိလိပ္ပုနားဟှ ကျေးဝါလေဟှို သွားဂေ့ဟှယ်။ လမ်းခရီးမာ ကိုယ်တော်ဟှ “လူလေဟှ ငါ့ဟှို ဖယ်သူဖြစ်ဟှယ် ဆိုဘီး ပြောနေဂေ့နူး” ဆိုဘီးဟှာ သူးနို့ဟှို မေးလေဟှယ်။
28 # မာ ၆.၁၄,၁၅; လု ၉.၇,၈ “တချို့ဟှ ဗတ္တိဇံယောဟန် ဖြစ်ဟှယ်။ တချို့ဟှ ဧလိယ ဖြစ်ဟှယ်။ တချို့ဟှ ပရောဖက်တပါး ဖြစ်ဟှယ်။ ဆိုဘီး ပြောနေဂေ့ဟှယ်” ဆိုဘီး သူးနို့ဟှ ပ္လန်လျှော့‑က်လေဟှယ်။
29 # ယော ၆.၆၈,၆၉ “နန်းနို့လေဟှမား ငါ့ဟှို ဖယ်သူဖြစ်ဟှယ် ဆိုဘီး ထန်ဂေ့နူး” ဆိုဘီး ကိုယ်တော်ဟှ သူးနို့လေဟှို မေးလိုက်ဟှယ်။
ပေတရုဟှ “ကိုယ်တော်ဟှာ ခရစ်တော် ဖြစ်ဟှယ်” ဆိုဘီး ပ္လန်လျှော့‑က်လေဟှယ်။
30ယေရှုဟှ “ငါ့ကြောန်းဟှို ဖယ်သူ့ဟှိုလည်း ပြောဂေ့န” ဆိုဘီး သူးနို့လေဟှို မိန့်ပေးလေဟှယ်။
ယေရှုဟှ မိမိရဲ့ဝေဒနာခံဇာန သေခံဇာဟှို ပြောဟှူကြောန်း
(မဿဲ ၁၆.၂၁–၂၈; လုကာ ၉.၂၂–၂၇)
31အယ်ဘီးန ယေရှုဟှ “လူ့ရဲ့သားဟှာ ဝေဒနာဘောင်ဂီး ခံရဘီး သတ်ကီးဝါဂီးလေ၊ ယဇ်ပုရောဟိတ်ဂီးလေ၊ ကျမ်းတတ်ဆရာလေအားဖြင့် ငြင်းပယ်ခံရမယ်။ သူဟှာ သတ်ခံရမယ်၊ အယ်ဘေမဲ့ သောင်းရစ်ကြာဘီးန သူဟှာ ပ္လန်ထမြော့‑က်လေ့မယ်” ဆိုဘီး တဗဲ့တော်လေဟှို စဘီး သွန်သန်လေဟှယ်။ 32ကိုယ်တော်ဟှာ အယ်ကြောန်းဟှို ပွမ့်ပွမ့်လန်းလန်းဟှား ပြောလိုက်ဟှယ်။ အယ်ကြောန့် ပေတရုဟှ ကိုယ်တော့်ဟှို ဘေးနားဟှို ခေါ်ဘီးဟှာ စဘီး ပြစ်တန်လေဟှယ်။ 33အယ်ဘေမဲ့ ယေရှုဟှ ပ္လန်လှည့်ဘီး တဗဲ့တော်လေဟှို ကေ့ဘီးဟှာ ပေတရုဟှို ဆောင်းမလေဟှယ်။ “စာတန်၊ ငါ့နားဟှနေ ထွပ်ဟှား။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်ဟှာ ဘုရားသခင်န ဆိုင်ဟှူဇာလေဟှို စိစွဲလန်းဘဲန လူလေန ဆိုင်ဟှူ ဇာလေဟှိုဘဲ စွဲလန်းဟှယ်!” ဆိုဘီး ပြောလေဟှယ်။
34 # မ ၁၀.၃၈; လု ၁၄.၂၇ အယ်ဘီးန ယေရှုဟှာ လူအောက်ဂီးန တဗဲ့တော်လေဟှို သူ့နားဟှို ခေါ်လေဟှယ်။ ကိုယ်တော်ဟှ “ဖယ်လူဘဲ့ဖြစ်ဖြစ် ငါ့နော့‑က်ဟှို လိုက်ရှင်ဟှယ် ဆိုဟှာ ကိုယ့်ကိုယ်ကိုယ် ငြင်းပယ်ရမယ် အယ်ဘီးဟှာ ကိုယ့်ရဲ့ လတ်ဝါးကပ်တိုင်ဟှို ထမ်းဘီး ငါ့နော့‑က်ဟှို လိုက်ရမယ်။ 35#မ ၁၀.၃၉; လု ၁၇.၃၃; ယော ၁၂.၂၅ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကိုယ့်သတ်ဟှို ကယ်ရှင်ဟှူ လူဟှာ သတ်ဆောင်းရှောင်းလေ့မယ်။ အယ်ဘေမဲ့ ငါ့တွပ်န ဒန်းကောန်းတွပ် သတ်ဆောင်းရှောင်းရဟှူ လူဟှာ ကိုယ့်သတ်ဟှို ကယ်ဆယ်လေ့မယ်။ 36လူတယော့‑က်ဟှာ လောက တခုလောင်းဟှို ရဘေမဲ့ သူ့ရဲ့ သတ်ဝိညာဉ် ဆောင်းရှောင်းဟှားမယ် ဆိုဟှာ ဖြားကျိုးရှိမယ်နူး။ ဖြားကျိုးလည်း မှေ့ဟှ! 37လူတယော့‑က်ဟှာ သူ့ရဲ့ သတ်ဝိညာဉ်ဟှို ပ္လန်ဝီးဟှို့တွပ် ဖြားဇာပေးနိုင်ဟှို့နူး။ 38ဖော့‑က်ပ္လန်ဘီး ပြစ်န ပ္လဲ့နေဟှူ အယ်မျိုးဆစ်မာ ဖယ်သူမဆို ငါ့န ငါ့စကားလေဟှို ယှစ်ကြော့‑က်မယ် ဆိုဟှာ၊ လူ့ရဲ့သားဟှာ သူ့ဖရဲ့ ဖောင်းတာ်ဟှို ဆောန်ဘီး သန့်ရှင်းဟှူ ကောန်းဂန်တမန်လေနတူးဒူ လာဟှူ ခီမာ အယ်လူဟှာ ယှစ်ကြော့‑က်ခံရလေ့မယ်” ဆိုဘီး သူးနို့ဟှို မိန့်တော်မူလေဟှယ်။

Currently Selected:

မာကု 8: NTDWB24

ማድመቅ

Share

Copy

None

ያደመቋቸው ምንባቦች በሁሉም መሣሪያዎችዎ ላይ እንዲቀመጡ ይፈልጋሉ? ይመዝገቡ ወይም ይግቡ