የYouVersion አርማ
የፍለጋ አዶ

မာကု 16

16
ရှင်ပ္လန်ထမြော့‑က်ဟှူကြောန်း
(မဿဲ ၂၈.၁–၈; လုကာ ၂၄.၁–၁၂; ယောဟန် ၂၀.၁–၁၀)
1ဒန်းနေ့လွန်ဘီးန မာဂဒလဗြို့သူ မာရိ၊ ယာကုပ်ရဲ့မိ မာရိန ရှာလုံဟှာ ယေရှုရဲ့လောန်းဟှို လူးပေးဟှို့တွပ် နံ့သာလေဟှို ဝယ်ယူဂေ့ဟှယ်။ 2နန်းနွေနေ့ မိုးလန်းစောစော နေထွပ်ခီမာ သူးနို့ဟှာ သန်းခ္လိုင်းဟှို သွားဂေ့ဟှယ်။ 3သူးနို့ဟှ “သန်းခ္လိုင်းရဲ့ ဂူဝဟှနေ က္လော့‑က်တောင်းဟှို ဖယ်သူဟှ တွန်းဖယ်ပေးဟှို့နူး” ဆိုဘီး ယော့‑က်နယော့‑က် မေးနေဂေ့ဟှယ်။ 4အယ်ဘေမဲ့ သူးနို့ဟှာ ကေ့လိုက်ဟှူ ခီမာ ရရာတိုင်း ကီးဟှူ အယ်က္လော့‑က်တောင်းဟှို တွန်းဖယ်ဟှားဘီးသား ဖြစ်နေဇာဟှို သူးနို့ဟှာ တွိဟှားဂေ့ဟှယ်။ 5အယ်ကြောန့် သူးနို့ဟှာ သန်းခ္လိုင်းဂူထဲဟှို ဝမ်ဟှားဘီး၊ အယ်နေရာမာ ဝတ်လောင်ဖ္လူ ဝတ်ဟှားဟှူ လူငယ်တယော့‑က်ဟှာ ညာဖတ်မာ ထိုင်နေဇာဟှို ဗြင်ဟှားလေဟှယ်။ အယ်န သူးနို့ဟှာ ထိလန့်ဟှားဂေ့ဟှယ်။
6အယ်လူဟှ “လန့်ဂေ့န။ နန်းနို့ဟှာ ကားစင်တန်ခံရဟှူ နာဇရက်ဗြို့သားယေရှုဟှို ရှာနေဟှယ် ဆိုဇာဟှို ငါသိဟှယ်။ ကိုယ်တော်ဟှ အယ်နေရာမာ မှေ့ဟှမ်း ကိုယ်တော်ဟှ ထမြော့‑က်ဟှားဘီ! ကေ့ကေ့၊ အယ်နေရာဟှာ ကိုယ်တော့်ဟှို ထားဟှူနေရာဖြစ်ဟှယ်။ 7#မ ၂၆.၃၂; မာ ၁၄.၂၈နန်းနို့ဟှာ ပေတရုန တခြားတဗဲ့တော်လေနားဟှို သွားဘီးဟှာ ‘ကိုယ်တော်ဟှာ ဂါလိလဲပြည်ဟှို ရင်ဦးဆောင်း သွားမယ်။ နန်းနို့ဟှို ကိုယ်တော် ပြောဟှားဟှူ တိုင်းဘဲ့ အယ်နေရာမာ နန်းနို့ဟှာ ကိုယ်တော့်ဟှို တွိရလေ့မယ် ဆိုဘီး ပြောဂေ့ပါ။’ ”
8အယ်ကြောန့် မီးမဂီးလေဟှာ စိုးရိမ်ထိလန့်ဘီး သန်းခ္လိုင်းဂူဟှနေ ထွပ်လာဘီး ပ္လေးဟှားဂေ့ဟှယ်။ သူးနို့ဟှာ ကြော့‑က်နေဂေ့ကြောန့် ဖယ်သူဟှိုလည်း ဖြားလည်းပြောဂေ့ဟှ။
ဒန်းကောန်း နည်းဟောန်းဆောင်းသတ်တမျိုး#၁၆.၈ တချို့ မူရင်းလတ်ရေးမူလေန ရှေးဟောန်း ဘာသာပ္လန်လေမာ ဒန်းကောန်းဟှို အယ်မျိုး ဆောန်းသတ်ဇာ မှေ့ဟှ (ခန်းငယ် ၉–၂၀)။
ယေရှုဟှာ မာဂဒလဗြို့သူ မာရိဟှို ကိုယ်ထန်ပြဟှူကြောန်း
(မဿဲ ၂၈.၉–၁၀; ယောဟန် ၂၀.၁၁–၁၈)
[ 9ယေရှုဟှာ နန်းနွေနေ့ မိုးလန်းစောစောမာ သေရာဟှနေ ထမြော့‑က်ဘီးန၊ ကိုယ်တော်ဟှာ နတ်ဆိုးခွန်နစ်ကောန် ထွပ်ဟှားဟှူ မာဂဒလဗြို့သူ မာရိဟှို ရင်ဦးဆောင်း ကိုယ်ထန်ရှားပြဟှယ်။ 10သူဟှာ ကိုယ်တော်ရဲ့ ပေါန်းဖော်လေနားဟှို သွားဘီး ပြောလေဟှယ်။ သူးနို့ဟှာ မြည်တမ်း ငိုကြွေနေဘီး 11အယ်ဘီးဟှာ ယေရှုဟှာ သတ်ရှင်နေဟှယ် ဆိုဇာန သူဟှာ ကိုယ်တော့်ဟှို တွိလိုက်ဟှယ် ဆိုဘီး သူ့ရဲ့ ပြောဟှူစကားဟှို သူးနို့ကြားလိုက်ဟှူ ခီမာ သူးနို့ဟှာ သူ့ဟှို ယောင်ကြည်ဂေ့ဟှ။
ယေရှုဟှာ တဗဲ့တော်နှေ့ပါးဟှို ကိုယ်ထန်ပြဟှူကြောန်း
(လုကာ ၂၄.၁၃–၃၅)
12အယ်ဘီးန သူးနို့ထဲဟှ နှေ့ယော့‑က်ဟှာ တောဝါဟှို လမ်းရှော့‑က်သွားနေဒူးမာ ယေရှုဟှာ ခြားနားဟှူ ပေါင်စံန သူးနို့ဟှို ကိုယ်ထန်ရှားပြဟှယ်။ 13သူးနို့ဟှာ တခြားလူလေနားဟှို ပ္လန်ဟှားဘီးဟှာ ပြောပြလေဟှယ်။ အယ်ဘေမဲ့ အယ်ဒန်းဟှို သူးနို့ဟှာ ယောင်ကြည်ဂေ့ဟှ။
ယေရှုဟှာ တဗဲ့တော်ဆယ့်တပါးဟှို ကိုယ်ထန်ပြဟှူကြောန်း
(မဿဲ ၂၈.၁၆–၂၀; လုကာ ၂၄.၃၆–၄၉; ယောဟန် ၂၀.၁၉–၂၃; တမန်တော် ၁.၆–၈)
14အယ်ဘီးန တဗဲ့တော်ဆယ့်တပါး စားသော့‑က်နေဟှူ ခီမာ ယေရှုဟှာ သူးနို့ဟှို ကိုယ်ထန်ရှားပြလေဟှယ်။ သူးနို့ဟှာ ယောင်ကြည်ဘဲန စိနှလောင်းမာကျောနေဘီး ကိုယ်တော် ထမြော့‑က်ဘီးန ကိုယ်တော့်ဟှို တွိရဟှူ လူလေရဲ့စကားဟှို ယောင်ကြည်ဘဲဟှူကြောန့် ယေရှုဟှာ သူးနို့ဟှို ဆောင်းမလေဟှယ်။ 15#တ ၁.၈ကိုယ်တော်ဟှ သူးနို့ဟှို “တကမ္ဘာလောင်းဟှို ပ္လံ့နှံ့သွားဘီး လူ့သားမျိုးနွယ် တခုလောင်းဟှို ဒန်းကောန်းဟှို ဟောပြောဂေ့။ 16ယောင်ကြည်ဘီး ဗတ္တိဇံခံဟှူလူ မှန်မျှဟှာ ကယ်တန်ခံရလေ့မယ်၊ ယောင်ကြည်ဘဲဟှူ လူမှန်မျှဟှာ ပြစ်စီရင်ခံရလေ့မယ်။ 17ယောင်ကြည်သူလေဟှာ နိမိတ်လတ်ခဏာလေ ပြဟှို့တွပ် တဂိုးဟှို ပေးအပ်ခံရလေ့မယ်၊ သူးနို့ဟှာ ငါ့နာမဟှို အားကိုးဘီး နတ်ဆိုးလေဟှို နှန်ထုဂေ့လေ့မယ်၊ သူးနို့ဟှာ ထူးဆန်းဟှူ ဘာသာစကားလေဟှို ပြောဂေ့လေ့မယ်၊ 18သူးနို့ဟှာ ဗွီလေဟှို ကိုင်ဂေ့လေ့မယ်။ သေစေတတ်ဟှူ ဖြားမျိုးဆိလေဘဲ့ဖြစ်ဖြစ် သော့‑က်မယ် ဆိုဟှာ ဥပါဒ်ဖြစ်ဟှ။ ကျန်းမာဘဲဟှူ လူနာလေထတ်မာ လတ်တန်ဟှူ ခီမာ လူနာလေဟှာ ကျန်းမာဟှားလေ့မယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
ယေရှုဟှာ ကောန်းဂန်ဟှို ယူဆောန်ခံရဟှူကြောန်း
(လုကာ ၂၄.၅၀–၅၃; တမန်တော် ၁.၉–၁၁)
19 # တ ၁.၉–၁၁ သခင်ယေရှုဟှာ သူးနို့န စကားပြောဘီးန ကောန်းဂန်ဘောင်ဟှို ယူဆောင်ခံရဘီးဟှာ ဘုရားသခင်ရဲ့ ညာဖတ်မာ ထိုင်နေလေဟှယ်။ 20တဗဲ့တော်လေဟှာ နေရာရှိမျှဟှို သွားဘီးဟှာ ဟောပြောဂေ့ဟှယ်။ အယ်ဘီးဟှာ သခင်ဘုရားဟှာ သူးနို့လေနတူးဒူ လောက်ဆောန်နေဘီး အယ်မျိုးလောက်ဆောန်ဟှူ နိမိတ်လတ်ခဏာလေအားဖြင့် သူးနို့ရဲ့ တရားဟောချစ်ဟှာ မှန်ဟှယ် ဆိုဇာဟှို သတ်သေပြလေဟှယ်။]
တခြားကျမ်းဟောန်းဆောင်းသတ်#၁၆.၂၀ တချို့ မူရင်းလတ်ရေးမူလေန ရှေးဟောန်း ဘာသာပ္လန်လေမာ အယ်မျိုးတိုးတိုဟှား ဆောင်းသတ်ဟှားဟှူ ဒန်းကောန်မာ ပိုဘီးရှယ်ဟှူ ဆောင်းသတ်ဟှို ထပ်ပေါန်းထဲ့ဟှားဇာလေ ရှိလေဟှယ် (ခန်းငယ် ၉–၂၀)။
[ 21 မီးမဂီးလေဟှာ ပေတရုန သူ့ငယ်ဂျင်းလေနားဟှို သွားဂေ့ဘီး၊ သူးနို့ကြားရဟှူ ဒန်းလေဟှို ပ္လန်ဘီးပြောဂေ့ဟှယ်။ 22 အယ်ဘီးန ယေရှုကိုယ်တိုင်ဟှာ သူ့တဗဲ့တော်လေဟှို ထာဝရကယ်တန်ဇာ ဒန်းစကားဟှို ပြောဟှို့တွပ် ရှေ့ဟှနေ နော့‑က်ဟှို လွှတ်လိုက်ဟှယ်။]

Currently Selected:

မာကု 16: NTDWB24

ማድመቅ

Share

Copy

None

ያደመቋቸው ምንባቦች በሁሉም መሣሪያዎችዎ ላይ እንዲቀመጡ ይፈልጋሉ? ይመዝገቡ ወይም ይግቡ