የYouVersion አርማ
የፍለጋ አዶ

မဿဲ 26

26
ယေရှုဟှို သတ်ဟှို့တွပ် ကြံစည်ဟှူကြောန်း
(မာကု ၁၄.၁,; လုကာ ၂၂.၁,; ယောဟန် ၁၁.၄၅–၅၃)
1အယ်မူဇာလေအားလောင်းဟှို သွန်သန်တော်မူဘီးန ယေရှုဟှ တဗဲ့တော်လေဟှို၊ 2“ပသခါပွဲတော်ကျင်းပဟှို့ နှေ့ရစ်ဘဲ့လိုဘီ ဆိုဇာဟှို နန်းနို့ သိဂေ့လေဟှယ်။ အယ်ခီမာ လူ့ရဲ့သားဟှို လတ်ဝါးကပ်တိုင်မာ ရိုက်သတ်ဟှို့တွပ် အပ်နှံဂေ့လေ့မယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
3အယ်ခီမာ ယဇ်ပုရောဟိတ်ဂီးလေန ဘာသာရေးခေါန်းဆောန်လေဟှာ ကယာဖဆိုဘီး နာမယ်ရှိဟှူ ယဇ်ပုရောဟိတ်မန်းရဲ့ အီဝမ်းထဲမာ စုဝီးဂေ့ဟှယ်။ 4အယ်ဘီးဟှာ သူးနို့လေဟှ ယေရှုဟှို တိတိဆိဆိဟှား ဖမ်းဘီး သတ်ဟှို့တွပ် တိုင်ဗန်ဂေ့ဟှယ်။ 5သူးနို့လေဟှ “အယ်ဘေမဲ့ ပွဲတော်ရစ်မာ ဖမ်းနအူး။ လူလေထဲမာ ရုန်းရင်းဆန်ခတ် ဖြစ်ဂေ့လေ့မယ်” ဆိုဘီး ပြောဂေ့ဟှယ်။
ဘိသိခံဟှူကြောန်း
(မာကု ၁၄.၃–၉; ယောဟန် ၁၂.၁–၈)
6ယေရှုဟှာ ဗေသနိဝါ နူသယ်ရှိမုန်ရဲ့ အီမာ ရှိနေဘီး၊ 7#လု ၇.၃၇,၃၈ စားဇာသောင်းဆောန်နေဒူးမာ ဖိုးကီးဟှူ ဆီမွှီးန ပ္လဲ့နေဟှူ က္လော့‑က်ဖ္လူဖူးဟှို ယူလာဟှူ မီးမတယော့‑က်ဟှာ ကိုယ်တော်နားဟှို ရော့‑က်လာဘီး သူဟှာ ကိုယ်တော်ရဲ့ ခေါန်းထတ်ဟှို လောန်းခ္လလေဟှယ်။ 8အယ်မူဇာဟှို တဗဲ့တော်လေဗြင်ဟှားဘီး စိဆိုးဂေ့လေဟှယ်။ “ဖြားဖြစ်ကြောန့် အယ်မျိုးဖြုန်းတီးပစ်ရနူး။ 9အယ်ဆီမွှီးဟှို ဆေးဂီးဂီးန ရောန်းဘီးဟှာ ဆင်းရဲသားလေဟှို ပေးကမ်းနိုင်ဟှယ်!” ဆိုဘီး ပြောလေဟှယ်။
10ယေရှုဟှာ သူးနို့ပြောနေဇာဟှို သိဟှူ ခီမာ သူးနို့လေဟှို “ဖြားဖြစ်ကြောန့် အယ်မီးမဟှို နှော့‑က်ရှစ်ဂေ့နူး။ သူဟှာ ငါ့တွပ်ကောန်းဟှူမှုဟှို ပြုလေဟှယ်။ 11ဆင်းရဲသားလေဟှာ နန်းနို့လေနတူးဒူ မြဲဒမ်း ရှိနေလေ့မယ်။ အယ်ဘေမဲ့ ငါဟှ နန်းနို့နတူးဒူ မြဲဒမ်း ရှိနေဟှို့ မှုဟှ။ 12အယ်မီးမဟှာ ငါ့ကိုယ်ထတ်ဟှို ဆီမွှီးလောန်းဇာဟှာ ငါ့ဟှို သင်္ဂြိုဟ်ဟှို့တွပ် ပြင်ဆင်ဟှူဇာဖြစ်လေဟှယ်။ 13ငါ မှန်တိုင်းပြောမယ်၊ ဒန်းကောန်းဟှို ကမ္ဘာရပ်ရပ်မာ ဟောပြောဟှူ ခီတိုင်း အယ်မီးမဟှို အော့‑က်မေ့စေဟှို့တွပ် သူပြုဟှားဟှူ အယ်မျိုးမှုရာဟှို ပြောဂေ့လေ့မယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
သစ်စာဖော့‑က်ဟှို့ ယုဒကြံစည်ဟှူကြောန်း
(မာကု ၁၄.၁၀,၁၁; လုကာ ၂၂.၃–၆)
14အယ်ဘီးန တဗဲ့တော် ဆယ်နှေ့ပါးထဲဟှ တပါးဖြစ်ဟှူ ယုဒရှကာရုတ်ဟှာ ယဇ်ပုရောဟိတ်ဂီးလေနားဟှို သွားဘီး၊ 15“ယေရှုဟှို နန်းနို့လေရဲ့ လတ်ထဲဟှို အပ်ပေးမယ် ဆိုဟှာ ကျွန်တော်ဟှို ကပ်ဖယ်လော့‑က် ပေးဟှို့နူး” ဆိုဘီး မေးလေဟှယ်။ အယ်ကြောန့် အယ်သူလေဟှ ငွေဒန်းဂါး သောင်းဆယ်ဟှို ရေတွပ်ဘီးဟှာ သူ့ဟှို ပေးလေဟှယ်။ 16အယ်ခီဟှနေဘီး ယုဒဟှာ ယေရှုဟှို သစ်စာဖော့‑က်ဟှို့တွပ် ခွမ့်ရေးကောန်းဟှို ရှာကြံလေဟှယ်။
တဗဲ့တော်လေနတူးဒူ ပသခါ စားဗွဲစားဟှူကြောန်း
(မာကု ၁၄.၁၂–၂၁; လုကာ ၂၂.၇–၁၃,၂၁–၂၃; ယောဟန် ၁၃.၂၁–၃၀)
17တဆေးပါဘဲဟှူ မုပွဲတော်ရဲ့ ဦးဆောင်းနေ့မာ တဗဲ့တော်လေဟှာ ယေရှုနားဟှို လာဘီး “ပသခါ စားဗွဲဟှို ကိုယ်တော် သောင်းဆောန်ဟှို့တွပ် ကျွန်တော်ဟှားလေ ဖယ်နေရာမာ ပြင်ရမယ်နူး” ဆိုဘီး မေးလျှော့‑က်ဂေ့လေဟှယ်။
18ကိုယ်တော်ဟှ “ဗြို့ထဲဟှ လူတယော့‑က်နားဟှို သွားဘီးပြောဂေ့။ ဆရာမှာလိုက်ဟှယ်။ ‘ငါ့ခီနီးဘီ။ ငါ့တဗဲ့လေနတူးဒူ ပသခါပွဲဟှို နန့်အီမာ ကျင်းပမယ်’ ” ဆိုဘီး မိန့်တော်မူလေဟှယ်။
19တဗဲ့တော်လေဟှ ယေရှုပြောလိုက်ဟှူတိုင်း လောက်ဘီးဟှာ ပသခါစားဗွဲဟှို ပြင်ဆင်ဂေ့လေဟှယ်။
20ညဉ့်ခန်းဖတ် ရော့‑က်ဟှူ ခီမာ ယေရှုဟှာ တဗဲ့တော် ဆယ့်နှေ့ပါးလေနတူးဒူ ညဉ့်ဇာစားဟှို့ ဗွဲမာ ထိုင်လေဟှယ်။ 21သူးနို့စားနေဒူးမာဘဲ့ ယေရှုဟှ “ငါ မှန်တိုင်းပြောမယ်၊ နန်းနို့ထဲမာ တယော့‑က်ဟှာ ငါ့ဟှို သစ်စာဖော့‑က်လေ့မယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
22တဗဲ့တော်လေဟှာ ရရာတိုင်း စိကောန်းဘဲဖြစ်ဂေ့ဘီး “သခင်၊ အယ်သူဟှ ဖယ်သူနူး။ ကျွန်တော်လော” ဆိုဘီး ယော့‑က်ဘီးယော့‑က် မေးလျှော့‑က်ဂေ့လေဟှယ်။
23ယေရှုဟှ “ငါ့နတူးဒူ စံထဲမာ နှိုက်ဟှူ သူဟှာ ငါ့ဟှို သစ်စာဖော့‑က်လေ့မယ်။ 24ကျမ်းစာဟှ ပြောဟှားတိုင်း လူ့ရဲ့သားဟှာ သေခံရလေ့မယ်။ အယ်ဘေမဲ့ လူ့ရဲ့သားဟှို သစ်စာဖော့‑က်ဟှူ သူဟှာ အမင်္ဂလာရှိဟှယ်! အယ်သူဟှာ လောင်းဝ မွီးလာဘဲနနေဟှာ သူ့တွပ် ပိုကောန်းလေ့မယ်!” ဆိုဘီး မိန့်တော်မူလေဟှယ်။
25ကိုယ်တော့်ဟှို သစ်စာဖော့‑က်မယ့် ယုဒဟှ “ဆရာ၊ ကျွန်တော်လော” ဆိုဘီး မေးလျှော့‑က်လေဟှယ်။
ယေရှုဟှ “နန်မေးဟှူတိုင်းဘဲ့ မှန်ဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
ပွဲတော်မင်္ဂလာကြောန်း
(မာကု ၁၄.၂၂–၂၆; လုကာ ၂၂.၁၄–၂၀; ၁ ကောရိန္သု ၁၁.၂၃–၂၅)
26သူးနို့ဟှာ စားနေဒူးမာ ယေရှုဟှ မုဟှိုယူဘီး ကျေးဇူးတော်ဟှို ချီးမွမ်းဘီးမှ မုဟှိုဖဲ့ဘီးဟှာ “အယ်မုဟှ ငါ့ရဲ့ ကိုယ်ခန္ဓာဖြစ်ဟှယ်။ ယူဘီးစားဂေ့ပါ” ဆိုဘီး မိန့်တော်မူဘီးဟှာ တဗဲ့တော်လေဟှို ပေးတော်မူလေဟှယ်။
27ခွပ်ဟှိုလည်း ယူဘီးဟှာ ကျေးဇူးတော် ချီးမွမ်းဘီးမှ တဗဲ့တော်လေဟှို ပေးလေဟှယ်။ ကိုယ်တော်ဟှ “နန်းနို့အားလောင်း သော့‑က်ဂေ့ပါ။ 28အယ်ခွပ်ဟှာ ဘုရားသခင်ရဲ့ ပဋိညာဉ်တော်ဟှို ဇိခတ်ဟှားဟှူ လူလေရဲ့ပြစ်ဟှို ဖြေလွှတ်ပေးဟှို့တွပ် သွန်းလောန်းဟှူ ငါ့ရဲ့သွီး ဖြစ်လေဟှယ်။ 29နန်းနို့လေဟှို ငါပြောမယ်။ ခုခီဟှနေ စဘီး ငါ့ဖရဲ့ နိုင်ငံတော်မာ နန်းနို့လေနတူးဒူ စဗျစ်ဝိုင်သစ်ဟှို သော့‑က်ရဟှူ နေ့ရော့‑က်ခန်ခီထိ အယ်စဗျစ်ဝိုင်ဟှို နော့‑က်ထပ် လောင်းဝ ငါသော့‑က်ဟှို့ မှုဟှ” ဆိုဘီး မိန့်တော်မူလေဟှယ်။
30အယ်ဘီးန သူးနို့လေဟှာ ဓမ္မချင်းဟှို ဆိုဘီး သံလွင်တောန်ဟှို ထွပ်ဟှားဂေ့လေဟှယ်။
ပေတရုရဲ့ ငြင်းပယ်မှုဟှို ဖော်ပြဟှူကြောန်း
(မာကု ၁၄.၂၇–၃၁; လုကာ ၂၂.၃၁–၃၄; ယောဟန် ၁၃.၃၆–၃၈)
31အယ်ဘီးန ယေရှုဟှ “‘သိုးထီးမားဟှို ငါရိုက်သတ်ဟှူကြောန့် သိုးလေဟှာ ဖ္လဲဖ္လဲစင်ဖြစ်ဂေ့လေ့မယ်’ ဆိုဘီး ကျမ်းစာပြောဟှူဇာဟှ အယ်ညဉ့်မှာဘဲ့ နန်းနို့လေဟှာ ငါ့ဟှို ထားရစ်ဘီး ထွပ်ပ္လေးဂေ့လေ့မယ်။ 32#မ ၂၈.၁၆အယ်ဘေမဲ့ ငါဟှာ ထမြော့‑က်ဘီးန နန်းနို့ထတ် စောဘီး ဂါလိလဲပြည်ဟှို သွားမယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
33ပေတရုဟှ “တခြားသူလေဟှာ ကိုယ်တော့်ဟှို ထားရစ်လည်းဘဲ့ ကျွန်တော်ဟှာ လောင်းဝ ထားရစ်ဟှို့ မှုဟှ!” ဆိုဘီး ယေရှုဟှို လျှော့‑က်လေဟှယ်။
34ယေရှုဟှ “နန့်ဟှို ငါ မှန်တိုင်းပြောမယ်၊ အယ်ညဉ့်မာဘဲ့ ကြစ်တွန်ခန်မာ နန်ဟှာ ငါ့ဟှို သောင်းခါ ငြင်းပယ်လေ့မယ်” ဆိုဘီး ပေတရုဟှို မိန့်တော်မူလေဟှယ်။
35ပေတရုဟှ “ကိုယ်တော်နတူးဒူ သေရမယ် ဆိုဟှာလည်း ကျွန်တော်ဟှာ ကိုယ်တော့်ဟှို ငြင်းပယ်ဟှ!” ဆိုဘီး ပ္လန်လျှော့‑က်လေဟှယ်။
တခြား တဗဲ့တော်လေလည်း အယ်မူမျိုးဘဲ့ လျှော့‑က်ဂေ့လေဟှယ်။
ဂေသရှေမန် ဥယျာဉ်မာ ဆုတောန်းဟှူကြောန်း
(မာကု ၁၄.၃၂–၄၂; လုကာ ၂၂.၃၉–၄၆)
36အယ်ဘီးန ယေရှုဟှာ တဗဲ့တော်လေနတူးဒူ ဂေသရှေမန် ဆိုဘီး ခေါ်ဟှူ နေရာဟှို ရော့‑က်တော်မူဘီး ကိုယ်တော်ဟှ “ငါ ဟှိုနားမာ ဆုတောန်းနေဒူးမာ အယ်နေရာမာ ထိုင်နေဂေ့ပါ” ဆိုဘီး တဗဲ့တော်လေဟှို မိန့်တော်မူလေဟှယ်။ 37ကိုယ်တော်ဟှာ ပေတရုနတူးဒူ ဇေဗေဒဲရဲ့ သားနှေ့ယော့‑က်ဟှို ခေါ်ဟှားတော်မူလေဟှယ်။ ကိုယ်တော်ဟှာ ဝန်းနဲပူဆွေးဘီး စိဒေါ့‑က်ခရော့‑က်နေလေဟှယ်။ 38အယ်ကြောန့် ယေရှုဟှ “ငါ့ရဲ့ စိနှလောင်းဟှာ သေခါနီးနီးဘဲ့ ရရာတိုင်း ဝန်းနဲဟှယ်။ အယ်နေရာမာ ငါ့နတူးဒူ စောန့်ဘီးနေဂေ့ပါ” ဆိုဘီး သူးနို့ဟှို မိန့်တော်မူလေဟှယ်။
39ကိုယ်တော်ဟှာ ရှေ့ဟှို နဲနဲတိုးဟှားဘီးဟှာ မ္လေထတ်မာ ပျပ်ဝပ်ဘီး “ကျွန်တော်ရဲ့ဖ၊ ဖြစ်နိုင်မယ် ဆိုဟှာ အယ်မူဝေဒနာခွပ်ဟှို ကျွန်တော်ဟှနေဘီး ယူဟှားပေးပါ! အယ်ဘေမဲ့ ကျွန်တော်လိုရှင်တိုင်း ဖြစ်စေဘဲန ဖလိုရှင်တိုင်းဘဲ့ ဖြစ်စေပါ” ဆိုဘီး ဆုတောန်းတော်မူလေဟှယ်။
40အယ်ဘီးန ကိုယ်တော်ဟှာ တဗဲ့တော် သောင်းယော့‑က်နားဟှို ပ္လန်လာဟှူ ခီမာ သူးနို့ဟှာ အိမွိနေဂေ့ဇာဟှို တွိရဟှိကြောန့် ကိုယ်တော်ဟှ ပေတရုဟှို “နန်းနို့လေဟှာ တနာရီလော့‑က်ဘဲ့ ငါ့နတူးဒူ စောန့်နိုင်ဂေ့ဟှလော၊ 41နန်းနို့လေဟှာ စောင်ဇမ်းနှော့‑က်ရှစ်မှုထဲဟှို က္လဘဲဟှို့တွပ် ဆုတောန်းဘီး စောန့်နေဂေ့ပါ။ စိဝိညာဉ်ဟှာ အားကီးဘေမဲ့လည်း ကိုယ်ခန္ဓာဟှာ အားနဲလေဟှယ်” ဆိုဘီး ပေတရုဟှို မိန့်တော်မူလေဟှယ်။
42ယေရှုဟှာ နော့‑က်တခါ သွားဘီး “ကျွန်တော်ရဲ့ဖ၊ အယ်ဝေဒနာခွပ်ဟှို ကျွန်တော်သော့‑က်ဘဲန လွန်သွားဟှို့ ရနိုင်ဟှ ဆိုဟှာ ကိုယ်တော်ရဲ့ လိုရှိဟှူတိုင်းဘဲ့ ဖြစ်ပါစေ” ဆိုဘီး ဆုတောန်းလေဟှယ်။ 43ကိုယ်တော်ဟှာ ပ္လန်လာဟှူ ခီမာ တဗဲ့တော်လေဟှာ မျစ်စိလေးလံလာဟှူကြောန့် နော့‑က်တခါ အိမွိနေဂေ့ဇာဟှို တွိရလေဟှယ်။
44အယ်ကြောန့် ယေရှုဟှာ သူးနို့လေဟှို ထားရစ်ဘီး နော့‑က်တခါ ထွပ်ဟှားဘီး ရင်ဒူးဟှမျိုးဘဲ့ သောင်းခါမြော့‑က် ဆုတောန်းတော်မူလေဟှယ်။ 45အယ်ဘီးမှ တဗဲ့တော်လေနားဟှို ပ္လန်လာဘီး “နန်းနို့လေဟှာ အိမွိဘီးဟှာ နားယူနေဂေ့လော။ ကေ့ဂေ့! လူ့ရဲ့သားဟှို ပြစ်သားလေရဲ့ လတ်ထဲဟှို အပ်နှံခံရဟှို့ ခီဟှာ ရော့‑က်လာဘီ။ 46ထဂေ့၊ နို့လေသွားဂေ့ဇို့။ ကေ့ကေ့၊ ငါ့ဟှို သစ်စာဖော့‑က်ဟှို့သူ ရော့‑က်လာဘီ!” ဆိုဘီး မိန့်တော်မူလေဟှယ်။
ကိုယ်တော့်ဟှို ဖမ်းဟှူကြောန်း
(မာကု ၁၄.၄၃–၅၀; လုကာ ၂၂.၄၇–၅၃; ယောဟန် ၁၈.၃–၁၂)
47ယေရှုဟှာ မိန့်တော်မူနေဒူးမာဘဲ့ တဗဲ့တော် ဆယ်နှေ့ပါးထဲဟှ တပါးဖြစ်ဟှူ ယုဒရှကာရုတ်ဟှာ ရော့‑က်လာဘီးဟှာ သူ့နတူးဒူ ယဇ်ပုရောဟိတ်ဂီးလေန ဘာသာရေး ခေါန်းဆောန်လေဟှနေ စေလွှတ်လိုက်ဟှူ လူအောက်ဂီးဟှာ ဒေါက်လေ၊ ထားလေပါလာဂေ့ဟှယ်။ 48ကိုယ်တော့်ဟှို သစ်စာဖော့‑က်ဟှူသူဟှ “ငါနမ်းဟှူသူဟှာ ယေရှုဘဲ့ဖြစ်ဟှယ်။ သူ့ဟှို ဖမ်းဂေ့ပါ!” ဆိုဘီး မှတ်ပေးဟှားလေဟှယ်။
49ယုဒဟှာ ရှစ်ရှင်းဘဲ့ ယေရှုနားဟှို တိုးဝမ်လာဘီး “မင်္ဂလာပါ၊ ဆရာ” ဆိုဘီး ကိုယ်တော့်ဟှို နမ်းလေဟှယ်။
50ယေရှုဟှ “မိဆွေ၊ နန်လောက်ရဟှို့ ကိစဟှို ဗြန်းဗြန်ဟှား လောက်ပါ!”#၂၆.၅၀ မိဆွေ၊ နန်လောက်ရဟှို့ ကိစဟှို ဗြန်းဗြန်ဟှား လောက်ပါ! အယ်မျိုးမှုဘဲနေဟှာ မိဆွေ၊ နန်ဖြားဖြစ်ကြောန့် အယ်မာရှိနေနူး။ ဆိုဘီး မိန့်တော်မူလေဟှယ်။
အယ်ခီမာ အယ်သူလေဟှ လာဘီး ကိုယ်တော့်ဟှို ဖမ်းချောက်ဂေ့လေဟှယ်။
51ယေရှုန ပါလာဟှူ လူတယော့‑က်ဟှာ ထားဟှို ဆွဲထုဘီး ယဇ်ပုရောဟိတ်မန်းရဲ့ ကျွန်တယော့‑က်ဟှို ခွတ်လိုက်ဟှူ ခီမာ နားဝပ်ပြတ်ဟှားလေဟှယ်။ 52ယေရှုဟှ “နန့်ထားဟှို ထားအီထဲမာ ပ္လန်သီးလိုက်ပါ! ထားဟှို ကိုင်ဟှူ သူလေဟှာ ထားနဘဲ့ သေဂေ့လေ့မယ်။ 53ခု ငါ့ဖဆီမာ တောန်းလျှော့‑က်မယ် ဆိုဟှာ ကောန်းဂန်တမန် ဆယ့်နှေ့တပ်မကဘဲ ငါ့နားဟှို လွှတ်ပေးမယ် ဆိုဇာ နန်းနို့လေ သိဂေ့ဟှလေ။ 54အယ်မျိုးဆိုဟှာ အယ်မူဇာလေ ဖြစ်ရမယ် ဆိုဘီး ပြောဟှားဟှူကျမ်းစာဟှာ ဖယ်မူမျိုး ပ္လဲ့ဇောင်လာအူးမယ်နူး” ဆိုဘီး မိန့်တော်မူလေဟှယ်။
55 # လု ၁၉.၄၇; ၂၁.၃၇ အယ်ခီမာဘဲ့ ယေရှုဟှ “ဖြားဖြစ်ကြောန့် နန်းနို့လေဟှာ မ္လဟှို ဖမ်းဟှို့မျိုး ငါ့ဟှို ဖမ်းဟှို့တွပ် ဒေါက်လေ၊ ထားလေန လာဂေ့နူး။ ငါဟှာ ဗိမာန်တော်မာ ထိုင်ဘီး နေ့တိုင်း သွန်သန်နေဒူးဟှ နန်းနို့လေဟှာ ငါ့ဟှို ဖမ်းဂေ့ဟှားမား။ 56အယ်ဘေမဲ့ အယ်မှုကြောန်းရာလေဟှာ ကျမ်းစာမာ ပရောဖက်လေ ဟောပြောဟှားဟှူတိုင်း ပ္လဲ့ဇောင်ဟှို့တွပ် ဖြစ်လာလေဟှယ်” ဆိုဘီး လူအောက်ဂီးဟှို မိန့်တော်မူလေဟှယ်။
အယ်ခီမာ တဗဲ့တော်လေဟှာ ကိုယ်တော့်ဟှို ထားရစ်ဘီး ထွပ်ပ္လေးဂေ့ဟှယ်။
ယေရှုဟှို တရားလွှတ်တော်မာ စစ်ဆေးခံရဟှူကြောန်း
(မာကု ၁၄.၅၃–၆၅; လုကာ ၂၂.၅၄,၅၅,၆၃–၇၁; ယောဟန် ၁၈.၁၃,၁၄,၁၉–၂၄)
57ယေရှုဟှို လာဖမ်းဟှူ သူလေဟှ ကျမ်းပြုဆရာလေန ဘာသာရေးကြီးကဲလေ စုဝေးဟှူနေရာ ယဇ်ပုရောဟိတ်မန်း ကယာဖအီဟှို ခေါ်ဆောန်ဟှားဂေ့ဟှယ်။ 58ပေတရုဟှာ ခပ်ဝီးဝီးဟှနေဘီး ယဇ်ပုရောဟိတ်မန်းရဲ့ အီနားထိ ကိုယ်တော်နော့‑က်ဟှို လိုက်လေဟှယ်။ သူဟှာ အီဝမ်းထဲဟှို ဝမ်ဟှားဘီးဟှာ ဖယ်မျိုး ဖြစ်လာအူးမယ် ဆိုဇာဟှို ဗြင်ရဟှို့တွပ် စောန့်လေနတူးဒူ ထိုင်နေလေဟှယ်။ 59ယဇ်ပုရောဟိတ်ဂီးလေန ယုဒတရားလွှတ်တော် တခုလောင်းဟှာ ယေရှုဟှို သေဒန်ပေးဟှို့တွပ် မှန်ဘဲဟှူ သတ်သေထော့‑က်ထားဟှို တွိအောန် ရှာဂေ့ဟှယ်။ 60သူးနို့ဟှာ မှန်ဘဲဟှူ သတ်သေခံလေ ဘောင်ဂီး လာဂေ့ဘေမဲ့လည်း ဖြားထော့‑က်ထားလည်း တွိဂေ့ဟှ။ နော့‑က်ဆောင်းမာ လူနှေ့ယော့‑က်ဟှာ ရှေ့ဟှို ထွပ်လာဘီး 61#ယော ၂.၁၉“အယ်သူဟှ ‘ငါဟှာ ဘုရားသခင်ရဲ့ ဗိမာန်တော်ဟှို ဖြိုဖျစ်ဘီးဟှာ သောင်းရစ်ထဲန ပ္လန်ဆော့‑က်နိုင်ဟှယ်’ ဆိုဘီး ပြောပါဟှယ်” ဆိုဘီး ထွပ်ဆိုလေဟှယ်။
62ယဇ်ပုရောဟိတ်မန်းဟှာ ထရပ်လိုက်ဘီး “အယ်မျိုး စွပ်စွဲနေဇာဟှို ပြောဟှို့တွပ် နန့်မာ ဖြေမှေ့ဟှလော” ဆိုဘီး ယေရှုဟှို မေးလေဟှယ်။ 63အယ်ဘေမဲ့ ယေရှုဟှာ တိဆိဘီး နေတော်မူဟှယ်။ ယဇ်ပုရောဟိတ်မန်းဟှလည်း “နန်ဟှာ ဘုရားသခင်ရဲ့ သားတော် မေရှိယဖြစ်ဟှယ် ဆိုဟှာ ငါ့ဟှို ပြောပါ။ သတ်ရှင်ဟှူ ဘုရားသခင်ဟှို တိုင်တယ်ဘီး နန့်ဟှို ငါမေးဟှယ်” ဆိုဘီး ပြောလေဟှယ်။
64ယေရှုဟှ “မန်းဂီးပြောဟှူတိုင်း မှန်ပါဟှယ်။ အယ်ဘေမဲ့ နန်းနို့လေ အားလောင်းဟှို ငါပြောမယ်။ အယ်ခီဟှနေစဘီး လူ့ရဲ့သားဟှာ အနန္တတဂိုးရှင်ရဲ့ ညာဖတ်မာ ထိုင်ဘီး မိုးကောန်းဂန်ဟှ မိုးတီဟှို စီးဘီးဟှာ ကြွလာဇာဟှို နန်းနို့လေ ဗြင်ဂေ့ရလေ့မယ်!” ဆိုဘီး မိန့်တော်မူလေဟှယ်။
65အယ်ကြောန့် ယဇ်ပုရောဟိတ်မန်းဂီးဟှာ သူ့ရဲ့ အန်းဂီဟှို ဆုဖ္လဲဘီးဟှာ “အယ်သူဟှာ ဘုရားသခင်ဟှို ပြစ်မှားစော်ကားဘီး ပြောဆိုလေဘီ! နော့‑က်ထပ် ဖြားသတ်သေလေ လိုသေးနူး။ ဘုရားသခင်ဟှို ပြစ်မှားဇာဟှို ခု နန်းနို့လေ ကြားရဂေ့ဘီ! 66နန်းနို့လေ ဖယ်မျိုး ထန်ဂေ့နူး။”
အယ်သူလေဟှ “သူဟှာ သေဒန်နဘဲ့ ထိုက်တန်ပါဟှယ်” ဆိုဘီး ပြောဂေ့လေဟှယ်။
67အယ်ဘီးန အယ်သူလေဟှာ ကိုယ်တော်ရဲ့ မျစ်နှာတော်ဟှို ထွီးရယ်န ထွီးဂေ့ဘီး လတ်သီးန ထိုးဂေ့ဟှယ်။ အယ်ဘီးဟှာ ကိုယ်တော့်ပါးဟှို ရိုက်ဟှူလူလေဟှ 68“မေရှိယ! ကိုယ်တော့်ဟှို ဖယ်သူရိုက်ဟှယ် ဆိုဇာဟှို ပရောဖက်ပြုကေ့ကေ့!” ဆိုဘီး ပြောဂေ့လေဟှယ်။
ယေရှုဟှို ပေတရုငြင်းဟှူကြောန်း
(မာကု ၁၄.၆၆–၇၂; လုကာ ၂၂.၅၆–၆၂; ယောဟန် ၁၈.၁၅–၁၈,၂၅–၂၇)
69ပေတရုဟှာ အီပ္လန်ခြံဝမ်းထဲမာ ထိုင်နေဟှူ ခီမာ စေခံမီးမ တယော့‑က်ဟှာ သူ့နားဟှို လာဘီး “နန်လည်း ဂါလိလဲနယ်သား ယေရှုနတူးဒူ ရှိခဲ့ဟှယ်” ဆိုဘီး ပြောလေဟှယ်။
70အယ်ဘေမဲ့ ပေတရုဟှ “နန်ပြောနေဟှူဇာဟှို ငါသိဟှ” ဆိုဘီးလူလေ အားလောင်းဂူရှေ့မာ ကိုယ်တော့်ဟှို ငြင်းပယ်ဘီး 71အီခြံဝမ်းရဲ့ ခွဗော့‑က်ဟှို ထွပ်ဟှားလေဟှယ်။ တခြားစေခံမီးမ တယောက်ဟှ သူ့ဟှို ဗြင်ဟှားဘီး အယ်နေရာမာ ရှိနေဟှူလူလေဟှို “အယ်လူဟှာ နာဇရက်ဗြို့ဟှ ယေရှုနတူးဒူ ရှိခဲ့ဟှယ်” ဆိုဘီး ပြောလေဟှယ်။
72ပေတရုဟှ “အယ်လူဟှို ငါသိဟှ!” ဆိုဘီး နော့‑က်ထပ်ခါ သစ်စာဆိုဘီး ငြင်းလေဟှယ်။
73နဲနဲကြာဘီးန အယ်နေရာမာ ရပ်နေဟှူ လူလေဟှာ ပေတရုနားဟှို လာဂေ့လေဟှယ်။ သူးနို့ဟှ “တကယ်ဘဲ့ နန်ဟှာ အယ်လူလေထဲဟှ တယော့‑က်ဖြစ်ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန့်ရဲ့ ပြောပေါင်ဆိုပေါင်ဟှာ ရရာတိုင်း သိသာဟှယ်!” ဆိုဘီး ပြောလေဟှယ်။
74ပေတရုဟှ “အယ်သူဟှို ငါတကယ်ဟှို သိဟှ!” ဆိုဘီး ဘုရားသခင်ဟှို တိုင်တယ်ဘီး ကီဆိုလေဟှယ်။
အယ်ခီမာဘဲ့ ကြစ်တွန်လေဟှယ်။
75အယ်ဘီးမှ “ကြစ်တွန်ခန် နန်ဟှာ ငါ့ဟှို သောင်းခါ ငြင်းပယ်လေ့မယ်” ဆိုဘီး ယေရှု မိန့်တော်မူဟှားဟှူ စကားဟှို ပေတရုဟှာ ဒိရလာဟှယ်။ အယ်ကြောန့် သူဟှာ ပ္လန်ဟှိုထွပ်ဟှားဘီး ရရာတိုင်း ငိုလေဟှယ်။

Currently Selected:

မဿဲ 26: NTDWB24

ማድመቅ

Share

Copy

None

ያደመቋቸው ምንባቦች በሁሉም መሣሪያዎችዎ ላይ እንዲቀመጡ ይፈልጋሉ? ይመዝገቡ ወይም ይግቡ