የYouVersion አርማ
የፍለጋ አዶ

မဿဲ 27

27
ယေရှုဟှာ ပိလတ်နားဟှို ပို့ဆောန်ခံရဟှူကြောန်း
(မာကု ၁၅.၁; လုကာ ၂၃.၁,; ယောဟန် ၁၈.၂၈–၃၂)
1မိုးလန်းစောစောဂီးမာ ယဇ်ပုရောဟိတ်ဂီးလေန သတ်ကီးဝါဂီးလေဟှာ ယေရှုဟှို သေဒန်ခ္လဟှို့တွပ် တိုင်ဗန်ဂေ့လေဟှယ်။ 2အယ်ဘီးန ကိုယ်တော့်ဟှို တောက်နှောန်ဘီး ဗြို့ဝန်မန်း ပိလတ်နားဟှို ခေါ်ဆောန်ဟှားဘီး အပ်နှံလိုက်လေဟှယ်။
ယုဒရှကာရုတ် သေဆောင်းဟှူကြောန်း
(တမန်တော် ၁.၁၈,၁၉)
3 # တ ၁.၁၈,၁၉ သစ်စာဖော့‑က် ယုဒဟှာ ယေရှသေဒန်ပေးခံရဟှယ် ဆိုဇာဟှို သိရဟှူ ခီမာ သူဟှာ နောန်ဒရဟှားဘီး ငွေဒန်းဂါးသောင်းဆယ်ဟှို ယဇ်ပုရောဟိတ်ဂီးလေန သတ်ကီးဝါဂီးလေဟှို ပ္လန်ပေးလိုက်ဘီး၊ 4“ကျွန်တော်ဟှာ ပြစ်မှေ့ဘဲဟှူ သူ့ရဲ့သွီးဟှို အပ်နှံဘီး ပြစ်လောက်မိဟှားဘီ!” ပြောလေဟှယ်။
အယ်ဘေမဲ့ သူးနို့လေဟှ “နို့လေန ဖြားဇာဆိုင်နူး။ နန့်ကိစဘဲ့ ဖြစ်ဟှယ်!” ဆိုဘီး ပ္လန်ပြောဂေ့လေဟှယ်။
5ယုဒဟှာ ငွေဒန်းဂါးသောင်းဆယ်ဟှို ဗိမာန်တော်ထဲမာ ပစ်ခ္လဘီး ထွပ်ဟှားလေဟှယ်။ အယ်ဘီးန တခြားဟှို သွားဘီးဟှာ သူ့ကိုယ်သူ ကြိုးဆွဲခ္လဘီး သေလေဟှယ်။
6ယဇ်ပုရောဟိတ်ဂီးလေဟှာ ဒန်းဂါးလေဟှို ကော့‑က်ယူဘီးဟှာ “ပညတ်တရားအရ အယ်ဒန်းဂါးလေဟှာ သွီးပေနေဟှူ ကပ်လေဖြစ်ဟှူကြောန့် ဘဏ္ဍာတိုက်ထဲဟှို သွမ်းအပ်ဟှ” ဆိုဘီး ပြောလေဟှယ်။ 7အယ်ကြောန့် သူးနို့လေဟှာ ဆွေးနွေး တိုင်ဗန်ဂေ့ဘီး သူစိမ်း ဧည့်သည်လေတွပ် သန်းခ္လိုင်းဖြစ် သောင်းပြုဟှို့ အိုးလောက်မားရဲ့ မ္လေဂွပ်ဟှို အယ်ကပ်န ဝယ်ယူဂေ့လေဟှယ်။ 8အယ်ကြောန့် အယ်လယ်ဂွပ်ဟှို အယ်နေ့ထိ “သွီးမ္လေ” ဆိုဘီး ခေါ်ဂေ့လေဟှယ်။
9ပရောဖက်ယေရမိဟှ “သူးနို့လေဟှာ အယ်သူတွပ် ပေးဟှို့ ဣသရေလ လူလေ ဘောတူဟှားဟှူ ငွေဒန်းဂါး သောင်းဆယ်ဟှို ယူဘီးဟှာ 10ဘုရားသခင်ဟှာ ငါ့ဟှို မှာဟှားဟှူတိုင်း အိုးလောက်မားရဲ့ မ္လေဂွပ်ဟှို ဝယ်ဂေ့ဟှယ်” ဆိုဘီး ဟောဟှားဇာဟှာ ခုခီမာ ပ္လဲ့ဇောင်ဟှားလေဟှယ်။
ယေရှုဟှို ပိလတ် စစ်ဆေးဟှူကြောန်း
(မာကု ၁၅.၂–၅; လုကာ ၂၃.၃–၅; ယောဟန် ၁၈.၃၃–၃၈)
11ယေရှုဟှာ ဗြို့ဝန်မန်းရဲ့ ရှေ့မာ ရပ်တော်မူနေဒူးမာ ဗြို့ဝန်မန်းဟှ “နန်ဟှာ ယုဒလူမျိုးလေရဲ့ မန်းဂီးလော” ဆိုဘီး မေးလေဟှယ်။
ယေရှုဟှ “သင်ပြောဟှူတိုင်းဘဲ့” ဆိုဘီး ပ္လန်မိန့်တော်မူလေဟှယ်။ 12အယ်ဘေမဲ့ ယဇ်ပုရောဟိတ်ဂီးလေန သတ်ကီးဝါဂီးလေရဲ့ စွပ်စွဲဂေ့ဟှူဇာဟှို ကိုယ်တော်ဟှာ ဖြေတော်မူဟှမ်း။
13အယ်ကြောန့် ပိလတ်ဟှ “သူးနို့ရဲ့ သတ်သေခံဇာလေဟှို နန်ကြားဟှလော” ဆိုဘီး ကိုယ်တော့်ဟှို မေးလေဟှယ်။
14အယ်ဘေမဲ့ ယေရှုဟှာ ခွန်းလည်း ပ္လန်ပြောဘဲကြောန့် ဗြို့ဝန်မန်းဟှာ ရရာတိုင်း အံ့ဩလေဟှယ်။
ယေရှုဟှို သေဒန်ပေးဟှူကြောန်း
(မာကု ၁၅.၆–၁၅; လုကာ ၂၃.၁၃–၂၅; ယောဟန် ၁၈.၃၉—၁၉.၁၆)
15ဗြို့ဝန်မန်းဟှာ ပသခါပွဲတိုင်းမာ လူလေတောန်းဆိုဟှူ ထောန်သား တယော့‑က်ဟှို လွှတ်ပေးဟှူ ထောင်းဇံရှိဟှယ်။ 16အယ်ခီမာ ယေရှုဗာရဗ္ဗ ဆိုဘီး နာမယ်ရှိဘီး ထန်ပေါ်ဟှူ ထောန်သား တယော့‑က်ရှိဟှယ်။ 17အယ်ကြောန့် လူအောက်ဂီးဟှာ စုလာဟှူ ခီမာ ပိလတ်ဟှ သူးနို့ဟှို “နန်းနို့လေ ဖယ်သူ့ဟှို လွှတ်ပေးစေရှင်ဟှယ်နူး။ ယေရှုဗာရဗ္ဗလော။ ခရစ်တော် ဆိုဘီး ခေါ်ဟှူ ယေရှုလော” ဆိုဘီး မေးလေဟှယ်။ 18သူးနို့လေဟှာ နာလိုဘဲစိရှိဟှူကြောန့် ယေရှုဟှို အပ်နှံဂေ့ဟှယ် ဆိုဇာဟှို ပိလတ်ဟှ ကောန်းကောန်းသိနေဟှူကြောန့် ဖြစ်ဟှယ်။
19ပိလတ်ဟှ တရားပလ္လင်ထတ်မာ ထိုင်နေဒူးမာ သူ့ရဲ့ မယားဟှ လူတယော့‑က်ဟှို လွှတ်ဘီးဟှာ “အယ်မူဖြောန့်မတ်ဟှူ သူဟှို ဖြားလည်းလောက်ပါန။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ နတ်ကီးညဉ့်ခန်းဒူးဟှ အိမတ်ထဲမာ အယ်သူကြောန့် ရရာတိုင်း စိဒေါက်ခဖြစ်ဟှယ်” ဆိုဘီး မှာလိုက်လေဟှယ်။
20အယ်ဘေမဲ့ ဗာရဗ္ဗဟှို လွှတ်ပေးဟှို့န ယေရှုဟှို သတ်ဟှို့တွပ် တောန်းဆိုဟှို့ ယဇ်ပုရောဟိတ်ဂီးလေန သတ်ကီးဝါဂီးလေဟှာ လူအောက်ဂီးဟှို စည်းရောင်းဂေ့လေဟှယ်။ 21ဗြို့ဝန်မန်းဟှ “အယ်လူလေ နှေ့ယော့‑က်မာ ဖယ်တယော့‑က်ဟှို လွှတ်ပေးစေရှင်ဟှယ်နူး” ဆိုဘီး လူအောက်ဂီးဟှို မေးလေဟှယ်။
သူးနို့လေဟှ “ဗာရဗ္ဗ!” ဆိုဘီး ဖြေဂေ့လေဟှယ်။
22ပိလတ်ဟှ “အယ်ဆိုဟှာ ခရစ်တော် ဆိုဘီး ခေါ်ဟှူ ယေရှုဟှို ဖြားလောက်ရမယ်နူး” ဆိုဘီး သူးနို့ဟှို မေးလေဟှယ်။
သူးနို့လေအားလောင်းဟှ “သူ့ဟှို ကားစင်တန်ပါ!” ဆိုဘီး ဖြေဂေ့လေဟှယ်။
23အယ်ဘေမဲ့ ပိလတ်ဟှ “အယ်သူဟှာ ဖယ်မူမျိုးပြစ်မှုဟှို လွန်ကြူးမိဟှယ်နူး” ဆိုဘီး မေးလေဟှယ်။
သူးနို့လေဟှ “သူ့ဟှို ကားစင်တန်ပါ!” ဆိုဘီး သံက္လယ်ဂီးန အော်ဂေ့လေဟှယ်။
24ပိလတ်ဟှာ ရုန်းရင်းဆန်ခတ် ဖြစ်လာမယ် ဆိုဇာဟှို ဗြင်ဟှူ ခီမာ သူဟှာ ရေဟှို ယူဘီးဟှာ “အယ်ပြစ်မှေ့ဟှူ သူရဲ့ သွီးတွပ် ငါ့မာ တာဝန်မှေ့ဟှ! နန်းနို့ရဲ့ တာဝန်ဘဲ့ဖြစ်ဟှယ်!” ဆိုဘီး လူအောက်ဂီးရဲ့ ရှေ့မာ သူ့ရဲ့ လတ်ဟှို ဆေးလေဟှယ်။
25လူအောက်ဂီး တခုလောင်းဟှ “သူ့ရဲ့သွီးဟှာ ကျွန်တော်ဟှားလေန ကျွန်တော်ဟှားလေရဲ့ သားမီးလေထတ်မာ သတ်ရော့‑က်ပါစေ!” ဆိုဘီး ပ္လန်ပြောဂေ့လေဟှယ်။
26အယ်ဘီးန ပိလတ်ဟှ ဗာရဗ္ဗဟှို လွှတ်ပေးလိုက်ဘီးဟှာ ယေရှုဟှို ကီဒန်ပေးဘီးန ကားစင်တန်ဟှို့တွပ် အပ်နှံလိုက်လေဟှယ်။
စစ်သားလေဟှာ ယေရှုဟှို သရော်ဟှူကြောန်း
(မာကု ၁၅.၁၆–၂၀; ယောဟန် ၁၉.၂,)
27အယ်ဘီးန ပိလတ်ရဲ့ စစ်သားလေဟှာ ယေရှုဟှို ဗြို့ဝန်မန်းရဲ့ အီတော်ဟှို ခေါ်ဟှားဘီး စစ်တပ်တတပ်လောင်းဟှို ကိုယ်တော်နားမာ စုဝီးစေလေဟှယ်။ 28အယ်ဘီးမှ စစ်သားလေဟှာ ကိုယ်တော်ရဲ့ ဝတ်တော်ဟှို ခလွတ်ဘီး ကမ္ဗလာနီဝတ်လောင်ဟှို ချောင်ပေးဂေ့လေဟှယ်။ 29အယ်ဘီးန ဆူးခတ်န လောက်ဟှားဟှူ သရဖူဟှို ခေါန်းတော်မာ ဆောန်းပေးဂေ့ဘီး၊ ကျူဒေါက်တရှောန်းဟှိုလည်း ညာဖတ်လတ်တော်မာ ကိုင်စေလေဟှယ်။ အယ်ဘီးန ကိုယ်တော်ရှေ့မာ ဒူးထော့‑က်ဘီးဟှာ “ယုဒမန်းဂီး သတ်တော်ရှယ်ပါစေ!” ဆိုဘီး သရော်ဂေ့လေဟှယ်။ 30သူးနို့ဟှာ ကိုယ်တော့်ဟှို ထွီးရယ်န ထွီးဂေ့ဘီး ကျူဒေါက်ဟှို ယူဘီးဟှာ ခေါန်းဟှို ခဏခဏ ရိုက်ဂေ့လေဟှယ်။ 31သူးနို့ဟှာ ကိုယ်တော့်ဟှို သရော်ဂေ့ဘီးန ကမ္ဗလာနီဝတ်လောင်ဟှို ခလွတ်ဘီးဟှာ ကိုယ်တော်ရဲ့ အန်းဂီးဟှို ပ္လန်ဝတ်စေဟှယ်။ အယ်ဘီးန လတ်ဝါးကပ်တိုင်မာ တန်ဘီးသတ်ဟှို့တွပ် ခေါ်ဆောန်ဟှားဂေ့လေဟှယ်။
ကားစင်တန်ခံရဟှူကြောန်း
(မာကု ၁၅.၂၁–၃၂; လုကာ ၂၃.၂၆–၄၃; ယောဟန် ၁၉.၁၇–၂၇)
32သူးနို့လေ ထွပ်လာဟှူ ခီမာ ရှိမုန် ဆိုဘီး နာမယ်ရှိဟှူ ကုရေနေဗြို့ဟှ လူတယော့‑က်ဟှို လမ်းမာ တွိဟှားဘီး စစ်သားလေဟှာ အယ်သူဟှို ယေရှုရဲ့ လတ်ဝါးကပ်တိုင်ဟှို အဓမ္မထမ်းခိုင်းဂေ့လေဟှယ်။ 33“ဦးခေါန်းခွံနေရာ” ဆိုဘီး ဓိပါယ်ရှိဟှူ၊ ဂေါလဂေါသနာမယ်ရှိဟှူ နေရာဟှို ရော့‑က်လာဂေ့ဟှယ်။ 34အယ်နေရာမာ သူးနို့လေဟှာ ယေရှုဟှို ဆေးခါးန ရောစပ်ဟှားဟှူ ဝိုင်ဟှို ပေးသော့‑က်ဂေ့ဟှယ်။ အယ်ဘေမဲ့ ယေရှုဟှ ဗြဲကေ့ဘီးန သော့‑က်ဟှို့ ငြင်းတော်မူလေဟှယ်။
35ကိုယ်တော့်ဟှို ကားစင်တန်ဂေ့ဘီးန ကိုယ်တော်ရဲ့ ဝတ်တော်ဟှို မဲနှိုက်ဘီး ခွဲဝီဂေ့လေဟှယ်။ 36အယ်မျိုးလောက်ဘီးန အယ်နေရာမာ ကိုယ်တော့်ဟှို ထိုင်ဘီး စောန့်ကေ့နေဂေ့လေဟှယ်။ 37ကိုယ်တော်ရဲ့ ခေါန်းတော်ထတ်မာ “ယုဒမန်းဂီး ယေရှုဖြစ်ဟှယ်” ဆိုဘီး ကိုယ်တော့်ဟှို စွပ်စွဲဟှားဟှူ စာပ္လားဟှိုလည်း ကပ်ဟှားလေဟှယ်။ 38အယ်ဘီးန ယေရှုနတူးဒူ မ္လနှေ့ယော့‑က်ဟှိုလည်း ကိုယ်တော်ရဲ့ ညာဖတ်မာ တယော့‑က်၊ ဘယ်ဖတ်မာ တယော့‑က် ထားဘီးဟှာ ကားစင်တန်ဂေ့ဟှယ်။
39ဖြတ်သန်းသွားလာနေဟှူ သူလေဟှာ သူးနို့ရဲ့ ခေါန်းလေဟှို ခါဘီးဟှာ ယေရှုဟှို ကဲ့ရဲ့ဂေ့ဇာဟှ 40#မ ၂၆.၆၁; ယော ၂.၁၉“ဗိမာန်တော်ဟှို ဖြိုဖျစ်ဘီး သောင်းရစ်ဒဲန ပ္လန်တည်ဆော့‑က်ဟှို့သူ! နန့်ကိုယ်နန် ကယ်တန်ပါ! နန်ဟှာ ဘုရားသခင်ရဲ့ သားတော်ဖြစ်ဟှယ် ဆိုဟှာ လတ်ဝါးကပ်တိုင်ဟှနေ ဆင်းလာပါ!”
41အယ်နည်းတူ ယဇ်ပုရောဟိတ်ဂီးလေ၊ ကျမ်းပြုဆရာလေန သတ်ကီးဝါဂီးလေဟှလည်း ကိုယ်တော့်ဟှို 42“အယ်သူဟှာ တခြားလူလေဟှို ကယ်တန်ဘီးဟှာ သူ့ကိုယ်သူ ကယ်တန်နိုင်ဟှမား! သူဟှာ ဣသရေလမန်းဂီး မှုဟှလော။ သူဟှာ လတ်ဝါးကပ်တိုင်ဟှနေ ဆင်းလာမယ် ဆိုဟှာ နို့လေ ယောင်ကြည်ဂေ့မယ်! 43သူဟှာ ဘုရားသခင်ဟှို အားကိုးဟှယ်။ ‘ငါဟှာ ဘုရားသခင်ရဲ့ သားတော်ဖြစ်ဟှယ်’ ဆိုဘီး ပြောဟှယ်။ အယ်ကြောန့် သူ့ဟှို ဘုရားသခင် လိုတော်ရှိမယ် ဆိုဟှာ ခုဘဲ့ ကယ်တန်ပါစေ!” ဆိုဘီး သရော်ဂေ့ဟှယ်။
44ကိုယ်တော်နတူးဒူ ကားစင်တန်ဟှားဟှူ မ္လနှေ့ယော့‑က်ဟှလည်း အယ်နည်းတူ ကဲ့ရဲ့လေဟှယ်။
ယေရှုရဲ့ သတ်ချောက်တော်မူဟှူကြောန်း
(မာကု ၁၅.၃၃–၄၁; လုကာ ၂၃.၄၄–၄၉; ယောဟန် ၁၉.၂၈–၃၀)
45မွန်းဒဲ့ခီဟှနေ နေဒန်သောင်းနာရီထိအောန် တပြည်လောင်းဟှာ မှောန်မိုက်က္လလေဟှယ်။ 46နေဒန်သောင်းနာရီမာ ယေရှုဟှ “ဧလိ၊ ဧလိ၊ လာမာရှာဗခသာနိ” ဆိုဘီး သံက္လယ်ဂီးန အော်ဟစ်တော်မူလေဟှယ်။ အယ်မူဓိပါယ်ဟှ “ကျွန်တော့်ဘုရားသခင်၊ ကျွန်တော့်ဘုရားသခင်၊ ဖြားဖြစ်ကြောန့် ကျွန်တော့်ဟှို စွန့်ပစ်တော်မူဟှယ်နူး” ဆိုဘီး ဖြစ်လေဟှယ်။
47အယ်နေရာမာ ရပ်နေဟှူ လူလေတချို့ဟှာ အယ်မူဇာဟှို ကြားရခီမာ “သူဟှာ ဧလိယဟှို ခေါ်နေဟှယ်!” ဆိုဘီး ပြောဂေ့လေဟှယ်။ 48သူးနို့လေထဲဟှ တယော့‑က်ဟှာ တခါဒဲ ပ္လေးဟှားဘီး ရေမ္လောက်ဟှို ယူဘီး ရှင်နေဟှူ ဝိုင်ရှင်ထဲဟှို နှစ်ထဲ့လေဟှယ်။ အယ်ဘီးန ကျူဒေါက်ဖျားမာ တပ်ဘီး ကိုယ်တော့်ဟှို သော့‑က်ဟှို့ ပေးလေဟှယ်။
49အယ်ဘေမဲ့ တခြားလူလေဟှ “နေအူး၊ ဧလိယဟှာ သူ့ဟှို ကယ်ဟှို့တွပ် လာမယ် ဆိုဇာဟှို ကေ့ဂေ့ဇို့!” ဆိုဘီး ပြောဂေ့လေဟှယ်။
50ယေရှုဟှာ နော့‑က်ထပ် သံက္လယ်ဂီးန အော်ဘီးဟှာ သတ်တော်ဟှို စွန့်တော်မူလေဟှယ်။
51အယ်မူခီမာဘဲ့ ဗိမာန်တော်ရဲ့ လိုက်ကာဟှာ ထတ်ဟှနေ အော့‑က်ဟှို နှေ့ခြမ်းကွဲဟှားလေဟှယ်။ မ္လေဂီးဟှာ လှောက်ဘီး က္လော့‑က်လေဟှာ အတ်ကွဲဟှားဘီး 52သန်းခ္လိုင်းဂူလေလည်း ပွမ့်ထွပ်ဟှားလေဟှယ်။ ဘုရားသခင်ရဲ့ သန့်ရှင်းသူလေရဲ့ ကိုယ်ခန္ဓာလေဟှာ ထမြော့‑က်ဂေ့လေဟှယ်။ 53ယေရှု ရှင်ပ္လန်ထမြော့‑က်တော်မူဘီးန သူးနို့လေဟှာ သန်းခ္လိုင်းဂူထဲဟှ ထွပ်လာဘီးဟှာ သန့်ရှင်းဟှူ ဗြို့တော်ထဲဟှို ဝမ်ဟှားဘီး လူလေဟှို ကိုယ်ထန်ရှားပြလေဟှယ်။
54တပ်မှူးနတူးဒူ ယေရှုဟှို စောန့်ကေ့နေဂေ့ဟှူ စစ်သားလေဟှာ မ္လေဂီးလှောက်ဟှူ ဇာလေန ဖြစ်ပျစ်ဟှားဟှူ ဇာလေ အားလောင်းဟှို တွိဗြင်ရဟှူ ခီမာ သူးနို့ဟှာ ရရာတိုင်း ကြော့‑က်လန့်ဟှားဂေ့ဘီး “အယ်သူဟှာ တကယ်ဘဲ့ ဘုရားသခင်ရဲ့ သားတော်ဖြစ်ဟှယ်!” ဆိုဘီး ပြောဂေ့လေဟှယ်။
55 # လု ၈.၂,၃ ဂါလိလဲပြည်ဟှနေ ယေရှုနော့‑က်လိုက်ဘီးဟှာ လောက်ကျွေးနေဟှူ မီးမလေဟှာ အယ်နေရာမာရှိနေဘီး ဝီးဟှနေ ကေ့နေဂေ့လေဟှယ်။ 56သူးနို့လေထဲမာ မာဂဒလဗြို့သူ မာရိ၊ ယာကုပ်န ယောသပ်လေရဲ့ မိဖြစ်ဟှူမာရိန ဇေဗေဒဲရဲ့မီးမ ပါလေဟှယ်။
ယေရှုဟှို သင်္ဂြိုဟ်ဟှူကြောန်း
(မာကု ၁၅.၄၂–၄၇; လုကာ ၂၃.၅၀–၅၆; ယောဟန် ၁၉.၃၈–၄၂)
57နေဒန်ပိုင်းဟှို ရော့‑က်ဟှူ ခီမာ အရိမဿဲဗြို့ဟှနေ ယောသပ် ဆိုဘီး နာမယ်ရှိဟှူ ဌေးတယော့‑က် ရော့‑က်လာဘီး သူဟှာ ယေရှုရဲ့ တဗဲ့တော်လည်း ဖြစ်လေဟှယ်။ 58အယ်သူဟှ ပိလတ်နားဟှို ဝမ်ဟှားဘီး ယေရှုရဲ့ လောန်းတော်ဟှို တောန်းဟှူကြောန့် ပိလတ်ဟှာ ပေးလိုက်ဟှို့ မိန့်ပေးလေဟှယ်။ 59အယ်ကြောန့် ယောသပ်ဟှာ လောန်းဟှို ယူဘီး ဖ္လူစင်ဟှူ ပိဖ္လူနလိလေဟှယ်။ 60က္လော့‑က်တောင်းမာ ထွမ်းဟှားဟှူ သူ့ရဲ့ကိုယ်ပိုင် သန်းခ္လိုင်းဂူသစ်ထဲမာ သင်္ဂြိုဟ်လေဟှယ်။ အယ်ဘီးမှ သူဟှာ ကီးမားဟှူ က္လော့‑က်တောင်းဟှို သန်းခ္လိုင်းဂူဝမ်ဝရဲ့ ရှေ့မာ ပိဟှားဘီးန ပ္လန်ဟှားလေဟှယ်။ 61မာဂဒလဗြို့သူ မာရိန တခြားမာရိလေဟှာ သန်းခ္လိုင်းရှေ့မာ ထိုင်နေဂေ့လေဟှယ်။
သန်းခ္လိုင်းဂူမာ စောန့်လေထားဟှားဟှူကြောန်း
62ဒန်းနေ့တွပ် ပြင်ဆင်ရာနေ့ဘီးန ယဇ်ပုရောဟိတ်ဂီးလေန ဖာရိရှဲလေဟှာ ပိလတ်နားဟှို သွားဘီး၊ 63#မ ၁၆.၂၁; ၁၇.၂၃; ၂၀.၁၉; မာ ၈.၃၁; ၉.၃၁; ၁၀.၃၃,၃၄; လု ၉.၂၂; ၁၈.၃၁–၃၃“သခင်၊ အယ်မူလူလီဟှာ သတ်ရှင်နေဒူးဟှ ‘သောင်းရစ်ကြာဘီးန ငါဟှာ ပ္လန်ထမြော့‑က်လေ့မယ်’ ဆိုဘီး ပြောဟှားဇာဟှို ကျွန်တော့်ဟှားလေ မှတ်မိပါဟှယ်။ 64အယ်ကြောန့် သောင်းရစ်မြော့‑က်ဟှူ နေ့တိုင်အောန် သန်းခ္လိုင်းဂူဟှို ဒိနစောန့်ကေ့ဟှို့တွပ် မိန့်ပေးတော်မူပါ။ အယ်မျိုးလောက်ဘဲဟှ ဆိုဟှာ သူ့တဗဲ့လေဟှာ လောန်းဟှို လာခိုးဟှားဘီး သူဟှာ သေရာဟှနေ ထမြော့‑က်ဟှားဘီ ဆိုဘီး လူလေဟှို ပြောဂေ့ပါလေ့မယ်။ အယ်ဆိုဟှာ နော့‑က်ဆောင်း လီညာဟှူဇာဟှာ ရင်ဟှ လီညာဟှူဇာထတ် ပိုဘီးဆိုးဝါးပါလေ့မယ်” ဆိုဘီး လျှော့‑က်ဂေ့လေဟှယ်။
65ပိလတ်ဟှ “စောန့်တတပ်ဟှို ခေါ်ဟှားဂေ့။ သန်းခ္လိုင်းဂူဟှို တတ်နိုင်ဟှူမျှ လောင်ခြောင်အောန် စောန့်ကေ့ခိုင်းဂေ့” ဆိုဘီး မိန့်လေဟှယ်။
66အယ်ကြောန့် သူးနို့လေဟှာ သန်းခ္လိုင်းဟှို သွားဘီးဟှာ က္လော့‑က်တောင်းဟှို ဇိခပ်ဘီး စောန့်လေဟှို နေရာခ္လဟှားလိုက်ဘီး စောန့်ကေ့စေလေဟှယ်။

Currently Selected:

မဿဲ 27: NTDWB24

ማድመቅ

Share

Copy

None

ያደመቋቸው ምንባቦች በሁሉም መሣሪያዎችዎ ላይ እንዲቀመጡ ይፈልጋሉ? ይመዝገቡ ወይም ይግቡ