የYouVersion አርማ
የፍለጋ አዶ

မာကု 15

15
ယေရှုဟှို ပိလတ်ရှေ့ဟှို ခေါ်ဆောန်ဟှားဟှူကြောန်း
(မဿဲ ၂၇.၁,,၁၁–၁၄; လုကာ ၂၃.၁–၅; ယောဟန် ၁၈.၂၈–၃၈)
1မိုးလန်းစောစောမာ ယဇ်ပုရောဟိတ်ဂီးလေဟှာ ကျမ်းတတ်ဆရာလေ၊ သတ်ကီးဝါဂီးလေန တရားလွှတ်တော်တခုလောင်းန ဗြန်းဗြန်ဟှား တွိဂေ့ဘီးဟှာ ဆောင်းဖြတ်ဂေ့ဟှယ်။ သူးနို့ဟှာ ယေရှုဟှို တောက်ဂေ့ဘီး ခေါ်ဆောန်ဟှားဟှယ်။ အယ်ဘီးဟှာ ပိလတ်မန်းဟှို အပ်လိုက်ဂေ့ဟှယ်။ 2ပိလတ်မန်းဟှ “နန်ဟှာ ယုဒလူမျိုးလေရဲ့ မန်းဂီးလော” ဆိုဘီး ယေရှုဟှို မေးလေဟှယ်။
ယေရှုဟှ “မန်းဂီးပြောတိုင်းဘဲ့” ဆိုဘီး ပ္လန်ဖြေလေဟှယ်။
3ယဇ်ပုရောဟိတ်ဂီးလေဟှာ ယေရှုဟှို မျိုးမျိုးဘဲ့ စွပ်စွဲဂေ့ဟှယ်။ 4အယ်ကြောန့် ပိလတ်မန်းဟှာ ယေရှုဟှို “နန်ဟှာ ဖြားလည်းဖြေဘိလော။ သူးနို့လေ အားလောင်းဂူရဲ့ စွပ်စွဲချစ်လေဟှို နားထောန်ကေ့!” ဆိုဘီး ထပ်ဘီးမေးလေဟှယ်။
5အယ်ဘေမဲ့ ယေရှုဟှာ ခွန်းလည်း ပ္လန်ပြောဘဲန အယ်တိုင်းဘဲ့ နေလေဟှယ်။ အယ်ဆိုန ပိလတ်မန်းဟှာ အံ့ဩဟှားလေဟှယ်။
ယေရှုဟှို သေဒန်ခ္လလိုက်ဟှူကြောန်း
(မဿဲ ၂၇.၁၅–၂၆; လုကာ ၂၃.၁၃–၂၅; ယောဟန် ၁၈.၃၉—၁၉.၁၆)
6ပသခါပွဲတိုင်းမာ ပိလတ်မန်းဟှာ ပြည်သူလေ တောန်းဟှူ ထောန်သားတယော့‑က်ဟှို လွှတ်ပေးဟှူ ထောင်းဇံရှိဟှယ်။ 7အယ်ခီမာ ဆူပူအုံကြွမှုမာ လူသတ်မှု ကျူးလွန်ဟှူ ပေါင်ကန်သူလေနတူးဒူ ဗာရဗ္ဗ နာမယ်ရှိဟှူ လူတယော့‑က်ဟှာ ထောန်က္လနေဟှယ်။ 8လူအောက်ဂီးဟှာ ပိလတ်မန်းနားဟှို စုဝီးလာဘီး လောက်လေ့ရှိဟှူတိုင်း သူးနို့ဟှို လောက်ဆောန်ပေးဟှို့ ပိလတ်မန်းဟှို တောန်းဆိုဂေ့ဟှယ်။ 9ပိလတ်မန်းဟှ “နန်းနို့ဟှာ ယုဒလူမျိုးရဲ့ မန်းဂီးဟှို လွှတ်ပေးစေရှင်ဟှယ်လော” ဆိုဘီး သူးနို့ဟှို မေးလေဟှယ်။ 10ယဇ်ပုရောဟိတ်ဂီးလေဟှာ ယေရှုဟှို နာလိုဘဲဟှူကြောန့် အပ်ဟှယ်ဆိုဇာ ပိလတ်မန်းဟှာ သိဟှူကြောန့် ဖြစ်ဟှယ်။
11အယ်ဘေမဲ့ ယဇ်ပုရောဟိတ်ဂီးလေဟှာ ဗာရဗ္ဗဟှိုဘဲ့ လွှတ်ပေးဟှို့တွပ် ပိလတ်မန်းနားမာ တောန်းဆိုဟှို့ လူအောက်ဂီးဟှို နှို့ဆော်ဂေ့ဟှယ်။ 12ပိလတ်မန်းဟှ “ယုဒလူမျိုးရဲ့ မန်းဂီး ဆိုဘီး နန်းနို့ခေါ်ဟှူ လူဟှို ငါဖယ်မျိုးလောက်ရဟှို့နူး” ဆိုဘီး လူအောက်ဂီးဟှို ထပ်မေးလေဟှယ်။
13အယ်လူလေဟှ “သူ့ဟှို ကားစင်တန်ပါ!” ဆိုဘီး အော်ဂေ့ဟှယ်။
14ပိလတ်မန်းဟှာ “ဖြားဖြစ်ကြောန့်နူး။ အယ်လူဟှ ဖြားပြစ်မှုဟှို ကျူးလွန်ဟှားနူး” ဆိုဘီး မေးလေဟှယ်။
လူလေ အားလောင်းဂူဟှာ “သူ့ဟှို ကားစင်တန်ပါ!” ဆိုဘီး ပိုဘီးဟှာ က္လယ်ဟှီးအော်ဂေ့ဟှယ်။
15ပိလတ်ဟှာ လူအောက်ဂီးဟှို ကျေနပ်စေရှင်ဟှယ်။ အယ်ကြောန့် သူးနို့တွပ် ဗာရဗ္ဗဟှို လွှတ်ပေးလိုက်ဟှယ်။ အယ်ဘီးန သူဟှာ ယေရှုဟှို ကျာပွတ်န ရိုက်စေဘီးဟှာ ကားစင်တန်ဟှို့တွပ် အပ်လေဟှယ်။
စစ်သားလေဟှာ ယေရှုဟှို ရယ်ဇားဟှူကြောန်း
(မဿဲ ၂၇.၂၇–၃၁; ယောဟန် ၁၉.၂–၃)
16စစ်သားလေဟှာ ယေရှုဟှို အောက်ချောက်ရေးမှူးရဲ့ အီခြံဝမ်းထဲဟှို ခေါ်ဆောန်ဟှားဘီး တပ်ဖွဲ့တဖွဲ့လောင်းဟှို စုခိုင်းလိုက်ဟှယ်။ 17သူးနို့ဟှာ ယေရှုဟှို ခရမ်းရောန် ဝတ်လောင်ဟှို ဝတ်ပေးလိုက်ဟှယ်။ အယ်ဘီးန ဆူးခတ်လေဟှို သရဖူဖြစ် ရစ်လောက်ဘီး ကိုယ်တော့်ဟှို ဆောန်းပေးလိုက်ဟှယ်။ 18အယ်ဘီးန ကိုယ်တော့်ဟှို “ယုဒလူမျိုးရဲ့ မန်းဂီး သတ်တော်ရှယ်ပါစေ!” ဆိုဘီး စဘီး နှောက်ဆစ်ဂေ့ဟှယ်။ 19သူးနို့ဟှာ ကိုယ်တော်ရဲ့ ခေါန်းဟှို ကျူဒေါက်န ရိုက်ဂေ့ဟှယ်။ ကိုယ်တော့်ဟှိုလည်း ထွီးရယ်န ထွီးဂေ့ဟှယ်။ သူးနို့ရဲ့ ဒူးဟှို ထော့‑က်ဘီးဟှာ ကိုယ်တော့်ဟှို ရှိခိုးဂေ့ဟှယ်။ 20သူးနို့ဟှာ ကိုယ်တော့်ဟှို ရယ်ဇားဂေ့ဘီးဟှာ သူးနို့ဟှ ခရမ်းရောန် ဝတ်လောင်ဟှို ခလွတ်ဘီးဟှာ ကိုယ်တော်ရဲ့ ဝတ်ဟှို ပ္လန်ဝတ်ပေးဂေ့ဟှယ်။ အယ်ဘီးန သူးနို့ဟှာ လတ်ဝါးကပ်တိုင်ထတ်မာ သတ်ဟှို့တွပ် ကိုယ်တော့်ဟှို ခေါ်ဟှားဂေ့ဟှယ်။
ယေရှုဟှို ကားစင်တန်ဘီး သတ်ဟှူကြောန်း
(မဿဲ ၂၇.၃၂–၄၄; လုကာ ၂၃.၂၆–၄၃; ယောဟန် ၁၉.၁၇–၂၇)
21 # ရော ၁၆.၁၃ သူးနို့ဟှာ တောဝါဟှနေ ဗြို့ဟှိုတတ်လာဟှူ ရှိမုန်နာမယ်ရှိဟှူ လူတယော့‑က်ဟှို လမ်းမာ တွိလေဟှယ်။ အယ်ဆိုန စစ်သားလေဟှာ ယေရှုရဲ့ လတ်ဝါးကပ်တိုင်ဟှို သူ့ဟှို တန်ဘီးထမ်းခိုင်းလေဟှယ်။ (ရှိမုန်ဟှာ ကုရေနေဗြို့သားဖြစ်ဘီး အာလေဇန္ဒြန ရုဖရဲ့ ဖလည်း ဖြစ်ဟှယ်။) 22သူးနို့ဟှာ ယေရှုဟှို ဂေါလဂေါသ ဆိုဘီး ခေါ်ဟှူ နေရာဟှို ခေါ်ဆောန်ဟှားဂေ့ဟှယ်။ ဂေါလဂေါသရဲ့ ဓိပါယ်ဟှ “ဦးခေါန်းခွံနေရာ” ဖြစ်ဟှယ်။ 23အယ်နေရာမာ သူးနို့ဟှ မုရန် ဆိုဘီး ခေါ်ဟှူ ဆေးန ရောဟှားဟှူ ဝိုင်ဟှို ကိုယ်တော့်ဟှို တိုက်ဟှို့ ကြိုးစားဂေ့ဟှယ်။ အယ်ဘေမဲ့ ယေရှုဟှ သော့‑က်ဟှ။ 24အယ်ဘီးန သူးနို့ဟှာ ကိုယ်တော့်ဟှို ကားစင်တန်ဘီး သတ်ဂေ့ဘီးဟှာ ဝတ်ရဲ့ ဖြားပိုင်းဟှို ဖယ်လူဟှရဟှယ် ဆိုဇာဟှို ဗြင်ဟှို့တွပ် မဲနှိုက်ဘီး သူးနို့ရှင်းရှင်းထဲမာ ကိုယ်တော်ရဲ့ ဝတ်ဟှို ခွဲဝီဂေ့ဟှယ်။ 25သူးနို့ဟှာ ကိုယ်တော့်ဟှို ကားစင်တန်ဘီး သတ်ဟှူ ခီဟှာ မိုးလန်း ကိုးနာရီ ဖြစ်ဟှယ်။ 26ကိုယ်တော့်ဟှို ဆန့်ကျင်ဘီး စွတ်စွဲချစ်ဟှို ရေးဟှားဟှူစာမာ “ယုဒမန်းဂီး” ဆိုဘီး ဖြစ်ဟှယ်။ 27သူးနို့ဟှာ ယေရှုနတူးဒူ မ္လနှေ့ယော့‑က်ဟှိုလည်း ဘယ်ဖတ်မာ တယော့‑က် ညာဖတ်မာ တယော့‑က် ထားဘီးဟှာ ကားစင်တန်ဂေ့ဟှယ်။ 28#၁၅.၂၈ တချို့ မူရင်းလတ်ရေးမူလေမာ ခန်းငယ် ၂၈ ဟှို၊ အယ်နည်းလမ်းဟှာ ကျမ်းစာစစ်မှန် ဖြစ်လာမယ် ဆိုဘီး ပြောဟှားဇာဟှ “ကိုယ်တော်ဟှာ ရာဇဝတ်ကောန်လေရဲ့ စာရင်းထဲမာ ပါဝမ်ဟှားလေဟှယ်၊” ဆိုဘီး ထပ်ပေါန်းထဲ့ဟှားဟှယ် (ရှု လု ၂၂.၃၇)။
29 # မာ ၁၄.၅၈; ယော ၂.၁၉ ဖြတ်သွားဖြတ်လာလောက်နေဟှူ လူလေဟှာ ခေါန်းခါဘီးဟှာ ယေရှုဟှို ကဲ့ရဲ့လိုက်ဇာဟှ “ဟင်! ဗိမာန်တော်ဟှိုဖြိုခ္လဘီး သောင်းရစ်ထဲမာ ပ္လန်ဆော့‑က်ဟှို့လူ! 30ခု လတ်ဝါးကပ်တိုင်ဟှနေ ဆင်းလာဘီးဟှာ နန့်ကိုယ်နန် ကယ်တန်ပါ!”
31အယ်မျိုးဘဲ့ ယဇ်ပုရောဟိတ်ဂီးလေန ကျမ်းတတ်ဆရာလေဟှာ ယေရှုဟှို ရယ်ဇားဂေ့ဘီး၊ ယော့‑က်နယော့‑က်ပြောနေဇာဟှ “အယ်လူဟှာ တခြားလူလေဟှို ကယ်ဟှယ်။ အယ်ဘေမဲ့ သူ့ကိုယ်သူလော ကယ်နိုင်ဟှမား! 32ဣသရေလမန်းဂီး၊ ကယ်တန်ရှင် ခရစ်တော်ဟှာ ခုဘဲ့ လတ်ဝါးကပ်တိုင်ဟှနေ ဆင်းလာဇာဟှို နို့လေဗြင်ရမယ် ဆိုဟှာ နို့လေဟှ ယောင်ကြည်မယ်!”
အယ်ဘီးဟှာ ယေရှုနတူးဒူ ကားစင်တန်ဘီး သတ်ခံရဟှူ လူနှေ့ယော့‑က်ဟှလည်း ယေရှုဟှို ရယ်ဇားဂေ့ဟှယ်။
ယေရှုရဲ့ သေဆောင်းမှုကြောန်း
(မဿဲ ၂၇.၄၅–၅၆; လုကာ ၂၃.၄၄–၄၉; ယောဟန် ၁၉.၂၈–၃၀)
33မွန်းဒဲ့ခီမာ တနိုင်ငံလောင်းဟှာ မှောန်က္လဟှားဘီး၊ အယ်ဇာဟှာ သောင်းနာရီကြာလေဟှယ်။ 34နေဒန်သောင်းနာရီမာ ယေရှုဟှာ “ဧလိ၊ ဧလိ၊ လာမ ရှာဗခသနိ” ဆိုဘီး သံက္လယ်ဂီးန အော်လိုက်ဟှယ်။ အယ်ဓိပါယ်ဟှ “ကျွန်တော့် ဘုရားသခင်၊ ကျွန်တော့် ဘုရားသခင် ဖြားဖြစ်ကြောန့် ကျွန်တော့်ဟှို စွန့်ပစ်နူး” ဆိုဘီး ဖြစ်လေဟှယ်။
35နားမာရပ်နေဟှူ လူတချို့ဟှာ အယ်စကားဟှို ကြားဟှူ ခီမာ သူးနို့ဟှ “နားထောန်ကေ့။ သူဟှာ ဧလိယဟှို ခေါ်နေဟှယ်!” ဆိုဘီး ပြောဂေ့ဟှယ်။ 36သူးနို့ထဲဟှ တယော့‑က်ဟှာ ဝိုင်ရှင်ထဲမာ နှစ်ဟှားဟှူ ရေမ္လောက်န ပ္လေးလာဟှယ်။ အယ်ဘီးဟှာ အယ်ဇာဟှို ကျူဒေါက်ဖျားမာ တတ်လေဟှယ်။ အယ်ဘီးန သူဟှာ ယေရှုရဲ့ ဇတ်ပေါ့‑က်မာ ထားပေးလိုက်ဘီးဟှာ “စောန့်ပါအူး! ဧလိယဟှာ သူ့ဟှို လတ်ဝါးကပ်တိုင်ဟှနေ အော့‑က်ဟှို ယူခ္လဟှို့တွပ် လာနေဟှယ် ဆိုဇာဟှို နို့လေကေ့ကေ့ဇို့!” ဆိုဘီး ပြောဟှယ်။
37သံက္လယ်ဂီး အော်ဘီးန ယေရှုဟှာ သတ်ချောက်တော်မူလေဟှယ်။
38ဗိမာန်တော်ရဲ့လိုက်ကာဟှာ ထတ်ဟှနေအော့‑က်ထိ နှေ့ခြမ်းကွဲဟှားဟှယ်။ 39လတ်ဝါးကပ်တိုင်ရှေ့မာ ရပ်နေဟှူ တပ်မှူးဟှာ ယေရှု ဖယ်မျိုးသေဟှားဟှယ်#၁၅.၃၉ သေဟှားဟှယ်၊ တချို့ မူရင်းလတ်ရေးမူလေမာ အော်ဘီးဟှာ သေဟှားဟှယ်၊ ဆိုဘီး ပါရှိဟှယ်။ဆိုဇာဟှို ဗြင်ဟှားဟှယ် “အယ်လူဟှာ မှန်ဘဲ့ ဘုရားသခင်ရဲ့ သားတော်ဖြစ်ဟှယ်!” ဆိုဘီး ပြောလေဟှယ်။
40 # လု ၈.၂,၃ အယ်နေရာမာ ရှိနေဟှူ မီးမတချို့ဟှာ ဝီးဟှနေဘီး ကေ့နေဂေ့ဟှယ်။ အယ်မီးမလေထဲမာ မာဂဒလဗြို့သူ မာရိ၊ ယာကုပ်ငယ်န ယောသေလေရဲ့မိဖြစ်ဟှူ မာရိန ရှာလုံလေ ရှိနေဟှယ်။ 41ယေရှုဟှာ ဂါလိလဲနယ်မာ ရှိနေဒူးဟှ၊ သူးနို့ဟှာ ကိုယ်တော့်နော့‑က်ဟှိုလိုက်ဘီး လောက်ကျွေးပြုဇူဂေ့ဟှယ်။ အယ်နေရာမာ ကိုယ်တော်နတူးဒူ ယေရုရှလင်ဗြို့ဟှို လိုက်လာဟှူ တခြားမီးမလေလည်း ဘောင်ဂီးရှိနေဂေ့ဟှယ်။
ယေရှုဟှို သင်္ဂြိုဟ်ဟှူကြောန်း
(မဿဲ ၂၇.၅၇–၆၁; လုကာ ၂၃.၅၀–၅၆; ယောဟန် ၁၉.၃၈–၄၂)
42အယ်နေ့ဟှာ ဖိနေ့ဖြစ်ဟှယ် (အယ်နေ့ဟှာ ဒန်းနေ့တိုင်ခန်နေ့ဖြစ်ဟှယ်)။ အယ်ကြောန့် နေဒန်ဇာရော့‑က်လာဟှူ ခီမာ၊ 43တရားလွတ်တော်ရဲ့ လေးစားခံရဟှူ ဖွဲ့ဝမ်တယော့‑က်ဖြစ်ဘီး၊ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟှို စောန့်မျှော်နေဟှူ အရိမဿဲဗြို့သား ယောသပ်ဟှာ ယေရှုရဲ့လောန်းဟှို တောန်းဟှို့တွပ် ပိလတ်နားဟှို ရဲရဲတန်းတန်းဟှားဘဲ့ ဝမ်းဟှားလေဟှယ်။ 44ပိလတ်ဟှာ ယေရှုသေဟှားဘီး ဆိုဇာဟှို ကြားဟှူ ခီမာ အံ့ဩဟှားလေဟှယ်။ သူဟှာ တပ်မှူးဟှို ခေါ်လိုက်ဘီး ယေရှုသေဟှားဇာ ကြာဟှားဘီလော ဆိုဇာဟှို မေးလေဟှယ်။ 45သေဟှားဘီ ဆိုဘီး တပ်မှူးရဲ့စီရင်ခံဇာဟှို ကြားရဟှူ ခီမာ ပိလတ်ဟှာ ယောသပ်ဟှို လောန်းဟှိုပေးလိုက်ဟှယ်။ 46အယ်ကြောန့် ယောသပ်ဟှာ ပိဖ္လူဟှို ဝယ်ဘီး၊ လောန်းဟှို ယူခ္လဘီး ပိဖ္လူန ပတ်လေဟှယ်။ အယ်ဘီးဟှာ က္လော့‑က်ဆောန်ဟှို ထွမ်းဟှားဟှူ သန်းခ္လိုင်းဂူထဲမာ လောန်းဟှို ထားဟှားလေဟှယ်။ အယ်ဘီးန သူဟှာ သန်းခ္လိုင်းဂူဝဟှို က္လော့‑က်တောင်းဂီးန ပိဟှားလိုက်ဟှယ်။ 47မာဂဒလဗြို့သူ မာရိန ယောသေရဲ့မိ မာရိဟှာ စောန့်ကေ့နေဂေ့ဘီး ယေရှုရဲ့လောန်းထားဟှားဟှူ နေရာဟှို တွိဗြင်ဂေ့ဟှယ်။

Currently Selected:

မာကု 15: NTDWB24

ማድመቅ

Share

Copy

None

ያደመቋቸው ምንባቦች በሁሉም መሣሪያዎችዎ ላይ እንዲቀመጡ ይፈልጋሉ? ይመዝገቡ ወይም ይግቡ