YouVersion 標識
搜索圖示

ရှင်ယောဟန် 1

1
အ​သက်​တည်း​ဟူ​သော​နှုတ်​က​ပတ်​တော်
1အ​စ​အ​ဦး​၌ နှုတ်​က​ပတ်​တော်​ရှိ၏။ နှုတ်​က​ပတ်​တော်​သည် ဘု​ရား​သ​ခင်​နှင့်​အ​တူ ရှိ၏။ နှုတ်​က​ပတ်​တော်​သည်​လည်း ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၏။- 2ထို​နှုတ်​က​ပတ်​တော်​သည် အ​စ​အ​ဦး၌ ဘု​ရား​သ​ခင်​နှင့်​အ​တူ ရှိ၏။- 3နှုတ်​က​ပတ်​တော်​သည် ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ဖန်​ဆင်း​တော်​မူ၏။ ဖန်​ဆင်း​တော်​မူ​ခြင်း​နှင့် ကင်း​လွတ်​လျက်​ဖြစ်​သော​အ​ရာ တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ။- 4ထို​နှုတ်​က​ပတ်​တော်၌ အ​သက်​ရှိ၏။ ထို​အ​သက်​သည်​လည်း လူ​တို့၏​အ​လင်း​ဖြစ်၏။- 5ထို​အ​လင်း​သည် မှောင်​မိုက်၌​လင်း၍ မှောင်​မိုက်​သည် မ​ခံ​မ​ယူ။
6ယော​ဟန်​အ​မည်​ရှိ​သော သူ​တစ်​ယောက်​ကို ဘု​ရား​သ​ခင်​စေ​လွှတ်​တော်​မူ၏။-#မ၊ ၃:၁။ မာ၊ ၁း၄။ လု၊ ၃း၁-၂။ 7ထို​သူ​ကို​လူ​အ​ပေါင်း​တို့​သည် အ​မှီ​ပြု၍ ယုံ​ကြည်​ခြင်း​သို့ ရောက်​မည်​အ​ကြောင်း ထို​သူ​သည် သက်​သေ​ခံ​ဖြစ်၍၊ အ​လင်း​တော်၏​အ​ကြောင်း​ကို သက်​သေ​ခံ​ခြင်း​ငှာ​လာ၏။- 8ထို​သူ​သည် အ​လင်း​တော်​မ​ဟုတ်။ အ​လင်း​တော်၏​အ​ကြောင်း​ကို သက်​သေ​ခံ​ခြင်း​ငှာ​သာ​လာ၏။- 9ဟုတ်​မှန်​သော​အ​လင်း​မူ​ကား၊ ဤ​လော​က​သို့​ကြွ​လာ​လျက် ခပ်​သိမ်း​သော​လူ​အ​ပေါင်း​တို့​အား အ​လင်း​ကို​ပေး​သော​သူ ဖြစ်​သ​တည်း။
10ထို​သူ​သည် ဤ​လော​က၌​ရှိ​တော်​မူ​ပြီ။ ဤ​လော​က​ကို​လည်း ဖန်​ဆင်း​တော်​မူ​ပြီ။ သို့​သော်​လည်း ဤ​လော​က​သည် ထို​သူ​ကို​မ​သိ။- 11သူ​သည် မိ​မိ​ဒေ​သ​အ​ရပ်​သို့ ကြွ​လာ​သော်​လည်း၊ မိ​မိ​လူ​မျိုး​တို့​သည် သူ့​ကို​လက်​မ​ခံ​ဘဲ နေ​ကြ၏။- 12ထို​သူ​ကို​လက်​ခံ​သ​မျှ​သော သူ​တည်း​ဟူ​သော ကိုယ်​တော်​ကို ယုံ​ကြည်​သော​သူ​တို့​အား၊ ဘု​ရား​သ​ခင်၏ သား​ဖြစ်​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။- 13ထို​သား​တို့​မူ​ကား၊ လူ​မျိုး​နှင့်​စပ်​ဆိုင်၍ ဖွား​သော​သား​မ​ဟုတ်။ မေ​ထုန်​သံ​ဝါ​သ​အား​ဖြင့် ဖွား​သော​သား​မ​ဟုတ်။ လူ​အ​လို​အ​လျောက် ဖွား​သော​သား​မ​ဟုတ်။ ဘု​ရား​သ​ခင်​ဖွား​တော်​မူ​သော​သား ဖြစ်​သ​တည်း။
14နှုတ်​က​ပတ်​တော်​သည်​လည်း လူ​ဇာ​တိ​အ​ဖြစ်​ကို​ခံ​ယူ၍၊ ကျေး​ဇူး​တော်​နှင့်​လည်း​ကောင်း၊ သ​စ္စာ​တော်​နှင့်​လည်း​ကောင်း ပြည့်​စုံ​လျက် ငါ​တို့​တွင် တည်​နေ​တော်​မူ​သည်​ဖြစ်၍၊ ခ​မည်း​တော်၌ တစ်​ပါး​တည်း​သော​သား​တော်၏ ဘုန်း​ကဲ့​သို့ သူ၏​ဘုန်း​တော်​ကို ငါ​တို့​သည် မြင်​ရ​ကြ​ပြီ။- 15ယော​ဟန်​သည် ထို​သ​ခင်၏​အ​ကြောင်း​ကို သက်​သေ​ခံ၍ ကြွေး​ကြော်​သည်​ကား၊ ငါ့​နောက်​ကြွ​လာ​သော​သူ​သည် ငါ​မ​ရှိ​မီ ရှိ​နှင့်​သည်​ဖြစ်၍၊ ငါ့​ထက်​သာ၍ ကြီး​မြတ်​သည်​ဟု ငါ​ဆို​ရာ၌၊ ထို​သူ​ကို​ဆို​လို​သည်​ဟု သက်​သေ​ခံ​လေ၏။- 16ထို​သူ၏​ပြည့်​စုံ​ခြင်း​မှ​လည်း ကျေး​ဇူး​တစ်​ပါး၌ ထပ်​ဆင့်၍ ကျေး​ဇူး​တစ်​ပါး​ကို ငါ​တို့​ရှိ​သ​မျှ​သည်​ခံ​ရ​ကြ​ပြီ။- 17အ​ကြောင်း​မူ​ကား၊ ပ​ညတ်​တ​ရား​တော်​ကို မော​ရှေ​လက်​တွင် ပေး​တော်​မူ၏။ ကျေး​ဇူး​တ​ရား​နှင့် သ​စ္စာ​တ​ရား​မူ​ကား ယေ​ရှု​ခ​ရစ်​အား​ဖြင့် ဖြစ်​သ​တည်း။- 18ဘု​ရား​သ​ခင်​ကို အ​ဘယ်​သူ​မျှ မ​မြင်​စ​ဖူး​သော်​လည်း၊ ခ​မည်း​တော်၏​ရင်​ခွင်၌​ရှိ​သော တစ်​ပါး​တည်း​သော​သား​တော်​သည် ဘု​ရား​သ​ခင်​ကို ထင်​ရှား​စေ​တော်​မူ​ပြီ။
ဗ​တ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​၏​တ​ရား
(မ၊ ၃:၁-၁၂။ မာ၊ ၁:၁-၈။ လု၊ ၃:၁-၁၈)
19ယု​ဒ​လူ​တို့​က၊ သင်​သည်​အ​ဘယ်​သူ​နည်း​ဟု ယော​ဟန်​ကို​မေး​မြန်း​စေ​ခြင်း​ငှာ ယဇ်​ပု​ရော​ဟိတ်​နှင့် လေ​ဝိ​လူ​တို့​ကို ယေ​ရု​ရှ​လင်​မြို့​မှ စေ​လွှတ်​သော​အ​ခါ၊ ယော​ဟန်​သည် သက်​သေ​ခံ​လေ​သည်​မှာ၊- 20ငါ​သည် ခ​ရစ်​တော်​မ​ဟုတ်​ဟု ထိမ်​ဝှက်​ခြင်း​မ​ရှိ။ အ​တည့်​အ​လင်း ပြော​ဆို၏။- 21ထို​သူ​တို့​က​လည်း၊ သို့​ဖြစ်​လျှင် သင်​သည် အ​ဘယ်​သူ​နည်း။ ဧ​လိ​ယ​ဖြစ်​သ​လော​ဟု မေး​မြန်း​ပြန်၏။ ယော​ဟန်​က၊ ငါ​သည် ဧ​လိ​ယ​မ​ဟုတ်​ဟု ဆို၏။ ဤ​မည်​သော ပ​ရော​ဖက်​ဖြစ်​သ​လော​ဟု မေး​ပြန်​လျှင်၊ မ​ဟုတ်​ဟု ဆို​ပြန်၏။-#မာ​လ၊ ၄း၅။ တ​ရား၊ ၁၈း၁၅-၁၈။ 22ထို​သူ​တို့​က​လည်း၊ သင်​သည် အ​ဘယ်​သူ​နည်း။ ငါ​တို့​ကို​စေ​လွှတ်​သော​သူ​တို့​အား ပြန်​လျှောက်​စ​ရာ ရှိ​စေ​ခြင်း​ငှာ၊ သင်​သည်​ကိုယ်​ကို အ​ဘယ်​သို့​ဆို​သ​နည်း​ဟု မေး​ပြန်​ကြ၏။- 23ယော​ဟန်​က​လည်း၊ ငါ​သည်​ပ​ရော​ဖက်​ဟေ​ရှာ​ယ ဟော​ပြော​သည်​နှင့်​အ​ညီ၊ ထာ​ဝ​ရ​ဘု​ရား၏ လမ်း​ခ​ရီး​တော်​ကို ဖြောင့်​စေ​ကြ​လော့​ဟု တော၌ ဟစ်​ကြော်​သော​သူ၏​အ​သံ​ဖြစ်​သည်​ဟု ဆို၏။-#ဟေ​ရှာ၊ ၄၀း၃။ 24အ​စေ​ခံ​သော​သူ​တို့​ကား၊ ဖာ​ရိ​ရှဲ​ဖြစ်​ကြ​သ​တည်း။- 25ထို​သူ​တို့​က​လည်း၊ သင်​သည် ခ​ရစ်​တော်​မ​ဟုတ်၊ ဧ​လိ​ယ​မ​ဟုတ်၊ ဤ​မည်​သော ပ​ရော​ဖက်​မ​ဟုတ်​သည်​မှန်​လျှင် အ​ဘယ်​ကြောင့် ဗ​တ္တိ​ဇံ​ကို​ပေး​သ​နည်း​ဟု မေး​ပြန်​ကြ၏။- 26ယော​ဟန်​က​လည်း၊ ငါ​သည် ရေ၌ ဗ​တ္တိ​ဇံ​ကို​ပေး၏။ သင်​တို့​အ​လယ်၌ သင်​တို့​မ​သိ​သော သူ​တစ်​ယောက်​ရှိ၏။- 27ထို​သူ​သည် ငါ့​နောက်​ကြွ​လာ​သော်​လည်း ငါ့​ထက်​သာ၍​ကြီး​မြတ်၏။ ထို​သူ၏​ခြေ​နင်း​တော်​ကြိုး​ကို​မျှ ဖြည်​ခြင်း​ငှာ ငါ​မ​ထိုက်​ဟု ပြန်​ပြော၏။- 28ယော​ဟန်​သည် ဗ​တ္တိ​ဇံ​ကို​ပေး​ရာ​အ​ရပ်၊ ယော်​ဒန်​မြစ်​တစ်​ဖက် ဗေ​သ​နိ​ရွာ၌ ဤ​အ​မှု​အ​ရာ​ဖြစ်​သ​တည်း။
ဘု​ရား​သ​ခင်​၏​သိုး​သ​ငယ်
29နက်​ဖြန်​နေ့၌ ယေ​ရှု​ကြွ​လာ​တော်​မူ​သည်​ကို ယော​ဟန်​သည်​မြင်​လျှင်၊ ဤ​လော​က၏​အ​ပြစ်​ကို ဆောင်​သွား​သော ဘု​ရား​သ​ခင်၏ သိုး​သ​ငယ်​ကို​ကြည့်​လော့။- 30ငါ​မ​ရှိ​မီ​ရှိ​နှင့်​သည်​ဖြစ်၍၊ ငါ့​ထက်​သာ၍ ကြီး​မြတ်​သော​သူ​သည် ငါ့​နောက်​ကြွ​လာ​သည်​ဟု ငါ​ဆို​ရာ၌၊ ထို​သူ​ကို​ဆို​လို၏။- 31အ​စ​က ထို​သူ​ကို​ငါ​မ​သိ။ သို့​သော်​လည်း ထို​သူ​ကို ဣ​သ​ရေ​လ​လူ​တို့​အား ထင်​ရှား​စေ​ခြင်း​ငှာ ငါ​သည် ရေ၌ ဗ​တ္တိ​ဇံ​ကို​ပေး​လျက်​လာ၏။- 32ထို​မှ​တစ်​ပါး ဝိ​ညာဉ်​တော်​သည်​ကောင်း​ကင်​မှ ချိုး​ငှက်​ကဲ့​သို့ ဆင်း​သက်၍ ထို​သူ၏​အ​ပေါ်၌ နား​တော်​မူ​သည်​ကို ငါ​မြင်​ရ​ပြီ။- 33အ​စ​က ထို​သူ​ကို​ငါ​မ​သိ။ ရေ၌​ဗ​တ္တိ​ဇံ​ကို​ပေး​စေ​ခြင်း​ငှာ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​သူ​က၊ အ​ကြင်​သူ၏​အ​ပေါ်၌ ဝိ​ညာဉ်​တော်​ဆင်း​သက်၍ နား​တော်​မူ​သည်​ကို သင်​သည်​မြင်​လျှင်၊ ထို​သူ​ကား သန့်​ရှင်း​သော ဝိ​ညာဉ်​တော်၌ ဗ​တ္တိ​ဇံ​ကို​ပေး​သော​သူ​ပေ​တည်း​ဟု မိန့်​တော်​မူ​သည်​နှင့်​အ​ညီ။- 34ငါ​သည်​မြင်၍ ဤ​သူ​သည် ဘု​ရား​သ​ခင်၏​သား​တော် ဖြစ်​တော်​မူ​ကြောင်း​ကို သက်​သေ​ခံ​သည်​ဟု ယော​ဟန်​ဆို​လေ၏။
ယေ​ရှု​၏​တ​ပည့်​ဦး​များ
35တစ်​ဖန် ယော​ဟန်​သည် နက်​ဖြန်​နေ့၌ တ​ပည့်​နှစ်​ယောက်​တို့​နှင့် အ​တူ​ရပ်​နေ၍၊- 36ယေ​ရှု​ကြွ​တော်​မူ​သည်​ကို​မြင်​လျှင်၊ ဘု​ရား​သ​ခင်၏ သိုး​သ​ငယ်​ကို ကြည့်​လော့​ဟု​ဆို၏။- 37တ​ပည့်​နှစ်​ယောက်​တို့​သည် ထို​စ​ကား​ကို​ကြား​လျှင်၊ ယေ​ရှု​နောက်​တော်​သို့ လိုက်​ကြ၏။- 38ယေ​ရှု​သည်​လှည့်၍ ထို​သူ​တို့ လိုက်​ကြ​သည်​ကို မြင်​တော်​မူ​လျှင်၊ အ​ဘယ်​အ​လို​ရှိ​သ​နည်း​ဟု မေး​တော်​မူ၏။ ထို​သူ​တို့​က၊ ရ​ဗ္ဗိ၊ ကိုယ်​တော်​သည် အ​ဘယ်​မှာ​နေ​တော်​မူ​သ​နည်း​ဟု မေး​လျှောက်​ကြ၏။ ရ​ဗ္ဗိ၊ အ​နက်​ကား၊ အ​ရှင်​ဘု​ရား​ဟု ဆို​လို​သ​တည်း။- 39ယေ​ရှု​က​လည်း လာ၍​ကြည့်​ကြ​လော့​ဟု မိန့်​တော်​မူ၏။ ထို​သူ​တို့​သည်​သွား၍ နေ​တော်​မူ​ရာ​အ​ရပ်​ကို ကြည့်​ကြ၏။ ထို​အ​ချိန်​သည် ဆယ်​နာ​ရီ​အ​ချိန်​ဖြစ်၍ မိုး​ချုပ်​သည်​တိုင်​အောင် အ​ထံ​တော်၌​နေ​ကြ၏။- 40ယော​ဟန်၏​စ​ကား​ကို​ကြား၍ နောက်​တော်​သို့ လိုက်​သော​သူ​နှစ်​ယောက်​တို့​တွင် တစ်​ယောက်​ကား ရှိ​မုန်​ပေ​တ​ရု​ညီ အ​န္ဒြေ​ပေ​တည်း။- 41ထို​သူ​သည် မိ​မိ​အစ်​ကို​ရှိ​မုန်​ကို ရှေ့​ဦး​စွာ​တွေ့​လျှင်၊ ငါ​တို့​သည် မေ​ရှိ​ယ​ကို​တွေ့​ကြ​ပြီ​ဟု ပြော​ဆို​လျက်၊- 42သူ့​ကို ယေ​ရှု​ထံ​သို့ ပို့​ဆောင်​လေ၏။ မေ​ရှိ​ယ​အ​နက်​ကား ခ​ရစ်​တော်​ဟု​ဆို​လို​သ​တည်း။ ယေ​ရှု​သည် ထို​သူ​ကို​ကြည့်​ရှု၍၊ သင်​သည် ယော​န၏​သား​ရှိ​မုန်​ဖြစ်၏။ ကေ​ဖ​အ​မည်​သစ်​ကို ရ​လ​တ္တံ့​ဟု မိန့်​တော်​မူ၏၊ ကေ​ဖ​အ​နက်​ကား ပေ​တ​ရု​ဟု ဆို​လို​သ​တည်း။
ဖိ​လိ​ပ္ပု​နှ​င့်​နာ​သ​နေ​လ
43နက်​ဖြန်​နေ့၌ ဂါ​လိ​လဲ​ပြည်​သို့​ကြွ​ခြင်း​ငှာ အ​လို​တော်​ရှိ​လျှင် ဖိ​လိ​ပ္ပု​ကို​တွေ့၍၊ ငါ့​နောက်​သို့ လိုက်​လော့​ဟု မိန့်​တော်​မူ၏။- 44ဖိ​လိ​ပ္ပု​ကား၊ အ​န္ဒြေ​နှင့်​ပေ​တ​ရု​မွေး​ဖွား​ရာ ဗက်​ဇဲ​ဒ​မြို့​မှ လာ​သော​သူ​ဖြစ်​သ​တည်း။- 45ဖိ​လိ​ပ္ပု​သည် နာ​သ​နေ​လ​ကို​တွေ့​လျှင်၊ မော​ရှေ​သည် ပ​ည​တ္တိ​ကျမ်း၌​လည်း​ကောင်း၊ ပ​ရော​ဖက်​တို့​သည် သူ​တို့​ကျမ်း၌​လည်း​ကောင်း အ​ကြောင်း​ပြု၍ ရေး​ထား​သော​သူ၊ နာ​ဇ​ရက်​မြို့​သား​ဖြစ်​သော ယော​သပ်၏​သား​ယေ​ရှု​ကို ငါ​တို့​သည် တွေ့​ကြ​ပြီ​ဟု​ဆို၏။- 46နာ​သ​နေ​လ​က​လည်း၊ နာ​ဇ​ရက်​မြို့​ထဲ​က ကောင်း​သော​အ​ရာ တစ်​စုံ​တစ်​ခု​မျှ ထွက်​နိုင်​သ​လော​ဟု​မေး​လျှင်၊ ဖိ​လိ​ပ္ပု​က၊ လာ၍​ကြည့်​ပါ​ဟု ဆို၏။- 47နာ​သ​နေ​လ​လာ​သည်​ကို ယေ​ရှု​သည် မြင်​တော်​မူ​လျှင်၊ လှည့်​စား​ခြင်း​အ​ပြစ်​နှင့် ကင်း​လွတ်​သော ဣ​သ​ရေ​လ​လူ​စစ်​ကို ကြည့်​လော့​ဟု ထို​သူ​ကို​အ​မှတ်​ပြု၍ မိန့်​တော်​မူ၏။- 48နာ​သ​နေ​လ​က​လည်း၊ ကိုယ်​တော်​သည် အ​ဘယ်​သို့​သော​အား​ဖြင့် အ​ကျွန်ုပ်​ကို သိ​တော်​မူ​သ​နည်း​ဟု မေး​လျှောက်​သော်၊ ယေ​ရှု​က၊ ဖိ​လိ​ပ္ပု​သည် သင့်​ကို​မ​ခေါ်​မီ၊ သင်​သည် သင်္ဘော​သ​ဖန်း​ပင်​အောက်၌ ရှိ​သည်​ကို ငါ​မြင်​သည်​ဟု ပြန်၍​မိန့်​တော်​မူ​လျှင်၊- 49အ​ရှင်​ဘု​ရား၊ ကိုယ်​တော်​သည် ဘု​ရား​သ​ခင်၏​သား​တော် ဖြစ်​တော်​မူ၏၊ ဣ​သ​ရေ​လ​လူ​တို့၏ ရှင်​ဘု​ရင်​လည်း ဖြစ်​တော်​မူ၏​ဟု နာ​သ​နေ​လ​လျှောက်​လေ၏။- 50တစ်​ဖန် ယေ​ရှု​က၊ သင်္ဘော​သ​ဖန်း​ပင်​အောက်၌ သင့်​ကို​ငါ​မြင်​သည်​ဟု​ဆို​သော​ကြောင့် ယုံ​သ​လော။ ထို​မျှ​မ​က သင်​သည် သာ၍​ကြီး​စွာ​သော အ​ကြောင်း​အ​ရာ​ကို မြင်​လ​တ္တံ့။- 51သင်​တို့​အား ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ နောင်​ကာ​လ၌ ကောင်း​ကင်​ဖွင့်​လှစ်​သည်​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏ ကောင်း​ကင်​တ​မန်​တို့​သည် လူ​သား၏​အ​ပေါ်၌ ဆင်း​လျက်​တက်​လျက် ရှိ​နေ​သည်​ကို​လည်း​ကောင်း၊ သင်​တို့​သည် မြင်​ရ​ကြ​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။#က၊ ၂၈း၁၂။

醒目顯示

分享

複製

None

想要在所有設備上保存你的醒目顯示嗎? 註冊或登入